Chapter 5
Viewers 535

>ဇာတ်လိုက်လား? ငါသူ့ကို မလိုချင်ပါဘူး > Ch5


လူနာသည် ဖယ်ဆန်၏လက်ကို တွန်းဖယ်လိုက်ကာ ဆိုင်ယာချန်ထားခဲ့သည့်လက်ကိုင်ပဝါအား သူ့မျက်နှာပေါ်ပစ်ပေါက်ကာ သူမ၏စိတ်ရှုပ်ထွေးမှုကိုဖော်ပြလိုက်သည်။

"ဒီလိုဖြစ်နေတာတောင် နားမလည်နိုင်သေးဘူးလား။သူမက ငါ့မျက်နှာကို လက်ကိုင်ပုဝါနဲ့ပေါက်ပြီးတော့ နင်တို့ရဲ့ဆက်ဆံရေးထဲကြားဝက် အနှောင့်အယှက်ပေးနေတယ်လို့ပြောပြီး ငိုနေလေရဲ့။ နင့်မှာ အသိစိတ်ရှိတယ်ဆိုရင် အခြေအနေကို ဖြေရှင်းပြီး ငါ့ကို တစ်ယောက်တည်း လွှတ်ထားပေးလို့မလား။ ကျေးဇူးပြုပြီး!"

"...လူနာ၊ လူနာ ခဏလေး!"

ဖယ်ဆန်၏ တုံ့ပြန်မှုကို လျစ်လျူရှုလိုက်ပြီး လူနာသည် သူမ၏ ခွန်အားအားလုံးကို အသုံးချကာ လှေကားထစ်များကိုဆောင့်နင်းတက်သွားခဲ့သည်။

"ဟင်! မမလေး ဘာလို့ လှေကားထစ်တွေကိုဒီလို နင်းနေရတာလဲ။ဒီလိုဆက်နင်းနေရင် လှေကားပြိုကျသွားလိမ့်မယ် မမလေး"

အမ်မာ၏ အသံသည် အခြေအနေ အနောက်မှ အသံထွက်လာပြီး သူမက အခြေအနေကိုသတိမထားဟန်ဖြင့်ပဟေဋ္ဌိဖြစ်စွာ ကြည့်လာသည်။ သို့သော်လည်း လူနာသည် သူမသာအဲ့နေရာ၌ တစ်စက္ကန့်မျှကြာကြာနေမိခဲ့ရင်တောင် အပြစ်မရှိသောသူများကိုပါ ပတ်ရမ်းမိမှာ စိုးရိမ်တာကြောင့် သူမခြေလှမ်းများကို အားအပြည့်ထည့်လိုက်ပြီး မြန်မြန်ဆက်တက်သွားခဲ့သည်။

* * *

တစ်ညလုံး အိပ်မပျော်နိုင်ခဲ့သော လူနာ သည် သူမ၏ အိပ်ရာပေါ်တွင် လှဲနေကာ မျက်နှာကျက်ကို အဓိပ္ပါပယ်မဲ့ စိုက်ကြည့်နေမိသည်။ မနေ့ညက ဆိုင်ယာ နဲ့ ရန်ဖြစ်ခဲ့သောကြောင့် သူမ၏ နှလုံးသားက ကမောက်ကမ ဖြစ်နေခဲ့သည်။

'ဒါက အဆိုးဆုံးပဲ'

သူမသည် ထိုအခိုက်အတန့်တွင် သွေးပူးနေခဲ့တာကြောင့် ပြောဆိုခဲ့သည်များကိုပြန်ရုတ်သိမ်းလို့မရနိုင်တော့ပေ။ သူမသည် သတိမထားမိဘဲစိတ်လိုက်မန်ပါလုပ်မိလိုက်ကြောင်းတွေးကာ ဖြည်းဖြည်းချင်း နောင်တရလာတော့သည်။

'ငါ ဘာလို့အဲ့လုပ်လိုက်တာလဲ...'

သို့တိုင်အောင် တစ်ဖက်တွင်မူ သူမသည်ဒီလိုမျိုးလည်းတွေးမိလေသည်။

'ဘာပဲဖြစ်ဖြစ် ငါက လက်ကိုင်ပဝါနဲ့အရင်အပေါက်ခံရလို့ ပြန်တိုက်ခိုက်တာ ဘာဖြစ်လဲ'

သူမသည် အမှားတစ်စုံတစ်ခုမှ မလုပ်ခဲ့သဖြင့် ခွင့်လွှတ်ရန် မတောင်းပန်နိုင်ကာ သူမ၏ အပြုအမူကို မပြောင်းလဲနိုင်ပေ။

လူနာ၏ နှလုံးသားထဲတွင် သူမသည် ဖယ်ဆန်၏ဆံပင်ကို ဆွဲကာ အသိဉာဏ်နည်းနည်းလောက်ဝင်လာရန်ဉီးခေါင်းကိုလှုပ်ရမ်းပေးမိချင်သလို ဆိုင်ယာအား ပါးအကြိမ်သုံးဆယ်လောက်ရိုက်ကာ နိုးထလာပြီး ရှင်းရှင်းလင်းလင်းကြည့်ဟုပဲ ပြောလိုက်ချင်မိသည်။

သေချာသည်မှာ သူမဒီလိုလုပ်ခဲ့ရင်တောင် ကွာခြားမှုအများကြီးရှိနိုင်မှာမဟုတ်သော်လည်း အနည်းဆုံးတော့ သူမစိတ်အား သက်သာရာရသွားစေနိုင်လိမ့်မည်ဖြစ်သည်။

'အနည်းဆုံးတော့ ငါဘယ်လိုသေရမယ်ဆိုတာ သိခဲ့ရင်...'

ဒီလိုသာဆိုရင် အခြေအနေတွေက နည်းနည်းလေးလောက် ကွဲပြားသွားနိုင်မလား...

ကံမကောင်းစွာဖြင့် မူရင်းဇာတ်လမ်းထဲတွင် လူနာ၏ အနည်းငယ်ဆွေးမြေ့နေသော ခန္ဓာကိုယ်ကို တောထဲတွင် တွေ့လိုက်ရသည့်နေ့တစ်နေ့ကသာ တစ်ခုတည်းသော ဖော်ပြချက်ဖြစ်သည်။

ခန္ဓာကိုယ် အလွန်အမင်းပျက်စီးယိုယွင်းနေမှုကြောင့် သေဆုံးရသည့် အကြောင်းရင်းကို မသိခဲ့ရပေ။ သူမအာူ ဘယ်သူသတ်ခဲ့မှန်းလည်း မသိခဲ့ရပေ။ သေချာတာတစ်ခုမှာ ဖယ်ဆန်နှင့်ဆိုင်ယာ ကြားက ဆက်ဆံရေးအား စွက်ဖက်ဖို့ကြိုးစားခဲ့သောကြောင့် ဆိုင်ယာ၏ အသိမိတ်ဆွေများက သူမအား သတ်ပစ်ခဲ့တာဖြစ်ကြောင်းကို စာရေးသူကဖော်ပြလာခဲ့သည်။ ယခုပြန်ကြည့်လျှင် ၎င်းသည် ဇာတ်လိုက်နှစ်ဦးကြားစွက်ဖက်ခြင်းထက် နားလည်မှုလွဲခြင်းက ပိုဖြစ်နိုင်နေသည်။

'ငါ့မှာသာ ပိုက်ဆံရှိလို့ကတော့ အကုန်ပြောင်းလဲသွားလောက်တယ်'

ပိုက်ဆံသာရှိပါက သူမအသက်ကို ကာကွယ်နိုင်ရန် ကျွမ်းကျင်သော ကိုယ်ရံတော်များကို ငှားရမ်းထားနိုင်ပေမည်။ သို့သော် လက်ရှိ ပဲလ် မိသားစုတွင် အစောင့်တစ်ဦးကိုပင် ငှားရမ်းရန် ပိုက်ဆံမရှိတာကြောင့် ထိုအတွေးမှာ ရယ်စရာသက်သက်ဖြစ်နေတော့သည်။

'... နောက်ဆုံးတော့လည်း ငွေပဲ... ဆိုင်ယာ ငါ့ကိုဘယ်လောက်ယူချင်လဲလို့ မေးခဲ့တဲ့ ပိုက်ဆံပဲ'

ရုတ်တရက်ဆိုသလို ပိုက်ဆံအကြောင်းများက ပေါ်လာခဲ့ပြီး နောက်ဆုံးမှာ သူမလိုအပ်သည့်အရာမှာ ငွေသာဖြစ်သည်။ ဆိုင်ယာသည် သူများအိမ်ပေါ်လာစားသောက်ကာ ဘယ်လောက်ပဲဖြစ်ပါစေပိုက်ဆံလိုရင်ပေးမည်ဟု ပြောခဲ့ပြီး ဒီတိုင်းထွက်သွားခဲ့သည်။

'စိတ်ရှုပ်စရာကောင်းလောက်အောင် သနားဖို့ကောင်းနေခဲ့တာပဲ...'

သူမသည် မြို့စားအနွယ်ဝင်သူဟု သတ်မှတ်ခံထားရသော်လည်း ဤကဲ့သို့သောစကားများကိုကြားနေရပေသည်။

မဟုတ်ဘူး တကယ်လို့ သူမက မြို့စားအနွယ်ဝင်မဟုတ်ရင်တောင် ဒီလိုအရာတွေကို ကြားရမှာပဲ။ လူတွေက ငွေထက်အရှေ့ရောက်သင့်သော်လည်း ငွေကလူတွေ၏အပေါ်တွင်ရောက်နေခဲ့သည်။

သူမသည် ဆိုင်ယာအားအမြင်မှန်ရတော့ဟု ဆံပင်ကို ဆွဲကိုင်ကာပြောချင်သော်လည်း နောက်ဆုံးတွင် သူမ၌ ပိုက်ဆံတပြားမှမရှိပေ။ သူမ၏ ဒေါသကို ဖြေဖျောက်အောင် ဆိုင်ယာ၏ဆံပင်ကို ဆွဲခဲ့ပါက နောက်ဆုံးတွင်သူမသည်ကြီးမားသော လျော်ကြေးငွေကို ပေးချေရမည်ဖြစ်သည်။

သူမ၏ စိတ်ပျက်မှု ဒေါသထွက်မှုများအား သက်သာစေရန် နည်းလမ်းမရှာနိုင်သော်ကြောင့် လေထဲကိုသာလက်သီးထိုးကန်ကျောက်နေသည့်အချိန်မှာပဲ ပြတင်းပေါက်အပြင်ဘက်မှ မြင်းခွာသံများကြားလိုက်ရသည်။

'ဒီလောက် မနက်အစောကြီးကို...'

ဒီလောက်စောသည့်အချိန်၌ ဘယ်သူကများ လာရောက်လည်ပတ်တာလဲ။ မနေ့ညက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကြောင့် သူမသည် ဆိုးရွားသော ခံစားချက်များကို ခံစားလာရသည်။

သေချာတာပေါ့... လာခဲ့သောသူသည် ဆိုင်ယာထံမှ စာပေးပို့လာခဲ့တာပင်ဖြစ်သည်။

"မမလေး...မစ္စဆိုင်ယာက ဒါကို ပို့လာခဲ့ပါတယ်"

လော်ရာသည် အိပ်ငိုက်နေသော မျက်နှာဖြင့် စာတစ်စောင်ကို ကမ်းပေးလာ၍ ကျယ်လောင်စွာ သမ်းဝေလိုက်သည်။

စာအိတ်က နည်းနည်းထူပေသည်။

လူနာ သည် အကြောင်းတစ်ခုခုကြောင့် စိတ်မသက်မသာဖြစ်လာမိသည်။

'ဒီလောက်ထိထူမယ့်စာရှည်ကြီးကို သူမတကယ်ရေးခဲ့တာလား။ခြိမ်းခြောက်စာတေယ့မဖြစ်နိုင်ပါဘူးနော် ဟုတ်တယ်မလား...'

သို့ပေမယ့် လက်ကိုင်ပုဝါနဲ့ ပစ်ပေါက်ပြီး အဓိပ္ပာယ်မရှိစကားတွေပြောတတ်သော ဆိုင်ယာ့အားသိရသလောက်တော့ သူမဒီလိုမလုပ်နိုင်လောက်ပေ။

လူနာသည် ဆိုင်ယာက ဖယ်ဆန်၏ ချစ်သူမဟုတ်သော သူတစ်ယောက်များလားဟုပင် ရူးကြောင်ကြောင်တွေးလိုက်မိသည်။အဘယ်ကြောင့်ဆိုသော သူမကြည့်ရသည်မှာ ထူးဆန်းနေသောကြောင့်ပင်။

သူမသည် စာအိတ်ကို သတိထားပြီး ဆုတ်ဖြဲလိုက်ကာ စားပွဲပေါ်သို့သွန်ချလိုက်သည်။ ထို့နောက် စာတစ်စောင်နဲ့အတူ ဘဏ်ချက်လက်မှတ်များကျလာခဲ့သည်။

[ကံမကောင်းစွာနဲ့ ဒါက ငါ့မှာလက်ရှိရှိတဲ့ ချက်လက်မှတ်တွေပဲ။ဒါပေမယ့် ဒါကအနည်းဆုံး ငါးနှစ်လောက်တော့ လုံလောက်အောင်သုံးနိုင်တယ်။

အခြေအနေတွေ ခွင့်ပြုရင် ကျေးလက်ဘက်ကို သွားမယ်လို့ နင်ပြောခဲ့တယ်မလား... ငါ နောက်ကျရင် ထပ်ပို့ပေးပါ့မယ်။ ဒါကြောင့် ဒီငွေတွေနဲ့အတူ ပျောက်ကွယ်သွားပေးပါ။ အခြားတစ်ခုခုလိုအပ်ရင် ငါ့ကိုပြောလို့ရတယ်။ အခု ငါနဲ့ ဖယ်ဆန်ကိုလွှတ်ထားပေးပါတော့]

စာနဲ့တောင်မှ သူမကိုထွက်သွားဖို့ ပြောလာခဲ့သည်။

ဆ်ုင်ယာသည် သူမအား ဘာမှမဟုတ်သလို ဆက်ဆံပေသည်။ သူမသည် အလွန်ပြောင်းလဲရန်ကြိုးစားပေးခဲ့သော်လည်း ဆိုင်ယာသည် အထင်အမြင်လွဲမှားမှုများကို ယုံကြည်နေကာ အပိုဆုအနေနှင့် ပိုးမွှားတစ်ကောင်လိုပင် ဆက်ဆံလာခဲ့သည်။

"သေချာတယ်... နင်တို့နှစ်ယောက်စလုံး မျှော်လင့်ချက်မဲ့နေကြတာပဲ!"

စာကိုကိုင်ထားသော သူမ၏လက်များက တဆတ်ဆတ်တုန်လာခဲ့သည်။

 ဘာလို့ပြောဆိုဆက်ဆံရတာ ဒီလောက်အထိ ခက်ခဲနေရတာလဲ....

သူမသည် မနေ့ညနေခင်းက ဒေါသဖြစ်မိတာကြောင့် နောင်တအနည်းငယ်ရမိခဲ့ပေမယ့် ဆိုင်ယာကတော့ ပိုက်ဆံသုံးပြီး ရန်ပွဲအားစတင်ရန်အသည်းအသန်ဖြစ်နေခဲ့သည်။

လူနာသည် သူမဘဝကို တန်ဖိုးထားသောကြောင့် သည်းခံရန် ကြိုးစားခဲ့သော်လည်း ယခုသူမ ထပ်မနေနိုင်တော့ပေ။

သူမသည် အပေါ်ထပ်အင်္ကျီကိုဆွဲယူလိုက်ကာ ချက်လက်မှတ်စာရွက်များကိုကိုင်၍ အောက်ထပ်သို့ အမြန်ဆင်းခဲ့လိုက်သည်။

"မမလေး မနက်အစောကြီး ဘယ်သွားမလို့လဲ!"

 ဘယ်သွားမလို့လဲဟု မေးလာသော လော်ရာ့ ကိုတောင် လျစ်လျူရှုခဲ့ပြီး ဆိုင်ယာ၏မျက်နှာအား ချက်လက်မှတ်များဖြင့်ပစ်ပေါက်ရန် စိတ်ကူး၍ လူနာသည် အိမ်ကြီးထဲကနေ ထွက်လာခဲ့သည်။

* * *

ဂရန်းဒါမားကွစ်၏စံအိမ်ရှေ့သိုရောက်သောအခါ လူနာသည် မြင်းစီးလာသောကြောင့် ဘိုသီဘက်သီဖြစ်နေသောဆံပင်များဖြင့် ဆိုင်ယာ့ကိုရှာဖွေလိုက်သည်။

သူတို့၏သခင်မအား အမြဲ ညှဉ်းပန်းခဲ့သော ဆိုးသွမ်းသောမိန်းမ၏အသွင်အပြင်ကြောင့် အစေခံများ၏မျက်နှာသည် တင်းမာသွားခဲ့သော်လည်း အခြေအနေတွင်ပင်လျှင် မြို့စားအနွယ်ဝင်သည် မြင့်မြတ်ဆဲဖြစ်သည်။ ထို့ကြောင့် သူတို့သည်စကားတစ်ခွန်းမှ မပြောနိုင်ကာ သူမကို ရင်မဆိုင်နိုင်ကြပေ။

ခဏအကြာတွင် အစေခံတစ်ဦးသည် ဆိုင်ယာကိုခေါ်ရန် ပျောက်ကွယ်သွားခဲ့သည်။ အချိန်အတော်ကြာစောင့်ဆိုင်းပြီးနောက်တွင် အတွင်းဝတ်ပေါ်မှကုတ်အင်္ကျီအထူကြီးဝတ်ထားသည့် ဆိုင်ယာနှင့် တွေ့ဆုံနိုင်ခဲ့သည်။

ထိုနေရာသည် ပန်းချီခန်းတောင်မဟုတ်ဘဲ အေးစက်သောလေများ အပြင်းအထန်တိုက်ခတ်နေသောစံအိမ်ကြီး၏အဝင်ဝဖြစ်သည်။ အလွန်အေးသောကြောင့် မျက်ရည်များပင်ကျသည့်အထိ လှုံ့ဆော်ခံခဲ့ရသည်။

"...နင်ဘာလို့ဒီလောက် အစောကြီး ဒီကိုရောက်လာရတာလဲ...ဘာလဲ တောင်းပန်ဖို့လာတာလား"

သူမသည် ဤထက်စောပြီး တစ်စုံတစ်ယောက်ကိုစာပို့ရန်စေလွှတ်ခဲ့သော်လည်း ယခုတွင်မူ ဘာမှမလုပ်ထားသလို အပြစ်ကင်းသော မျက်နှာထားဖြင့် ပြောလာခဲ့သည်။

သူမသည် လူနာလက်ထဲတွင် ကိုင်ထားသောချက်လက်မှတ်များကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် လူနာလိုချင်တာကို နားလည်နေသလိုမျိုး လူနာ၏အဖြေကိုတောင်မစောင့်ဘဲ ဆက်ပြောလာခဲ့သည်။

"ဘာလို့လဲ...ဒီပိုက်ဆံမလောက်လို့လား။ စိတ်မပူပါနဲ့။ နင်လိုအပ်သလောက် ငါပေးမှာပါ။ နင်ကျေးလက်ကိုသွားတဲ့အခါကျ ငါထပ်ပို့ပေးမယ်လို့စာထဲရေးထားသားပဲ.."

လူနာသည် အဆင်မပြတ်ထွက်လာနေသော ဆိုင်ယာ၏အဓိပ္ပါယ်မဲ့စကားများကို သည်းမခံနိုင်တော့ဘဲ ချက်လက်မှတ်များကို ဆုတ်ဖြဲကာပစ်ချလိုက်သည်။

"... နင် အခု ဘာလုပ်နေတာလဲ!"

အနီးနားမှ လူနာ နှင့် ဆိုင်ယာ ကို စောင့်ကြည့်နေသော အစေခံများသည် ကမန်းကတန်း ပြေးလာခဲ့ကြသည်။ ဆိုင်ယာ၏အသံကိုကြားပြီးနောက် သူမ၏ကိုယ်ရံတော်များသည်လည်း ဓားများကိုကိုင်ထားကြရင်း လူနာအား ခြိမ်းချောက်သောအကြည့်ပေးလာခဲ့သည်။

လူနာဘက်တွင် ဘယ်သူမှမရှိနေပေ။ မည်သို့ပင်ဆိုစေကာမူ လူနာ သည် သူမစိတ်ထဲရှိပြီးသားဖြစ်သောစကားများအား မဆိုင်းမတွတုံ့ပြန်ခဲ့လိုက်သည်။

“မနေ့ညက ငါပြောခဲ့တယ်! နင်ကိုယ်တိုင်ရှာတာမဟုတ်တဲ့ ပိုက်ဆံတွေကို ငါမလိုချင်ဘူးလို့။ မဟုတ်ဘူး နင်ကိုယ်တိုင်ရှာနိုင်ရင်တောင်မှ ငါဒီလိုတန်ဖိုးမရှိတဲ့ပိုက်ဆံမျိုးကို မလိုချင်ဘူး"

"နင် အခုဘာလုပ်နေတာလဲ!"

လူနာသည် သူမ၏ရန်လိုမှုကို ထုတ်ဖော်ပြလိုက်သည်နှင့် ကိုယ်ရံတော်တစ်ယောက်သည် သူမနှင့် ဆိုင်ယာကြား ဝင်လာခဲ့သည်။ သူမသာ မြို့စားအနွယ်ဝင်မဟုတ်ပါက သူဆွဲထားသောဓားဖြင့် သူမကို လုပ်ကြံရန် အသင့်ဖြစ်နေပေလိမ့်မည်။

သန်မာသော ကိုယ်ရံတော်၏နောက်ကွယ်၌ ပုန်းနေသည့် ဆိုင်ယာသည် ကြောက်စရာကောင်းတာ တစ်ခုခုကို ခံစားလိုက်ရသလိုမျိုး မျက်ရည်များက စီးကျလာတော့သည်။

"တကယ်ပါပဲ... နင် တကယ် အရမ်းလွန်တာပဲ...! နင်ဘာပြောချင်နေတာလဲ ဒါကမလုံလောက်ဘူးလား။ ဖယ်ဆန်ရဲ့အနားကနေ နင်ပျောက်ကွယ်သွားဖို့အတွကို ငါဘယ်လောက်ထပ်ပေးရမလဲ။ နင် ငါတို့ကို နှစ်ယောက်ကြားဘယ်လောက်ကြာအောင် ဝင်‌ခလောက်ဆန်ဖို့ ကြံစည်နေတာလဲ!"

"ဘာ..ဒါကို ယူသွားပြီး ပျောက်သွားဆိုပြီး ငါ့ကိုစာပို့ပြီး ထပ်ပြောတဲ့စကားကဒါတဲ့လား! ငါ့ကိုတောင် ရိုက်သွားပြီးတော့ ဒီမှာ ဘာလို့နစ်နာသူလို ဟန်ဆောင်နေတာလဲ!"

ဘယ်သူက ဘယ်သူရိုက်တာလဲ။ ပိုက်ဆံပို့ပြီး ပျောက်သွားဖို့ ပြောတာက ဘာကို ဆိုလိုတာလဲ။ လူနာသည်မယုံနိုင်စရာကောင်းလောက်အောင် အခိုင်အမာပြောဆိုခဲ့ပြီး သူတို့၏ ဖြူစင် ချစ်စရာကောင်းလှသည့် သခင်မလေး၏ အလိမ်အညာများကို လူတွေကို ဖွင့်ချလာခဲ့သည်။

"ဒါ...ဒါက လက်ကိုင်ပုဝါတစ်ထည်ပဲကို... နင် ဘာလို့ အဲ့လောက်အဖြစ်သည်းပြနေတာလဲ!"

“အော် ဟုတ်လား.. ဒါဆိုငါလည်း နင့်မျက်နှာကို လက်ကိုင်ပုဝါနဲ့ရိုက်သလိုမျိုး ပြန်ရိုက်လို့ရမလား။ဟမ် ငါ စမ်းကြည့်လိုက်ရမလား"

လူနာသည် လက်ကိုင်ပုဝါကိုသာမက ကျောက်တုံးတစ်တုံးကိုပါ ပစ်ပေါက်ရန် ပြသလိုက်သောကြောင့် ဆိုင်ယာသည် ချက်ချင်းထိတ်လန့်တကြား မျက်ရည်ကျကာ ကိုယ်ရံတော်၏ နောက်ကျောတွင် ဝင်ပုန်းလိုက်ပြန်သည်။

သူမ ပြောသည်များကို နားထောင်ရင်း ကိုယ်ရံတော်၏ မျက်စံများက ခဏတာ လှုပ်ခတ်သွားပေမယ့်လို့ ဒါကခဏတာ တုံ့ပြန်မှုတစ်ခုသာ ဖြစ်သည်။ လက်ကိုင်ပုဝါနဲ့ပစ်ပေါက်တာရော ပိုက်ဆံပေးပြီး ပျောက်သွားခိုင်းတာရော သူအပြည့်အဝနားမလည်ပေမဲ့လို့ မမလေးဆိုင်ယာသည် အမြဲတမ်း အပြစ်ကင်းစင်သူတစ်ယောက်ဖြစ်ကြောင်းတော့သိပေသည်။ သူ့ဒေါသက ချက်ချင်း လူနာဘက်ကို ပြန်လှည့်သွားခဲ့သည်။

"ဘာလဲ။ မကြိုက်ဘူးလား။နင်ပဲပြောတော့ ဘာမှမထူးခြားဘူးဆို။ ပြီးတော့ ပိုက်ဆံ...ဒီမှာ ငါက လေဒီဆိုင်ယာ ပေးတဲ့ ချက်လက်မှတ်ထက် နှစ်ဆ ပြန်ယူလာပြမယ် အဲ့အခါကျရင် ငါ့ကိုဒီကဲ့သို့ ဆက်ဆံခဲ့တဲ့အတွက် တောင်းပန်ဖို့ ပြင်ဆင်ထားလိုက်!ငါ့မှာ နင့်ထက်တောင်မှပိုက်ဆံအလုံအလောက်ရှိသေးတယ်!"

လူနာသည် တုံ့ဆိုင်းခြင်းမရှိစွာ သူမ၏စကားများကိုပြောလိုက်ပြီး ကျယ်လောင်စွာ ငိုနေသော ဆိုင်ယာနှင့် မျက်မှောင်ကြုတ်ကာ မျက်လုံးများမှေးကျဉ်းထားသော ကိုယ်ရံတော်ကို တစ်လှည့်စီကြည့်လိုက်သည်။ ထို့နောက်တွင် သူတို့၏ အိပ်ယာခင်းထဲ၌ ကွေးနေခဲ့သည့် ဆိုင်ယာ၏ သူငယ်ချင်းများသည် ဘာဖြစ်သွားတာလဲ ဆိုတာကို ကြည့်ရန်အပြေးအလွှားထွက်လာခဲ့ကြသည်။

ထိုမိန်းမပျိုများသည် ဒဏ်ရာရ‌နေသကဲ့သို့ ပြင်းထန်စွာ ငိုကြွေးနေသော ဆိုင်ယာ နှင့် သူမအား ဒေါသထွက်သည့်အမူအရာဖြင့် စိုက်ကြည့်နေသော လူနာ အား တလှည့်စီကြည့်လိုက်ကြသည်။

မျှော်လင့်ထားသည့်အတိုင်း ကံကြမ္မာသည် ဆိုင်ယာဘက်တွင် ရှိနေပုံရသည်။ ဒီလို နားလည်မှုလွဲသွားတာက ဘယ်လောက်အဆင်ပြေလိုက်လဲ။

'အဲ့တော့ ဘာဖြစ်လဲ... အဲ့ဒါနဲ့ပဲ ငါကနာခံပြီးသေဖို့ ထိုင်မျှော်နေရမှာလား။ ငါသေချာလေးဘဝကိုနေထိုင်ပြီးတော့ ခြံထဲကနေ ရွှေတွေတူးပြမယ်ကြည့်နေလိုက်’’

ထိုကဲ့သို့သော အတွေးမျိုးဖြင့် လူနာ သည် ဆိုင်ယာအား နှစ်သိမ့်ရန်သွားနေသော မိန်းမပျိုများကို စိုက်ကြည့်လိုက်၍ သူမ၏မြင်းအား ပေါ့ပေါ့ပါးပါးစီးကာ မားကွစ်စံအိမ်ကြီးဆီမှ ဝေးရာသို့ ထွက်ခွာလာခဲ့သည်။

သူမ၏နောက်ဦးတည်ချက်မှာ ရွှေတွင်းတွေရှိသော ပဲလ်နယ်မြေဆီသို့ ခေါ်သွားနိုင်မည့် လှည်းအငှားဂိတ်ဆီသို့ပင်။


TK Team