> ဇာတ်လိုက်လား? ငါသူ့ကို မလိုချင်ပါဘူး > Ch4
နင်သတိထားမိပြီဆိုရင် သူမကိုခေါ်သွားပြီး မြန်မြန်ထွက်သွားသင့်တယ်! ပဲလ်ဘယ်ရွန်စံအိမ်ထဲကကော ငါ့ဘဝထဲကပါ!
သို့သော် ဖယ်ဆန်သည် သူ၏ထူးခြားသော ပူပင်ကြောင့်ကျမဲ့ကာ လျစ်လျူရှုသောသဘောထားသည် လူနာ၏အတွေးများကို နောက်တစ်ကြိမ် ဇောက်ထိုးဖြစ်သွားစေခဲ့သည်။
"ကောင်းပြီဒါဆို ငါလေဒီဆိုင်ယာကိုအရင်ပို့ပြီး ပြန်လာခဲ့မယ်လေ"
"…ဘယ်လို!"
"မင်းပြောတဲ့အတိုင်း ညဘက်က အန္တရာယ်ရှိတယ်ဆိုတာမှန်တယ်... လေဒီဆိုင်ယာ့ကိုလှတဲ့သူမျိုးဆိုပိုလို့တောင်အန္တရာယ်ရှိလောက်မှာ!"
အဆက်မပြတ်ထွက်လာနေသည့် ရူးသွပ်သော မှတ်ချက်များက သူမ၏ခေါင်းအား ပို၍ပင်လည်ခါသွားစေသည်။
“ပြီးတော့ လမ်းမှာ ကိတ်မုန့်နဲ့ လိုက်မယ့် လက်ဖက်ရည်ကို ဝယ်ခဲ့သင့်တယ်.... စဉ်းစားကြည့်လေ... ငါက ဒီမှာ မနက်စာစားလည်းခဲ့တာကို ကိတ်မုန့်ပဲပေးတာက ကျေးဇူးမသိရာကျလွန်းတယ်"
လူနာ့သည် ဖယ်ဆန်က ဒီမှာ မနက်စာစားခဲ့ကြောင်းပြောလိုက်သည်ကို တွေးဆမိလိုက်သည်။
ဒီလူ တကယ်ရူးများနေတာလား... သူဘာလို့ဒီလိုဟာကို သူ့ရည်းစားရှေ့မှာထုတ်ပြောရတာလဲ!
လူနာသည် ဆိုင်ယာကို ဘေးတစောင်း စိုက်ကြည့်လိုက်ကာ သူမ၏ အသားအရေကို သတိပြုမိလိုက်သည်။ သူမသည် နှုတ်ခမ်းများကို တင်းတင်းစေ့ထားကာ စားပွဲအလယ်တည့်တည့်ကိုသာ စိုက်ကြည့်နေသည်ကိုကြည့်ခြင်းအားဖြင့် သူမအခြေအနေဆိုးရွားနေမှန်း သိသာလှသည်။
သူမ နားလည်မှုလွဲနေမှန်းသိလိုက်တာကြောင့် လူနာသည် ဒီအခြေအနေမှရုန်းထွက်ရန်ထွက်ပေါက်အမြန်ရှာလိုက်သည်။
"မလိုပါဘူး... အဆင်ပြေတယ်... ကိတ်မုန့်ကိုလည်း နင် ပြန်ယူသွားလိုက်၊ဘာပဲဖြစ်ဖြစ် ငါက ဝိတ်ချနေတာဆိုတော့စားဖြစ်မှာလည်းမဟုတ်ဘူး အာ! ဒါမှမဟုတ် လေဒီဆိုင်ယာကို အိမ်ပြန်ပို့ရင်းအတူတူစားလိုက်ကြလေ... လမ်းမှာ စားရင်းလက်ဖက်ရည်တူတူသောက်ခဲ့ရင် သိပ်ဒုက္ခများမှာ မဟုတ်ဘူး"
"ဘယ်လို...မင်း ဝိတ်ချနေတာလား... မင်းမှာ ဘယ်နား အလေးချိန်ချစရာလိုသေးလို့လဲ...ဘာလို့လဲ ပိုလှချင်လို့လား... အခုတောင်အရမ်းလှနေပြီကိုမလိုပါဘူး .. အဲ့ဒါအပြင် လေဒီဆိုင်ယာက ကိတ်မုန့်မကြိုက်ဘူး.. သူမက ဓာတ်မတည့်မှုရှိလို့ မားကွစ်ဆဒ်က လုပ်တဲ့ အထူးကိတ်မုန့်ကိုပဲ စားနိုင်တာ..."
"....."
ဖယ်ဆန်ရေ... ဘာကြီးလဲအဲ့တာက... နင် ဘယ်လိုများ ဇာတ်လိုက်ဖြစ်လာရတာလဲ...
လူနာသည် ပြန်ပြောလိုစိတ် မရှိတော့ဘဲ သက်ပြင်းကိုသာ ချလိုက်မိသည်။
သူမ ဒီစာအုပ်ကိုဖတ်ချိန်က သူသည် တရားမျှတကာ ရိုးသား၍ အရည်အချင်းရှိသော ဇာတ်ကောင်တစ်ဦးဖြစ်ခဲ့သည်။
သူသည် အမှတ်ရစရာ...အရမ်း ဆွဲဆောင်မှုရှိသော အမျိုးသားဇာတ်ဆောင်မဟုတ်သော်လည်း ဒီလောက်တော့ရူးမနေခဲ့ပေ။
ထုံးစံအတိုင်း သူသည် ဇာတ်လိုက်ဖြစ်တာကြောင့် မျှတသော အမျိုးသားခေါင်းဆောင်များထဲမှ တစ်ယောက်ပင်ဖြစ်ခဲ့သည်။ အမျိုးသမီးဇာတ်လိုက်အပေါ် သစ္စာစောင့်သိသော ဇာတ်ကောင်ပင်ဖြစ်သည်
'သူမက ဖယ်ဆန့် 'လူ' ဖြစ်ရမှာကြောင့်တော့ မဟုတ်ဘူးမလား... သူ့ကိုယ်သူ အထင်ကြီးပြီး သူမကိုလက်လွတ်မခံချင်တာကြောင့်ပဲ ဖြစ်နိုင်မှာ'
ဖယ်ဆန်သည် ဝတ္ထု၏အဆုံး၌ ရုတ်တရတ်သေဆုံးသွားသော လူနာ မှလွဲ၍ သူ့အပိုင်ဟုယူဆထားသောလူတစ်ဦးကိုမျှ မဆုံးရှုံးခဲ့ပေ။ သူသည် သူ၏ 'ပိုင် ဆိုင်မှု' ဟု သူယူဆသည့် အရာအားလုံးအပေါ် တွင်အလွန်အမင်း စွဲလမ်းပေသည်။
ထို့အတွက်ကြောင့် လူနာသည် ဆိုင်ယာကဲ့သို့ 'ဖမ်းမိသောငါး' ဖြစ်ခံရမည့်အစား သူမသည် 'ထွက်ပြေးမည့်ငါး'သာအဖြစ်ခံလိုက်မည်။
ကြီးမားလွန်းသော စကားဝိုင်းကို တုံ့ပြန်ရန် စကားလုံးများ ရှာမတွေ့နိုင်တော့ဘဲ လူနာသည် သက်ပြင်းတစ်ချက်ချလိုက်သည်။ဆိုင်ယာ သည် တရုတ်နံနံစားပြီးသည့်နောက်တွင် သူမ၏ဇွန်းများကို ချလိုက်သည်။
"ငါနေ့လည်စာစားတာ နောက်ကျလို့ဖြစ်မယ်... ဗိုက်ပြည့်နေတယ် ခံစားရတယ်... ငါထပြီး ပန်းခြံထဲမှာ လမ်းလျှောက်လို့ရမလား"
ထို့နောက် ဆိုင်ယာသည် တည်ငြိမ်သောသောမျက်နှာဖြင့် သူမသည် အဆင်မပြေမှုမျိုး တစ်ခါမှ မပြဖူးသည့်အတိုင်း ဖယ်ဆန်ကို မေးလိုက်သည်။ သေချာတာပေါ့ လျှို့ဝှက်ထားသော အဓိပ္ပါယ်မှာ 'ငါ ဒီမှာနေရတာ အဆင်မပြေလို့ နင် အခုထပြီး အတူတူ လမ်းလိုက်လျှောက်ပေး'
'ဒီလောက်ပြောတာတောင်မှ သူနားမလည်နိုင်ရင်လည်း ဒီတိုင်းသေပြီးပြန်မွေးလာတာမှ ပိုကောင်းအုံးမယ်'
လူနာသည် ဖယ်ဆန် ၏အဖြေကို စိတ်အားထက်သန်စွာစောင့်မျှော်နေကာ ဥယျာဉ်တွင် အတူလမ်းလျှောက်ရန်သဘောတူလိမ့်မည်ဟုမျှော်လင့်နေခဲ့သည်။
"ဒါက အကြံကောင်းတစ်ခုပဲ...အဲ့ဥယျာဉ်က သေးတယ်ဆိုပေမယ့်လည်း ဆွဲဆောင်မှုတစ်ခုရှိတယ်.... လေဒီ မင်းသဘောကျမယ်ဆိုတာ သေချာတယ်...သေချာကြည့်ခဲ့နော်... ငါစိုက်ထားတဲ့ နှင်းဆီပန်းတွေကလည်း အရမ်းလှတယ်....အိုးမနက်ကျရင်စောစောထပြီး ရေလောင်းပေးအုံးမှပဲ"
ဖယ်ဆန်သည် သူမအား ဥယျာဉ်ထဲ၌ 'တစ်ယောက်တည်း' လမ်းလျှောက်ရန် ပေါ့ပေါ့ပါးပါး အကြံပြုလာခဲ့သည်။
လူနာ၏ အံ့သြထိတ်လန့်သော အမူအရာသည် သူ့၏ အဓိပ္ပါယ်မဲ့သောစကားများကြောင့် အရောင်ဖျော့လာခဲ့သည်။ ဒီအခြေအနေကို ကယ်တင်ဖို့ နည်းလမ်းတောင်မရှိတော့ပေ....
လူနာ နှင့် ဆင်တူသော မျက်နှာဖြင့် ဆိုင်ယာသည် စိတ်ရှုပ်ထွေးစွာ နှုတ်ဆက်လာခဲ့ပြီး ထမင်းစားခန်းမှ အမြန်ထွက်သွားခဲ့သည်။
"… ငါ နင့်ကို ပန်းခြံထဲ လိုက်ပြမယ်...အိမ်ကြီးထဲမှာဆိုပေမယ့်လည်း ညဘက်ကြီး တစ်ယောက်တည်း လမ်းလျှောက်ရမှာကို စိတ်ပူမိတယ်"
ဖယ်ဆန်ကို စိုက်ကြည့်နေသော လူနာသည် သည် သူမနောက်သို့ အမြန်လိုက်သွားခဲ့လိုက်သည်။
ဒါက ဆိုင်ယာအား သူမကို ဟာသလုပ်သလိုမျိုး ဖြစ်သွားခဲ့သည်။ ဒါက နားမလည်နိုင်စရာပင်...
ဆိုင်ယာသည် ပန်းခြံဘက်သို့မဟုတ်ဘဲ အဝေးဆုံးရှိ အခန်းလွတ်တစ်ခုဆီသို့ လျင်မြန်သောခြေလှမ်းများဖြင့် လျှောက်သွားခဲ့သည်။
အမှန်မှာ...ဥယျာဉ်ဆိုသည်မှာ အကြောင်းပြချက်တစ်ခုသာဖြစ်ပြီး သူမ၏ နှလုံးသားက ထိခိုက်နာကျင်သွားခဲ့သည်မှာ အလွန်ရှင်းလင်းလှသည်။
ဖယ်ဆန်၏စိတ်ပျက်စရာကောင်းမှုများကို နှစ်အတန်ကြာခံစားခဲ့ရပြီးနောက် လူနာ သည် သူမ၏ခံစားချက်များကို ကောင်းစွာနားလည်ပေသည်။ သူမသည် ခဏလောက် တုံ့ဆိုင်းနေခဲ့ကာတံခါးကို ခေါက်လိုက်ပြီး အထဲသို့ ဝင်လိုက်သည်။
"ငါ… လေဒီဂရန်းဒါ... လက်ဖက်ရည်ယူလာပေးရမလား"
သူမမေးလိုက်သည်နှင့် ဆိုင်ယာသည် နီမြန်းသော မျက်လုံးများဖြင့် ခေါင်းကို မော့လာခဲ့သည်။
သူမငိုနေတာများလား...
လူနာသည် သူမ ဘာမှအမှားမလုပ်ခဲ့သော်လည်း တံခါးကိုပိတ်လိုက်ကာ သူ့ဘေးမှာထိုင်ပေးလိုက်ပြီး သူမအတွက် စိတ်မကောင်းဖြစ်မိသွားသည်။
"ငါ့အဖေကြောင့် ငါတို့ကရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်ဆိုပေမဲ့လည်း လေဒီဂရန်းဒါလည်း ဒီမှာရှိနေတာသိသာနေတာကို သူအရမ်းလွန်လွန်းတယ် ဟုတ်တယ်မလား"
သူသည် သူတို့၏ ခင်မင်ရင်းနှီးမှုကို ရိုးရှင်းစွာ အဆုံးသတ်နိုင်ပြီး ဆိုင်ယာ့ အပေါ် သစ္စာရှိနိုင်သော်လည်း လူနာသည် သူဘာကြောင့် တစ်စုံတစ်ဦးနှင့် ထပ်ချည်နှောင်ချင်နေတာလဲဆိုတာ နားမလည်နိုင်ပေ။
ဖယ်ဆန်ကို ဖယ်ရှားလိုသော သူမ၏ ဆန္ဒအား ခဏဖယ်ထားပြီး လူနာသည် ဆိုင်ယာအတွက် စိတ်မကောင်းဖြစ်မိတာကြောင့် သူမနာကျင်ခံစားရမှာမဟုတ်ကြောင်း သေချာစေရန် နှစ်သိမ့်စကားရှာ၍ပြောရန် ကြိုးစားခဲ့သည်။
"အထင်မလွဲပါနဲ့... ငါတို့ ဒီတိုင်းတစ်ယောက်နဲ့တစ်ယောက် သိတာကြာပြီမို့လို့ပါ... ငါအဖေကြောင့် သူနဲ့ငါကအိမ်မှာ နေ့တိုင်းဆုံရလို့ပါ ဒါက အမျိုးသားတွေကြားက ခင်မင်ရင်းနှီးမှုတစ်ခုလိုပါပဲ"
ပို၍တိကျစွာပြောရလျှင် ဒါက ကန်စွန်းဥတစ်ရာခန့်ထိုင်စားရသော အမျိုးသားများကြားရှိ စိတ်ပျက်စရာကောင်းသော ခင်မင်ရင်းနှီးမှုနှင့်ပိုတူပေသည်။
"ဒါပေမယ့်...အဲဒါက နင့်ကို အနှောက်အယှက်ဖြစ်မယ်ဆို သေချာတယ်... ဒါကြောင့် အနာဂတ်မှာ ဒီလိုအခြေအနေတွေကို ရှောင်ရှားဖို့ ပိုသတိထားပါ့မယ်...ငါ အဖေနဲ့ ဝေးလံခေါင်သီတဲ့ အရပ်ကို သွားချင်ပေမယ့် နင့်သိတဲ့အတိုင်း မဖြစ်နိုင်ဘူးမလား"
“…..”
သူမသည် ဆိုင်ယာအားစိတ်ပေါ့ပါးစေရန် အမျိုးမျိုးပြောသော်လည်း ဆိုင်ယာက မတုံ့ပြန်လာခဲ့ပေ။
သို့သော် သူမသည် အဓိကအချက်ကို နားလည်ပြီးသားဖြစ်လောက်သည်။ လူနာသည် ဆိုင်ယာ စိတ်အနှောင့်အယှက်မဖြစ်စေရန် အစွမ်းကုန်ကြိုးစားမည်ဖြစ်သည်။
'ဟေး ငါအများကြီးရှင်းပြနေတယ်လေ ဒါကိုတောင်နင်နားမလည်ရင်တော့ နင်တကယ်ပဲ တစ်ဖက်ပိတ်ဖြစ်ရမယ်...'
ထို့အပြင် ယခုအခြေအနေများသည် သိပ်အဆင်မပြေနေသော်လည်း ရွှေတူးဖော်ပါက ငွေရှာနိုင်သောကြောင့် လူနာ သည် အခြားဒေသများသို့ သွားရန် စဉ်းစားနေခဲ့သည်။
ရွှေသည် အမြဲတမ်း ဝယ်လိုအားရှိသောကြောင့် သူတို့သာ တူးဖော်မိပါက ချမ်းသာလာနိုင်သည်။
ဒါကနှစ်ပေါင်းများစွာကြာနိုင်လောက်သော်လည်း ရွှေဖြစ်တာကြောင့် သတိထားရန်လိုအပ်ပေသည်။
စကားဝိုင်းသည် ရှည်လျားလွန်းခဲ့ပြီး နောက်ထပ်ရှင်းပြစရာ မရှိတော့တာကြောင့် လူနာသဘ် လုံလောက်ပြီဟု ထင်ကာ သက်ပြင်းချလိုက်ချိန်မှာပဲ စောနကအထိတိတ်ဆိတ်နေခဲ့သော ဆိုင်ယာက စကားပြန်ပြောလာခဲ့သည်။
"…တကယ်ကို အဓိပ္ပါယ်မရှိဘူး”
အကြောင်းအရာသည် မရှင်းလင်းသောကြောင့် လူနာသည် ဖယ်ဆန်အားပြောသည်ထင်၍ သက်ပြင်းတစ်ချက်ချလိုက်သည်။
လူနာသည် သူမလည်း ဖယ်ဆန်က ပြဿနာဆိုတာ သဘောပေါက်လောက်သည်ဟု ထင်ပေသည်။
သို့ပေမယ့် လူနာ၏ အထင်အမြင်များကလွဲနေကြောင်းပြလာခဲ့သည်။ ဆိုင်ယာသည် လက်ကိုင်ပဝါကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ သူမတစ်လျှောက်လုံး ဖုံးကွယ်ထားခဲ့သော ဒေါသကို ဖော်ပြလာခဲ့သည်။
"နင် ပိုက်ဆံလိုနေလို့လား...ငါ နင့်ကို ပိုက်ဆံပေးရင် အဝေးတစ်နေရာမှာ ပျောက်ကွယ်သွားမှာလား...နင် ဘယ်လောက်လိုနေတာလဲ ဟမ်! ဘယ်ရွန်အတွက် ငါအလုပ်ရှာပေးရမလား!"
"...နင် ဘာပြောလိုက်တယ်..."
ရုတ်တရက် ပိုက်ဆံအကြောင်းပြောလာသောကြောင့် လူနာ သည် နားမလည်နိုင်ဖြစ်သွားပြီး ရှုပ်ထွေးစွာ တုံ့ပြန်ခဲ့လိုက်သည်။
သူမ၏တုံ့ပြန်မှုကြောင့် ဆိုင်ယာ၏လှပသောမျက်နှာပေါ်တွင် ဒေါသနှင့် စိတ်ပျက်မှုတို့က ပေါက်ကွဲထွက်လာခဲ့သည်။
"နင် ဖယ်ဆန် နဲ့ အကွာအဝေးထားပြီးနေမယ်လို့ပြောနေရတဲ့နောက်ကွယ်ကအကြောင်းပြချက်ကဘာလဲ... ငါ့ကို ညှဉ်းဆဲဖို့လား ဟမ်။ နင် ငါ့ကို ညှဉ်းဆဲ လှောင်ပြောင်ရတာ ပျော်လား! ဒါမှမဟုတ် နင်ငွေလိုနေလို့ အရှက်မရှိလုပ်နေရတာလား"
"နင် ဘာအကြောင်းပြောနေတာလဲ... ပိုက်ဆံဆိုတဲ့ ခေါင်းစဉ်ကို ငါတစ်ခါမယူလာဘူး...မဟုတ်ဖူး! ဖယ်ဆန်ကို ငါတကယ်စိတ်မဝင်စားဘူး...နင့်ကိုလည်း ညှဉ်းဆဲလှောင်ပြောင်ဖို့ ရည်ရွယ်ချက်မရှိဘူး...တစ်ခုခုရှိတာနဲ့ လေဒီဂရန်းဒါကို လှမ်းခေါ်တာပဲလေ! လေဒီနဲ့ အဆင်ပြေချင်တာဘဲရှိတာ!"
"လိမ်နေတာ!"
ဆိုင်ယာသည် ရုတ်တရက် အော်လိုက်ပြီး မျက်ရည်များသည် တပေါက်ပေါက်ကျလာကာ ဖောက်ထွင်းမြင်ရသော ရေစက်များက မျက်နှာပေါ်မှ လိမ့်ဆင်းလာခဲ့သည်။ လူနာက သူမကို အနိုင်ကျင့်နေသလိုမျိုး ကျလာသည့်သန့်ရှင်းကြည်လင်သော မျက်ရည်များပင်...
တကယ့်လူဆိုးမတစ်ယောက်လို ခံစားရလိုက်ရသည့်အတွက် လူနာသည် တုံ့ပြန်ဖို့ စကားလုံးများကိုတောင် မရွေးနိုင်တော့ဘဲ ခံစားချက်များ ပြည့်နှက်လာ၍ နှုတ်ခမ်းကို ကိုက်လိုက်သည်။ ဆိုင်ယာသည်လည်း သူမ၏ စိတ်ခံစားမှုများကြောင့် နှုတ်ခမ်းကို ခဏကိုက်လိုက်ပြီး စကားပြန်ပြောလာခဲ့သည် ။
"နင် ငါ့နောက်ကိုလိုက်လာတာက ငါဒီလိုစိတ်ဆင်းရဲနေရတဲ့ အခြေအနေကို လှောင်ပြောင်ဖို့မလား!"
"ဘာလို့ငါက...! မဟုတ်ဘူး... နင်ဘာလို့ ဒီလို အဆိုးမြင်စိတ်တွေ ရှိနေရတာလဲ... တကယ် အဲလိုမဟုတ်ဘူး! ငါက ဒီလိုလုပ်လို့ ဘာရနိုင်မှာမို့လဲ!"
"ပိုက်ဆံလေ! ပိုက်ဆံပဲမလား ! ငါ နင့်ကို ပမာဏတစ်ခု ပေးမယ်... ဒါကြောင့် ငါ့ကို ညှဉ်းပန်းလှောင်ပြောင်နေတာ ရပ်လိုက်တော့.! ငါ... ဖယ်ဆန်နဲ့ အတူတူပျော်ရွှင်စွာနေချင်တယ်!"
ထို့နောက် ဆိုင်ယာသည် သူမ၏စကားများနောက်မှာချန်ထားခဲ့၍ သူမလက်ထဲတွင်ကိုင်ထားသော လက်ကိုင်ပုဝါဖြင့် လူနာ၏မျက်နှာကိုပစ်ပေါက်ပြီးနောက် ဇာတ်လိုက်မင်းသမီးတစ်ယောက်လို အခန်းထဲကနေ ပြေးထွက်သွားခဲ့သည်။
'ဒါက လက်ကိုင်ပုဝါလေးပဲဆိုရင်တောင် သူက ငါ့ကို ဒီလိုပစ်ပေါက်သွားရလား!! ငါ့ကို သူတောင်းစားများမှတ်နေတာလား ...သူမ ရူးနေလား'
လူနာသည် ဆိုင်ယာ၏ရုတ်တရက်ပြောင်းလဲမှုကို နားမလည်နိုင်ပေ။
ဖယ်ဆန်သည် ရူးသွပ်နေသောသူဟု သူမထင်ခဲ့သော်လည်း ဆိုင်ယာသည်လဘ်း သာမန်မဟုတ်ပေ....
လူနာသည် လက်ကိုင်ပုဝါကို အမြန်ကောက်ကိုင်လိုက်ပြီး ဆိုင်ယာ ၏နောက်သို့ အလျင်အမြန်လိုက်လိုက်သည်။ အိမ်ရှေ့တံခါးမှ ပြေးထွက်ရန် ကြိုးစားနေသောသူ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။
"ခဏလေး! နင်ငါ့ကိုဒီလိုလုပ်ပြီးထွက်ပြေးသွားရလား!"
သူမကို ဖမ်းမိသွားသည့်အတွက် အံ့သြသွားပုံရကာ ဆိုင်ယာသည် လူနာ၏ ဆုပ်ကိုင်မှုမှ လွတ်မြောက်ရန် ရုန်းကန်ရင်း သက်ပြင်းရှိုက်လိုက်သည်။
"ငါ့ကိုလွှတ်!"
"မလွှတ်နိုင်ဘူး! နင်လိုချင်တာ ပြောပြီးတာနဲ့တန်းထွက်ပြေးသွားရလား... ငါဘာအမှားမှ မလုပ်ခဲ့ဘူးလေ... ငါကောင်းကောင်းဖြေရှင်းဖို့ ကြိုးစားခဲ့တာပဲဟာ.. နင်လုပ်မှ ငါလုပ်ခဲ့သမျှ အရူးကျနေတာပဲ!"
"ငါ့ကိုလွှတ်!"
"နင် ထွက်ပြေးဖို့ မကြိုးစားသင့်ဘူး! ပြီးတော့ ပိုက်ဆံ ဟုတ်လား... နင့်ရဲ့ကိုယ်ပိုင်လုပ်ငန်းတောင်မဟုတ်ဘဲ နင်ဘာလို့ဒီလောက်ထူးဆန်းနေရတာလဲ... နင့်မိဘတွေချမ်းသာတာနဲ့ပဲ သူများတကာကိုနှိမ့်ချရလား... တကယ့်ကို ရယ်စရာပဲ!”
ပြောစရာတွေ မရေမတွက်နိုင်အောင် ကျန်နေသေးသော်လည်း ပြင်းပြင်းထန်ထန် တုန်လှုပ်ချောက်ချားနေသော ဆိုင်ယာသည် လူနာ၏ဆုပ်ကိုင်မှုကနေ လွတ်မြောက်နိုင်ခဲ့သည်။သူမသည် မျက်ရည်များညှစ်ထုတ်လိုက်ပြီး အိမ်ရှေ့တံခါးမှအမြန်ထွက်သွားခဲ့ကာ အပြင်မှာ စောင့်နေသော သူမ၏အကူများနှင့် အစေခံမလေးကို အိမ်မှမြန်မြန်ထွက်ခွာရန်ပြောလိုက်သည်။
"ဘာတွေဖြစ်နေတာလဲ!"
နောက်ကျမှ ပေါ်လာသော ဖယ်ဆန်သည် နောက်ဆုံးတွင် သူ့မျက်လုံးများပွင့်လာခဲ့ဟန်ဖြင့် ဘာဖြစ်နေတာလဲဟု မေးလာခဲ့သည်။
အပြင်၌ သူ့ချစ်သူ ဆိုင်ယာ၏ ငိုသံကို ကြားနေရပြီး သူ့ရှေ့တွင် သူ၏ချစ်လှစွာသော သူငယ်ချင်းလူနာ၏ နီမြန်းကာဆုံးဖြတ်ချက်ခိုင်မာနေသောမျက်နှာကို တွေ့နေရသည်။
သူ့ချစ်သူနောက်ကို ချက်ချင်းလိုက်သွားသင့်တာဖြစ်သော်လည်း စိတ်မမှန်သော ဖယ်ဆန်သည် လူနာ၏ ပုခုံးများကို ဖက်လိုက်ပြီး သူမအခြေအနေကို စစ်ဆေးလာခဲ့သည်။
TK Team