အပိုင်း၅၄
Viewers 6k

🥰 Chapter 54 ✅


နဘေးတွင်ရှိနေသော ယောင်ကျိရန်၏မျက်နှာသည် ကျေနပ်မှုများဖြင့် ပြည့်နက်နေသည်။ မင်လျိုရီတစ်ယောက်သူမအုတ်ဂူသူမ တူးဆွမိသွားလေပြီ။ ထို့ကြောင့် မည်သူ့ကိုမှ အပြစ်တင်၍မရ။ အနာအဟောင်းနှင့်အသစ်များပေါင်း၍ ယောင်ကျိရန်သည် သူမပြိုလဲနေချိန်တွင် ရိုက်ချနိုင်ရန်အခွင့်အရေးအား လက်လွှတ်ခံမည်မဟုတ်ဘဲ ချက်ချင်း မီးလောင်တိုက်သွင်းလိမ့်မည်ဖြစ်သည်။ 


"ဥက္ကဌယောင် ကျွန်တော်က မင်လျိုရီ တစ်ခုခုလုပ်မှာစိုးလို့အနားမှာကျွန်တော့်လူတွေကို စောင့်ကြပ်ထားခဲ့တာပါ... ဘယ်သူကထင်မှာလဲ အစောင့်အကြပ်တွေဖယ်လိုက်တာနဲ့ မင်လျိုရီက ကျိကျိုးကို ဒီလိုဆက်ဆံလာမယ်လို့... သူမက တကယ်ကို ရက်စက်တာပဲ" 


ထိုအချိန် မင်လျိုရီတွင် ယောင်ကျိရန်နှင့် ငြင်းခုန်နေရန်စိတ်ပါမနေပေ။ ယခုဖြစ်လာသည့်အရာအားလုံးသည် မနေ့ကသူမ ယောင်ကျိကျိုးအား ဝိညာဥ်စမ်းရေတိုက်မိလိုက်ခြင်းကြောင့်ဖြစ်သည်။ အခုတွင်တော့ ကောင်းလား ဆိုးလားဆိုတာ သူမမသိတော့ချေ။


မင်လျိုရီက မြောင်လွေ့မင်အားကြည့်ပြီး မေးလိုက်သည်။


"ဒေါက်တာမြောင် ယောင်ကျိကျိုးအခြေအနေက ဘယ်လိုလဲ"


မြောင်လွေ့မင် မျက်မှောင်ကျုံ့ကာ စဥ်းစားလိုက်သည်။ ယောင်ကျိကျိုးယခုလိုအနေအထားရောက်ရှိသွားသည့်အကြောင်းရင်းကို မခန့်မှန်းနိုင်ပေ။ မကြာသေးခင်ကပင် အရာအားလုံးအဆင်ပြေပြေရှိနေသေးသည်။ ယခုဖြစ်ရပ်သည် မင်လျိုရီနှင့်သက်ဆိုင်

သလားဆိုသည်မှာ မြောင်လွေ့မင် နားလည်တတ်ကျွမ်းသည့် နယ်ပယ်အတွင်းတွင် ရှိမနေတော့ပေ။


"သူ့ရဲ့ နှလုံးခုန်နှုန်းက သိပ်အဆင်မပြေဘူး ကြည့်ရတာ သေတော့မဲ့လူနာတစ်ယောက်လိုပဲ ကျွန်တော်တို့နှောင့်နှေးနေလို့မရဘူး အရေးပေါ်ဌာနမှာ အခုချက်ချင်း ဆေးကုသမှုခံယူမှဖြစ်မယ်"


ထိုအဖြေအားကြားလိုက်သည်နှင့် ယောင်ကွေသည် ထိုင်ခုံပေါ်သို့ ပြိုလဲကျသွားကာ မျက်လုံးများပြာလာသည်။ သို့သော်လည်း တခြားတစ်ဖက်တွင်တော့ ယောင်ကျိရန်သည် အပျော်လွန်နေတော့သည်။ သူသည် အမှန်တကယ် အချိန်ကိုဝယ်ယူပစ်လိုက်ချင်သည်။ သို့မှသာ ယောင်ကျိကျိုးအသက်ရှင်နိုင်မည့်အခွင့်အရေးနည်းပါးသွားမှာဖြစ်သည်။ 


ယောင်ကျိရန်သည် စိတ်လှုပ်ရှားမှုကိုဖုံးကွယ်ပြီး မင်လျိုရီအား ပြေးကာဆောင့်တွန်းလိုက်သည်။ သူမကိုယ်တိုင်လဲ အံ့အားသင့်နေသောကြောင့် ထိုမျှပြင်းထန်သည့်အားကိုတောင့်မခံနိုင်ဘဲ ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။ 


ယောင်ကျိရန်က စိတ်ရိုင်းဝင်နေသည့်လူတစ်ယောက်ကဲ့သို့ မေးလာသည်။ 


"မင်လျိုရီ အမြန်ပြောစမ်း ကျိကျိုးကို ဒီလိုအခြေအနေရောက်အောင် နင်ဘာလုပ်ခဲ့တာလဲ" 


သူသည် မင်လျိုရီအား ရှင်းပြရန်အခွင့်အရေးမပေးတော့ပေ။ သူယခုလုပ်ရမည်မှာ ယောင်ကျိကျိုးအား မကယ်နိုင်အောင် အချိန်ဆွဲရမည်ဖြစ်သည်။ တစ်ချိန်တည်းမှာလဲ မင်လျိုရီအား လက်စားချေနိုင်ပြီဖြစ်သည်။ ယောင်ကျိရန်၏ စကားလုံးများသည် ပြင်းထန်နေသည်။ 


"မြောင်လွေ့မင် အရင်ကပြောတော့ ကုသလို့ရနိုင်သေးတယ်တဲ့ အခုရက်အနည်းငယ်ပဲရှိသေးတယ်ဒီလိုပုံစံဖြစ်သွားပြီ...မင်လျိုရီ နင်ငါတို့ကို ဖြေရှင်းချက်ပေးမှရတော့မယ်" 


မင်လျိုရီသည်လဲ ထိုအဖြေကိုကြားစဥ်က အတော်လေးထိတ်လန့်သွားခဲ့သည်။ သူမ၏ သုံးသပ်ချက်အရ ယောင်ကျိကျိုးသည် ဝိညာဥ်

စမ်းရေနှင့်အချိန်အကြာကြီး ရင်းနှီးကျွမ်းဝင်မှုရှိပြီးဖြစ်၍ သူမ မနေ့က တိုက်ခဲ့သောစမ်းရေသည် ယောင်ကျိကျိုးအား မထိခိုက်စေနိုင်ပေ။ ထို့အပြင် မင်လျိုရီကိုယ်တိုင်လဲ ယခုလိုအဖြစ်မျိုးနှင့် ကြုံတွေ့ဖူးသည်ဖြစ်ရာ အကောင်းဘက်ကိုပြောင်းလဲတော့မည့်အခြေအနေသာဖြစ်သင့်သည်။


မင်လျိုရီ ကြမ်းပြင်ပေါ်မှထရပ်ကာ ယောင်ကျိကျိုးအနား ကပ်သွားလိုက်သည်။ ယောင်ကျိကျိုး၏ ကြည်လင်နေသည့်မျက်နှာအရောင်သည် မကြာခင်သေတော့မည့်လူနာနှင့် ဘယ်နည်းနှင့်မျှတူမနေပေ။ ယောင်ကျိရန်သည် ယောင်ကျိကျိုးအား စိတ်ထဲပင်မရှိဘဲ မင်လျိုရီအား ချက်ချင်းအဝေးသို့ ဆွဲခေါ်သွားကာ ဒေါသတကြီးပြောလိုက်သည်။ 


"မင်လျိုရီ အရှက်မရှိချက်ပဲ အခုကစပြီး ယောင်ကျိကျိုးအနား ကပ်ဖို့တောင်မစဥ်းစားနဲ့ သူ့ကိုချုပ်ထား မလှုပ်စေနဲ့" 


သက်တော်စောင့်များသည် ချက်ချင်းအထဲသို့ဝင်လာကြပြီး မင်လျိုရီအား ဖမ်းချုပ်ထားကြသည်။ မင်လျိုရီ ထိုအရာအား ဂရုမစိုက်ပါချေ။ သူမနားမလည်နိုင်တာက ဘာကြောင့် မြောင်လွေ့မင်သည် သူသေတော့မည်ဟု ပြောဆိုရသနည်း။ 


မင်လျိုရီက မြောင်လွေ့မင်အား ပြောလိုက်သည်။ 


"မဖြစ်နိုင်ဘူး သူသေရတော့မယ့်အခြေအနေရောက်နေပြီဆိုကြိီးက မဖြစ်နိုင်ဘူး သေချာပြန်ပြီး စစ်ဆေးကြည့်ပါဦး" 


မြောင်လွေ့မင်၏ မျက်နှာထားသည်လဲ အလွန်ကိုလေးနက်နေသည်။ သူလဲပဲ ထူးဆန်းနေသည်ဟု ခံစားမိသည်။ ချက်ကျလက်ကျပြောရလျှင် သေတော့မည့်လူတစ်ယောက်၏မျက်နှာအရောင်သည် ဤမျှလောက်မကောင်းနေနိုင်ပေ။ သို့သော် ယောင်ကျိကျိုး၏ နှလုံးခုန်နှုန်းသည်ဆန့်ကျင်ဘက်ဖြစ်နေခဲ့သည်။ 


ယောင်ကျိကျိုး၏နှလုံးခုန်နှုန်းသည် အလွန်ကိုအားနည်းနေပြီး တည်ရှိမှုကိုပင်မခံစားမိသလောက်ပင်။ ကံအားလျော်စွာဖြင့် သူသာသေခြင်းတရားကြောင့် ရုန်းကန်လှုပ်ရှားနေရလျှင် နှလုံးခုန်နှုန်းသည် ပြင်းထန်နေလိမ့်မည်ဖြစ်သည်။ ယခုက ဘယ်နှစ်ကြိမ်စစ်စစ် နှလုံးခုန်နှုန်းသည် အားနည်းနေခြင်းဖြစ်သည်။ 


မြောင်လွေ့မင် ခေါင်းခါလိုက်စဥ် မင်လျိုရီကပြောလိုက်သည်။ 


"မဖြစ်နိုင်တာ ယောင်ကျိကျိုး သေချာပေါက် အဆင်ပြေမှာပါ" 


မင်လျိုရီ စကားသံဆုံးသည်နှင့်် အသံတစ်သံထွက်ပေါ်လာခဲ့သည်။ ယောင်ကျိရန်သည် လက်မြောက်ကာ မင်လျိုရီအား ပါးရိုက်လိုက်ခြင်းပင်။ သုံးထားသည့်အားသည် ပြင်းထန်လွန်း၍ မင်လျိုရီ၏ပါးသည် ချက်ချင်းရောင်ကိုင်းလာပြီး သူမ လည်ချောင်းမှ သွေးအနံ့ကိုပင် ခံစားမိလိုက်ရသည်။ 


ဖြန်း....


ယောင်ကျိရန် သူ၏လက်အားပြန်ချလိုက်ချိန်တွင် ကောင်းကင်မှမိုးခြိမ်းသံအား ကြားလိုက်ရသည်။ မိုးခြိမ်းသံကြောင့် အိမ်အကူများအားလုံး ကြောက်လန့်သွားသော်လည်း ယောင်ကျိရန်သည် ဂရုမစိုက်ပေ။သူသည်အချိန်ဆွဲရန်သာ ခေါင်းထဲရှိနေပြီးအော်ပြောလိုက်သည်။ 


"မင်လျိုရီ ဟန်ဆောင်နေတာ ရပ်လိုက် နင်ဘာလုပ်ခဲ့လဲဆိုတာပဲ မြန်မြန်ပြောစမ်းပါ အိပ်ရာပေါ်ကအရာတွေက ဘာတွေလဲ" 


မင်လျိုရီသည် အိပ်ရာထက်တွင်လဲလျောင်းနေသော ယောင်ကျိကျိုးကိုကြည့်လိုက်ပြီး ပြဿနာတစ်စုံတစ်ရာရှိနေသည်ဆိုတာကို မယုံကြည်နိုင်ပေ။ အရင်သူမအမဲရောင်ချွေးများထုတ်လွှတ်ခဲ့စဥ်က သူမခန္ဓာကိုယ်သည် ပိုမိုကောင်းမွန်လာသည်။ အခုကဘယ်လိုဖြစ်ရတာလဲ...


မင်လျိုရီက ပြောလိုက်သည်။ 


"အဲတာ ယောင်ကျိကျိုးရဲ့ ချွေးတွေပါ ချွေးသက်သက်ပါပဲ" 


ယောင်ကျိရန်က နှာခေါင်းရှုံ့လိုက်သည်။ ချွေးတဲ့လား တစ်စုံတစ်ယောက်က ယခုလိုချွေးထွက်သည်ဟု တစ်ခါမှမကြားခဲ့ဖူးချေ။ ခန္ဓာကိုယ်မှ ချွေးနံ့ဆိုးထွက်တတ်သည့်လူတွေတောင်မှ ထိုကဲ့သို့ မပြင်းထန်ပေ။ ချွေး၏အရောင်မှာ ပြဿနာရှိနေလေသည်။


ယောင်ကျိရန်က အေးစက်စွာပြောလိုက်သည်။


"ဒီအနံ့က အဝေးကြီးကနေတောင်ရတယ် ဘယ်လိုလုပ် လူ့ခန္ဓာကိုယ်ကထွက်တဲ့ ချွေးဖြစ်မလဲ" 


🥰