Chapter 10
Viewers 686

> ဇာတ်လိုက်လား? ငါသူ့ကို မလိုချင်ပါဘူး > Ch 10


မြို့တော်ကိုရောက်သည်နှင့် လူနာသည် ဘဏ်တစ်ခုကို အရင်ရှာလိုက်သည်။ သူမသည် ထိုနေရာတွင် ငွေပမာဏ တစ်ဝက်ကို အပ်နှံပြီး ကျန်တစ်ဝက်ကို ချက်ချင်းအသုံးပြုနိုင်ရန်အကြွေစေ့ ချက်လက်မှတ်အသေးစားများဖြင့် လဲလှယ်ခဲ့သည်။


သေချာသည်က သူမသည် ထိုအကြောင်းနှင့်ပတ်သက်၍ အထူးကောင်းမွန်တယ်တယ်ဟုတော့ မခံစားရပေ။ ပဲလ်မြို့စားမိသားစု ဆင်းရဲသည်ကို အံ့ဩစရာမလိုအောင်လူတိုင်းသိကြပေသည်။


လူနာသည် ထိုမျှများပြားလှသော ငွေပမာဏများအား လဲလှယ်ရန် ရုတ်တရက် တောင်းဆိုလာသောအခါတွင် ဘဏ်ဝန်ထမ်းက သူမကို သံသယရှိသော မျက်လုံးများဖြင့်ကြည့်လာခဲ့သည်။


"…ဒီ ချက်လက်မှတ် ပမာဏကို ဘယ်က ရလာတာလဲ"


ဝန်ထမ်း၏သံသယရှိသောအပြုအမူကြောင့် လူနာသည်ဒေါသထွက်လုနီးပါးဖြစ်ခဲ့သော်လည်း ပြန်ထိန်းလိုက်၍ တည်ငြိမ်စွာပဲဘဏ်ဝန်ထမ်းကို ပြောင်းလဲရန် တောင်းဆိုခဲ့သည်။


ဘဏ်၌ချက်လက်မှတ်များ လဲလှယ်ခြင်းအတွက်လည်း အခကြေးငွေ ရှိပြီး ထိုအခကြေးငွေသည် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို ထင်ဟပ်စေမည်ဖြစ်သည်။ ထို့ကြောင့် လူနာအား ကူညီရန် အစပိုင်းတွင် တာဝန်ပေးအပ်ခြင်းခံရသော ဘဏ်ဝန်ထမ်းနေရာကိုအစားအသစ်ထိုးခန့်အပ်လိုက်သောအခါ ဝန်ထမ်းအသစ်သည်အခြေအနေကိုသေချာတွေးတောနိုင်ခဲ့ပြီး ယဉ်ကျေးသိမ်မွေ့စွာ ပြုံးပြုံးရွှင်ရွှင်ဖြင့်သူ၏ အလုပ်တာဝန်ကို ထိရောက်စွာ ကိုင်တွယ်ခဲ့သည်။


'ကဲ!အခုတော့ ငါ ဒီချက်လက်မှတ်တွေနဲ့ဆိုင်ယာရဲ့မျက်နှာမှာ ပစ်ပေါက်ဖို့ပဲလိုတော့တယ်'


ထိုအကြောင်းကို စိတ်ကူးယဉ်လိုက်ရုံနဲ့တင် သူမ နှလုံးသားတစ်ခုလုံးကို ရွှင်လန်းစေပေသည်။သူမသည် ရထားပေါ်ကိုတက်လိုက်ရင်း ပျော်ရွှင်စွာ ပြုံးကာထိုင်လိုက်ချိန်တွင် ရထားထိန်းထိုင်ခုံတွင် ထိုင်နေသော ကြေးစားအလုပ်သမားတစ်ဦးမှ မေးလာခဲ့သည်-


"အခု ဂါဝန်တွေ သွားဝယ်မှာလား၊လေဒီ"


"ဂါဝန်လား..."


ရုတ်တရက်မေးခွန်းကြောင့် အံ့အားသင့်သွားကာ လူနာသည် ခေါင်းကို စောင်းလိုက်သည်။ကြေးစားအလုပ်သမားက ပြုံးစစဖြင့် ပြန်ဖြေလာခဲ့သည်။


"အိုး မဟုတ်ဘူးလား။လေဒီ့ရဲ့ အဝတ်အစားတွေက ဒီလိုအေးတဲ့ရာသီအတွက် အရမ်းပါးလွန်းတယ်။ လေဒီက ဂါဝန် ဒါမှမဟုတ် ကုတ်အင်္ကျီတစ်ထည်ဝယ်ဖို့ စီစဉ်နေမယ်လို့ထင်လိုက်တာ"


သူ့စကားကြားသည်နှင့် လူနာသည်သူမကိုယ်ပိုင် ၀တ်စုံကို စစ်ဆေးလိုက်သည်။ ချမ်းအေးသော ရာသီဥတုနဲ့ မလိုက်ဖက်သည့် ပါးလွှာ ပေါ့ပါးသော ဂါဝန်ကြောင့် သူမသည် အိမ်တွင်း၌တောင် ကာဒီယန်ထပ်အင်္ကျီကို ၀တ်ခဲ့ရပေသည်။


'ဒီအ၀တ်အစားနဲ့သွားပြီးတော့ ငါပိုက်ဆံနဲ့ ဆိုင်ယာ့ကိုပစ်ပေါက်ခဲ့မိရင် တွေးကြည့်လိုက်စမ်း...ငါက မလိုအပ်တဲ့မာနအတွက်နဲ့ ပိုက်ဆံကို ဖြုန်းတီးနေတယ်လို့ လူတွေက ထင်သွားကြလောက်တယ်။သူတို့က ငါ စံအိမ်ကြီးကို ရောင်းလိုက်ပြီး ရလာတဲ့ငွေတွေလို့တောင် ယူဆရင်ယူဆကြအုံးမှာ'


စံအိမ်အားရောင်းချ၍ ပိုက်ဆံ ယူလာသလားဟု အထင်အမြင်သေးသောအကြည့်များဖြင့်ကြည့်ကာမေးလာမည့်ဆိုင်ယာ၏မျက်လုံးများကို တွေးမိသွားရင်း ရုတ်တရက် ဒေါသထွက်မိသွားသည်။


သူမ ဆိုင်ယာကဲ့သို့ တောက်ပစွာ ၀တ်ဆင်သင့်သည်။


"ဟုတ်တယ် ဂါဝန်ဝယ်ကြမယ်။ စျေးဝယ်ထွက်ကြရအောင်"


"ဟုတ်ကဲ့ပါ!"


လူနာသည် ဆိုင်ယာကဲ့သို့သော မြို့စားအနွယ်ဝင်အထက်တန်းစားအမျိုးသမီးများ မကြာခဏ လည်ပတ်လေ့ရှိသော ဆိုင်ကိုပင် မဖော်ပြ‌ခဲ့သော်လည်း ကြေးစားအလုပ်သမားသည် ကိုယ်ပိုင်ဉာဏ်ဖြင့်ရထားကို ဆိုင်နေရာသို့ဦးစွာမောင်းသွားခဲ့သည်။ မားချက်စ်အစည်းအရုံးတွင် အလုပ်လုပ်သောကြောင့် သူ့တွင်အမျိုးမျိုးသော အချက်အလက်များအကြောင်း ဗဟုသုတရှိသည်ဟု ထင်ရသည်။


ဝတ်စုံဆိုင်သည် ဘဏ်နဲ့သိပ်မဝေးပေ။ ဘဏ်မှထွက်ပြီးနောက် ရထားသည် လှပသည့်အဆောက်အအုံများ ပြည့်နှက်နေသော ရောသို့ရောက်ရန် အချိန်အကြာကြီးမယလိုက်ရပေ။ ထိုနေရာသည်သူမလို အဆင့်နိမ့် မြို့စားအနွယ်ဝင်တွေ အာရုံမစိုက်နိုင်သည့် နေရာတစ်ခုပင်ဖြစ်သည်။


သူ့မတွင် ပိုက်ဆံအများကြီးရှိနေသော်လည်း သူမနှလုံးသားကမူ ချီတုံချတုံဖြစ်နေဆဲပင်။ သူမလက်ချောင်းများက မလိုအပ်ဘဲ တုန်နေမိကာယောက်ယက်ခတ်နေမိသည်။ ခဏအကြာတွင် ရထားလှည်းသည် ခမ်းနားထည်ဝါသော အဆောက်အဦးတစ်ခုရှေ့၌ ရပ်သွားခဲ့သည်။


"ကျွန်တော်တို့ရောက်ပါပြီ"


ကြေးစားအလုပ်သမားသည် လှည်းရထားလုံးတံခါးကိုညင်သာစွာဖွင့်ပေးလာကာ သနားစရာကောင်းသောဝိညာဉ်အား မရဏကမ္ဘာ၏တရားပလ္လင်သို့ ပို့ဆောင်သကဲ့သို့ သူ့လက်ကို ကမ်းလာခဲ့သည်။


'အဆင်ပြေပါတယ်။ ငါ့မှာ ပိုက်ဆံအများကြီးရှိတယ်။ စိတ်မပူနဲ့။ ငါပိုက်ဆံအများကြီးသုံးမိသွားပြီး ဘာမှမကျန်ခဲ့ရင်တောင် မနက်ဖြန်နဲ့ နောက်တစ်နေ့ကျရင် ဒီထက်များတဲ့ပိုက်ဆံပိုရလာမှာ'


တကယ်တွင် သူမသည်ဒီလိုစိုးရိမ်မှုကို စိတ်ပူစရာ မလိုပေ။ ရွှေတွင်းပိုင်ဆိုင်ကြသော မြို့စားအနွယ်ဝင်မိသားစုများသည် ရှားပါးလှသည်။ ရွှေအနည်းငယ်မျှပင် ငွေကြေး ပမာဏမြောက်များစွာတန်ဖိုးရှိကာ ထိုရွှေတွင်းများကို ပိုင်ဆိုင်သူများသည် ပိုက်ဆံများကို မည်ကဲ့သို့ သုံးဖြုန်းရမည်ကို စဉ်းစားရန်ပင် လုံလောက်သော၀င်ငွေများ ရရှိခဲ့သည်။


လူနာသည် ဒါကို သတိရမိလိုက်ပြီး စိတ်ကိုပြန်ထိန်းလိုက်ကာ ကြေးစားအလုပ်သမား၏လက်ကို ဆွဲယူ၍ရထားထဲမှထွက်လာပြီး တင်းတင်းကြပ်ကြပ်ပိတ်ထားသော ဆိုင်တံခါးရှေ့၌မတ်တပ်ရပ်လိုက်သည်။သူမကိုတွေ့သည်နှင့် ခါတိုင်းတွင်ဖောက်သည်များအား လေးလေးနက်နက်ဦးညွှတ်ကာ တံခါးဖွင့်ပေးလေ့ရှိသော အထဲမှ ဝန်ထမ်းများသည် အံ့ဩနေဟန်ဖြင့် လူနာ့၏ ၀တ်စားဆင်ယင်ပုံကို အထင်သေးဟန်ကြည့်လာခဲ့ကြသည်။


"…?"


စောစောပိုင်းကမှ တည်ငြိမ်မှု ပြန်လည်ရရှိလာသည့် လူနာ၏ ယုံကြည်မှုသည် ဝန်ထမ်းများ၏ အကြည့်များအောက်တွင် တစ်ဖန် ကျဆင်းသွားခဲ့ရပြန်သည်။ တံခါးကို မဖွင့်ဘဲ စိုက်ကြည့်နေခြင်းအတွက် သူမသည် ဝန်ထမ်းများအားကြိမ်းမောင်းသင့်သော်လည်း သူမတွင် သတ္တိအလုံအလောက်မရှိပေ။


ထို့ကြောင့် နောက်တစ်ကြိမ် သူမ၏ ယုံကြည်ချက်များကို ပြန်စုဆောင်းကာ သတ္တိရှိရှိ ဝင်တော့မည့်အချိန်မှာဘဲ မမျှော်လင့်ထားသော အသံတစ်ခုသည် သူမနောက်မှ ထွက်ပေါ်လာခဲ့သည်။


"ဟင်! အဲဒါဘယ်သူကြီးလဲ။ ရာသီနဲ့မလိုက်ဖက်တဲ့ ဟောင်းနွမ်းစုတ်ပြတ်ပြီး ပျင်းစရာကောင်းတဲ့ဂါဝန်ဝတ်ထားတဲ့သူက။အဲ့တာကိုကြည့်ရတာ အရင်က တစ်နေရာရာမှာ မြင်ဖူးသလို ခံစားရတယ်"


"အို ဘုရားရေ အဲ့တာက ဟိုဆင်းရဲတဲ့ မိန်းမတော့မဟုတ်ဘူးမလား"


"ကြည့်ရတာဟုတ်တဲ့ပုံပဲ။ဒါပေမယ့် သူမမိသားစုရဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို ရောင်းစားလိုက်ရင်တောင်မှ ဒီလိုဈေးကြီးတဲ့၀တ်စုံတစ်ထည်တောင် မတတ်နိုင်တာကို သူမကဒီဆိုင်ရှေ့မှာ ဘာလုပ်နေတာလဲ"


"သူမက သခင်လေး ရိုဒရီယန်ကိုတော့ သူမအတွက်ဝယ်ပေးဖို့ မတောင်းဆိုရဲတာတော့ သေချာတယ် ဟုတ်တယ်မလား!"


"အဲ့လိုမဟုတ်ဖို့ဘဲမျှော်လင့်တယ်! အဲ့လိုသာဆိုရင် ငါသူမကို ဘယ်တော့မှ ခွင့်လွှတ်မှာမဟုတ်ဘူး!"


ကျေးဇူးတင်စွာဖြင့် သူမ၏ဆင်းရဲမွဲတေမှုအကြောင်းကို မထီမဲ့မြင်ပြု လှောင်ပြောင်ပြောဆိုနေကြသည့်အမျိုးသမီးများကြောင့် ပဲစေ့အရွယ်အထိ ကျုံ့သွားသည့် လူနာ၏ ယုံကြည်မှုများမှာ ရုတ်တရက် ပြန်လည်ထကြွလာပြီး သူမအား သတ္တိအသစ်များကို ဖြည့်ပေးလာခဲ့သည်။


လူနာသည် နောက်လှည့်ကြည့်လိုက်ကာ သူမကို ဆက်လက်လှောင်ပြောင်နေကြသော ထိုအမျိုးသမီးများ၏ မျက်နှာကို စစ်ဆေးလိုက်သည်။ သေချာတာပေါ့ သူတို့သည် ဘယ်ရွန်စံအိမ်သို့လာရောက်ပြီး မောက်မာစွာပြုမူခဲ့သောမိန်းမပျိုများဖြစ်ကြောင်း ထင်ရှားလှသည်။


'ဟမ့် ငွေနည်းနည်းရှိတာနဲ့ လူတွေကို လိုက်နှိမ့်ချဖို့ သူတို့ဘယ်လိုတောင် လုပ်ရဲတာလဲ'


သူတို့သည် ငွေလေးနည်းနည်းရှိတာနှင့် ကိုယ်ပိုင်တန်ဖိုးကိုပြင်းထန်စွာတန်ဖိုးဖြတ်ကြသူများဖြစ်သောကြောင့် လူနာသည် သူမ၏ပိုက်ဆံအားလုံး အကုန်သုံး၍ပင် ထိုမိန်းမများအားထုတ်ဖော်ပြသရန် လိုအပ်ကြောင်း ခံစားခဲ့ရသည်။


တစ်ဖန် ဆိုင်ဘက်ကိုပြန်လှည့်ကြည့်လိုက်ပြီး လူနာသည် အံ့အား‌သင့်နေသေးသော ဆိုင်ထဲမှဝန်ထမ်းကိုပြတ်ပြတ်သားသား မျက်နှာအမူအရာဖြင့် အမိန့်ပေးလိုက်သည်။


"တံခါးဖွင့်ကြစမ်း! ဒီဆိုင်ထဲမှာ ရှိသမျှ၀တ်စုံတွေအကုန် ငါဝယ်မယ်"


"…"


လူနာ၏ ထုတ်ဖော်ပြောဆိုမှုကြောင့် ပတ်ဝန်းကျင်သည်ခဏတာမျှ တိတ်ဆိတ်သွားခဲ့သည်။


'ဟုတ်ကဲ့ နားလည်ပါပြီ' ဟုဖြေမယ့်အစား ဆိုင်ဝန်ထမ်းများသည် ဘာကိုကြားလိုက်ရတာဟုမေးနေသလိုမျိုး လူနာအား အံ့သြနေသောအမူအရာများဖြင့် စိုက်ကြည့်နေကြသေးသည်။


ထို့နောက်တွင်တော့ .....


"...ဖူးးး"


"ဟားဟား"


ကမ္ဘာ့ ရယ်စရာအကောင်းဆုံးဟာသအသံကို ကြားလိုက်ရသကဲ့သို့ မိန်းမပျိုများသည် လူနာကို လှောင်ပြောင်ရယ်မောခဲ့ကြသည်။


"ဟေး နင် အဲ့တာကိုကြားလိုက်လား"


"ဒီမှာ။ ဒါက သာမန်လူတွေဝတ်တဲ့ နိမ့်ကျကျ အဝတ်ဆိုင်လို့များ ထင်နေတာလား ဟမ်။ နင့်လိုလူမျိုးက ဒီမှာ ဖဲကြိုးတစ်ချောင်းတောင် ဝယ်နိုင်မှာ မဟုတ်ဘူး"


"အေးပေါ့ နင်မှအ၀တ်မဝယ်ဖူးတာ ဒါမျိုးကိုနားလည်မှာမဟုတ်ဘူးပေါ့။နင်က မျိုးရိုးစဥ်ဆက်လက်ဆင့်ကမ်းခဲ့ကြတဲ့ အဝတ်စုတ်တွေပဲ ဝတ်တတ်တာလေ။ မဟုတ်ဘူးလား"


တဟားဟားဟား ရယ်မောသံများက ထပ်ပြီးပြည့်နှက်လာခဲ့ပြန်သည်။ ဒီအဖြစ်အပျက်ကို တစ်ချိန်လုံးစောင့်ကြည့်နေခဲ့ရသည့် ကြေးစားအလုပ်သမားက လူနာကို သတိထားပြီး စိုက်ကြည့်လာခဲ့သည်။ သူ့မျက်နှာက နှလုံးကိုတင်းတင်းကျပ်ကျပ် ညှစ်ခံရသလိုမျိုးတင်းမာလာခဲ့သည်။


"ဖြတ်ပြောရတာ တောင်းပန်ပါတယ် ဒါပေမယ်... ဒီကလေဒီတို့က လေဒီလူနာကို ပြောနေကြတာလား"


မဟုတ်လို့...တခြားဘယ်သူဖြစ်နိုင်မှာလဲ။


အန်းတဲရီစ့်မားချက်စ်အဖွဲ့အစည်းမှ ကြေးစားအလုပ်သမား ထိုအကြောင်းအရာသာမှန်ပါက လူနာအား ရယ်မောနေသော မိန်းမပျိုများကို ဒေါသထွက်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။


ကြေးစားအလုပ်သမားကို ငေးကြည့်ရင်း လူနာသည် သူမကြောင့် သူစိတ်ဆိုးပြီးတစ်ခုလုပ်မိမှာကို စိုးရိမ်သဖြင့် သူမသည် မထီမဲ့မြင်ပြုနေဆဲဖြစ်သော အမျိုးသမီးများထံ ပြောလိုက်သည်။


"နင်တို့က ငါ့ကိုဖဲပြားတစ်ထည်တောင် မဝယ်နိုင်ဘူးလို့ပြောနေတာလား ဒါမှမဟုတ်အလောင်းအစားလုပ်ကြမလား ငါဝတ်စုံဒါဇင်နဲ့ချီပြီး ဝယ်နိုင်တယ်ဆိုတာကိုလေ"


"ဘာ... အလောင်းအစားလား"


"ဟုတ်တယ်။ အနိုင်ရတဲ့သူက အရှုံးသမားကို ကြိုက်တာသုံးခုခိုင်းလို့ရတဲ့ အလောင်းအစား"


"အိုး...နင်က ငါတို့ကို ဒီအလောင်းအစားနဲ့တကယ်ခိုင်းချင်နေတာလား"


ရယ်မောသံများက ထပ်မံထွက်ပေါ်လာပြန်သည်။ သူမကို လုံးဝနှိမ့်ချနေသော ထိုအမျိုးသမီးများ၏ ရယ်မောသံများကြောင့် လူနာသည် အရှက်ရခြင်းထက် ကျေနပ်မှုတစ်ခုကို ခံစားခဲ့လိုက်ရသည်။


'ဟုတ်တယ်၊ ငါ့ကို ဒီလို လျှော့တွက်ထားလိုက်ကြစမ်း'


အဝတ်အထည်များသည် မည်မျှ စွဲမက်ဖွယ်ကောင်းပြီး ဈေးကြီးသည်ကို သူမ တစ်ခါမှ မသိသော်လည်း မည်မျှပင် ဈေးကြီးသည်ဖြစ်ပါစေ ရွှေတွင်းနှင့် နှိုင်းယှဉ်၍မရနိုင်ကြောင်းမှာ သေချာပေသည်။


လူနာ၏အဆိုကို အချိန်အတော်ကြာ လှောင်ပြောင်နေခဲ့ကြသော မိန်းမပျိုများသည် ခေါင်းညိတ်ကာ လက်ခံလိုက်ကြသည်။


"ကောင်းပြီလေ... ကဲ ဒီနေ့တော့ နင်ဘယ်လောက်ရူးလဲဆိုတာ နင့်ကိုယ်နင်သိလာလိမ့်မယ် ဟားဟား။ ပြီးတော့ ငါတို့နိုင်ရင် နင့်ကိုခိုင်းချင်တဲ့ဟာလည်း ရှိနေတယ်"


"ဟုတ်တယ်။ ဥပမာပြောရမယ်ဆိုရင် လာမယ့်ပါတီပွဲမှာ နင်ကလူတိုင်းအရှေ့မှာ 'ကျွန်မက လေဒီဆိုင်ယာနဲ့ မြို့စားငယ် ဖယ်ဆန်ကြား စွက်ဖက်နေပါတယ်'လို့ ဝန်ခံရမယ်"


"ဝိုး အဲ့ဒီအကြံကောင်းတယ်။ အဲ့တာက ပျော်စရာကောင်းမှာပဲ ဟားဟား။ ကြည့်ကြသေးတာပေါ့ နင့်ရဲ့ အသုံးမကျတဲ့ မာနကြောင့် နင်ဘယ်လိုအရှက်ရမလဲဆိုတာကို"


"ဘယ်သူက အရှက်ရမှာလဲဆိုတာ ငါလည်း ကြည့်ချင်မိသေးတယ်။ ဟေး မင်းမှာ စာရွက်နဲ့ ဘောပင်ရှိလား"


နောက်ဆုံး ဆိုင်ဝန်ထမ်းသည် လူနာ၏မေးခွန်းကို ပြန်ဖြေလာခဲ့ပြီး အထဲသို့ ခေါ်သွားခဲ့သည်။


"ဒီတိုင်းစိတ်ချရအောင်လို့ပါ။လေးစားရတဲ့ လေဒီတို့က နောက်မှငြင်းချင်ကြမှစိုးလို့ စာနဲ့ချရေးထားတာပိုကောင်းလိမ့်မယ်"


"ဘာ!!ဘယ်သူက ဒီလိုမျိုးလုပ်မှာလဲ"


"ဟမ့် နင်က ကိုယ့်အတွက်ကိုယ် ထောင်ချောက်ဆင်နေတာပဲ"


တကယ်ထောင်ချောက်ထဲ ဖမ်းမိသွားခဲ့ကြသည့် မိန်းမပျိုလေးများသည် သံသယမရှိဘဲ စာရွက်စာတမ်းကို ဖြည့်စွက်ကာ လက်မှတ်ထိုးခဲ့ကြသည်။ မျက်မြင်သက်သေများအဖြစ် ဆိုင်ဝန်ထမ်းများရှိခဲ့ကြပြီး စာရွက်စာတမ်းအကုန်လုံးသည် တစ်ထပ်တည်းဖြစ်ကြောင်းကိုလည်း အတည်ပြုခဲ့သည်။


စုစုပေါင်း စာရွက်ငါးရွက် မိန်းမပျိုလေးများအတွက် သုံးစောင်၊ လူနာအတွက်ကတစ်စောင်ဖြစ်ပြီး ကျန်သောတစ်စောင်မှာ ဆိုင်ထဲ သိမ်းဆည်းထားရန်ဖြစ်သည်။ မလိုက်နာပါက အခြားလူ၏ အိမ်စေအဖြစ် တစ်နှစ်တာ ထမ်းဆောင်ရမည်ဟု ထပ်လောင်းအပိုဒ်တစ်ပိုဒ်ကိုလည်း ထည့်သွင်းထားခဲ့သည်။


"နင် အ၀တ်ဆယ်စုံအတွက် တကယ်ရောအဆင်ပြေလို့လား။ တစ်စုံဆိုရင်တောင် နင့်အတွက်လုံလောက်နေပြီ"


"ဟုတ်တယ်။ ပြောရရင် နင့်ရဲ့စုတ်ပြတ်နေတဲ့စံအိမ်ကြီးကို ရောင်းလိုင်ရင်တောင်မှ ဒီဆိုင်က စျေးအနည်းဆုံး ၀တ်စုံပဲ နင်တတ်နိုင်လိမ့်မှာ"


"ခိခိ အားလုံးပဲ ကြီးကြီးမားမား ဖြစ်အောင်ဒီတိုင်းပဲထားလိုက်ရအောင်။သူမကိုဘာခိုင်းရမလဲဆိုတာ စဉ်းစားတာ ပိုကောင်းမယ်"


ရယ်မောနေကြသော အမျိုးသမီးများသည် သူတို့လူနာအားဘာခိုင်းကြမည်ကို ပျော်ရွှင်စွာ ဆွေးနွေးခဲ့ကြသည်။ လူနာသည် ထိုမိန်းမပျိုများကို သေချာကြည့်လိုက်ပြီး သူမဝတ်စုံထဲတွင် သိမ်းဆည်းထားသော ချက်လက်မှတ်များကို ထုတ်ကာ စားပွဲပေါ်သို့တင်လိုက်သည်။


"ဒါဆိုလည်း ချက်ခြင်း ပြင်လိုက်ကြတော့။ ဒီဆိုင်မှာရှိသမျှ ဈေးအကြီးဆုံး၀တ်စုံ ဆယ်စုံကို ချက်ခြင်းယူခဲ့ပေးပါ"


"…!"


လူနာကို ယခင်က လျစ်လျူရှုထားခဲ့ကြသော ဝန်ထမ်းများသည် ဘဏ်၌ လဲလှယ်ထားသော ချက်လက်မှတ်ကို အတည်ပြုပြီးကြသည့်နောက်တွင် သဘောထားပြောင်းသွားကြကာ အဝတ်အစားများကို အမြန်ယူသွားခဲ့ကြသည်။


ဝန်ထမ်းများ၏ ရုတ်တရက်သဘောထားပြောင်းလဲမှုကြောင့် တစ်ခုခုလွဲမှားနေသည်ကို သတိထားမိသွားသော မိန်းမပျိုများက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ဘာတွေဖြစ်နေလဲဟု တိုးတိုးလေး မေးလိုက်ကြသည်။ ထို့နောက် လူနာချလိုက်သော ချက်လက်မှတ်ကို အမြန်ယူကာ အစစ်ဟုတ်မဟုတ် အတည်ပြုရန် စစ်ဆေးခဲ့ကြသည်။


"...ဒါက လိမ်တာမလား"


"အခု နင်ကချက်လက်မှတ်တွေကိုတောင် အတုလုပ်နေပြီလား!"


"နင် တစ်နေရာရာကနေ ခိုးလာတာမလား..!"


ဘဏ်၌ မကြာသေးခင်ကမှ လဲလှယ်ခဲ့သော ချက်လက်မှတ်များသည် အတုဖြစ်ရန်မှာ ဘယ်လိုမှ မဖြစ်နိုင်ပေ။


လူနာသည် မယုံကြည်နိုင်သလိုကြည့်နေကြသောထိုမိန်းမပျိုများကို ပြုံးပြီး ပြန်ဖြေလိုက်သည်။


"ရွှေတွင်းရှိတဲ့လူက ဘာလို့တခြားသူရဲ့ ချက်လက်မှတ်ကို ခိုးရမှာလဲ.."


"…ရွှေတွင်းလား!!"


"နင် ပိုပြီးယုံစရာကောင်းတဲ့ဟာမျိုးနဲ့ပဲ လိမ်သင့်တယ်! ရွှေတွင်းရှိတဲ့သူတစ်ယောက်က ဘယ်လိုလုပ်အဲ့လိုပျက်စီးနေတဲ့အိမ်ကြီးမှာနေပြီးတော့ စုတ်ပြဲနေတဲ့အဝတ်အစားတွေဝတ်မှာလဲ!!"


"ဟုတ်တယ်!"


မိန်းမပျိုများသည် လူနာကို မယုံနိုင်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။ ဒေါသဖြစ်သင့်သော လူနာသည် နှုတ်ခမ်းထောင့်များကိုတွန့်ကွေးကာ အတော်ကြာနှုတ်ဆိတ်နေခဲ့ပြီးမှပြောလာခဲ့သည်။


"ကောင်းပြီလေ ဒါဆိုငါ့မှာ ရွှေတွင်းရှိမရှိကိုရော နောက်ထပ်လောင်းကြေးထပ်ကြမလား။ ဒီတစ်ခါတော့ စည်းစိမ်ဥစ္စာအကုန်လုံးကို လောင်းရင်ရောဘယ်လိုလဲ"


"ရွှေတွင်းအပြင်ကိုမှ မြို့စားအနွယ်ဝင်မိသားစုတွေရဲ့ စည်းစိမ်ဥစ္စာအားလုံးကိုပါငါရသွားရင် ငါတော့ အရမ်းအရမ်းချမ်းသာတဲ့သူ ဖြစ်လာလိမ့်မယ်ထင်တယ် အင်းးး"


ကြေးစားအလုပ်သမားသည် လူနာ၏ အမိန့်အရ တလျှောက်လုံး တိတ်ဆိတ်နေခဲ့သည်။ လူနာပြောသည်များကလိမ်ညာမှုဖြစ်နေရင်တောင်မှ သည်းခံလိုက်မည်ဟုမျှော်လင့်ထားသော်လည်း သူမ၏အပြောအဆိုများ အောက်တွင် သူသည်ကျေနပ်သွားခဲ့ရသည်။


"ဒါ...ဒါက ရယ်စရာပဲ! နင့်မှာ ရုတ်တရက် ရွှေတွင်းပေါက်လာတယ်လို့ ပြောလိုက်တာလား...!”


ထိုမှသာ မိန်းမပျိုများသည် သူတို့အမှားကို သိလိုက်ကြပြီး သူတို့၏ မျက်နှာများသည် ဖြူဖျော့သွားကြသည်။ လူနာအား မလိမ်ဖို့ပြောလာကြကာ အဖြစ်မှန်ကို ငြင်းစပြုလာကြသည်။


ရွှေတွင်းပိုင်ဆိုင်ထားသော လူနာသည် အဝတ်ဆိုင်ဝန်ထမ်းများမှ ဖော်ရွေသော အပြုံးများဖြင့် သယ်ဆောင်လာသော အချိုရည်များကို သောက်လိုက်ကာ ထိုမိန်းမပျိုလေးများအား နှလုံးသားမှလာသောအပြုံးဖြင့် ပြုံးပြလိုက်သည်။


"ကဲ ဒါဆိုနင်တို့ကို ပထမဆုံးလုပ်ခိုင်းမယ့်ဟာကို အခုကြားချင်ကြလား"



TK Team