Chapter 6
Viewers 351

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၆)

"မဟုတ်ဘူး၊ ခဏလေး နေကြပါဦး။"

တရွေ့ရွေ့ဖြင့် ချဥ်းကပ်လာသော ရဲမက်များထံသို့ ကျွန်မ လက်ယမ်းပြလိုက်ရင်း ကျွန်မရှေ့တွင် အေးဆေးတည်ငြိမ်စွာ ရပ်နေသည့် ကယ်လီယန်ကို စိုက်ကြည့်လိုက်သည်။

"ကျွန်မလည်း ဘာတစ်ခုမှ မလုပ်ရသေးဘဲနဲ့  ရှင် ဘာကြောင့် ကျွန်မကို ကန်ထုတ်ပစ်ချင်နေတာလဲ။"

ကျွန်မ၏စကားများကို ကြားရလျှင် ကယ်လီယန်က အထက်စီးလေသံဖြင့် ရယ်လိုက်သည်။

"ကောင်းပြီလေ၊ မင်းက ဘာများ လုပ်မှာလဲ။"

သူက ယုံကြည့်ချက်အပြည့်နှင့် ပြောသည်။

ထိုခဏ၌ ကျွန်မ တောင့်ခဲသွားတော့သည်။

အိုဖီလီယာက ဒီလိုမျိုးနေထိုင်ခဲ့တာလား။သူမက ထူးဆန်းတာတွေ ထပ်လုပ်ဦးမှာလား။ခိုးကြောင်ခိုးဝှက်နဲ့ ချောင်းမြောင်းတိုက်ခိုက်တတ်တဲ့ မိန်းမ ဖြစ်နေတဲ့အပြင် ဖိတ်ကြားစာတွေကို ကြားဖြတ်လုပြီး၊အိပ်ဆောင်မောင်းချဓါး ဆောင်ထားရတာနဲ့ကို မလုံလောက်သေးဘူးလား။


ကျွန်မ နားမလည်နိုင်ပေ။

"မင်း မျက်နှာကို ကြည့်ရတာတော့ မင်းကိုယ်မင်း ဘာအမှားလုပ်ထားလဲဆိုတာ မသိသေးတဲ့ပုံပဲ။"

ကယ်လီယန်က မျက်မှောင်ကြုတ်ရင်း သက်ပြင်းချလိုက်သည်။

"သိပ်မကြာသေးခင်က ကောင့်မြို့စားကတော်*အတွက် အမည်မသိ ပါဆယ်တစ်ခု ရောက်လာခဲ့တယ်။"

အမျိုးသမီးဇာတ်လိုက်

'ကောင့်မြို့စားကတော်*'ဟူသော အမည်ကို ကြားလိုက်သည်နှင့် ကျွန်မ စိတ်တထင့်ထင့် ဖြစ်လာမိသည်။

"အဲ့ဒီ ပါဆယ်ထုပ်ထဲမှာ ကောင့်မြို့စားကတော်*ကို ရည်ရွယ်ထားတဲ့ ကျိန်စာတွေ အပြည့်ပါနေတယ်။အဲ့ဒီအချိန်က အစောင့်တွေသာ ရှိမနေခဲ့ရင် ကောင့်မြို့စားကတော်*က တကယ်ပဲ ကျိန်စာမိသွားလောက်ပြီ။"

အိုး ၊ဒါက အရမ်း ...

"အဲ့ဒီအထုပ်ထဲမှာ 'မြေခွေးမ' ဆိုတဲ့ စာတစ်ကြောင်း ပါတယ်။"

ဘုရားရေ

"ဘယ်သူက ဒါကို ပို့လိုက်တာ ဖြစ်မလဲ။"

နင်ရော ဘယ်သူလို့ ထင်လဲ။

ကျွန်မလည်း နဖူးပေါ် လက်တင်ရင်း မျက်လုံးမှိတ်ထားမိသည်။

အိုဖီလီယာရေ၊ နင် ဘာဖြစ်လို့ အဆိုးရွားဆုံးကိစ္စတွေပဲ လိုက်လုပ်နေရတာလဲ။

သို့သော် ကျွန်မ သူ့ရဲ့စွပ်စွဲချက်ကို မငြင်းဆိုနိုင်ခဲ့ပေ။ကျွန်မက အိုဖီလီယာ ဖြစ်နေခဲ့သည်။

"ကျွန်မ သေချာမသိဘူး။ဘယ်သူက ဒါကို ပို့လိုက်တာလဲဆိုတာ သိချင်မိတယ်။အတော်ကို ကြောက်စရာကောင်းတဲ့လူပဲ ဖြစ်မယ်။"

ကယ်လီယန်သည် ကျွန်မ၏စကားများကြောင့် မျက်မှောင်ကြုတ်သွားပြီး သူ့ဒေါသက တစ်စက္ကန့်ပြီး တစ်စက္ကန့် ကြာလေ ပို၍ ဆိုးရွားလာခဲ့သည်။

"ကောင့်မြို့စားကတော်*ကို နောက်ထပ်တစ်ခါ ချဥ်းကပ်ရဲရင် ချဥ်းကပ်ကြည့်လိုက်။ငါ မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး။"

သူက ကြောက်လန့်နေသည့်တိုင် အိုဖီလီယာ အစစ်မဟုတ်ခဲ့သဖြင့် သည်ကိစ္စက သည်နေရာမှာတင် နိဂုံးချုပ်သွားခဲ့သည်။ကျွန်မ စကားမပြောဘဲ နေလိုက်ပြီး ကယ်လီယန်နှင့် အိုဖီလီယာ၏ ထိပ်တိုက်တွေ့ဆုံမှုနှင့် ပတ်သက်သည့် မှတ်ဥာဏ်များကို ပြန်စဥ်းစားနေမိသည်။

"ဒါပေမဲ့ ရှင်ပြောတဲ့ ချဥ်းကပ်တယ် ဆိုတာ ဘာကို ဆိုလိုချင်တာလဲ။ကျွန်မအနေနဲ့ သင့်တော်တဲ့ ကျင့်ဝတ်ထုံးတမ်းအတိုင်း လိုက်နာနေသမျှတော့ ကျွန်မ လုပ်ချင်တဲ့ အရာအားလုံးကို လုပ်ပိုင်ခွင့်ရှိမယ်လို့တော့ ထင်ထားတယ်လေ။"

ဒေါသ ထပ်မထွက်နိုင်တော့သည့်အတိုင်း ကယ်လီယန်၏မျက်နှာမှာ တဖြည်းဖြည်းနှင့် ကြောက်ရွံ့ထိတ်လန့်သည့် ပုံစံ ဖြစ်လာသည်။

"ဟယ်လို လို့လဲ လာနှုတ်ဆက်မနေနဲ့။ဘာတစ်ခုမှ ထပ်မလုပ်နဲ့။ မင်း ငါတို့အနားကို နောက်တစ်ခါ နီးနီးကပ်ကပ် ထပ်မလာနဲ့တော့။မလာခဲ့နဲ့။"

ကျွန်မ အနည်းငယ်တော့ နားလည်လာသည်။

နင် အဲ့လောက်အထိ ဖြစ်နေဖို့ မလိုပါဘူး။

သူပြောလိုက်သည့် လေးနက်မှု အတိုင်းအတာက ကျွန်မကို နည်းနည်းတော့ ဝမ်းနည်းသွားစေသည်။လူအများကြီးက ကျွန်မကို ကြည့်နေကြပြီး လူပုံအလယ်တွင် ကယ်လီယန်၏ အရှက်ခွဲခြင်း ခံလိုက်ရသော ကျွန်မကို လှောင်ရယ်နေကြတော့သည်။

မဟုတ်ဘူး၊ ငါ တကယ် စိတ်မကောင်းဖြစ်နေတာကြောင့်ပဲ။

ငါ အခုထိ ဘာတစ်ခုမှ မလုပ်ရသေးပါဘူး။

"ဒါပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် မနှုတ်ဆက်ရဘူးဆိုတာကတော့ ကျွန်မတို့အတွက် အရမ်းပြင်းထန်မနေဘူးလား။"

"အိုဖီလီယာ ရိုင်ဇန်"

ကယ်လီယန်က အံကြိတ်ထားလိုက်ပြီး ပြောသည်။

"ထွက်သွား"

အိုး ၊ကျေးဇူးပြုပြီး ၊နောက်တစ်ခါလောက်။

အဆိုပါ 'ထွက်သွား' ဆိုသည့် စကားကို ကြားရသည်နှင့် ကျွန်မ၏လည်ပင်း နောက်ဘက်၌ ဖိအားတစ်ခု ရောက်လာသလို ခံစားရသည်။ထိုသို့ ဘာကြောင့်ခံစားရသည်ကို ကျွန်မမသိဘဲ ဖြစ်နေစဥ် သူက တံခါးရှိရာဖက်သို့ ညွှန်ပြပြီး အသံကျယ်ကျယ်မြှင့်ပြောလိုက်သည်။

"မင်း ထွက်သွားဖို့ ငြင်းဆန်နေရင် ငါ မင်းကို ကန်ထုတ်ပစ်မယ်။ရဲမက်တွေ၊ဒီလို မသတီစရာကောင်းတဲ့ ရုပ်ဆိုးဆိုးမိန်းမကို ချက်ချင်း ဆွဲထုတ်ကြစမ်း။"

မသတီစရာကောင်းတဲ့ ရုပ်ဆိုးဆိုးမိန်းမ

ကယ်လီယန်၏ ပါးစပ်မှ ထိုစကားလုံးများ ထွက်ကျလာပြီးနောက် ဆိုဗက်စ်စတာက ချက်ချင်း ဝင်ပါလာခဲ့သည်။

"အရှင့်သားက ကျွန်တော့်ရဲ့ဇနီးသည်အပေါ် အရမ်းလွန်သွားပြီးလို့ ကျွန်တော် ထင်ပါတယ်။"

ဆိုဗက်စ်စတာက ထိုသို့ပြောရင်း ကျွန်မ၏ ပုခုံးကို ညင်သာစွာ ကိုင်ထားခဲ့သည်။

"အဲ့ဒီ ပါဆယ်ထုပ်က ကောင့်မြို့စားကတော်*ကို ရည်ရွယ်ပြီး ကျိန်စာတိုက်ဖို့အတွက် ပို့သည် ဖြစ်စေ၊ မပို့သည်ဖြစ်စေ ၊ပါဆယ်ကို ပို့လိုက်တဲ့သူက ဘယ်သူဘယ်ဝါဆိုတာ အရှင့်သားအနေနဲ့ သေချာပါပြီလား။"

မှန်လိုက်တာနော်

အိုဖီလီယာ၏ စိတ်ဓါတ်ကြောင့် ဖြစ်ပျက်ခဲ့သမျှ အတိတ်အကြောင်းအရာများမှာ မည်သို့ပင် ထင်ရှားသိသာသည်ဖြစ်စေ၊ ကယ်လီယန်သည် လက်ဆုပ်လက်ကိုင်ပြစရာ သက်သေမရှိဘဲ ကျွန်မအပေါ် စွပ်စွဲ၍ မရပေ။

"ကျွန်တော့်ရဲ့ဇနီးသည်ကလည်း ရိုင်ဇန်မြို့စားကြီးကတော် တစ်ဦးပါ။အရှင့်သားအနေနဲ့  ရိုင်းပြဖို့ မလိုအပ်ပါဘူး။"

ကယ်လီယန်၏ မျက်နှာမှာ ပြာနှမ်းသွားသည်။သို့သော် သူက တည်ငြိမ်အေးဆေးမှုကို ပြန်ထိန်းလိုက်ပြီး ခေါင်းငြိမ့်သည်။

"မင်းရဲ့ အဖိုးတန်ဇနီးသည်က မင်းကို ကွာရှင်းခွင့်တောင်းနေတယ်လို့ ငါကြားမိတယ်။"

ဆိုဗက်စ်စတာ၏ မျက်ခုံးများ အနည်းငယ်တွန့်သွားသည်။ အပြင်လူများ မသိနိုင်သည့် အတွင်းရေးကိစ္စကို ကယ်လီယန်က တစ်နည်းတစ်ဖုံ သိနေသည်ကို ကြည့်ရလျှင် အိမ်တော်တွင် အတွင်းသူလျှိုတစ်ယောက် ရှိနေလောက်သည်ဟု ဆိုဗက်စ်စတာ သိသွားခဲ့သည်။

ငါတို့ရောက်လာတော့မှ ကမောက်ကမတွေ ဖြစ်တော့မယ်။

ကိုယ့်နဖူးကိုယ် ရိုက်လိုက်ရင်း ကျွန်မ သက်ပြင်းချလိုက်ရသည်။

"မြို့စားကြီးက သူ့ဇနီးသည်ကို ကွာရှင်းမပေးတာ ဘာကြောင့်များလဲ။"

ကယ်လီယန်က ကျွန်မတို့နှစ်ယောက်ဖက်သို့ အထက်စီးဆန်စွာကြည့်လိုက်သည်။

"သူမရဲ့ နှလုံးသားကို တခြားလူတစ်ယောက်က ပိုင်ဆိုင်ပြီးသား ဖြစ်နေပြီပဲ။"

ငါ စောင့်စားနေတဲ့ အခိုက်အတန့်က ဒီလိုမဟုတ်ဘူး မလား။

ကျွန်မလည်း နောက်ကျောကို ဖြောင့်မတ်အောင် ပြင်လိုက်ပြီး ပခုံးကို မတ်မတ်ထားလိုက်သည်။သူ့အဖြေကို ကျွန်မ စောင့်နေသကဲ့သို့ပင်။သည်ကိစ္စက မမျှော်လင့်ဘဲ ဖြစ်လာခဲ့ပြီး ကယ်လီယန်ကလည်း ကျွန်မ သူ့ကို ချစ်နေသည်ဟု ထင်နေသည်။ကျွန်မ ဒီကိစ္စကို ကန့်ကွက်လိုက်ချင်သော်ငြား ကျွန်မ ဘာမှ မတတ်နိုင်ပေ။အတိတ်မှာ အိုဖီလီယာ လုပ်ခဲ့သည့် အရာများကို ကျွန်မအနေဖြင့် ဖျောက်ဖျက်ပစ်၍ မရပေ။

ဒါပေမဲ့ အခုကနေစပြီး ငါ့ပုံရိပ်ကို သေချာ ပိုဂရုစိုက်ရမယ်။

ကျွန်မလည်း ဆိုဗက်စ်စတာ၏လက်တစ်ဖက်ကို ဆွဲ၍ ကျွန်မ၏ ပခုံးပေါ်သို့ တင်လိုက်သည်။

"ဟန်နီ၊ ရှင် အခု ရှင့်ထိုင်ခုံမှာ သွားပြန်ထိုင်နေသင့်တယ်။"

"ကျွန်တော် သူမကို ချစ်မြတ်နိုးလို့ပဲ။"

သူက ပြောလိုက်သည်။

ကျွန်မ၏နားထဲတွင် တစီစီနှင့် အော်မြည်လာသည်။

ကယ်လီယန်နှင့် ကျွန်မ သူ့ကို တစ်ပြိုင်တည်း ကြည့်လိုက်မိသည်။ဆိုဗက်စ်စတာက ပြုံးရယ်လိုက်ပြီး ကျွန်မ၏ပခုံးကို တင်းကြပ်စွာ ပွေ့ဖက်လိုက်သည်။

"သူမကို ကွာရှင်းမပေးတာ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ကျွန်တော့်ရဲ့ဇနီးသည်အပေါ် အများကြီး ချစ်မြတ်နိုးရလို့ပါ။"

ကျွန်မတို့အနားရှိ တစီစီ မြည်သံမှာ ပိုကျယ်လောင်လာခဲ့သည်။

ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းလိုက်တဲ့ ဖွင့်ဟဝန်ခံခြင်း ပါလား။

ဒီလို မိန်းမယုတ်ရဲ့ ဘယ်နေရာကိုများ သူက ကြိုက်ရတာလဲ။

မြို့စားကြီးလည်း အမြင်ကျယ်လာပြီပဲ။

ကြည်နူးဖို့ကောင်းလိုက်တာနော်။

အမျိုးမျိုး ဝေဖန်ပြောဆိုမှုများကို ကျွန်မ ကြားနေရသည်။သို့သော် အရာတစ်ခုကတော့ ကျိန်းသေသည်။ဆိုဗက်စ်စတာ ဆိုလိုသည့်အတိုင်း လူတိုင်းက လိုက်ပြီး ထင်မြင်နေကြသည်။ ဒါပေမဲ့ သူ့ဘေးတွင် ရပ်နေသူ ကျွန်မကတော့ အရာအားလုံးကို မြင်နေရသည်။သူက ဤအခန်းထဲတွင် ရှိနေသမျှ လူတိုင်းကို လှည့်စားနိုင်သည့် မျက်နှာဖုံးတစ်ခုကို တပ်ဆင်ထားသည်။သူပြောသမျှ စကားလုံးတိုင်းက အလိမ်အညာများသာ ဖြစ်သည်။

ထို့နောက် ကျွန်မတို့ မျက်လုံးချင်း ဆုံသွားကြစဥ် သူက ကျွန်မကို မျက်စိတစ်ဖက် မှိတ်ပြလေသည်။

အိုး၊ ဒီသောက်ရူး ကတော့


TK Team
++++++++