အပိုင်း၆၆
Viewers 5k

🥰 Chapter 66 ✅


ယောင်ကျိကျိုးသည် သူ့ခြေထောက်မှဒဏ်ရာအား ဖုံးကွယ်ချင်နေမှန်း မင်လျိုရီသိသည်။ သူကိုမာဝင်နေစဥ်က စောင့်ရှောက်ရတာ ပိုပြီးလွယ်ကူခဲ့သည်။ ယခု သတိပြန်ရလာတော့ ယောင်ကျိကျိုးသည် ငြင်းပယ်ချင်လာလေပြီ..သို့ရာတွင် ဆက်လုပ်ရမည့်အရာများကိုရှောင်လွှဲလို့မရပေ။အကယ်၍ သူ့ခြေထောက်တွေကို အချိန်အကြာကြီး မနှိပ်ဘဲပစ်ထားခဲ့မယ်ဆိုလျှင် ကြွက်သားများကျုံ့သွားနိုင်ပြီး ပြန်ကောင်းရန်အချိန်ပိုကြာသွားနိုင်သည်။ 


မင်လျိုရီက စိတ်မဆိုးသည့်အပြင် ညင်သာစွာပြောလိုက်သည်။ 


"ရှင် စကားနားထောင်မှရမယ်...ကြွက်သားတွေကျုံ့သွားရင် ဒီထပ်ပိုပြီးပြန်ကုနေရလိမ့်မယ်...အခုကစပြီးရှင်ကို အဝတ်ပေါ်ကနေပဲဆက်နှိပ်ပေးမယ် ဟုတ်ပြီလား" 


တစ်စက္ကန့်ပင်မခြားလိုက် ယောင်ကျိကျိုးသည် သူ၏ခြေသလုံးကို ဘောင်းဘီပေါ်မှ နူးညံ့စွာနှိပ်ပေးနေသည့် မင်လျိုရီ၏ လက်တစ်စုံကိုခံစားမိလိုက်

သည်။ သူမ​၏အပြုအမူက သူ့အားနောက်တစ်ကြိမ်တိတ်ဆိတ်သွားစေသည်။ သူ့အရှေ့တွင် ယခုရှိနေသည့်သူက မင်လျိုရီ ဟုတ်မဟုတ်ကို မပြောနိုင်တော့ပေ။ သူမသည် အရင်ကသူ့အားသေဆုံးသွားဖို့ရာ ဆန္ဒပြင်းပြခဲ့ပြီးတော့ ယခုတွင်တစ်ချက်ချင်းစီ ဂရုတစိုက်နှင့် ညင်သာစွာနှိပ်နယ်ပေးနေပြန်သည်။ 


မူလမင်လျိုရီသည် ယောင်ကျိကျိုးအား စောင့်ရှောက်ပေးနေရသည့်အပေါ် ခါးသီးခဲ့သည်။ သူမသည် ယခုလက်ရှိတွင် မူလမင်လျိုရီ၏ ခန္ဓာကိုယ်ကို ယူသုံးနေပြီး မစ္စယောင် ဟူသည့်နာမည်ကိုပင် ခံယူကာ မူလမင်လျိုရီ၏ခရက်ဒစ်ကဒ်အား အသုံးပြုနေခဲ့သည်။ ယောင်ကျိကျိုးကို စောင့်ရှောက်ပေးခြင်းသည် မူလမင်လျိုရီ၏အမှားကို ပြင်လည်ပြင်ဆင်လိုသောကြောင့် ထိုကိစ္စအားငြီးငြူစရာမလို။ အဓိကအချက်မှာ သူမသာအမှန်အတိုင်းပြောပြလိုက်ပါက စိတ်ကျန်းမာရေးဆေးရုံသို့ အပို့ခံရမည်ဖြစ်သည်။


ယောင်ကျိကျိုးအား နှိပ်နယ်ပေးနေစဥ်တွင် မင်လျိုရီသည် ဝိညာဥ်စမ်းရေကိုအသုံးပြုသောကြောင့် ပိုမိုလျင်မြန်စွာ သက်သာလာခဲ့သည်။ အခြေအနေပေးလို့ ယောင်ကျိကျိုးသာ သူမကိုလွတ်ပေးလာခဲ့သည်ရှိသော် သူမတွင် ကောင်းမွန်သည့်အလုပ်တစ်ခုနှင့် ယိုလင်လင်ကျန်နေဦးမည်ဖြစ်သည်။ ဤအရာသည် ဘယ်လိုပဲကြည့်ကြည့် win-win အခြေအနေပင်ဖြစ်သည်။ ယခုအချိန်တွင် ယောင်ကျိကျိုး သတိပြန်ရလာပြီဖြစ်၍ သူတို့နှစ်ဦးထိုင်ကာ အရာအားလုံးကို သေချာဆွေးနွေးရန်လိုနေပြီ။


မင်လျိုရီက မျက်တောင်ခတ်လိုက်ပြီး ယောင်ကျိကျိုး၏အရိပ်အခြေကို ဂရုတစိုက်စစ်ဆေးလိုက်သည်။ ယောင်ကျိကျိုးသည် တိတ်ဆိတ်နေပြီး ဒေါသထွက်နေပုံမရပေ။ ယခု သူနှင့်စကားပြောဖို့အတွက် အချိန်ကောင်းဖြစ်ပြီး မဟုတ်လျှင် အနာဂတ်တွင်အခွင့်အရေးရတော့မည်မဟုတ်ပေ။ ယခုအခွင့်အရေးသည် သူမအနာဂတ်အတွက် မူတည်နေသောကြောင့် လိုချင်သည့်ခေါင်းစဥ်ရောက်ရန် ကြိုးစားရတော့သည်။ 


"ယောင်ကျိကျိုး ရှင်ပင်ပန်းနေပြီလား...ကျွန်မတို့ စကားပြောလို့ရမလား" 


ယောင်ကျိကျိုး သူ၏မျက်ခုံးတန်းများကို စုကျုံ့လိုက်သည်။ သူသည် သူမအား တတ်နိုင်သလောက် သဲလွန်စများပြောခဲ့သော်လည်း ဘာတစ်ခွန်းမှပြန်ပြောမလာပေ။ ယခုကျမှ အပြစ်တင်စကားတွေ စပြောချင်လာပြီပေါ့....


"မှန်တယ် ဒီလိုပဲ ဖြစ်သင့်တာပေါ့" 


ယောင်ကျိကျိုးက ပေါ့ပါးစွာပြောလိုက်သည်။ 


သူနားလည်ထားသည့် မင်လျိုရီသည် ထိုကဲ့သို့ပုံစံမျိုးဖြစ်သည်။ ယခုလိုမျိုး ညင်ညင်သာသာ ဂရုစိုက်ပေးနေခြင်းသည် အစ၌သာဖြစ်သည်။ 


"ဘာပြောချင်တာလဲ"


မင်လျိူရီသည် ယောင်ကျိကျိုး၏ စကားများကိုကြားပြီး ခဏလောက်တွေဝေမိသွားသည်။ 


သူမဘာပြောရမလဲမသိပေ။ သူမကို လွှတ်ပေးဖို့ပြောပြီး ထွက်သွားချင်တဲ့အကြောင်းကို တိုက်ရိုက်ပဲပြောပြလိုက်ရမလား... သူမပြောမည့်စကားကြောင့် သူရုတ်တရက်ကြီး ဒေါသထွက်သွားမည်ကို ထိတ်လန့်နေရသေးသည်။ သူက အချိန်အကြာကြီးစောင့်နေခဲ့သော်လည်းမင်လျိုရီ၏ အသံအားမကြားရပေ။ 


ယောင်ကျိကျိုး၏မျက်နှာသည် ချက်ချင်းမှောင်မဲလာပြီး စိတ်မဝင်စားစွာပြောလိုက်သည်။ 


"မင်းငါ့ကို ကွာရှင်းချင်တာလား" 


ထိုစကားအားကြားသောအခါ သူမ၏လျှို့ဝှက်ချက်များ ပေါ်သွားသလိုခံစားလိုက်ရသည်။ သူမတွင် ထိုကဲ့သို့သော စိတ်ကူးရှိသော်လည်း ယခုချက်ချင်းကြီးတော့ မပြောလိုက်ချင်ပေ... တဖြည်းဖြည်းချင်းနောက်မှပြောရန်ကြံစည်ထားခြင်းဖြစ်သော်လည်း ယောင်ကျိကျိုး၏မှောင်မဲနေသော မျက်နှာထားကြောင့် မင်လျိုရီသည် သူမပါးစပ်မှ ထွက်လာတော့မည့်စကားများကို မြိုချလိုက်ရတော့သည်။ သူမက ချက်ချင်းပဲ ခေါင်းကို အကြမ်းပတမ်းခါလိုက်ပြီး ခပ်မြန်မြန်ပြောလိုက်သည်။ 


"မဟုတ်ဘူး ဘယ်ကသာ အဲ့လိုမဟုတ်ပါဘူး"


ယောင်ကျိကျိုး၏ စကားများသည် မှန်သော်လည်း တည့်တိုးဆန်လွန်းသည်။ ယောင်ကျိကျိုးသည် သူမအား ဖိအားများပေးနေသည့်အတွက် မင်လျိုရီသည် ယခုအချိန်တွင် စိတ်မတည်ငြိမ်တော့ပေ။ အကယ်၍ သူမ တစ်ခုခုကိုပြောချင်ရင်တောင် သေချာပြန်စဥ်းစားရန်လိုအပ်ပြီး မဟုတ်လျှင် သူမဘဝကိုယခုနေရာတွင်ပင် အချိန်မရွေးဆုံးရှုံးလိုက်ရနိုင်သည်။ ယောင်ကျိကျိုးက ခေတ္တမျှစဥ်းစားလိုက်သည်။ 


'ကွာရှင်းချင်တာမဟုတ်ရင်... ဘာလဲ...ပိုက်ဆံပဲကျန်တော့တယ်...'


ယောင်ကျိကျိုးက မေးလိုက်သည်။


"ခရက်ဒစ်ကဒ် နောက်တစ်ကဒ်လိုချင်လို့လား" 


'ဟမ်'


မင်လျိုရီ စက္ကန့်အနည်းငယ်လောက် ဆွံ့အနေခဲ့သည်။ 


'သူမက လွတ်လပ်မှုလေးပဲလိုချင်တာပါ ဘယ်လိုလုပ်ပြီး ခရက်ဒစ်ကဒ်နောက်တစ်ကဒ်ကိုရောက်သွားတာလဲ..'


ယောင်ကျိကျိုးက တလွဲတွေကြီးသာပြောနေသောကြောင့် မင်လျိုရီဘာမှမပြောတော့ပေ။ ခရက်ဒစ်ကဒ်ဖြစ်ဖြစ် ဘာဖြစ်ဖြစ် မင်လျိုရီ၏လွတ်လပ်မှုလောက် ဘယ်ဟာမှအရေးမကြီးပေ။ 


သို့သော် မင်လျိုရီဘာမှ ထပ်မပြောနိုင်ခင်တွင် ယောင်ကျိကျိုး၏ ကြည်လင်အေးစက်နေသော အသံက ထွက်ပေါ်လာသည်။ 


"မင်းကို ခရက်ဒစ်နောက်တစ်ကဒ်ပေးလို့ရတယ် ဒါပေမဲ့ အခြေအနေတွေတော့ရှိတယ်" 


မင်လျိုရီသည် မသိလိုက်ဘဲ ယောင်ကျိကျိုး၏စကားများထံ မျောသွားပြီး သူမပြောမည့်စကားများကိုမေ့သွားတော့သည်။ ခရက်ဒစ်ကဒ်သည် အရေးမကြီးသော်လည်း ဘဝတွင်ပိုက်ဆံမရှိဘဲနေဖို့ရာ မဖြစ်နိုင်ပေ။ သူမဘာပဲလုပ်လုပ် ပိုက်ဆံလိုအပ်ပြီး အထူးသဖြင့်အနာဂတ်တွင် ပြည်ပမှာအခြေချမယ်ဆိုရင်ပေါ့။ 


မင်လျိုရီက ယောင်ကျိကျိုး မျက်နှာအားကြည့်ပြီးမေးလိုက်သည်။ 


"ဘာအခြေအနေတွေလဲ" 


ယောင်ကျိကျိုး၏ နှုတ်ခမ်းထောင့်များက မဆိုလောက်လေး ကွေးညွတ်သွားသည်။


'ဒီကောင်မလေးက အရူးလုပ်ရလွယ်လိုက်တာ'


သူက အပျော်များကိုဖုံးကွယ်သည့်အနေဖြင့် ချောင်းအနည်းငယ်ဆိုးလိုက်သည်။ ကွာရှင်းဖို့က မဖြစ်နိုင်ပေ။ အရာအားလုံးမရှင်းလင်းခင်ထိ မင်လျိုရီအား လုံးဝထွက်သွားခွင့်မပြုနိုင်ပေ။ ထို့အပြင် ယခုအခြေအနေတွင် ယောင်ကျိကျိုးသည် မင်လျိုရီအပေါ် အနည်းငယ်မှီခိုကာစပြုလာပြီဖြစ်သည်။


"မင်းသိတဲ့အတိုင်း ငါကမျက်မမြင်ဒုက္ခိတဖြစ်တဲ့အပြင် ကိုမာလဲဝင်ထားတာ...ဒီကာလက သာမန်လူအတွက်တော့မကြာပေမဲ့ ယောင်အဖွဲ့အစည်းရဲ့ CEO တစ်ယောက်အတွက်ကတော့ အချိန်ကြာလွန်းတယ်...."



🥰