အပိုင်း၅၃
Viewers 6k

🥰 Chapter 53 ✅


မင်လျိုရီသည် ကုတင်တွင်လှဲနေသော ယောင်ကျိကျိုးအားကြည့်လိုက်သည်။ သူမ ထိုလူအားအမှန်

တကယ်နမ်းလိုက်ချင်သော်လည်း သူမ၏ ရှက်စိတ်ကိုကြောင့် ထိုသို့မလုပ်နိုင်ခဲ့ပေ။ သူမက ကျောက်ချမ်းအား ယောင်ကျိကျိုးကိုသန့်ရှင်းပေးပြီး အဝတ်လဲပေးရန် မှာခဲ့လိုက်သည်။ ထိုမှကာ မင်လျိုရီသည် ခြံထဲသို့ စိိတ်ဖြောင့်ဖြောင့်နှင့် သွားနိုင်တော့သည်။ 


ယိုလင်လင်သည် မင်လျိုရီ တစ်ယောက်တည်း ရဲနေသောမျက်နှာဖြင့် ပြန်ရောက်လာတာကိုတွေ့တော့ သူမက လှမ်းနောက်လိုက်သည်။


"လျိုရီ ဘာလို့မျက်နှာနီနေတာလဲ ရှက်ဖို့ကောင်းတဲ့ ကိစ္စတစ်ခုခုလုပ်ခဲ့တယ်မလား" 


မင်လျိုရီသည် ရှက်ရှက်ဖြင့် ယိုလင်လင်အား မျက်စောင်းထိုးလိုက်သည်။ 


'ဒီအရူးမလေးကတော့ ဘာတွေလျှောက်ပြောနေတာလဲ ဟဲယန်ဖုန့်ရှိနေတာကို' 


ယိုလင်လင်က သူမအား လျှာထုတ်ကာမျက်စိမှိတ်ပြလိုက်ပြီး ခေါင်းစဥ်ပြောင်းလိုက်တော့သည်။ 


"လျိုရီ ငါဘာမှမပြောတော့ပါဘူး...အဲတော့ နင်ပြည်ပကို တကယ်ပဲစာသွားသင်မှာလား နင့်ယောက်ျားကရော" 


ဟဲယန်ဖုန့်လဲ ခေါင်းမော့ကာ မင်လျိုရီအားကြည့်လာသည်။ ယောင်ကျိကျိုးသည် သူမ မရှိဘဲမနေနိုင်ပေ။ သူမသာထွက်သွားရင် ယောင်ကျိကျိုးက ဘာဖြစ်သွားမလဲ... မင်လျိုရီ တစ်ခဏတော့ တိတ်ဆိတ်သွားပြီး ပြုံးပြကာ ပြောသည်။


"ဒါဖြင့် ငါတို့သူနိုးလာတဲ့အထိ စောင့်ကြတာပေါ့ ဒီလိုဆို သူငါ့ကို လိုအပ်မှာမဟုတ်တော့ဘူး"


ယိုလင်လင်နှင့် ဟဲယန်ဖုန့်နှစ်ယောက်စလုံးသည် နားမလည်သည့် အမူအရာများဖြစ်သွားကြသည်။ နှစ်ယောက်လုံးက သတိပြန်ရနေမှာတော့ သူတို့နှစ်ယောက်က အတူတူရှိနေရမှာမဟုတ်ဘူးလား...ဘာကိစ္စ ခွဲနေကြမှာလဲ... မင်လျိုရီသည် ထိုအကြောင်းအရာနှင့်ပတ်သက်၍ များများစားစားမပြောချင်သောကြောင့် သူမက ပြုံးပြီး တခြားအကြောင်းပြောလာခဲ့သည်။


အခန်းအတွင်းတွင်ယောင်ကျိကျိုးသည် သူ၏ ဘယ်လက်နှင့် ညာလက်မှပြင်းထန်သော အားနှစ်ခု တိုက်ခိုက်နေသည်ကို ခံစားလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်သည် ချွေးများဖြင့်ရွှဲနေခဲ့သည်။ သို့သော်လည်း အင်အားကြီးသည့် လက်နက်နှစ်ခု တစ်ပေါင်းတစ်စည်းတည်းဖြစ်ရန် အချိန်သိပ်မယူလိုက်ရပေ။


ထိုအရာသည် သူ၏ခန္ဓာကိုယ်အတွင်းတွင် အင်အားအသစ်တစ်ခုအဖြစ် စီးဆင်းနေပြီး အဝတ်ကိုဖောက်ထွက်တော့မည့်အပ်တစ်ချောင်း ဒါမှမဟုတ် သူ၏ပိုးအိမ်ထဲမှ လွတ်မြောက်တော့မည့် လိပ်ပြာတစ်ကောင်ကဲ့သို့ ခံစားလိုက်ရသည်။ ပြင်းထန်လှသော အင်အားတစ်ခုကို ခန္ဓာကိုယ်အတွင်းမှခံစားလိုက်ရပြီး ယောင်ကျိကျိုးလဲ သတိလစ်မေ့မြောသွားတော့သည်။ 


နေ့လယ်ဘက်တွင် ယိုလင်လင်နှင့် ကျွီဖုန်းအား ပြန်လည်ပို့ဆောင်ပြီး မင်လျိုရီသည် ဟဲယန်ဖုန့်နှင့်အတူ နာရီအနည်းငယ်မျှ စာလေ့လာလိုက်သည်။ ညစာစားမည့်အချိန်ရောက်သောအခါ မင်လျိုရီသည် ယောင်ကျိကျိုး တစ်ခုခုဖြစ်နေမှန်း သတိထားမိသွားခဲ့သည်။ ပုံမှန်ဆို ယောင်ကျိကျိုးသည် အစာစားချိန်တွင် အလွန်ကိုပူးပေါင်းဆောင်ရွက်ပေးသည်။


သို့သော် ယနေ့တွင်မူ ယောင်ကျိကျိုး၏ပါးစပ်သည် တင်းကြပ်စွာပိတ်ထားပြီး သူမ ဘာတစ်ခုမှကျွေး၍မရပေ။ သူမအနေဖြင့် အတင်းအကြပ်လဲ မကျွေးချင်ပေ။ သူမ စိုးရိမ်သွားမိသော်လည်း နေ့လယ်က တိုက်ထားသော ဝိညာဥ်စမ်းရေအကြောင်းပြန်တွေးမိသောအခါမှ အရမ်းပူနေစရာမလိုမှန်း သတိရသွားခဲ့သည်။ 


ညအရမ်းမနက်သေးသည့်အချိန်ဖြစ်ပြီး ပုံမှန်ဆိုမင်လျိိုရီသည် စာအုပ်ဖတ်နေမည်ဖြစ်သည်။ သို့သော် ဒီနေ့တွင်တော့ တစ်ချို့သောအရာများကြောင့် သူမသည် ယောင်ကျိကျိုးအနားမှ ထွက်မသွားချင်ခဲ့ပေ။


မင်လျိုရီသည် စောစောစီးစီး သန့်ရှင်းလိုက်ပြီး ယောင်ကျိကျိုး၏ လက်မောင်းများကြားမလှဲခင် ယောဂနည်းနည်းပါးပါး လုပ်လိုက်သည်။ သူမခေါင်းသည် သူ၏လည်ပင်းနားတွင်ရှိနေပြီး အပေါ်ပိုင်းသည် ထိုသူ၏ခန္ဓာကိုယ်ကို ဖက်တွယ်ထားခဲ့သည်။ ဤအနေအထားသည် အလွန်ကိုသက်တောင့်သက်သာရှိပြီး မင်လျိုရီ မျက်လုံးမှိတ်ထားလိုက်ကာ ခဏအကြာတွင် အိပ်ပျော်သွားခဲ့သည်။ 


သူမ အချိန်မည်မျှ အိပ်ပျော်သွားမိလဲမသိပေ။ အပြင်ဘက်တွင် ကိစ္စကြီးကြီးမားမားဖြစ်နေဟန်ပေါ်သည်။ ထိတ်လန့်နေသည့် အသံအများအပြားကိုကြားလိုက်ရပြီး လူတိုင်းသည်စိုးရိမ်နေကြသည့်ပုံပင်။ မူးဝေနေသောမင်လျိုရီသည် အပြင်ဘက်မှာ ရှောင်ဖန်း၏ ခေါ်သံအားကြားလိုက်ရသည်။ 


"သခင်မ သခင်မ အိပ်ခန်းထဲမှာလား သခင်မ ထပါဦး" 


မင်လျိုရီ ပြန်ဖြေချင်သော်လည်း ဘာကြောင့်ရယ်မသိ သူမမျက်ခွံများသည် အလွန်လေးလံနေပြီး ခန္ဓာကိုယ်ကလည်း အားနည်းနေလေသည်။ သူမက အသံမထွက်နိုင်သောကြောင့် မင်လျိုရီသည် ထိတ်လန့်လာသော်လည်း လျင်လျင်မြန်မြန်ပဲ ပြန်အိပ်ပျော်သွားခဲ့သည်။ 


အချိန်မည်မျှကြာသွားလဲမသိ သူမအား တစ်စုံတစ်ယောက်က အိပ်ရာပေါ်မှဆွဲချလိုက်သည်ကို ခံစားလိုက်ရသည်။ သူမ အပြည့်အဝနိုးသွားချိန်တွင် သူမသည်ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက်သား ရှိနေသည်။ ယောင်ကွေ၊ ယောင်ကျိရန်နှင့် ဘေးတွင်ရပ်နေသော မြောင်လွေ့မင်ကို သူမတွေ့လိုက်ရသည်။ ရှောင်ဖန်း၊ ကျောက်ချမ်းနှင့် အခြားသူများလဲ တံခါးဝတွင် ရောက်နေကြသည်။ 


မင်လျိုရီ ဘာတစ်ခုမှမပြောနိုင်ခင်တွင် ချဥ်သိုးသိုးအနံ့ဆိုးအား ရလိုက်သည်။ သူမ ခေါင်းငုံ့ကြည့်လိုက်သောအခါ သူမတစ်ကိုယ်လုံးသည် အမဲရောင်အရည်များဖြင့် စိုရွဲနေပြီး အနံ့သည် ထိုအရည်များမှ လာခဲ့ခြင်းဖြစ်သည်။ မင်လျိုရီ ထိုအရာကို သိသည်။


မင်လျိုရီ ဝိညာဥ်စမ်းချောင်းတွင် ရေချိုးပြီးပါက သူမခန္ဓာကိုယ်မှထိုကဲ့သို့သော အရာမျိုးထွက်လာတတ်သည်။ ထို့ကြောင့် ထိုအရာသည် ယောင်ကျိကျိုးဆီမှ ထွက်လာခြင်းဖြစ်ရမည်။ မင်လျိုရီ ချက်ချင်းထရပ်လိုက်စဥ် ယောင်ကျိကျိုးသည် ပြန်လည်မွေးဖွားလာသည့်ပုံပေါ်နေသည်ကို မြင်လိုက်ရသည်။ 


သို့သော် ယောင်ကျိကျိုး၏ ပတ်ပတ်လည်တွင် ထိုအမဲရောင်ချွေးများဖြင့် ဖုံးအုပ်နေပြီး အထူးသဖြင့် သူလဲလျောင်းနေသော နေရာတစ်ဝိုက်တွင်ဖြစ်သည်။ ထိုနေရာသည် အညစ်ပတ်ဆုံးအပိုင်းဖြစ်ပြီး ယောင်ကျိကျိုးသည် မိလ္လာကန်ထဲ ပြုတ်ကျသွားသည်နှင့် ဆင်တူနေသည်။ မင်လျိုရီ မတတ်နိုင်ဘဲ နှာခေါင်းပိတ်မိလိုက်တော့သည်။ 


ယောင်ကွေက ဒေါသတကြီးနှင့် ပြောလိုက်သည်။ 


"နံမှန်းတော့ သိတယ်ပေါ့ နှာခေါင်းတောင်အုပ်လိုက်သေးတယ်...ကျိကျိုးကို ဘာလို့ ဒီလိုလုပ်ရက်ရတာလဲ... နင်ငါတို့ရဲ့ကျိကျိုးကို ဘာလုပ်လိုက်တာလဲ... ဟမ် မင်လျိုရီ အခုချက်ချင်း သိသာထင်ရှားတဲ့ ရှင်းလင်းချက်ပေး မဟုတ်ရင် ဒီနေ့ ဘယ်သူမှ စိတ်ချမ်းသာရမယ်မထင်နဲ့"



🥰