> ဇာတ်လိုက်လား? ငါသူ့ကို မလိုချင်ပါဘူး > Ch 2
ရက်အနည်းငယ်ကြာပြီးနောက် လူနာ့သည် ထိုကဲ့သို့သောအခြေအနေကို ပြန်ကြုံခဲ့ရသည်။ ဇာတ်လိုက်မင်းသား ဖယ်ဆန်ရိုဒရီယန်က ရောက်ရှိလာခဲ့ပြန်သည်။
"လူနာ့! ဘာလို့ ငါ့ကိုရုတ်တရက်မတွေ့တော့တာလဲ... ငါလာနေပြီလေ ဟမ်.. တံခါးဖွင့်ပေးပါအုံး!"
သူမသည် သူပြတင်းပေါက်အောက်မှာ အော်ဟစ်နေသည်ကို မြင်နေရသည်။
ဒါဆို ဟိုနေ့ကအိမ်ကို ရောက်လာကြတဲ့ အမျိုးသမီးတွေက ဖယ်ဆန့်ကို စကားစမြည်ပြောခဲ့ကြပြီပေါ့! စာတွေပေးပို့ခဲ့ကြတယ်ပေါ့!
ကြားခံလူရှိတာကောင်းချက်ပဲ!
ယခင်က ဟာသတစ်ခုအဖြစ် ဆက်ဆံခံခဲ့ရသည်နှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ဖယ်ဆန်၏ တုံ့ပြန်မှုသည် ပိုပြင်းထန်နေခဲ့သည်။ သူမသည်တံခါးမဖွင့်ပေးခဲ့ပေ။
"လူနာ့! ကျေးဇူးပြုပြီး ငါ့ကိုပြောပါ! ငါ တစ်ခုခုအမှားလုပ်မိသွားခဲ့ရင် တောင်းပန်ပါတယ်!"
သူ့ကို အိမ်ထဲသို့ ဝင်ခွင့်မပေးတာကြောင့် ဖယ်ဆန်သည် ပြတင်းပေါက်အောက်တွင် နှစ်နာရီကြာအောင် တောင်းဆိုနေခဲ့သည်။
လူနာ့သည် သူ့ကို ပေါ့ပေါ့တန်တန် လျစ်လျူရှုလိုက်ပြီး သူမအားစောင့်နေသော စာရွက်စာတမ်းများကို လက်မှတ် ထိုးလိုက်သည်။
[မြေအရောင်းအဝယ်စာချုပ်]
၎င်းသည် ဘယ်ရွန်မိသားစုမှယခင်ပိုင်ဆိုင်ခဲ့သော ပဲလ် မြေ၏တစ်စိတ်တစ်ပိုင်းကို ဝယ်ယူသည့် စာရွက်စာတမ်းဖြစ်သည်။ ကျောက်တုံးများသာပါရှိသော တောင်ငယ်ဖြစ်သောကြောင့် သူမယခုအချိန်အထိ စုဆောင်းထားသည့် ငွေအနည်းငယ်ဖြင့် ဝယ်ယူနိုင်ခဲ့သည်။
'အဲဒီမှာ ဘာရှိမှန်းမသိလို့ ရောင်းလိုက်တာ'
လူနာ့သည် ဤအမှိုက်ဝတ္ထုကို ရေးသားသူအား ဒေါသထွက်ခဲ့မိသည်။ ဘယ်လောက်ပဲဆိုးနေပါစေ သတ်ခံရတာနဲ့တင်မလုံလောက်သေးလို့ ပိုက်ဆံကိုရေလိုသုံးဖြုန်းပစ်ခဲ့သေးတယ်လား ..
အနှောင့်အယှက်ဟု ထင်ရသည့် မြေသည် အမှန်တွင်ရွှေတွင်းတစ်တွင်းရှိနေခဲ့ပြီး အလျှော့အတင်းဈေးဖြင့် ရောင်းခဲ့သည်.. အဲ့တာကအလွန်များလွန်းပါသည်။
'ဒါက ရည်ရွယ်ချက်ရှိရှိဇာတ်ကွက်ချထားတာ ဖြစ်နိုင်တယ်... ဒါပေမယ့် ငါအခုဝယ်လိုက်ပြီဆိုတော့ စိတ်သက်သာရာ ရသွားပါပြီလေ'
အတိအကျပြောရလျှင် ရွှေတွင်းပင်မဟုတ်ပေ... ရွှေတောင်ကြီးတစ်ခုပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ တူးဖော်ပြီးသည်နှင့် ဘဝဆင်းရဲခြင်း၏ နိဂုံးကို တွေ့မြင်နိုင်လောက်ပေမည်။
လက်မှတ်ထိုးပြီးနောက် စာရွက်များကို အကြိမ်ကြိမ်ဖတ်ခဲ့သော လူနာ့သည် စာအုပ်တစ်အုပ်ကိုဆွဲယူကာ သက်တောင့်သက်သာဖြင့် ဖွင့်ဖတ်လိုက်သည်။
ထို့နောက် ဖွင့်ထားသော ပြတင်းပေါက်မှ ဖယ်ဆန်၏ အသံ ထပ်မံထွက်ပေါ်လာပြန်သည်။
"လူနာ့! ဒါ ငါ့အမှားပါ! ဒီနားလည်မှုလွဲနေတာကို မျက်နှာချင်းဆိုင်စကားစမြည်ပြောပြီး ဖြေရှင်းရအောင်လေ!"
ဘယ်လိုတောင်ရယ်ရတဲ့စကားလဲ! လူနာ့သည် သူ့နှင့်စကားပြောမိပါက ဒေါသထွက်လာနိုင်သောကြောင့် သူ့ကိုစကားပြောရန် ရည်ရွယ်ချက်မရှိပေ။
'ဒါ့အပြင် နင်အခုလုပ်နေတာတွေကြောင့်ပဲ ငါသေရမှာဟ'
လူနာ့သည် ဖယ်ဆန်၏ စကားများကို တစ်ဖက်နားမှဝင်ပြီး တစ်ဖက်နားမှပြန်ထုတ်ကာ နောက်စာမျက်နှာတစ်ရွက်ကို လှန်လိုက်သည်။ အထူးစိတ်ဝင်စားစရာကောင်းလှသည့် စာအုပ်တစ်အုပ်တော့ မဟုတ်နေပေ... အင်ပါယာရှိ နယ်မြေအားလုံးကို စာရင်းပြုစုထားသော အချက်အလက်ဆိုင်ရာ စာအုပ်တစ်အုပ်နှင့် ပိုတူသည်။
'အာ စိန်တွင်းတွေကို ရှာတွေ့ရှိခဲ့တဲ့နေရာတစ်ချို့ရှိနိုင်တယ်...'
လျစ်လျူရှုထားသောမြေ၌ ငွေရှာနိုင်သည့် ပဲလ်နယ်မြေကြောင့်ပဲမဟုတ်ပေ.. စာရေးသူသည် ဝှက်ထားသော မိုင်းတွင်းများထည့်ခြင်းကို နှစ်သက်သောကြောင့်ပင်ဖြစ်သည်။
လူနာသည် ကောင်းကောင်းမမှတ်မိနိုင်သောကြောင့် မိုင်းတွင်းရှိနိုင်ခြေများသော မြေအားလုံးကို ဝယ်ယူပြီး တူးဖော်ရန် သူမ တွေးခဲ့သည်။
'ဂုဏ်သိက္ခာ ၃ ပါးရဖို့က မဖြစ်နိုင်တော့ဘူးဆိုမှတော့ ငါ ဒီမိသားစုအတွက် ပိုက်ဆံရှာရမယ်!'
အဲဒါကိုပဲ စိတ်ထဲစွဲစွဲလန်းလန်းနေသော လူနာ့သည် မိုင်းတွင်းများရှိရာကို ရှာဖွေရန် စာအုပ်ကို အချိန်အတော်ကြာအောင် ဖတ်ရှုခဲ့ပြီး ဖယ်ဆန်၏ စိတ်အနှောင့်အယှက်ဖြစ်စရာ အသံမဟုတ်သောအသံတစ်ခုကို ပြတင်းပေါက်အပြင်ဘက်မှကြားလိုက်ရသည်။
'ရထားလား...'
အိမ်ကြီးအနီးသို့ ရထားသံများနီးကပ်လာခဲ့သည်။ မြင်းခွာသံကကျယ်လောင်ကာ ရထားနှစ်စီးလောက်ရှိပုံရပြီး ချမ်းသာသော မြို့စားနွယ်တွေပဲ စီးလို့ရသည့်ဟာဖြစ်သည်။
လူနာ့သည် သူမစောင့်နေသော ဧည့်သည်ရောက်လာပြီထင်သည်ကြောင့် စာအုပ်ကိုပိတ်ကာ ထရပ်လိုက်သည်။
ခဏအကြာတွင်...
"Sir ဖယ်ဆန်!"
"လေဒီဆိုင်ယာ..."
လှပသောရွှေရောင်ဆံပင် အစိမ်းရောင်မျက်လုံးများ.. လှပသောအသံတို့နှင့်အတူ လေဒီဆိုင်ယာပေါ်လာခဲ့သည်။
ဖယ်ဆန်၏ အသံကိုကြားလိုက်ရတာကြောင့် ဆိုင်ယာကဘာလို့ဒီကိုရောက်လာတာလဲဟု တွေးလိုက်ပြီး လူနာ့သည် အိမ်ကြီးထဲမှ ဖြည်းညှင်းစွာထွက်လာခဲ့လိုက်သည်။
"ဖယ်ဆန်၊ ရှင် ဒီမှာ ဘာလုပ်နေတာလဲ!"
"ဟုတ်တယ်လေ....မင်းဘာလို့ စိတ်ဆိုးနေတာလဲ၊ ငါ မနေ့ကကြားခဲ့ရတဲ့ ဇာတ်လမ်းတွေကို ပြန်ပြင်ဖို့လာတာ"
"မနေ့က ကြားခဲ့ရတဲ့ ဇာတ်လမ်းတွေ..."
"ဟုတ်တယ်၊ လူနာ့က ငါ့ကိုမတွေ့တော့ဘူးဆိုတဲ့ ဇာတ်လမ်းတွေလေ... မင်းသူငယ်ချင်းတွေဆီက မကြားဘူးလား။"
"အဲ့ဒါဆို ရှင်ကအတည်ပြုဖို့ဒီကိုလာခဲ့တာလား"
လူနာ့သည် ဆိုင်ယာ၏ ရှက်ရွံ့မှုကိုဖုံးကွယ်ထားသော အသံကို ကြားလိုက်ရသည်။
ဟုတ်ပြီ! တိုက်ပွဲက ကောင်းလာပြီ...အဲ့တာက လူနှစ်ယောက်ကြားက ကိစ္စပဲကို သူမဘာလို့ သူတို့ကြားထဲ ရောက်နေရတာလဲ!
အခြေအနေတစ်ခုလုံးကို သိနေသော လူနာ့သည် ကြားဝင်စွက်ဖက်လိုက်သည်။
"လေဒီဂရန်းဒါ မတွေ့ရတာကြာပြီနော်"
"...လေဒီပဲလ်...မတွေ့ရတာကြာပြီ"
ဆိုင်ယာသည် ရှုံ့တွနေသော မျက်ခုံးများကိုတောင် မပြုပြင်နိုင်ဘဲ လူနာ့ကို နှုတ်ဆက်လိုက်သည်။
ရေပန်းစားသော ကောလာဟလများနှင့် ဆန့်ကျင်ဘက်ဆန်စွာ အမျိုးသမီးတစ်ဦး၏ နေအိမ်ရှေ့တွင် တွေ့ရရန်တောင်းဆိုနေသည့် ချစ်သူကို ကြည့်ရှုရခြင်းက နာကျင်လှသည်။
ဆိုင်ယာ့မျက်နှာကို မမြင်ရသလို ဖယ်ဆန်သည် နှစ်နာရီကြာမှ ပေါ်လာသည့် လူနာ့၏လက်ကို ကိုင်လိုက်ပြီး တောင်းဆိုလာခဲ့ပြန်သည်။
"လူနာ့! ငါတောင်းပန်ပါတယ်... ငါဘာတွေဖြစ်နေတာလဲဆိုတာမသိလိုက်ဘူး၊ ဒါပေမယ့် ငါ့ကိုမစွန့်လွှတ်ပါနဲ့လား!"
"Sir ဖယ်ဆန်...!"
ဆိုင်ယာသည် အလွန်အံ့သြသွားခဲ့ပြီး ဖယ်ဆန့်ကို အမြန်လှမ်းခေါ်လိုက်သည်။
ထိုအချိန်တွင် လူနာ့သည် သူတကယ်ကြီးဖြစ်နေတာလား.. သို့မဟုတ် သေချင်နေတာလားဟု တွေးလိုက်မိသည်။
'သူ့ချစ်သူရှေ့မှာ သူ့ငယ်သူငယ်ချင်းကို ဘယ်လိုတောင် တွယ်တာပြနိုင်တာလဲ! သူသေချင်နေတာလား'
သူ့ဤသို့ပြုမူသည်မှာ ဘာကြောင့်လဲမသိပေ။
လူနာသည် ဖယ်ဆန်၏လက်ကို ဖယ်လိုက်ပြီး ဆိုင်ယာကို ကြည့်လိုက်သည်။ သူမသည် ဖျော့တော့သောမျက်နှာဖြင့် ဖယ်ဆန်ကို စိုက်ကြည့်နေသည်။
မကောင်းတော့ဘူး....သူမသည် တစ်ချိန်တည်းမှာပင် အပြစ်ကင်းပြီး နုံအသော ဆိုင်ယာကဲ့သို့ မဖြစ်ချင်ပေ။
လူနာက အလျင်စလို ဆင်ခြေပေးလိုက်သည်။
"လေဒီဂရန်းဒါ.. ဒါက နားလည်မှုလွဲနေခဲ့ကြတာ ငါသိပါတယ်.. ဒါပေမယ့် Sir ဖယ်ဆန်နဲ့ တွေ့ဖို့ကို ရည်ရွယ်ချက် မရှိတော့ပါဘူး...ငါတို့က ငယ်သူငယ်ချင်းတွေဆိုရင်တောင်တောင်မှ သူ့ကို တွေ့စရာ အကြောင်းမရှိတော့ဘူး၊ ငါ အထင်လွဲစရာတွေဖြစ်လာမှာမလိုချင်တော့ဘူး"
လူနာ၏စိတ်သည် အစစ်အမှန်ဖြစ်တာကြောင့် ဆိုင်ယာယုံလိမ့်မယ်ဟု မျှော်လင့်သည်။
အစထဲက ဖယ်ဆန်သည် သိပ်စိတ်ဝင်စားစရာကောင်းသည့်လူမဟုတ်ခဲ့ပေ။ သူမတွင် ပိုက်ဆံမရှိလို့သာ သူ့ဆီသွားလည်ခဲ့ပြီး သဘာဝအတိုင်း သူငယ်ချင်းဖြစ်လာခဲ့ကြတာဖြစ်သည်။
သို့တိုင်အောင် ဆိုင်ယာ၏ အသားအရေက ဖြူဖျော့နေသေးတာကြောင့် လူနာသည် အမျိုးမျိုးသော ဆင်ခြေများကို ဆက်ပြောနေခဲ့သည်။
"ငါက အခြေအနေတွေကို မှန်အောင်လုပ်ချင်လို့ လေဒီတွေကို ငါ့အိမ်ကိုခေါ်ခဲ့တာ... နင့်ရဲ့ပျော်ရွှင်တဲ့လမ်းကို နင်ကိုယ်တိုင်ရှာတွေ့နိုင်မယ်လို့ ငါမျှော်လင့်ပါတယ်... ငါ့ကိုစိတ်ထဲထည့်စရာမလိုတော့ဘူး"
တကယ်တမ်းတွင် လူနာသည် ဖယ်ဆန်နှင့် စကားမပြောကြောင်း သက်သေပြရန် ကြိုးစားနေတာဖြစ်သည်။
'ကိုယ့်ဘာသာကြည့်တော့ ဟုတ်ပြီလား.. ငါက ကပ်နေတာမဟုတ်ဘူး အဲ့ဒါကြောင့် တစ်စုံတစ်ယောက်ကို အပြစ်တင်ချင်ရင် သူ့ကိုသာ အရင်အပြစ်တင်လိုက်... ဟုတ်ပြီလား၊ ငါကရိုးသားတယ်'
လူနာ၏စကားအဆုံးသတ်သောအခါ ဆိုင်ယာသည် သူမ၏နှုတ်ခမ်းအား ဖြောင့်တန်းလိုက်သည်။
တကယ်တမ်း၌ သူမသည် သူမယုံကြည်ရသောချစ်သူက အဲဒီလိုဖြစ်နေတာကို မြင်လိုက်ရတာကြောင့် ပြောစရာမရှိနေတော့ပေ။ ဒါက တကယ်ကို ကောလဟာလတွေနဲ့ လုံးဝကွဲပြားနေသည့် အခြေအနေပင်...
ဖယ်ဆန်က ကြောက်လန့်ပြီး လူနာ့ကို မေးလိုက်သည်။
"လူနာ၊ မင်းဘာတွေပြောနေတာလဲ! ဘာလို့လဲ!"
"အဲ့တာက နင်နဲ့ငါ တွေ့ဆုံတာက လူတိုင်းကို အထင်အမြင်လွဲမှားစေတယ်လို့ ဆိုလိုတာပဲ! ဒီမှာ ငါ အကြိမ်ကြိမ်ပြောခဲ့ပြီးပြီ၊ နင်ဘာလို့ မကြားသလိုပဲ အမြဲလုပ်နေရတာလဲ.. နင့်ဦးနှောက်ကို မနက်တိုင်းများထုတ်ပြီး ရေဆေးနေတာလား"
"ဒါကအဓိပ္ပာယ်မရှိတာပဲ! ငါတို့က နှစ်တွေအကြာကြီး သူငယ်ချင်းဖြစ်ခဲ့တာကို ဘယ်သူက အထင်လွဲမှာလဲ.."
"နင်ကလွဲရင် လူတိုင်းပဲ"
ဖယ်ဆန်သည် သတိမထားမိလိုက်သော်လည်း လူနာနှင့် ဆိုင်ယာက ရှင်းရှင်းလင်းလင်း စိတ်ဆိုးသွားခဲ့ကြသည်။
ထို့နောက် ဆိုင်ယာ၏အမူအရာကိုစစ်ဆေးရန် ခေါင်းလှည့်လာသော ဖယ်ဆန်သည် သူမ၏စိတ်ပျက်မှုကို ပိုဆိုးသွားစေသည့် အဓိပ္ပါယ်မဲ့သော မှတ်ချက်များကို သွန်းလောင်းလာခဲ့သည်။
"ဆိုင်ယာက ဒီလိုနားလည်မှုလွဲတယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး.. သူမက အရမ်းသဘောကောင်းပြီး ပွင့်ပွင့်လင်းလင်းရှိတယ်လေ.. နောင်ပြီး ငါတို့က သူငယ်ချင်းသက်သက်ပဲဆိုတာ ငါတို့သိနေကြတာပဲဟာ၊ မင်းဘာတွေပြောနေတာလဲ"
လူနာသည် ဒါကပဲ အဖြေဖြစ်မယ်ဆိုတာ သိသည်။ သူမသည် စာအုပ်တစ်အုပ်ထဲက ဇာတ်ပို့ဗီလိန်ဖြစ်ကြောင်း သူမသိလိုက်ကတည်းက ထပ်ခါတလဲလဲ ကြားနေခဲ့ရသည့် စကားဖြစ်သည်။
နောက်ဆုံးတွင် လူနာသည် ဖယ်ဆန်နှင့် စကားစမြည်ပြောရန်ကို စွန့်လွှတ်လိုက်ပြီး ဆိုင်ယာ့ကိုပဲ အာရုံစိုက်ခဲ့လိုက်သည်။ သူတို့ကြားရှိ နားလည်မှုလွဲမှားမှုကို ပြေလည်စေချင်သည်။
"သူမနားလည်မှုမလွဲခဲ့ရင်တောင် အရေးမကြီးဘူး.... ဘာပဲဖြစ်ဖြစ် ငါအဆင်မပြေဘူး.... ငါဖယ်ဆန်နဲ့ထပ်မတွေ့တော့ဘူး... ငါပိုက်ဆံရှိလာတဲ့အခါကျရင် အစောင့်တစ်ယောက်ကိုငှားလိုက်မယ်....နောက်တစ်ခါ သူဒီလိုကျူးကျော်လာရင်တောင် သူ့ကို မောင်းထုတ်လိုက်မယ်"
"လူနာ!"
ဖယ်ဆန်သည် လူနာ၏လက်ကိုကိုင်ကာ တစ်ဖက်သတ် တောင်းပန်ရန် ကြိုးစားလိုက်သော်လည်း လူနာကလှည့်၍ ရှောင်ခဲ့လိုက်သည်။
ဖယ်ဆန်သည် မိခင်ကို ဆုံးရှုံးလိုက်ရသော ခွေးကလေးလိုမျက်နှာဖြင့် တုံ့ပြန်လာခဲ့သည်။ ပါးရိုက်ချင်စရာ မျက်နှာပေးလေး!
"ကဲ ငါ့အလုပ်က ပြီးသွားပြီဆိုတော့ အခုပဲ သွားတော့မယ်နော်! နှစ်ယောက်စလုံး ထာဝရပျော်ရွှင်ကြပါစေလို့ ငါဆုတောင်းပေးတယ်... ငါ ပြောချင်တာက သာယာလှပတဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါစေလို့ပါ... ငါအမြဲတမ်း အားပေးနေမယ်နော်"
ဆိုင်ယာသည် အဖြေမပေးလာခဲ့ပေမယ့် လူနာကတော့ သူမက အဓိပ္ပါယ်ကို နားလည်ခဲ့လိမ့်မည်ဟု ယုံကြည်ခဲ့သည်။
ကိစ္စမရှိပေ... ဘာပဲဖြစ်ဖြစ် သူမသည် ဤဝတ္ထု၏ ဇာတ်လိုက်မဖြစ်သည်။ သူမသည် သဘောကောင်းကာ သန်မာပြီး သနားကြင်နာတတ်သူဖြစ်သည်။
ပြဿနာ၏ အဓိကအကြောင်းရင်း ပျောက်သွားသရွေ့ သူမအကြောင်းများ မကောင်းပြောခံရတာ မရှိလောက်တော့ပေ။နောက်အခါကျ ဆိုင်ယာကတခြားလူများကိုလည်း သူမအကြောင်းပြောရင်ပြောပေးပေလိမ့်မည်။
လူနာသည် ဂရုမစိုက်သော ခံစားချက်များဖြင့် အိမ်ထဲသို့ ဝင်လာခဲ့လိုက်ပြီး အရာအားလုံးက နားလည်မှုလွဲနေတာဟု ဆိုနေသည့် ဖယ်ဆန်၏အသံကို တံခါးအပြင်ဘက်တွင် ကြားနေရဆဲဖြစ်သည်။
လူနာသည် သူမပြန်ထွက်သွားပြီး သူ့ကို အော်ငေါက်ရမည်ကို စိုးရိမ်သော်လည်း ကံကောင်းစွာပဲ တစ်စုံတစ်ယောက်က သူ့ကို တစ်ခုခုပြောလာခဲ့သည်။
ဆိုင်ယာပင်!
နောက်ဆုံးတွင် ဖယ်ဆန်သည်လည်း ထွက်ခွာသွားခဲ့သည်။
ဟာရီကိန်းမုန်တိုင်းလိုပင်... သို့ပေမယ့် မြင်းခွာသံနဲ့အတူ နောက်ဆုံးတော့ ထွက်ခွာသွားခဲ့သည်။ လူနာ့သည် အချိန်အတော်ကြာပြီးနောက် လန်းဆန်းစွာ အိပ်စက်နိုင်ခဲ့ တော့သည်။
TK Team