အပိုင်း၆၁
Viewers 6k

🥰 Chapter 61 ✅


မင်လျိုရီကဆက်တိုက်ကြို့ထိုးနေသောကြောင့်ယောင်ကျိကျိုးခမျာ ဆွံ့အနေတော့သည်။ 


'သူကအဲလောက်တောင် ကြောက်ဖို့ကောင်းနေတာလား...  စကားလေးတစ်ခွန်းတည်းနဲ့ မင်လျိုရီကို ဒီလောက်ထိ ကြောက်လန့်သွားစေတာလား...ဒါမှမဟုတ် မင်လျိုရီက သူ့ကိုတကယ်သတ်ချင်နေတာလား မဟုတ်ရင် ဘာကြောက်နေစရာလိုလို့လဲ...'


မင်လျိုရီက ယောင်ကျိကျိုးမျက်နှာအားကြည့်လိုက်ပြီး ကြို့ထိုးရင်းအဖြေပေးလိုက်သည်။ 


"အင့်...ကျွန်မက...အင့်...ရှင့်ကိုမထိခိုက်...အင့်...စေချင်ပါဘူး ယုံကြည်ပေးနိုင်မလား...အင့်..." 


ယောင်ကျိကျိုး၏စိတ်ထဲတွင် မင်လျိုရီ၏ပြောင်းလဲမှုနှင့်ထိုမတိုင်ခင်က ဖြစ်ပျက်ခဲ့သောကိစ္စများအားလုံးအစီအရီပြန်ပေါ်လာခဲ့သည်။ သူ့အား လှေကားပေါ်မှတွန်းချခဲ့သည့် မင်လျိုရီ၏သွေးအေးရက်စက်သည့်မျက်နှာထားနှင့် အပြစ်တင်ကြိမ်းမောင်းသံများက ယောင်ကျိကျိုးအတွက်ပြန်သုံးသပ်ပေးရန် မဖြစ်နိုင်သော်လည်း ယခုလက်ရှိ မင်လျိုရီ၏အပြုမူကောင်းများကြောင့် ယောင်ကျိကျိုး မသေမချာဖြစ်လာရသည်။ 


အချိန်အကြာကြီး တိတ်ဆိတ်နေပြီးမှ သူကပြောလိုက်သည်။ 


"မင်းကို ယုံကြည်လို့ရလား" 


မင်လျိုရီ သက်ပြင်းခပ်ဖျော့ဖျော့ချလိုက်သည်။ ယောင်ကျိကျိုး​၏စကားများသည် သူမမေးခွန်းကို ပြန်ဖြေနေခြင်းမဟုတ်ပေ။ ထိုအစား သူက သူမအား မေးခွန်းတစ်ခုပြီးတစ်ခုမေးနေခဲ့သည်။ ကံအားလျော်စွာဖြင့် မင်လျိုရီသည် ယောင်ကျိကျိုး၏ရန်သူဖြစ်မနေခဲ့ပေ။ ထိုသို့မဟုတ်ပါက သူမကိုယ်တိုင်ပင်မသိလိုက်ဘဲ ယောင်ကျိကျိုး၏ချောင်ပိတ်ခြင်းကိုပင် ခံရနိုင်သည်။ အကယ်၍ယောင်ကျိကျိုး​၏မျက်လုံးများက သူမကိုမြင်နိုင်ခဲ့လျှင်နှလုံးသားထဲထိ မြင်နိုင်လောက်အောင် ပြိုင်ဘက်ကင်းစွာကြည်လင်နေသည့် သူမမျက်လုံးများကို တွေ့ရမည်ဖြစ်သည်။ 


မင်လျိုရီတွင် မည်သူ့ကိုမှ ထိခိုက်နစ်နာစေချင်သည့်စိတ်မရှိသောကြောင့် သူမက ရိုးရိုးသားသားပြောလိုက်သည်။ 


"သေချာပေါက်ပေါ့...အင့်..." 


ယောင်ကျိကျိုးသည် မင်လျိုရီ၏ ရိုးသားမှုကိုခံစားမိလိုက်ပြီး သူမကိုယုံကြည်သွားတော့သည်။ သူ့အား သူမလိုမျိုး ဘယ်သူကမှ ဂရုစိုက်ပေးနိုင်မည်မဟုတ်ပေ။ ဤရက်ပိုင်းများတွင် သူစကားမပြောနိုင်ခဲ့သော်လည်း မင်လျိုရီက သူ့ကိုသန့်ရှင်းရေးလုပ်ပေးသည့်အချိန်တိုင်း သူမစကားများထဲမှ သစ္စာတရားကို ခံစားလို့ရသည်။ ယောင်ကျိကျိုးသည် စိတ်ဓာတ်ပြတ်သားသူဖြစ်သည်။ လူတစ်ယောက်ကိုသံသယရှိပါက ထိုလူနှင့်အဆက်အဆံမလုပ်ပေ။ တကယ်လို့ သူသာလူတစ်ယောက်နှင့်အဆက်အဆံ လုပ်ပါက ထိုလူကိုသံသယမဝင်သင့်တော့ပေ။


"ကောင်းပြီ မင်းကို အခုချိန်ကစပြီး ယုံကြည်လိုက်မယ်။


မင်လျိုရီသည် ယောင်ကျိကျိုး၏စကားကိုပြီးနောက် အားရပါးရပြုံးလိုက်သော်လည်း ကြို့ထိုးတာက ပျောက်မသွားပေ။ 


ကြို့ထိုးခြင်းက ယောင်ကျိကျိုးကြောင့်ပင်။ ဒါပေါ့ ထိုနည်းလမ်းကိုသာသုံးပြီး ပျောက်အောင်လုပ်ရမှာပေါ့... ယောင်ကျိကျိုးက သူမကို ထပ်ပြီးလန့်အောင် ပြုလုပ်ရမည်ကိုသိသဖြင့် သူမအားပြုံးကာပြောလိုက်သည်။ 


"နောက်တစ်ခုက မင်းငါ့ကိုအခွင့်ရေးယူခဲ့တဲ့ကိစ္စကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ဆွေးနွေးရအောင်" 


မင်လျိုရီသည် ယောင်ကျိကျိုး ထိုကဲ့သို့ပြောလာမည်မထင်ထား၍ ချက်ချင်းပဲအသံတိတ်သွားတော့သည်။ 


'ဒ-ဒါက...ငါဘယ်တုန်းက သူ့ကို အခွင့်ကောင်းယူမိလို့လဲ...သူမလှုပ်နိုင်လို့ သူ့ခန္ဓာကိုယ်ကို ကူပြီးသန့်ရှင်းပေးရုံလေးပဲကို ...  abs တွေကိုကျတော့စစ်ဆေးကြည့်ပေးတာမဟုတ်လား ...ရင်အုံနဲ့... တခြားအစိတ်အပိုင်းတွေကိုရောပဲ...' 


ယောင်ကျိကျိုးသည် မင်လျိုရီ၏ ကြို့ထိုးသံရပ်သွားသောကြောင့် ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ 


"ကောင်းပြီ မနက်စာစားကြမယ်" 


မင်လျိုရီ နောက်ဆုံးတော့ သက်ပြင်းချနိုင်သွားပြီဖြစ်သည်။ ကံကောင်းစွာဖြင့် ယောင်ကျိကျိုးက မေးခွန်းများထပ်မမေးတေု့ပေ။ ထို့နောက် သူမ ကြို့မထိုးတော့သည်ကို သတိထားမိသွားခဲ့သည်။ အဲတော့ ယောင်ကျိကျိုးက သူမကို စစ်ဆေးမေးမြန်းနေတာမဟုတ်ဘဲ ကူညီပေးခဲ့တာလား...ထိုသို့တွေးမိပြီးနောက် မင်လျိုရီ၏နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်သွားတော့သည်။ 


သူမက အပူခံထမင်းဗူးကိုယူပြီး အိပ်ရာဘေးတွင် ထိုင်ချလိုက်သည်။ ဗူးအားဖွင့်လိုက်သောအခါကြက်သားစွပ်ပြုတ်၏ အနံ့မွှေးမွှေးကထွက်ပေါ်လာသည်။ မင်လျိုရီသည်အနံ့ခံကြည့်ရုံနှင့် ထိုစွပ်ပြုတ်သည် ကျန်းချွမ်၏လက်ရာဖြစ်ကြောင်း အတပ်သိလိုက်သည်။ မင်လျိုရီက ပျော်ရွှင်စွာပြောလိုက်သည်။


"ယောင်ကျိကျိုး ဒီကြက်စွပ်ပြုတ်ကို အနံ့ခံကြည့်ကြည့်...ဒီအနံ့က ကျန်းချွမ်ရဲ့ ဂျာမန်စတိုင်ချက်နည်းပဲဖြစ်မယ် မွှေးနေတာပဲ" 


နားထောင်ပြီးနောက် ယောင်ကျိကျိုးက ကြက်စွပ်ပြုတ်ကို အနံ့ခံကြည့်လိုက်သည်။ အမှန်တကယ်ကို မွှေးကြိုင်နေပြီး ဗိုက်ဆာသွားသောကြောင့် မတတ်နိုင်ဘဲတံတွေးမြိုချမိသွားသည်။ မင်လျိုရီက ဇွန်းယူရန်တစ်ဖက်သို့လှည့်လိုက်ပြီး စွပ်ပြုတ်ထဲသို့ ဝိညာဥ်စမ်းရေအနည်းငယ်ထည့်လိုက်သည်။ ထို့နောက် သူမကဇွန်းအပြည့်ခပ်ပြီး မပူအောင်မှုတ်ပေးလိုက်သည်။ အပူချိန် ခပ်နွေးနွေးရှိတော့မှ သူမက ယောင်ကျိကျိုးကို ခွံ့ကျွေးလိုက်သည်။ 


ယောင်ကျိကျိုးသည် ယခုလိုအသိစိတ်ရှိနေချိန်တွင် ခွံ့ကျွေးမခံဖူးသောကြောင့် ကျင့်သားမရဖြစ်နေကာ စွပ်ပြုတ်အရည်ကိုသာ တောင့်တောင့်ကြီး သောက်နေမိသည်။ ကိုမာဝင်နေသည့်အချိန်အချို့တွင် အသိစိတ်ရှိနေသော်လည်း အစားအစာများသည် အရသာမရှိခဲ့ပေ။ ယနေ့ ကြက်စွပ်ပြုတ်

သည် သူ၏လျှာအာရုံခံအဖုလေးများကိူ လှုံ့ဆော်ပေးလိုက်ပြီး အရသာခံနိုင်စွမ်းကို နှိုးထပေးခဲ့သည်။ 


ကြက်စွပ်ပြုတ်တစ်ပန်းကန်လုံး အစာအိမ်ထဲရောက်သွားမှ ယောင်ကျိကျိုးသက်ပြင်းချလိုက်သည်။ နိုးထလာရပြီး ဘာကကောင်းတယ် ဘာကမကောင်းဘူးဆိုတာ သိရခြင်းကလဲ တစ်မျိုးကောင်းတာပဲ။ မင်လျိုရီသည် ယောင်ကျိကျိုး၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေသည်။ ယောင်ကျိကျိုးသည် နိုးထလာပြီဖြစ်သောကြောင့် တစ်ချို့ကိစ္စများတွင် သူ၏ အမြင်နှင့်သဘောထားများကို သူမသိရန်လိုအပ်သည်။ ယောင်ကျိကျိုးသည် မင်လျိုရီအားကြည့်ပြီး တည်ငြိမ်စွာပြောလိုက်သည်။ 


"နောက်တစ်ခါကျ အရမ်းကြီးအေးသွားအောင် မမှုတ်နဲ့" 


မင်လျိုရီ ဆွံ့အသွားတော့သည်။ နိုးထလာသည်နှင့် သူကပြဿနာအိုးကြီး ဖြစ်သွားတော့သည်။ 


'သူမက သူ့ရဲ့ လျှာအပူလောင်သွားမှာကို စိုးရိမ်လို့လေ မဟုတ်ရင် ဂရုတစိုက် မှုတ်ပေးပါ့မလား... သူကပဲ တစ်ဖန်မကြိုက်ရတယ်ရှိသေး... '


သူမထင်ထားသည့်အတိုင်း ယောင်ကျိကျိုးသည် ကိုမာဝင်နေတုန်းက ပိုပြီးချစ်ဖို့ကောင်းကာ ပိုလဲလိမ္မာသည်။ သတိလစ်နေတာက အခုထက်ပိုပြီး အဆတစ်ရာလောက်ကောင်းတယ်.....



🥰