>ဇာတ်လိုက်လား? ငါသူ့ကို မလိုချင်ပါဘူး > Ch9
ခဏအကြာတွင် လူနာသည် ဗင်းဆင့်နယ်မြေသို့ လှည်းစီးသွားခဲ့သည်။ထို့နောက် သူမလက်ခံရရှိသော ကြိုတင်ပေးချေမှုချက်လက်မှတ်များ အတန်ကြာအောင်စစ်ကြည့်နေခဲ့ပြီး စိတ်လှုပ်ရှားမှုကြောင့်တုန်နေသော လက်များကို နောက်သို့ အမြန်ဝှက်ထားလိုက်သည်။
'ဒီငွေတွေကို ငါတကယ်လက်ခံနိုင်ပါ့မလား။ အဲ့ရွှေတောင်က ဒီလောက်တောင်တန်ဖိုးရှိတာလား...'
ထိုငွေပမာဏသည် ဈေးအကြီးဆုံးမြို့ရှိ အိမ်တော်တော်များများကို ဝယ်ပြီးရင်တောင်မှ ကျန်နေဦးလောက်မည်ဟု တွေးကြည့်မိလိုက်သည်။ ၎င်းသည် ဆိုင်ယာထံမှ သူမရရှိသောပမာဏဆယ်ဆနှင့် ညီမျှသည်။
"ဘာလို့လဲ မလောက်လို့လား"
မလုံလောက်တာမဟုတ်ဘဲ ထိုငွေအမြောက်အများကို တစ်နေရာရာမှာပျောက်ဆုံးမိမှာကို သူမကြောက်နေတာဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ လူနာသည် တုံ့ဆိုင်းမနေဘဲ ပြန်ဖြေလိုက်သည်။ စာချုပ်သည် အပြန်ပြန်အလှန်လှန် ဖြစ်နေသဖြင့် အခြေအနေကို ဒီလောက်ပမာဏရသော်ငြားလည်း သူမလျှော့မတွက်နိုင်သေးပေ။
"အနာဂတ်မှာ ကျွန်မလုပ်စရာတွေ အများကြီးရှိနေသေးတော့ ဒါက လုံလောက်ဖို့ဝေးနေသေးတယ်။ အန်းတဲရီစ့်မားချက်စ်အဖွဲ့အစည်းက ကျွန်မကို ကြီးကျယ်တဲ့ စည်းစိမ်ဥစ္စာတွေ ယူလာပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"
"အဲဒါအတွက် စိတ်မပူပါနဲ့။ ကိုယ် မင်းကို မကြာခင်မှာ ငွေမိုးသွန်းဖြိုးပေးမယ်။ မင်းသာလိုချင်ရင် ကိုယ်မင်းကို အခုချက်ချင်းပေးလို့ရတယ်"
ထိုလူက စိတ်ချလက်ချ ပြန်ဖြေလာခဲ့သည်။
အရာအားလုံးက ချောမွေ့လွန်းနေသည်။ မူရင်းဇာတ်ကြောင်းမှ သွေဖည်သွားသည့်တိုင်အောင် ဘေးဥပါဒ်များသည် အမြဲစောင့်ကြိုနေတတ်သေးသည်။ လူနာသည် သူမခန္ဓာကိုယ်မငြိမ်မသက်ဖြစ်နေပြီး နှုတ်ခမ်းတွေ ခြောက်သွားသည်က အံ့သြစရာမရှိဟုတွေးလိုက်မိသည်။
"အိုး!ဒါနဲ့ မင်း မြို့တော်ကို သွားဖို့ပြောခဲ့တယ်မလား"
"…ဟုတ်တယ်။ ကျွန်မမှာ လောလောဆယ် ဂရုစိုက်စရာနည်းနည်း ရှိနေလို့"
"ဒါဆို စာရွက်စာတမ်းတွေ ပြင်ဆင်ပြီးတာနဲ့ မြို့တော်ကို သွားလိုက်လေ။ မဟုတ်ရင် သွားလိုက်လာလိုက်နဲ့ အဆင်မပြေဖြစ်နိုင်တယ်"
လူနာက မတုံ့ပြန်တာကြောင့် ထိုလူက ပြုံးပြလာခဲ့သည်။
"မင်းလိုအပ်ရင် လျှို့ဝှက်ချက်အတွက် ရှေ့နေခေါ်လာပေးမယ်လေ။ မင်းဆန္ဒရှိရင် ကိုယ်တို့ဘက်ကလည်း လုပ်နိုင်တယ်"
"အင်း...ရှင်ဒီလိုပြောလာတော့လည်း..."
သူသည် အချိန်တိုအတွင်းမှာပင် လူနာကိုကောင်းစွာနားလည်ခဲ့ပုံရကာ လူနာတုံ့ပြန်အဖြေပေးလာမည့် အဆိုပြုချက်တစ်ခုကို ပေါင်းထည့်လာခဲ့သည်။
"ရထားနဲ့ အဖော်တွေကိုရော စီစဉ်ပြီးပြီလား"
"မလုပ်ရသေးဘူး။ကျွန်မ အခုမှရှာပြီးသွားတော့မလို့"
သူမသည် ငွေအမြောက်အမြားကို ပိုင်ဆိုင်ထားသောကြောင့် ရထားတွဲ၊ အဖော်များနှင့်အတူ ခရီးသွားခြင်း၏ စည်းစိမ်ကို ခံစားရသည်မှု ပျော်စရာကောင်းတော့မည်ဟု သူမတွေးလိုက်သည်။
"ဒါဆိုရင် အန်းတဲရီစ့်မားချက်စ်အဖွဲ့အစည်းက လှည်းရထားနဲ့ ကြေးစားအလုပ်သမားကို သုံးလိုက်ပါလား။ ကိုယ်တို့ရဲ့ လူ့အဖွဲ့အစည်းကို ပိုတိုးတက်အောင် ကူညီပေးမယ့် မင်းလိုဖောက်သည်မျိုးကို ဒီတိုင်းတော့မလွှတ်လိုက်နိုင်ဘူးလေ။ မားချက်စ်အဖွဲ့က အကောင်းဆုံးရထားနဲ့ မြင်းတွေကို ကိုယ်ပြင်ဆင်လိုက်မယ်။မင်းကတော့ မင်းနဲ့ အဆင်ပြေမယ့် ကြေးစားအလုပ်သမားကို ရွေးလိုက်လေ"
"မားချက်စ်အဖွဲ့အစည်းရဲ့ ရထားနဲ့ ကြေးစားအလုပ်သမားတွေလား။ ရှင်က ကျွန်မအပေါ် တကယ်ကို အရမ်းအရမ်းကောင်းတာပဲ"
"ဒါက ဘာလို့လဲဆိုတော့ မင်းက ကိုယ်တို့အတွက် အရမ်းအဖိုးတန်လို့ပေါ့။ကိုယ် ကိုယ်တိုင်လည်း မင်းလိုမိန်းမပျိုကို သဘောကျတယ်။ပြောရရင် ဖယ်ဆန် ရိုဒရီယန်ကို မကြိုက်တဲ့သူကို ရှာတွေ့ဖို့က တကယ်ကိုရှားလွန်းတယ်။ လူတော်တော်များများက ဦးနှောက်ဆေးခံထားရသလိုမျိုး သူဘာပြောပြောမှန်တယ်လို့ ထင်နေကြတာ”
ထိုလူ၏စကားသည် လူနာ၏ ရင်ထဲကို ထိမိသွားသည်။ ရွှေတွင်းအကြောင်း မပြောကြရင်တောင်မှ ထိုလူနှင့် လူနာနှစ်ဦးစလုံးသည် ဖယ်ဆန်ကို မကြိုက်ကြပေ။
နောက်ဆုံးတွင် လူနာသည် ထိုယောက်ျား၏ အဆိုပြုချက်ကို လက်ခံပြီး အန်းတဲရီစ့်မားချက်စ်အဖွဲ့အစည်း၏ ကာကွယ်မှုအောက်ကို ဦးခေါင်းမှ ခြေဖျားအထိခံယူကာ မြို့တော်သို့ ထွက်လာခဲ့သည်။
သူတို့သည် လူနာကို တကယ်ပင်အထူး ဆက်ဆံခဲ့သည်။သူမ ယခင်က မမြင်ဖူးသော လှပပြီး သက်တောင့်သက်သာရှိသည့် လှည်းရထားတွဲနှင့် လျှင်မြန်ကာသန်မာသော မြင်းများကို တွေ့လိုက်ရသောအခါတွင် သူမသည် အံ့အားသင့်ပြီးခွန်စွာခုန်နေသောနှလုံးသားကို မနဲငြိမ်သက်အောင်ပြန်လုပ်ခဲ့ရသည်။
'ငါပြန်ရောက်တာနဲ့ အဖေ့ကိုအလုပ်ကထွက်ခိုင်းပြီး ဆိုင်ယာရဲ့မျက်နှာကို ချက်လက်မှတ်နဲ့ပစ်ပေါက်ပြမယ်'
သူမသည် ပမာဏနှစ်ဆဟု ပြောထားခဲ့သော်လည်း သုံးဆလောက်တော့ ပေးပစ်လိုက်မည်ဖြစ်သည်။ ထိုမှသာ ဘယ်သူမှ ငွေအင်အားကို မျက်ကွယ်မပြုဝံ့မှာ ဖြစ်သည်။
သူမအတွက်လည်း ဝတ်စုံများစွာကိုဝယ်ယူပြီး အိမ်သစ်တစ်လုံးဝယ်ကာမည်။မြို့စားကြီး၏ရထားကိုစီးရတာကြိုက်သော သူမအဖေအတွက်လည်း ရထားအသစ်တစ်လုံးကို ဝယ်ပေးရမည်ဖြစ်သည်။ သူမသည် ယခင်က ဇိမ်ခံပစ္စည်းကို ဘယ်တုန်းကမှ မနှစ်သက်ခဲ့သော်လည်း ယခုတွင်မူအဝသုံးရန်စီစဉ်ထားသည်။သူမစိတ်ထဲဝင်လာသမျှကို ဝယ်ပြီးသည့်တိုင်အောင် ပိုက်ဆံကကျန်နေနိုင်သေးသည်။
ထို့အပြင် အနာဂတ်တွင်လည်း နောက်ထပ်များစွာလာဖို့ ရှိသေးပေသည်။ဤအရာများဖြင့်ဆိုလျှင် သူမသည် ဆိုင်ယာအား ဆန့်ကျင်နိုင်ပေသည်။သူမ၏ စံအိမ်ကြီးကိုလည်း အိမ်စေများ အစောင့်များနှင့် ပြည့်စေပြီး သာယာဝပြောသောဘဝကို ဦးဆောင်နိုင်ပေလိမ့်မည်။
အိမ်ကြီးထဲ ရူးရူးမိုက်မိုက် ကျူးကျော်ဝင်ရောက်လာတတ်သော ဖယ်ဆန်ကိုလည်ူ မောင်းထုတ်နိုင်မည် ဖြစ်သည်။
'ထင်တဲ့အတိုင်း ငွေက အဖြေပဲ...'
ငွေသည် သူမကို စိတ်ဆင်းရဲစေသည့်အရာဖြစ်သလို ငွေသည် သူမကို သက်တောင့်သက်သာဘဝကိုရစေနိုင်သောအရာလည်းဖြစ်ပေသည်။
ဤအချက်ကိုသိလိုက်ရသဖြင့် လူနာသည် အနည်းငယ် စိတ်ရှုပ်သွားကာ သူမ၏ဝတ်စုံထဲ သိမ်းဆည်းထားသော ချက်လက်မှတ်ကို မလိုအပ်ဘဲ ထုတ်ယူလိုက်မိသည်။
* * *
လူနာက အန်းတဲရီစ့်မားချက်စ်အဖွဲ့အစည်းမှ ထွက်ခွာပြီး ခဏအကြာတွင် မမျှော်မှန်းထားသော ဧည့်သည်တစ်ဦးသည် မားချက်စ်အဖွဲ့အစည်းသို့ ရောက်လာခဲ့သည်။
"လေဒီ လူနာပဲလ် ဒီကိုလာခဲ့တယ်လို့ငါကြားခဲ့တယ်"
"မင်းက ဘယ်သူလဲ"
"ငါက ဖယ်ဆန်ရိုဒရီယန်ပဲ။ လေဒီလူနာရဲ့ အရင်းနှီးဆုံးသူငယ်ချင်းပဲ"
ဖယ်ဆန်ရိုဒရီယန်....
ရန်သူများနှင့် မကွာခြားသောအသွင်အပြင်ဖြင့်လူသည် နာမည်တောင်းသည်အား မောက်မာသော သဘောထားဖြေလာ၍ ကပ်ပ္ပတိန်အဆင့်ရှိကြေးစားသည်မကျေမနပ်ဖြစ်မိသွားသည်။
"ငါ မင်းကိုမသိဘူး။ ဒါကြောင့် ယဉ်ယဥ်ကျေးကျေးပြောပြီး ထွက်သွားပေးပါ"
"မင်း မသိလည်းရတယ်။ငါ လူနာပဲလ်က အန်းတဲရီစ့်မားချက်စ်အဖွဲ့အစည်းနဲ့ ခရီးအတူသွားခဲ့တာကို အတည်ပြုပြီးသား။ကြည့်ရတာ ခင်မင်ရင်းနှီးမှုတစ်ခုကိုတည်ဆောက်ခဲ့ကြပုံပဲ"
ဖယ်ဆန်သည် လူနာကို လှည်းရထားငှား လိုက်သော သူများထံမှ အချက်အလက်များကို ရရှိခဲ့ပြီးဖြစ်သည်။ ထိုအချက်အလက်များကြောင့် သူအရမ်းအဆင်မပြေဖြစ်သွားခဲ့ရသည်။ သူ၏ အရင်းနှီးဆုံးသူငယ်ချင်းလူနာသည် ထိုလူယုတ်မာများနှင့် ခင်မင်ရင်းနှီးခဲ့သော ကြောင့်ဖြစ်သည်။
"အဲဒါနဲ့ ပတ်သက်ပြီး ဘာမှမသိဘူး။ ဒါကြောင့် ပြောစရာဒါအကုန်ပဲဆို ထွက်သွားပါတော့။ မြို့စားငယ်ရိုဒရီယန်"
ကြေးစားသမားသည်လိုအပ်ပါက သူ့ကို အတင်းမောင်းထုတ်မည်ဆိုတာကို ပြသည့်အနေဖြင့် အင်္ကျီလက်တွေကို လှန်တင်လိုက်သည်။ စကားစမြည်ပြောဆိုနေကြသည့် အခြားသော ကြေးစားအလုပ်သမားများသည်လည်း ခါးပေါ်ရှိဓားရှည်များပေါ်လက်တင်ကာ ရန်လိုမှုကို ထုတ်ဖော်ပြသလာခဲ့ကြသည်။
လူနာသည်လည်း မားချက်စ်အစည်းအရုံးတွင် ဖယ်ဆန်အား နွေးထွေးစွာ ကြိုဆိုကြမည်မဟုတ်တာမျှော်လင့်ထားသော်လည်း မြို့စားကြီး၏ဆက်ခံသူအား ဤကဲ့သို့ပွင့်ပွင့်လင်းလင်း ထိပ်တိုက်ရင်ဆိုင်ကြမည်ဟု သူမသိမှာမဟုတ်ပေ။
လူနာကို ပြန်ခေါ်ဖို့အတွက်မည်သည့်အရာမဆိုစွန့လွှတ်နိုင်သလိုတွန်းအားတစ်ခုဖြင့် ဖယ်ဆန်သည်လည်း သူ့ဓားပေါ်ကိုလက်တင်လိုက်သည်။
"မင်းတို့ ဘာလုပ်နေကြတာလဲ"
ထိုအချိန်တွင် စာရွက်စာတမ်းများ စီစဉ်ပြီးနောက် အောက်ထပ်သို့ ဆင်းလာသော ဆံပင်ရွှေရောင်ဖြင့် အမျိုးသားတစ်ဦးသည် ထူးဆန်းသော အခြေအနေအားတွေ့လိုက်ရပြီး အေးစက်သော အသံဖြင့် မေးလိုက်သည်-
"ဒီမှာဘာတွေဖြစ်နေကြတာလဲ"
ကြေးစားသမားများသည် ထိုလူအနားလျင်မြန်စွာ ဝိုင်းဖွဲ့လိုက်ကြသည်။
"ခေါင်းဆောင်! ဒီမှာ ဖိတ်မခေါ်ထားတဲ့ ဧည့်သည်တစ်ယောက် ရောက်နေတယ်"
"…ဖယ်ဆန် ရိုဒရီယန်"
ပန်းတစ်ပွင့်လို လူနာအား ပြုံးပြခဲ့ဖူးသော မျက်နှာလှလှလေးသည် ယခုအခါ မျက်နှာသေတစ်ခုလို ဖြစ်နေပြီးအမူအရာများ အေးခဲနေခဲ့သည်။ ဖယ်ဆန်ဘက်ကလည်း ရန်လိုမှုကို ပြတ်ပြတ်သားသား ပြန်လည်တုံ့ပြန်ခဲ့သည်။
"အန်းသန့်စ်ဗင်းဆင့်... မတွေ့ရတာကြာပြီပဲ"
"မင်း ဘာလို့ ဒီကိုရောက်နေလာတာလဲ။ မင်းသေဖို့အတွက်လာတာဆိုရင်တော့ နေရာမှန်ကိုရောက်လာတာပဲ။ ဒါပေမယ့် ကိုယ့်ကိုကိုယ် တန်ဖိုးအရှိဆုံးလို့ ယူဆတဲ့ မင်းက ဒီနေရာကို ကိုယ့်ခြေထောက်နဲ့ကိုယ်သေဖို့ လာခဲ့တာလို့ ဘာကြောင့်များလဲလို့တော့ငါသိချင်မိသား...."
"ငါ ဒီကိုတစ်ယောက်ယောက် လာရှာတာ။ သူမကိုမသိဟန်ဆောင်နေတဲ့ မင်းရဲ့ လက်အောက်ငယ်သားတွေကို ငါဖမ်းပြီးသတ်မိတော့မလို့"
ဖယ်ဆန်၏ တုံ့ပြန်မှုကြောင့် အန်းသန့်စ်၏နှုတ်ခမ်းထက်မှရွဲ့ပြုံးသည်မဖုံးဖိနိုင်စွာထွက်လာခဲ့သည်။
"ဟင်း..ဒီကိုလာဖို့ကိုဒီလောက်ထိတောင်ဖြစ်နေတယ်ဆိုတော့ လူနာက မင်းအတွက် အဖိုးတန်တဲ့ပုံပဲ"
"သူမကို လူနာလို့လွယ်လွယ်မခေါ်နဲ့။ မင်းမှာ သူမကို ဒီလိုခေါ်ပိုင်ခွင့်မရှိဘူး!"
"ဒါပေမယ့် ငါ့ကို သူမက ခွင့်ပြုထားတယ်လေ။အဲ့တော့ မင်းနဲ့ဘာမှမဆိုင်ဘူး"
"... လူနာက မင်းကို ခွင့်ပြုထားတာလား"
ဖယ်ဆန်သည် အန်းသန့်စ်ကို စူးရှသောအကြည့်များဖြင့်ကြည့်လာခဲ့သည်။
ဒါက သူငယ်ချင်းကို ရိုးရိုးသားသား တွေးထားသောသူတစ်ယောက်၏ပုံစံအပေါ်ထားသည့်စိတ်မဟုတ်တာကြောင့် အန်းသန့်စ်က စကားအနည်းငယ်ကို ထပ်ဖြည့်ပြောလိုက်သည်။
"ဒါပေါ့။ ငါတို့က ညပေါင်းများစွာ အတူဖြတ်သန်းခဲ့ကြတာလေ"
ထိုစကားသည်နားလည်မှုလွဲစေနိုင်ကာမရှင်းမလင်းဖြစ်သော်လည်း အလိမ်အညာတော့မဟုတ်နေပေ။
မြို့တော်မှ ဗင်းဆင့်နယ်မြေသို့ သွားခဲ့သည့် ရက်အနည်းငယ်အတွင်း သူတို့သည် 'မတူညီသော' ရထားတွဲနှင့် 'ခြားနားသော' အခန်းတွင် အတူညအိပ်ခဲ့ကြသည်။
"ဘာ...ဘာ! ညတွေဟုတ်လား!”
ယခုအချိန်အထိ ရန်လိုမှုဖြင့် တုံ့ပြန်ခဲ့သော ဖယ်ဆန်သည် အလွန်အံသြသွားပုံရသည်။
ယင်းကြောင့်ပင် အန်းသန့်စ်၏ နူးညံ့သော မျက်ခုံးများကို တွန့်ချိုးသွားစေခဲ့သည်။သူတို့နှစ်ယောက်ကြားရှိ အဆင်မပြေသော ဆက်ဆံရေးကြောင့် ဆုံတွေ့လိုက်တိုင်း ရန်စကားစမြည်ပြောဖြစ်ကြပေမယ့် ဖယ်ဆန်၏ဒီလို ထိတ်လန့်တုန်လှုပ်တဲ့ အမူအရာမျိုးက ပထမဆုံးပင်။
"ဘယ်လိုမှမဖြစ်နိုင်ဘူး..."
ထိုအချိန်တွင် ဖယ်ဆန်သည် ဆိုင်ယာ၏ သူငယ်ချင်းများ ပြောခဲ့ကြသော စကားများကို ပြန်သတိရလာခဲ့သည်။ အန်းသန့်ဗင်းဆင့်ကိုတွဲခြင်းက သူ့ထက်ပိုကောင်းသည်ဟု လူနာပြောခဲ့သောစကားများဖြစ်သည်။ ဒါကအမှန်တော့ မဖြစ်နိုင်ဘူး။ ဒီတိုင်း အခြေအမြစ်မရှိဘဲ ပြောကြသည့်စကားများသာဖြစ်သည်ဟု သူထင်ခဲ့သည်။ဒါပေမယ့် ဒါကအမှန်တွေဆိုရင်ရော။
ဖယ်ဆန်သည် မျက်နှာကို လက်ဖဝါးဖြင့် သပ်လိုက်ကာ တုန်လှုပ်သော အကြည့်များဖြင့် ထပ်မေးလိုက်သည်။
"ဒါဆို လူနာက မင်းအပေါ် ခံစားချက်ရှိနေတာလား။ မင်းတို့ နှစ်ယောက် ဘယ်တုန်းက စတွေ့တာလဲ!! မင်း ခွေးသူတောင်းစားကောင်!"
ဒီတစ်ကြိမ်မှာတော့ အန်းသန့်စ်သည် ခေါင်းကိုက်ရသောသူဖြစ်လာခဲ့သည်။
ဒါက ဘာအဓိပ္ပာယ် မရှိတဲ့စကားလဲ။ သူသည် ဖယ်ဆန်၏စကားများအလယ်တွင် အိပ်ပျော်သွားမိပြီး စာကြောင်းတစ်ဝက်လောက်မကြားလိုက်ရသလိုမျိုး ရုတ်တရက် ခံစားမိလာသည်။
ဖယ်ဆန်၏ မေးခွန်းကြောင့် ထိန်းမရသော ရှုပ်ထွေးမှုများဖြင့် အန်းသန့်စ် သည် လက်ကိုပိုက်ကာပြန်ဖြေလိုက်သည်။
"လူနာက ငါ့အပေါ် ခံစားချက်ရှိတယ်လို့ ပြောခဲ့တာလား။ ဘယ်တုန်းကလဲ"
"အန်းသန့်စ်ဗင်းဆန့်၊ မင်းက သူမကိုရည်ရွယ်ချက်ရှိရှိနဲ့ ဗင်းဆင့်နယ်မြေကိုခေါ်ခဲ့တာမလား။ သူမက မင်းအပေါ်ခံစားချက်တွေရှိတာကြောင့်လား။သူမနဲ့အတူအိပ်ခဲ့တာလား!"
ဖယ်ဆန်သည် သူ၏မေးခွန်းကိုမဖြေဘဲထပ်မေးလာပြန်သည်။
'လုပ်ပြန်ပြီ။ သူများပြောတာကို နားမထောင်တဲ့ မျိုးမစစ်အရူးကောင်။ ဒါကြောင့်ပဲ သူက ဒီခွေးမသားနဲ့ စကားမပြောချင်တာ'
ဖယ်ဆန်တွင် သူ့ကိုယ်ပိုင် စည်းမျဥ်းစည်းကမ်းများနှင့်စံနှုန်းများရှိပြီး သူ့ကိုယ်ပိုင် အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကိုပဲအမှန်ယူဆကာ တခြားသူတွေ၏ စကားလုံးများကို မကြားချင်ယောင်ဆောင်တတ်သော အလေ့အထရှိပေသည်။
အဲဒါကလည်း တစ်ခါတလေတောင် မဟုတ်ဘဲ အချိန်တိုင်းလိုလိုပင်။ သူသည် ဘာကိုပဲပြောနေပါစေ ထိုအရာကသာအကြွင်းမဲ့ အမှန်တရားဟု လက်ကိုင်ထားပြီးမျက်နှာပြောင်တိုက်ထုတ်ဖော်ပြောနိုင်သောအရည်အချင်းရှိပေသည်။
"အန်းသန့်စ်! မင်း နတ်ဆိုးလိုကောင်... လူနာလို အပြစ်ကင်းစင်တဲ့ မိန်းကလေးကို မင်းဘာလုပ်ခဲ့တာလဲ!"
အခုလိုမျိုးပေါ့...
"မင်းက နားမကြားတဲ့ ခွေးလားဟမ်။မင်းဒီထက်ပိုပြီး မဟုတ်တာတွေပြောနေမယ်ဆိုရင် ထွက်သွားတော့"
ထိုကဲ့သို့ပြောပြီးနောက် အန်းသန့်စ်သည် ရုတ်တရက် ခွေးအတွက် စိတ်မကောင်းဖြစ်မိသွားသည်။ ခွေးများပင်လျှင် အတိုင်းအတာတစ်ခုအထိ နားလည်နိုင်သော်လည်း ဖယ်ဆန်ကမူ မလုပ်နိုင်ပေ။
"မင်း လူနာကို ပြန်မလွှတ်မချင်း ငါ ဒီနားကနေ ခြေတစ်လှမ်းမှ မခွာဘူး!"
ဖယ်ဆန်သည် သူ့ဓားကို ဆွဲထုတ်လိုက်သည်။အန်းသန့်စ်က စိတ်အနှောင့်အယှက်ဖြစ်သွားကာ ဖယ်ဆန်ကို ကော်လာကနေဆွဲပြီး လွှင့်ပစ်လိုက်ရန် စဉ်းစားခဲ့သော်လည်း ရုတ်တရက် နည်းလမ်းတစ်ခုပ အမြန်ထွက်လာခဲ့သည်။
"သူမ ဒီမှာ မရှိဘူး။ဒါကြောင့် ထွက်သွားတော့"
"ဒီမှာမဟုတ်ဘူးလား..."
"ဟုတ်တယ်။သူမဆီကတစ်ခုခုရနေသလိုမျိုး သူမကို ငါကသိမ်းထားလိမ့်မယ်လို့ဘာလို့ထင်နေတာလဲ"
အန်းသန့်စ်သည်အတော်လေး နာခံမှုရှိစွာ အဖြေပေးလာခဲ့တာကြောင့် တိုက်ခိုက်ရန်ပြင်နေကြသော ကြေးစားသမားများသည် အံ့အားသင့်သွားခဲ့ကြသည်။ လူနာက ဒီမှာ မရှိဘူးဟု ကြားရသောကြောင့် ဖယ်ဆန်သည် အံကြိတ်ပြီး ထပ်မေးလိုက်သည်။
"ဒါဆို မင်း သူ့ကို ဘယ်မှာ ဝှက်ထားတာလဲ!"
"လုရှန်မှာ"
"...လုရှန်"
ဒါက မမျှော်လင့်ထားသော နာမည်တစ်ခုပင်။ လုရှန်သည် ဗင်းဆန့်နယ်မြေမှ ရောက်ရန် ရထားဖြင့် အနည်းဆုံး နှစ်ပတ်ခန့် အချိန်ယူရသော ဝေးလံသည့် အပန်းဖြေမြို့ ဖြစ်သည်။ ထိုအချိန်မှ ကြေးစားသမားများသည် အန်းသန့်စ်၏ ရည်ရွယ်ချက်ကို နားလည်သွားကြပြီးစွက်ဖက်ပြောလာကြကာ သူတို့၏မျက်နှာများတွင် မယုံကြည်မှုများချိတ်ဆွဲလိုက်ကြသည်။
"ခေါင်းဆောင်!ဘာလို့ပြောပြလိုက်တာလဲ!"
"ဒါက လျှို့ဝှက်ချက်လို့ လေဒီပဲလ်က ပြောခဲ့တယ်လေ!"
"ဟုတ်တယ်။သူမက အနားယူချင်လို့ အဝေးကို ထွက်သွားချင်တယ်လို့ ပြောခဲ့တယ်လေ!"
လေထုသည် အတော်လေး အဆင်မပြေသောအခြေအနေတစ်ခုဖြစ်လာကာ ဖယ်ဆန်၏မျက်လုံးများသည် လျင်မြန်စွာ မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားသည်။
"ကိစ္စမရှိဘူး။ သူမက လုရှန်မှာ ခဏနားပြီးနောက်မြို့သို့ဆက်သွားမယ်လို့ပြောခဲ့တာ။သူ အခုနေနောက်ကလိုက်သွားရင်တောင်မှ သူမနဲ့မတွေ့နိုင်တော့ဘူး"
သူ့စကားများသည် ယုံကြည်ချင်စရာကောင်းနေသော်လည်း ပြဿနာတစ်ခုရှိခဲ့သည်။
"...ဒါက အဓိပ္ပါယ်မရှိဘူး! လူနာမှာအဲ့လောက်ပိုက်ဆံရှိမှာ မဟုတ်ဘူး"
ထိုပြဿနာမှာ ဖယ်ဆန်သည် လူနာ ၏ငွေကြေးအခြေအနေကိုကောင်းစွာသိသောကြောင့်ဖြစ်သည်။
လုရှန်သည် မြို့တော်နှင့် အတော်ပင်ဝေးကွာသော မြို့ဖြစ်ကာ ကမ်းရိုးတန်း အပန်းဖြေမြို့ ဖြစ်သောကြောင့် ရေနှင့်နီးပြီး နေထိုင်မှု စရိတ်များမြင့်မားသည်။ သူမလက်ထဲရှိသမျှ ပိုက်ဆံတွေကို ယူသွားရင် သွားလို့ရသော်လည်း လူနာ၏ သဘာဝအတိုင်းဆို ခြွေတာတတ်သောကြောင့်မဖြစ်နိုင်ပေ။
လူနာသည် ပဲလ်နယ်မြေသို့ အဘယ်ကြောင့် မကြောက်မရွံ့လာခဲ့ရသည်ကို အန်းသန့်စ်သည် အခုမှပင် နားလည်ခဲ့ရသည်။သို့တိုင်အောင် ဖယ်ဆန်သည် မင်းမျိုးမင်းနွယ်တစ်ဦးဖြစ်သော်လည်း သူမတွင် ငွေမရှိဟု သူ၏အနီးစပ်ဆုံးမိတ်ဆွေတစ်ဦးအကြောင်းအားအလွယ်တကူ ပြောခဲ့ပေသည်။
သူကိုယ်တိုင်က သူမနှင့်ရင်းနှီးသော သူငယ်ချင်းတစ်ယောက်ဖြစ်သော်လည်း သူမတွင် ပိုက်ဆံမရှိကြောင်းကို လွယ်လင့်တကူထုတ်ပြောခဲ့ကာ ထိုသို့ပြောခြင်းနှင့်ပတ်သက်၍ တစ်ဖက်လူ မည်သို့ခံစားရမည်ကိုသူဂရုမစိုက်ပေ။
ထို့ကြောင့် သူမသည် ပဲလ်နယ်မြေအတွင်းရှိ ရွှေများကို တစ်နည်းနည်းဖြင့် ထုတ်ယူရန် စွန့်စားရခြင်းဖြစ်မည်။ ကြိုတင်ငွေပေးချေရန် တောင်းဆိုရခြင်းမှာလည်း ထြိအကြောင်းရင်းများထဲမှတစ်ခုဖြစ်သည်ဟု သူထင်မိသည်။
'ဒီလောက်ရှည်ကြာအောင်လုပ်ရမယ့်ရွှေတူးခြင်းအစား ဗျူဟာမြောက် အိမ်ထောင်ရေးက ပိုကောင်းလိမ့်မယ်'
ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ အဆင်ပြေသောအိမ်ထောင်ရေးသည် ဆင်းရဲတွင်းမှလွတ်မြောက်ရန် အကောင်းဆုံးနည်းလမ်းဖြစ်ကာ အလွယ်ဆုံးနည်းလမ်းလည်းဖြစ်ပေသည်။
သို့သော်လည်း သူမသည် ဘေးနားတွင် မြို့စားကြီး၏အမွေဆက်ခံသူရှိနေတာတောင်မှ ရွှေရှိသည့်နေရာကိုရှာပြီး သူမလက်နှင့်ကိုယ်တိုင်တူးရန်ရွေးချယ်ခဲ့သည်။
ဖယ်ဆန်ကို သူမ ဘယ်လောက်မုန်းလိုက်လဲဆိုတာသိနိုင်သည်။
ရုတ်တရက် ခင်မင်ရင်းနှီးမှုနှင့်အတူ သနားစိတ်တို့က ပေါ်လာခဲ့သည်။ ကျေးဇူးတင်စရာကောင်းစွာ ဖယ်ဆန်၏ သောင်းကျန်းမှုကြောင့် လူနာအပေါ်ထားသည့် အန်းသန့်စ်၏ စိတ်မှုသည် မထင်မှတ်ဘဲ တိုးလာခဲ့သည်။
"မင်းလို အမှိုက်တွေနဲ့ စကားဆက်မများချင်တော့ဘူး"
"…!"
လွန်စွာစိတ်မပျော်မရွှင်ဖြစ်လာသဖြင့် အန်းသန့်စ်သည် ဖယ်ဆန်ထုတ်ထားခဲ့သောဓားကို လျင်မြန်စွာ လုယူလိုက်သည်။ အားဖြည့်မှော်ပညာဖြင့် ဆန်းကြယ်စွာ ဖန်တီးထားသော လှပသောဓားသည် သူ့လက်ထဲတွင် အံဝင်ခွင်ကျဖြစ်လာခဲ့သည်။
ဖြောင်း-
ရိုဒရီယန်မြို့စားမျိုးဆက်ပေါင်းများစွာမှ ဆင်းသက်လာခဲ့သောထိုဓားသည် နဂါး၏အစွယ်မှပြုလုပ်ထားခြင်းဖြစ်ပြီး မည်သို့သောအခါမှမချိုးနိုင်သောဒဏ္ဍာရီတစ်ခုရှိသည်။
သို့သော်လည်း အန်းသန့်စ်သည် ပြင်းပြင်းထန်ထန် အားစိုက်ထုတ်ဓားကို တစ်ဝက်ကျိုးသွားစေခဲ့သည်။
"…!"
"မင်း! မ...မကောင်းဆိုးဝါး"
ဖယ်ဆန်၏ နောက်လိုက်ကိုယ်ရံတော်များသည်လည်း ထိတ်လန့်တုန်လှုပ်သွားကြကာတံတွေးများမျိုချလိုက်ကြပြီး ဘီစကစ်ကို ချိုးသလိုမျိုး ဓားအားအေးအေးဆေးဆေး သက်တောင့်သက်သာချိုးလိုက်သော အန်းသန့်စ်ဗင်းဆင်းအားကြောက်လန့်သွားကြသည်။ အန်းသန့်စ်သည် ဖယ်ဆန်၏ခြေရင်း၌ကျိုးနေသောဓားကိုပစ်ချလိုက်ပြီး အေးစက်စက်အကြည့်ဖြင့်ခြိမ်းခြောက်လိုက်သည်။
"ဓားကို အရင်ဆွဲထုတ်ဖို့ရွေးချယ်ခဲ့တာက မင်းပဲ။ဒါကြောင့် ဒီနေ့တော့ဒီလောက်ပဲ။ နောက်တစ်ခါကျရင်တော့ မင်းရဲ့လည်ပင်းနဲ့ ခန္ဓာကိုယ်ကို နှစ်ခြမ်းခွဲပစ်မှာ။ဒါကြောင့် အခုချက်ခြင်း ငါ့မျက်စိရှေ့ကနေပျောက်သွားတော့"
"မင်း...မင်း!"
အန်းသန့်စ်၏သတိပေးချက်သည် အစစ်အမှန်ဖြစ်ကြောင်းသဘောပေါက်သဖြင့် ဖယ်ဆန်သည် ကျိုးနေသောဓားကို အမြန်ဆွဲယူကာ အခင်းဖြစ်ပွားရာနေရာမှ အမြန်ပြန်ဆုတ်ခွာခဲ့သည်။ သူ့လုပ်ရပ်များသည် ဗီလိန်တစ်ယောက်ဆီမှ ရှုံးနိမ့်သွားကာ ထွက်ပြေးသွားသော ဇာတ်ဆောင်တစ်ယောက်၏ လုပ်ရပ်နဲ့ပင်တူနေသည်။ အန်းသန့်စ်သည် တိုးတိုးလေး ညီးညူလိုက်သည်။ ကောလဟာလများက ပြင်ပတွင်ပျံ့နှံ့သွားမည်ကို သူသိပေသည်။
"သူက ခေါင်းဆောင်ကို မကောင်းဆိုးဝါးလို့ခေါ်သွားခဲ့တာလား! အဲ့မျိုးမစစ်အရူးကောင်ကတော့! ခေါင်းဆောင်... ကျွန်တော်တို့က သူ့နောက်ကိုလိုက်ပြီး သူ့လျှာကိုဖြတ်ပစ်လိုက်ရမလား"
"မလိုဘူး။အဲ့ဒီအစား သူ့ရထားကို ဖြတ်လိုက်။ သူ့ကို ဘယ်မှ မသွားစေနဲ့။ ဗင်းဆင့်နယ်မြေက ရထားအားလုံးကို သူသုံးလို့မရအောင်ငှားထားလိုက်"
အန်းသန့်စ်၏ခွင့်ပြုချက်ပေးလိုက်သည်နှင့် တပြိုင်နက် ဒေါသထွက်နေသော စစ်သားများသည် ဖယ်ဆန်၏နောက်သို့ စိတ်အားထက်သန်စွာ လိုက်သွားခဲ့ကြသည်။
"မြို့တော်ကိုသွားဖို့ ရထားတစ်စီး ပြင်ဆင်လိုက်"
"ခေါင်းဆောင် ဘယ်သွားမလို့လဲ"
"အင်း... အရေးကြီးတဲ့ ဧည့်သည်နဲ့ ပူပေါင်းဖို့ လိုတာတစ်ခုရှိလို့။ ဖယ်ဆန်ပြောတာကိုလည်း စူစမ်းချင်လို့"
သူစူးစမ်းချင်သည်ကတော့ရှင်းပေသည်။ လူနာသည် သူ့အားဘယ်သူလဲဆိုတာတောင် မသိသော်လည်း လူများက သူမသည်သူ့ကို စိတ်ဝင်စားနေသည်ဟု အဘယ်ကြောင့်ပြောကြသလဲဆိုတာကိုပင်။
ဖယ်တန်၏ပြောကြားချက်များအရ နားလည်မှုလွဲမှားခြင်းနှင့် အထင်အမြင်လွဲမှားမှုများက ရောထွေးနေမည်ဟု သူထင်တာကြောင့် မတတ်နိုင်ဘဲ ၎င်းကို တစ်နည်းနည်းဖြင့် အတည်ပြုချင်ခဲ့သည်။
TK Team