အပိုင်း၅၉
Viewers 6k

🥰 Chapter 59 ✅


မင်လျိုရီသည် ယောင်ကျိကျိုးအား အများကြီးပြောခဲ့သော်လည်း "နှုတ်ဆက်ပါတယ်" ဟူသောစကားကို မပြောနိုင်တော့ပေ။ သူမက မတ်တပ်ရပ်ကာ ထွက်ခွာရန်ဟန်ပြင်လိုက်သည်။ သူမ ထွက်သွားတော့မည့်အချိန်တွင် လက်တစ်ဖက်သည် သူမလက်မောင်းကိုရုတ်တရက်လှမ်းဆွဲခံလိုက်ရပြီး ယောင်ကျိကျိုး​၏အမိန့်ဆန်သည့် အသံထွက်ပေါ်လာသည်။ 


"မင်လျိုရီ မင်းကိုထွက်သွားဖို့ခွင့်မပြုဘူး... ထွက်ပြေးရဲရင်ထွက်ပြေးကြည့်လိုက်" 


ထိုစကားလုံးများသည် ပြင်းထန်သော်လည်း မင်လျိုရီ၏နောက်ဆုံးခံနိုင်ရည်အားကို ချိုးဖျက်သွားခဲ့သည်။ မင်လျိုရီသည်နောက်လှည့်ကာ ယောင်ကျိကျိုးအားဖက်လိုက်သည်။ ယောင်ကျိကျိုးသည် အနည်းငယ်လှုပ်ရှားလိုက်သော်လည်း မင်လျိုရီက ပိုမိုတင်းကြပ်စွာဖက်လာခဲ့သည်။ ယောင်ကျိကျိုးသည် မင်လျိုရီ၏ခပ်ဖျော့ဖျော့ရှိုက်သံအား ကြည့်သောအခါ သူ​၏လှုပ်ရှားမှုကိုရပ်တန့်လိုက်သည်။ သို့သော်လည်း ယောင်ကျိကျိုးသည် ယခုအချိန်တွင် မင်လျိုရီအား ရာနှုန်းပြည့်လက်မခံနိုင်သေးသောကြောင့် အေးစက်ဟန်သာဆောင်လိုက်ရသည်။ 


"ငိုမနေနဲ့ ... ဆက်ငိုနေမယ်ဆိုရင် မင်းကိုဆွဲပြီးလွှင့်ပစ်လိုက်မယ်" 


ထိုစကားကိုကြားသောအခါ မင်လျိုရီသည် တစ်ခဏလောက်ရပ်တန့်သွားပြီးနောက် ယောင်ကျိကျိုးသည် ယခုလေးတင်မှ နိုးလာကြောင်းကို သတိရသွားပြီး သူ့တွင် ထိုသို့ပြုလုပ်နိုင်သည့်အားမရှိမှန်း သတိရလိုက်သည်။ ယခုတစ်ကြိမ်သည် သူမရင်ဖွင့်နိုင်မည့် နောက်ဆုံးအကြိမ်ဖြစ်လောက်သောကြောင့်် မင်လျိုရီသည်ဆက်လက်ငိုကြွေးလိုက်သည်။ ယနေ့တစ်နေကုန် သူမကြုံတွေ့ခဲ့ရသည်မှာ များလွန်းသောကြောင့် ငိုနေရင်းအိပ်ပျော်သွားတော့သည်။ 


ယောင်ကျိကျိုးသည် အကူအညီမဲ့စွာဖြင့်ရှိသမျှ အားကုန်သုံးကာ အိပ်ရာထောင့်သို့ကပ်ပြီး သူမအတွက်နေရာချန်ပေးလိုက်သည်။ ထို့နောက် စိတ်ထဲမှ ၃ အထိ စတင်ရေတွက်လိုက်သည်။ အရင်အိပ်နေစဥ်ကလိုပင် သူ၏ဇနီးလေးသည် အလိုအလျောက် လက်မောင်းများအကြား ဖက်တွယ်လာခဲ့သည်။ သူ၏မျက်နှာပေါ်၌ အပြုံးတစ်ခုဖြစ်ပေါ်လာသည်။ 


သို့သော် သူ၏ဇနီးလေးအကြောင်း စဥ်းစားမိချိန်တွင် မျက်နှာပေါ်မှအပြုံးသည် ရုတ်ချည်းပျောက်ကွယ်သွားရသည်။ သူ့အား သေစေချင်ခဲ့သော အမျိုးသမီးသည် ရုတ်တရက်တိတ်ဆိတ်ပြီး နူးညံ့သွားခဲ့သည်။ သူမ​၏ဒေါသအသံသည် နူးညံ့ညင်ညာလာခဲ့ပြီး ဘယ်သူမှဘေးတွင်မရှိနေလျှင်တောင် သူ့အား သစ္စာရှိရှိနှင့်စောင့်ရှောက်ပေးနေခဲ့သည်။ 


ယောင်ကျိကျိုး လက်မခံနိုင်ပေ။ ထို့အပြင့် သူ့အား အလွန်မုန်းတီးခဲ့သော လူတစ်ယောက်သည် ရုတ်တရက်ကြီး သု့အပေါ်ကောင်းပေးလာမည်ဟုလဲ မယုံပေ။ တစ်စုံတစ်ခုတော့ မှားယွင်းနေလေပြီ။ ကိစ္စအားလုံး မရှင်းလင်းခင်တော့ မင်လျိုရီသည် မင်လျိုရီပဲ ဖြစ်နေဦးမည်။ 


....


ကောင်းကင်သည်မှုန်မှိုင်းနေပြီး မင်လျိုရီ​၏အိပ်နေသည့်ပုံစံမှာ သက်တောင့်သက်သာ ရှိမနေပေ။ သူမ အကြောဆန့်ရန်ကြိုးစားလိုက်သော်လည်း လက်ဆန့်ထုတ်လိုက်သည်နှင့် ကုတင်အောက်သို့ ပြုတ်ကျမလိုဖြစ်သွားသည်။ မင်လျိုရီ​၏ခေါင်းထဲတွင် ပဟေဠိများဖြင့် ပြည့်နှက်သွားသည်။ 


'ဘာလို့ ကုတင်ကအဲ့လောက်ကျဥ်းသွားတာလဲ...'


သူမ မျက်လုံးကိုဖွင့်လိုက်ပြီး ဦးနှောက်ကို အလုပ်လုပ်နိုင်ရန်အချိန်ပေးလိုက်သည်။ 


'ဘုရားရေ ဘာတွေဖြစ်ကုန်တာလဲ' 


'သူမက ဘာလို့ ယောင်ကျိကျိုးရဲ့ကုတင်ပေါ်မှာလှဲနေရတာလဲ... ပြီးတော့သူမခေါင်းက သူ့ရဲ့လက်မောင်းပေါ်မှာရှိနေတဲ့အပြင် စောင်တစ်ခုထဲကိုတောင် အတူတူခြုံထားသေးတယ်....'


မင်လျိုရီသည် အပြည့်အဝနိုးသွားပြီဖြစ်ပြီး မနေ့ညမှမှတ်ဥာဏ်များ တဖြည်းဖြည်းခေါင်းထဲသို့ အစီအရီပေါ်လာတော့သည်။ 


ခဏမျှတွေးပြီးနောက် မင်လျိုရီသည် ခါးသီးစွာပြုံးလိုက်ပြီး သူမအစီအစဥ်များအားလုံး ပျက်စီးသွားပြီဖြစ်ကြောင်းကို လက်ခံလိုက်ရသည်။ ဝိညာဥ်စမ်းချောင်းကို စမ်းသပ်တာဖြစ်ဖြစ် ယောင်မိသားစုက ထွက်သွားတာဖြစ်ဖြစ် အကုန်ပျက်စီးသွားပြီဖြစ်ကာ မင်လျိုရီသည် စိတ်ပျက်မှုကြောင့် မျက်နှာကို လက်ဖြင့်အုပ်ထားလိုက်တော့သည်။ 


ယခုလိုထိတ်လန့်စရာကောင်းသည့်အခြေအနေနှင့် သူမဆက်လက်ရှင်သန်နိုင်ပါ့မလား မသိတော့ပေ။ သူမ ယောင်ကျိကျိုးကိုလဲ မကြည့်ရဲတော့ပေ။ မနေ့ညက သူမသည် ယောင်ကျိကျိုးအား နှုတ်ဆက်စကား လာပြောခဲ့ခြင်းဖြစ်သော်လည်း ယောင်ကျိကျိုးဘေးတွင် အိပ်ပျော်သွားခဲ့သည်။ 


ထိုအချိန်တွင်နက်ရှိုင်းပြီး ဆွဲဆောင်မှုရှိသည့် အသံတစ်သံထွက်ပေါ်လာကာ ပြောလိုက်သည်။ 


"နိုးပြီဆိုရင်လဲ မြန်မြန်ထပြီး ဖယ်ပေးတော့" 


ယောင်ကျိကျိုး၏အသံသည် သူမနားထဲတွင် စိမ့်ဝင်နေပြီး ထိုလူ၏အသက်ရှုငွေ့သည် မင်လျိုရီ၏ လည်ပင်းထက် အသိပေးခြင်းမရှိပါဘဲ ရိုက်ခတ်လာကာ သူမအားကြက်သီးထသွားစေသည်။ ယောင်ကျိကျိုး နိုးနေပြီဖြစ်၍ သူမအိပ်ရာပေါ်မှ ချက်ချင်းဆင်းလိုက်သည်။ 


ယောင်ကျိကျိုးသည် မင်လျိုရီအိပ်ရာပေါ်မှ ဆင်းသွားသည်ကို တွေ့လိုက်ပြီး မနေ့ညက သူမပြောခဲ့သည့်စကားများကိုများ ပြန်တွေးမိသွားကာ သူမ သေချာပေါက်ထွက်ပြေးတော့မည်ကို သိလိုက်သည်။ ဘာတွေဖြစ်ပျက်နေလဲဆိုတာ သူမသိသေးသော်လည်း သူမကိုထိုကဲ့သို့ထွက်ပြေးခွင့်မပြုနိုင်ပေ။ 


"ထွက်ပြေးဖို့ကြိုးစားရင် ခြေထောက်တွေကို ရိုက်ချိုးပစ်လိုက်မယ်... ပြီးတော့ အခုငါ့ကိုမနက်စာကျွေး" 


မင်လျိုရီသည် မတ်တပ်ရပ်လျက် တစ်ကိုယ်လုံး တောင့်ခဲသွားတော့သည်။ သူမက မကျေမနပ်နှင့် တွေးလိုက်သည်။ 


'အခုလေးတင် နိုးလာရုံရှိသေး ငါ့ကိုခြေထောက်ရိုက်ချိုးတော့မယ်တဲ့' 


သို့သော် ထိုအရာက ပြစ်ဒဏ်ဟုတ်မဟုတ် မင်လျိုရီ ပြန်မမေးရဲပေ။ ထိုအစား သူမက ပါးစပ်ဖွင့်ကာ ပြောလိုက်သည်။ 


"ဟု-ဟုတ်ကဲ့" 


ယောင်ကျိကျိုးသည် မင်လျိုရီ၏နာခံမှုကို စိတ်ထဲမှကျေနပ်သွားပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာသည်။ မင်လျိုရီသည် ဆေးရုံခန်းမှ ရေချိုးခန်းကဲ့သို့ ပြေးဝင်သွားသည်။ မှန်ထဲတွင်သူမ ပထမဆုံးမြင်ရသည်မှာ ပါးပေါ်မှ လက်ဝါးရာပင်ဖြစ်သည်။ နီရဲရောင်ကိုင်းနေသည့် အရာသည့် ပျောက်သွားပြီးဖြစ်သော်လည်း လက်ရာကျန်နေခဲ့သည်။ 


မင်လျိုရီသည် ထွက်ပြေးရန်မဖြစ်နိုင်မှန်း သိပြီးဖြစ်၍ သက်ပြင်းချကာ သူမကိုယ်သူမ အားတင်းလိုက်သည်။ ဆေးကြောပြီးနောက် ရေချိုးခန်းမှထွက်လာစဥ် နာ့စ်မလေးသည် အစားအစာများ ယူလာသည်ကို တွေ့လိုက်သည်။ နာ့စ်မလေးက လန့်သွားခဲ့သည်။ သူမ မနေ့ညက မင်လျိုရီဝင်လာသည်အား မတွေခဲ့ပေ။ 


နာ့စ်မလေးသည် မင်လျိုရီမျက်နှာပေါ်မှ လက်ဝါးရာကိုတွေ့သွားပြီး အိမ်တွင်းအကြမ်းဖက်မှုကိုအတွေးရောက်သွားကာ သူမဖတ်ဖူးသည့် ဆောင်းပါးတစ်ချို့ကိုတွေးမိပြီး ယောင်ကျိကျိုးကိုတစ်လှည့် မင်လျိုရီကိုတစ်လှည့် ကြည့်လိုက်သည်။ 


ထို့နောက် သူမကသိသိသာသာ အသံကိုတိုးလိုက်ပြီး မင်လျိုရီအားပြောလိုက်သည်။ 


"မဒမ် မျက်နှာက....အကြမ်းဖက်ခံရတာလား အကူအညီလိုရင် ကျွန်မကိုပြောလို့ရပါတယ် လုံခြုံတဲ့နေရာကို ပို့ဆောင်ပေးပြီးရဲခေါ်ပေးပါ့မယ် မကြောက်နဲ့နော်"



🥰