အပိုင်း၆၇
Viewers 5k

🥰 Chapter 67 ✅


ယောင်ကျိကျိုးနိုးလာကတည်းက စကားအများကြီး ပြောနေမိသည်။ အထူးသဖြင့် ကားအက်စီးဒန့်ဖြစ်ပြီးနောက်တွင်ဖြစ်သည်။ သူ၏လက်ကျန်ဘဝတစ်လျှောက်လုံးသည် မှောင်မိုက်နေလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း မထင်မှတ်ဘဲ တစ်စုံတစ်ယောက်က သူ၏အေးခဲနေသည့်နှလုံးသားကို အက်ကွဲကြောင်းလေးပြုလုပ်ပြီး နွေးထွေးမှုများ စီးဆင်းစေခဲ့သည်။ 


မင်လျိုရီသည် အရင်ကမကောင်းခဲ့သော်လည်း ဒါတွေအားလုံးသည် အတိတ်တွင်သာဖြစ်ပြီး ယောင်ကျိကျိုးသည် မင်လျိုရီအား ပြန်လည်သိကျွမ်းနိုင်ရန် ဒုတိယအကြိမ်အခွင့်အရေးပေးချင်သည်။ 


'ဘယ်သူပြောနိုင်မှာလဲ...အနာဂတ်မှာ အရာအားလုံးပြောင်းလဲသွားနိုင်တာပဲလေ' 


ထို့အပြင် ယောင်ကျိကျိုးသည် ယခုလိုလျင်မြန်စွာသတိပြန်ရလာခြင်းသည် မင်လျိုရီ၏ညင်သာစွာဂရုစိုက်မှုများကြောင့်မှန်း သိရှိပြီးဖြစ်သည်...ထို့အပြင် မင်လျိုရီ အဝေးကိုသွားတော့မည့်အကြောင်းကိုလဲ သူကြားထားသည်။ 


သူ့​၏အခြေအနေအား ကိုယ်တိုင်သေချာမသိသေးခင်က လှောင့်ချိုင့်ထဲမှရုန်းထွက်နိုင်ရန် ကြိုးစားနေသည့်သားရဲတစ်ကောင်လိုဒေါသကြီးခဲ့သည်။ ထို့ကြောင့် ဘာတွေပဲဖြစ်လာပါစေ မင်လျိုရီအား ထွက်သွားခွင့်ပြုမည်မဟုတ်ပေ။ သူ မင်လျိုရီအား ထွက်မသွားစေချင်လျှင် သူမ မငြင်းပယ်နိုင်မည့် အကြောင်းပြချက်ကို ရှာထားရမည်ဖြစ်သည်။ 


ခေါင်းမာခြင်းကကောင်းသည့်အရာမဟုတ်ပေ။ သူသာအတင်းအကြပ်လုပ်လျင် မင်လျိုရီသည်သူ့အနားက ပိုထွက်သွားချင်​ပေလိမ့်မည်။ ယောင်ကျိကျိုး ဖြစ်စေချင်သည့်အရာမှာ မင်လျိုရီကသူ့သဘောနှင့်သူနေလိုပြီး ဘယ်တော့မှထွက်မသွားတာမျိုးဖြစ်သည်။ ထို့ကြောင့် သူကမျက်တောင်ခတ်လိုက်ကာ မြင်ရသည့်လူတိုင်း၏နှလုံးသားကိုနာကျင်သွားစေလောက်မည့် သနားဖို့ကောင်းသည့် မျက်နှာထားမျိုး ပြုလုပ်လိုက်သည်။ 


"ငါမင်းအကူအညီ လိုအပ်တယ်" 


သူဒဏ်ရာရပြီးနောက်ပိုင်း အောင်မြင်မှုဆိုသည်မှာ သူ့အတွက် အရေးမပါတော့ပေ။ ကုမ္ပဏီကိုယောင်ကျိရန်အား ပေးလိုက်ရမည်ဆိုရင်တောင် ဘာဖြစ်လဲ... သို့ရာတွင် ယောင်ကျိရန်သည် သူနှင့်သူ့အနားကလူတွေကို ထိခိုက်ရန်ကြိုးစားခဲ့သောကြောင့် ယောင်ကျိကျိုးသည် သူ့အားလွယ်လွယ်နှင့် လွှတ်ပေးမည်မဟုတ်ပေ။ ယောင်ကျိရန်က ဒီနာကျင်မှုတွေကို အပြည့်အဝပြန်ပေးဆပ်ရလိမ့်မည်။ 


အမှန်တော့ယောင်ကျိကျိုးသည် ကိုယ့်ကိုကိုယ်တောင်မကယ်နိုင်သည့် မင်လျိုရီ၏အကူအညီကို မလိုပေ။ သို့ရာတွင် သူမအားသူ့ဘေးတွင်ရှိစေလိုသည့်အကြောင်းပြချက်သည် ကြောင်တောင်တောင်နိုင်သည့်အတွက် ယောင်ကျိကျိုးက မျက်မှောင်ကျုံ့ကာ စဥ်းစားလိုက်သည်။


သူသည် အလွန်ကိုခက်ခက်ခဲခဲ ဆုံးဖြတ်ထားခဲ့ရသည့် အမူအရာဖြင့်ပြောလိုက်သည်။ 


"ယောင်အဖွဲ့အစည်းကို ပြန်ရယူဖို့ ကူညီပေးမယ်ဆိုရင် မင်းလိုချင်တာ မှန်သမျှငါပေးမယ်" 


'သူမကို တကယ်ပဲလိုချင်တာပေးမှာလား....တခြားအခြေအနေမလိုအပ်တော့ဘူးပေါ့...' 


မင်လျိုရီသည် ယောင်ကျိကျိုးဘက်မှထိုကဲ့သို့ ပြောလာမည်ဟုမထင်ခဲ့သောကြောင့် သူမအတော်လေး စိတ်လှုပ်ရှားသွားသည်။ ယခုတောင်းဆိုချက်သည် သူမလိုချင်သည့်အရာကို ရှုပ်ထွေးမသွားစေပေ။ယောင်ကျိကျိုးအတွက် ယောင်အဖွဲ့အစည်းကို ပြန်ရယူနိုင်ရန်မခက်ခဲမှန်း သူမသိပြီးသားဖြစ်ကာ အချိန်လဲသိပ်ကြာမည်မဟုတ်ပေ။


"ကောင်းပြီ သဘောတူတယ်" 


သို့သော် မင်လျိုရီမသိလိုက်တာကတော့ ယောင်ကျိကျိုးသည် သူမအား မြင်းပုနှင့်မုန်လာဥဂိမ်းကို ကစားနေခြင်းသာဖြစိသည်။ ပထမတွင်သူ၏အားနည်းချက်ကိုပြသပြီး နောက်ဆုံးတွင်အနိုင်ရမည့်သူမှာ ယောင်ကျိကျိုးပင်ဖြစ်သည်။ မင်လျိုရီ လိုချင်ခဲ့သည်မှာ လွတ်လပ်မှုဖြစ်သော်လည်း ယောင်ကျိကျိုးကလုံးဝကွဲလွဲနေသည့် ခရက်ဒစ်ကဒ်ဖြင့် ဖြားယောင်းခဲ့သည်။ မင်လျိုရီသည် ယခုချိန်ထိ ယောင်ကျိကျိုးဘက်မှ တိတ်တဆိတ်ပြောင်းလဲလိုက်သည့်ရည်ရွယ်ချက်ကို သတိမပြုမိဘဲ ချောချောမွေ့မွေ့ဖြင့် အဆုံးသတ်နိုင်တော့မည်ဟုထင်ကာ ပျော်ရွှင်ပြီးစိတ်ကူးယဥ်နေတော့သည်။


မင်လျိုရီက တွေးလိုက်သည်။


'ဇာတ်ကြောင်းကို ကြိုသိထားရတာကောင်းလိုက်တာ' 


အနာဂတ်တွင်ဖြစ်လာမည့် ဇာတ်ကြောင်းတိုးတက်မှုများကိုသိထားသောကြောင့် သူမက လွယ်လွယ်ကူကူပဲ ဆုံးဖြတ်ချက်ချလိုက်သည်။ ယောင်ကျိကျိုးသည် သူ့အင်အားနှင့်သူ ယောင်အဖွဲ့အစည်းကို ရယူနိုင်မည်ဖြစ်ပြီး မင်လျိုရီ ဘာတစ်ခုမှလုပ်ပေးစရာမလိုအပ်ပေ။ မင်လျိုရီ၏မျက်လုံးထဲတွင် လွတ်လပ်မှုသည် သူမအားလက်လှမ်းပြနေသည်ကိုမြင်နေပြီး ဒီနေ့သည် ရက်ရာဇာဖြစ်မည်ဟုပင်ထင်မိသည်။ ယောင်ကျိကျိုးသာ အရက်သောက်နိုင်လျှင် သူမ ပုလင်းဖွင့်ပြီး အောင်ပွဲခံမိမှာဖြစ်သည်။ 


မင်လျိုရီသည် တွေးလေလေ ပျော်ရွှင်လာလေဖြစ်ပြီး ယခုတော့ သူမ​၏ကံတရားပြောင်းလဲသွားပြီဖြစ်သည်။ ဇာတ်လိုက်ထံတွင် အမှုန့်ကြိတ်ခံရတော့မည့်ဇာတ်ပို့နေရာမှ ဇာတ်လိုက်နှင့်တစ်ယောက်အပေါ်တစ်ယောက် မှီခိုနိုင်သည့်သူငယ်ချင်းဆက်ဆံရေးမျိုး ဖန်တီးလိုက်နိုင်ပြီဖြစ်သည်။ အနာဂတ်တွင် ဇာတ်လိုက်က သူမအပေါ်ဒေါသထွက်လာမည်ကို ကြောက်နေစရာမလိုတော့သလို သူမအားဖျက်ဆီးရန်တစ်ယောက်ယောက်က ဇာတ်လိုက်နှင့်ပူးပေါင်းသွားမည်ကိုလဲ ကြောက်နေစရာမလိုတော့ပေ။ အခုကိစ္စပြီးသွားရင် တခြားစပရိုက်ဖြစ်စရာ ဖြစ်ရပ်များထပ်ရှိလာမည်မဟုတ်ပေ။ 


ယောင်ကျိကျိုး ရယ်ချင်စိတ်ကို မနည်းဖိနှိပ်ထားရသည်။ သူသည် မင်လျိုရီ၏အမူအရာကိုမမြင်ရသော်ငြား သူမပျော်နေသည်ကို ခံစားမိကာသူ့မျက်လုံးထဲတွင်တော့ မင်လျိုရီသည် အလွန်ကိုချစ်စရာကောင်းနေလေသည်။ သူမသည် ငါးစာကို လာဟပ်ရုံတင်မက အပူအပင်ကင်းစွာပင် ပျော်ရွှင်နေသေးသည်။


ယောင်ကျိကျိုးက ပုံမှန်အသံရောက်အောင် ထိန်းညှိပြီးပြောလိုက်သည်။


"သဘောတူညီမှုယူပြီးပြီဆိုတော့ လွန်ခဲ့တဲ့နှစ်လက အိမ်မှာဘာတွေဖြစ်ပျက်သွားလဲဆိုတာ ပြောပြတော့" 


မင်လျိုရီ တစ်ခဏတော့ တွေဝေမိသွားသည်။ ဒီအတောအတွင်း အဖြစ်အပျက်များစွာဖြစ်ခဲ့သော်လည်း အများစုသည်ဖြေရှင်းပြီးပြီဖြစ်ကာ အဆင်ပြေသွားပြီဖြစ်သည်။ ယောင်ကျိကျိုးလဲ သတိရလာပြီဖြစ်၍ သူမကသူ့အား အပင်ပန်းမခံစေချင်ပေ။ ထို့အပြင် အနာဂတ်တွင်လဲ များများစားစား လုပ်စရာမကျန်တော့ပေ။ 


မင်လျိုရီက စဥ်းစားလိုက်ပြီးနောက် ယောင်ကျိကျိုးအား ညင်သာစွာပြောလိုက်သည်။


"ဘာမှများများစားစား မဟုတ်ပါဘူး ကျွန်မအကုန်ဖြေရှင်းပြီးသွားပါပြီ...မကောင်းဘူးလား ရှင်အများကြီးစိတ်ပူစရာမလိုတော့ဘူးပေါ့" 



🥰