🥰 Chapter 55 ✅
မင်လျိုရီသည် အိပ်ရာထက်တွင်ရှိနေသော ယောင်ကျိကျိုးအား မျက်မှောင်ကျုံ့လျက်ကြည့်မိလိုက်သည်။ ဝိညာဥ်စမ်းချောင်းသည် သေချာပေါက် ပြဿနာမရှိပေ။ ဒါဆို ယောင်ကျိကျိုးကဘာလို့ဒီလိုပုံစံဖြစ်သွားရတာလဲ ...
သူမ တစ်စုံတစ်ခုကိုတွေးမိပြီး နောက်လှည့်ကာ ယောင်ကျိရန်အားမေးလိုက်သည်။
"နင်ကဘာလို့ ရုတ်တရက်ကြီး ဒီကိုရောက်နေတာလဲ"
ယောင်ကျိရန်သည် အရင်တစ်ခေါက်တုန်းက ချိုက်ရီရှီး၏ နှလုံးသားကိုအနိုင်ရယူခံနီးဆဲဆဲတွင် မင်လျိုရီကြောင့် ခွေးမကျုံးရှင်းယွီ၏ ငရုတ်ကောင်းဖြန်းဗူးဖြင့် အပက်ခဲ့ရသည်ကိုသတိရသွားတော့သည်။ယခုတစ်ကြိမ်တွင် မင်လျိုရီဘက်မှနှစ်ဆပြန်ပေးဆပ်ရမည်။ ယောင်ကျိရန်သည် မင်လျိုရီအား ထပ်မံရိုက်ရန် လက်မြှောက်လိုက်သည်။
ထိုအချိန်တွင် ကောင်းကင်မှနောက်ထပ်မိုးခြိမ်းသံထွက်ပေါ်လာပြီး မိုးကြိုးသည်ပြတင်းပေါက်ကို ထိုးဖောက်ကာ အခန်းအတွင်းသို့ဝင်လာတော့မယောင်ပင်။ ယောင်ကျိရန်ပင်လျှင် ကြောက်ရွံ့မိသွားရသည်။ သူ၏မြှောက်လက်စလက်သည် ရပ်တန့်သွားပြီး မိုးကြိုးသည်အခန်းကိုဖြတ်ပြီး သူ့ထံသို့တည့်တည့်ဝင်လာမည်အား ကြောက်လန့်သွားသည်။
ယောင်ကျိရန်က ရက်စက်စွာပြောလိုက်သည်။
"ငါတို့သာမရောက်လာရင် နင်ကယောင်ကျိကျိုးကို သတ်တော့မှာလေ"
ထိုသို့ပြောပြီးနောက် ယောင်ကျိရန်သည် မင်လျိုရီအားဆွဲကာ သူမမျက်နှာကိုအိပ်ရာပေါ်မှ အမဲရောင်အရည်များထံနှစ်ထားလိုက်သည်။ ယောင်ကျိရန်က အားအပြည့်သုံးလိုက်သောကြောင့် မင်လျိုရီ၏မျက်နှာသည် အိပ်ရာပေါ်တွင်နှစ်မြုပ်သွားတော့သည်။ သူမ အသက်ရှုရပ်မတက်ဖြစ်သွားတော့မှ ယောင်ကျိရန်က သူ၏လက်အား လွှတ်ပေးလာသည်။
မင်လျိုရီ ခေါင်းကိုမော့ကာ အသက်ပြင်းပြင်းရှူလိုက်ပြီး အိပ်ရာပေါ်တွင် ငြိမ်သက်စွာလဲလျောင်းနေသော ယောင်ကျိကျိုးကိုကြည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အမဲရောင်အိုင်အတွင်း နစ်မြုပ်နေပြီး ပြန်လည်မွေးဖွားလာသကဲ့သို့ အသားအရည်များက ချောမွတ်ကာ တောက်ပနေသည်။ သူသည် မျက်မမြင်ဒုက္ခိတတစ်ယောက်ဟုဆိုသော်လည်း စာအုပ်ထဲမှဇာတ်လိုက်တစ်ယောက်ဖြစ်သည်။
သို့သော်လည်း မင်လျိုရီသည်သူတစ်ပါးထံအနှိပ်
စက်ခံခဲ့ရမည့် ဇာတ်ပို့တစ်ယောက်သာဖြစ်သည်။ သူမ မောပန်းလာသည်။ သူမဘက်က မည်သို့ပင်အပြုအမူများကို ပြောင်းလဲနေပါစေ မူလဇာတ်သိမ်းကိုတော့ မပြောင်းလဲပစ်နိုင်ပုံပင်။ အကယ်၍ သူမကို ယောင်ကျိကျိုးက မနှိပ်စက်လျှင် သူ့အစားတခြားတစ်ယောက်က နှိပ်စက်မည်ဖြစ်သည်။
ယောင်ကျိရန်သည် မင်လျိုရီတွင် ခုခံနိုင်စွမ်းမရှိတော့သည်ကိုမြင်သောအခါ သူမအားအိပ်ရာပေါ်သို့ ရှိသမျှအားအကုန်နှင့် တွန်းချလိုက်သည်။ ဤတစ်ချိန်တွင်တော့ မင်လျိုရီသည် ယောင်ကျိကျိုးအနားသို့ပြုတ်ကျသွားသည်။ နောက်ဆုံးအဆုံးသတ်က အတူတူပဲဆိုလျင် မြန်မြန်လေးအဆုံးသတ်သွားတာက သူမအတွက်ပိုကောင်းလိမ့်မည်ဟု တွေးနေခဲ့သည်။
မင်လျိုရီသည် ယောင်ကျိကျိူး၏လက်မောင်းများအကြားတွင် ငြိမ်သက်စွာဖြင့်လဲကျသွားပြီး မျက်ရည်များက သူမမျက်လုံးအိမ်မှတစ်ဆင့် ယောင်ကျိကျိုး၏ကိုယ်ပေါ်သို့ အတားအဆီးမဲ့စွာ ပြိုကျလာကြသည်။ သူမနှလုံးသားထဲတွင် နာကျင်မှုများဖြင့် ပြည့်နေပြီး စိတ်ထဲမှ တွေးမိသွားသည်။
'ယောင်ကျိကျိုး ကျွန်မ အရမ်းနာကျင်နေပြီ... ရှင်ကျွန်မကိုကယ်တင်ပေးနိုင်မလား'
မြောင်လွေ့မင်သည် မရေမတွက်နိုင်သော ဒရာမာဇာတ်ကားများကိုကြည့်ဖူးသောကြောင့် ယခုအချိန်သည် အဆုံးသတ်မဟုတ်သေးကြောင်းနားလည်သည်။ ပထမဦးစားပေးရမည့်အရာမှာ ယောင်ကျိကျိုးအားဆေးရုံသို့ တတ်နိုင်သမျှမြန်မြန်ပို့ဆောင်ပေးရမည်ဖြစ်သောကြောင့် မြောင်လွေ့မင်က ယောင်ကွေဘက်သို့လှည့်ကာ စိုးရိမ်စွာပြောလိုက်သည်။
"ဥက္ကဌယောင် အခုချိန်မှာ မင်လျိုရီကို အတင်းစစ်မေးနေလဲအပိုပဲ... ခဏလောက်နောက်ဆုတ်ထားသင့်တယ်... အခုဆေးရုံကားမလာခင် ကျွန်တော် အပ်စိုက်ပြီးကုပေးကြည့်မယ်"
ဘေးဘက်တွင်ထိုင်မှိုင်နေသော ယောင်ကွေသည် မြောင်လွေ့မင်စကားကိုကြားမှ အသိစိတ်ပြန်ဝင်လာခဲ့သည်။
'ဟုတ်တယ် အခုအချိန် ဘယ်အရာမှအရေးမကြီးဘူး ယောင်ကျိကျိုးကိုသာ ကယ်တင်နိုင်မယ်ဆို ငါဘာပဲဖြစ်ဖြစ်လုပ်မယ်'
မင်လျိုရီကိစ္စကိုတော့ ယောင်ကျိကျိုးကို ကယ်ပြီးသည့်အချိန်ထိ သူစောင့်နိုင်သည်။ ယောင်ကွေက ဒေါသတကြီးပြောဆိုလိုက်သည်။
"မင်လျိုရီ ကျိကျိုးသာတစ်ခုခုဖြစ်သွားလို့ကတော့ နင့်ကိုသူနဲ့အတူ မြေမြှုပ်ပေးလိုက်မယ်... ကျိရန် ငါနဲ့အတူအပြင်ကိုလိုက်ခဲ့ မင်လျိုရီက ဒီမှာဒူးထောက်နေ... ငါခွင့်မပြုမချင်းမထနဲ့ ကျန်တာကိုတော့ ဒေါက်တာမြောင်ကိုပဲ လွှဲပေးရတော့မှာပဲ"
ယောင်ကွေ၏ထိုစကားကိုကြာသောအခါ ယောင်ကျိရန် ဒီအတိုင်းထိုင်မနေနိုင်ပေ။ ယခုအကြိမ်သည် တစ်သက်မှာတစ်ခါသာရသည့် အခွင့်အရေးဖြစ်သည့်အတွက် သူသာလွဲချော်သွားလျှင် နောက်ထပ်အခွင့်အရေးရှိတော့မည်မဟုတ်ပေ။ ယောင်ကျိရန်သည် အိပ်ရာဘေးသို့အမြန်သွားလိုက်ပြီး ယောင်ကျိကျိုး၏နှာခေါင်းနားတွင် လက်ထားကာတုန်လှုပ်မှုအပြည့်နှင့် ရေရွတ်လိုက်သည်။
"ကျိ-ကျိကျိုး သေသွားပြီထင်တယ် အသက်မရှူတော့ဘူး"
ယောင်ကွေသည် ထိုစကားကိုကြားသောအခါ ထိတ်လန့်မှုနှင့်ကြောက်ရွံ့မှုဒဏ်ကို မခံနိုင်ဖြစ်သွားတော့သည်။ အပြင်ဘက်တွင်ရှိသော အိမ်အကူများကပြေးဝင်လာပြီး ယောင်ကွေကိုဧည့်ခန်းဆီသို့ သယ်သွားတော့သည်။ မြောင်လွေ့မင်သည် ယောင်ကျိရန်၏စကားများကို မယုံကြည်ပေ။ သို့သော် ယောင်ကွေသည်ထိတ်လန့်မှုကြောင့် ရုတ်တရက်ကွယ်လွန်သွားမည်ကိုစိုးသဖြင့် ဧည့်ခန်းဆီသို့အမြန်လိုက်သွားသည်။
ဆူညံနေသည့်အခန်းထဲတွင် ယောင်ကျိကျိုး၊ မင်လျိုရီနှင့် ယောင်ကျိရန်တို့သာကျန်ခဲ့သည်။ ယောင်ကျိရန်က သူ့ရင်ဘတ်ထဲမှအပျော်များကို ထိန်းချုပ်မထားနိုင်တော့ပေ။ ဒီလိုနေ့မျိုးရောက်ရှိလာရန် သူအချိန်အကြာကြီးစောင့်နေခဲ့ရပြီး နောက်ဆုံးတွင် သူသည် ရူးသွပ်စွာရေရွတ်လိုက်သည်။
"ယောင်ကျိကျိုး...ယောင်ကျိကျိုး သေသွားပြီ... သူတကယ်သေသွားပြီ"
ယောင်ကျိရန်သည် အလွန်အမင်းစိတ်လှုပ်ရှားနေပြီး အိပ်ခန်းထဲတွင် လှည့်ပတ်လျောက်နေတော့သည်။ အချိန်အကြာကြီး သူဒီနေ့ကို စောင့်မျှော်နေခဲ့ရသည်မဟုတ်ပါလား...
ထိုအချိန်တွင် ယောင်ကျိကျိုး၏လက်ချောင်းလေးသည် ရုတ်တရက်လှုပ်ရှားသွားသည်။ မင်လျိုရီသည် ထိုအချဥ်းအရာကိုမြင်လိုက်ပြီး အသက်ရှူဖို့ပင် မေ့လျော့သွားသည်။
မင်လျိုရီသည် ယောင်ကျိကျိုး၏မျက်နှာအား စိုက်ကြည့်နေပြီး အသေးအဖွဲတစ်ခုလေးတောင်မှ လက်လွတ်မခံပေ။ ယောင်ကျိကျိုး၏မျက်လုံးသည် ပွင့်မလာသော်လည်း သူ၏လက်မှာဖြည်းညင်းစွာ ပင့်မလာပြီး မင်လျိုရီ၏မျက်နှာလေးကို ရှာဖွေနေခဲ့သည်။ သူက မင်လျိုရီ၏မျက်နှာပေါ်မှ မျက်ရည်များကို သုတ်ပေးချင်ခဲ့သော်လည်း မျက်ရည်များကပိုမိုစီးကျလာခဲ့သည်။
🥰