အပိုင်း ၂၄၈
Viewers 29k

Chapter 248


"နိုင်ငံခြားသွားရမှာတဲ့လား...."


သူ အတော်လေးပျော်သွားခဲ့သည်။ သူနိုင်ငံခြားကို မရောက်ဖူးသော်လည်း နိုင်ငံခြားမှ ပညာရေး အဆင့်များမှာ မြင့်မားကြောင်း အခြားလူများပြောသည်ကို ကြားဖူးလေသည်။


ချမ်းသာသည့်လူများက သူတို့၏ကလေးများကို နိုင်ငံခြားသို့ ကျောင်းတက်ရန် ပို့ဆောင်ပေးကြသည်။ နိုင်ငံရပ်ခြားမှ ဘွဲ့ရပြီး တရုတ်သို့ပြန်လာလျှင် အလုပ်ကောင်းကောင်းတစ်ခု ရှာ၍ရပေသည်။


ထို့ကြောင့် သူ၏သမီးလေးသာ နိုင်ငံခြားတွင် ပညာသင်ပါက ပိုမို ကြီးပွားတိုးတက်လာနိုင်ပေသည်။


သို့သော် ရှအန်းကို သူ၏ပျောက်ဆုံးနေသော ညီမအဖြစ်ပြောပြီး သူတို့ကို နိုင်ငံခြားအဖြစ်ခေါ်သွားခြင်းနှင့် သမီးအရင်းကို အဒေါ်အဖြစ် ပျိုးထောင်ပေးခြင်းက အတော်လေး ထူးဆန်းသလို ခံစားရလေသည်။


"မစ္စရှအန်း... ရှောင်ရွှယ်က ခင်ဗျားကို အဒေါ်လို့ခေါ်ဖို့က‌လေ သိပ်ပြီး မသင့်တော်ဘူးလားလို့..."


ကျူးတချင်းက ရှအန်းကို ရယ်ရမလို ငိုမရလို မျက်နှာထားဖြင့် ကြည့်လေသည်။


သူ၏သမီးလေး ကြီးပြင်းလာ၍ အမှန်တရားကို သိလာခဲ့လျှင်...


"ဘာမှားတာရှိလို့လဲ... ရှောင်ရွှယ်က ငယ်ငယ်လေးရှိသေးတာလေ... ကျွန်မက သူ့ကိစ္စတွေအကုန် အသေးစိတ် ဂရုမစိုက်ပေးနိုင်ဘူး... အကယ်၍ ကျွန်မကသာ သူ့ကို သူ့ရဲ့အမေအရင်းအဖြစ် ပြောခဲ့ရင် သူ့ရဲ့ရင်ထဲမှာ အပြစ်တင်လိုစိတ်တွေရှိလာမှာပဲ.. ဘာပဲပြောပြော ကလေးတွေရဲ့ စိတ်က နုနယ်တယ်လေ..."


သူမ ထိုအကြောင်းကို အချိန်အတော်ကြာ စဉ်းစားခဲ့ရသည်။ အစက ရှောင်ရွှယ့်ကို ပြန်ခေါ်ပြီး ရှောင်ရှင်းနှင့် နဂါးနှင့်ဖီးနစ်မောင်နှမဟု လိမ်မည်ဟု တွေးခဲ့သည်။ ထိုသို့ဆိုလျှင် ရှောင်ရွှယ်နှင့် ရှောင်ရှင်းကို ပြဿနာမရှိပဲ ပျိုးထောင်ပေးနိုင်ပေလိမ့်မည်။


(နဂါးနှင့်ဖီးနစ်မောင်နှမဆိုတာ ယောက်ျားလေနဲ့ မိန်းကလေး အမြွှာနှစ်ယောက်ကိုပြောတာပါ)


သူမက ကလေးနှစ်ယောက်ကို ပျိုးထောင်နေသည်ဖြစ်ရာ နောက်တစ်ယောက်ပိုသွားပါကလည်း ပြဿနာရှိမည်မဟုတ်ပေ။


သို့သော် ရှောင်ရှင်းက sensitive ဖြစ်သော ကလေးဖြစ်ပြီး ကျူးပိုင်ရွှယ်ကလည်း ဉာဏ်ကောင်းသည့် ကလေးတစ်ယောက်ဖြစ်သည်။


သူမကိုယ်တိုင်ကလည်း ရှောင်ရှင်းနဲ့ ရှောင်ရွှယ်ကို တန်းတူဆက်ဆံပေးနိုင်မည်မဟုတ်ပေ။ မည်သို့ပင်ဆိုစေ လူများ၏နှလုံးသားမှာ ဘက်လိုက်တတ်ကြပေသည်။


သူမက ကုရှုမော့နှင့် သူမသားကို ဆက်ဆံပုံခြင်းမတူပေ။ သို့သော် ကုရှုမော့က သူမသားမဟုတ်ပေ။ ရှောင်ရွှယ်ကတော့ ကုရှုမော့နှင့်မတူဘဲ သူမ၏သမီးအရင်းလေးဖြစ်နေသည်။


သူမက မည်သူ့ကိုမှဘက်မလိုက်သလို ဟန်ဆောင်၍ရသော်လည်း ကလေးများမှာ အထိအခိုက်မခံနိုင်သူများဖြစ်ကြသည်။ မည်သူက မည်သူ့ကို ပိုကောင်းအောင် ဆက်ဆံကြောင်း သိကြပေသည်။


အထူးသဖြင့် ပိုဉာဏ်ကောင်းကာ ပိုမိုထိရှလွယ်သော ကျူးပိုင်ရွှယ်နှင့် ရှရှင်းချန်လို ကလေးမျိုးဆို ပို၍ဆိုးပေသည်။


ထို့ကြောင့် ထိုသို့ဖြစ်လာမည့်အစား သူမကိုချစ်ပေးသော်လည်း အများကြီး ဂရုမစိုက်ပေးနိုင်သည့် အဒေါ်လုပ်ရခြင်းက ပိုကောင်းပေသည်။


ကျူးတချင်းကလည်း ရှအန်းက သူမ၏သားကို ပိုချစ်ကြောင်း နားလည်ပေသည်။


သူမ၏သားက သူမနှင့်နှစ်ပေါင်းများစွာ အတူနေခဲ့၍ သားအရင်းမဟုတ်လျှင်တောင် သမီးအရင်းထက် သံယောဇဉ်ပိုရှိပေလိမ့်မည်ဖြစ်သည်။


"ကောင်းပြီလေ... ဒါပေမဲ့ နိုင်ငံခြားသွားဖို့က ကြာဦးမယ်ဆိုတော့... ကျွန်မရှောင်ရွှယ်ကို နောက်မှပြောတော့မယ်..."


"ရှောင်ရွှယ်က အရမ်းဉာဏ်ကောင်းတာ...ကျွန်တော်တော့ ခင်ဗျားရဲ့ အကြောင်းကို အခုကတည်းက ပြောရင် ပိုကောင်းမယ်ထင်တာပဲ...မဟုတ်ရင် ကျွန်တော်တို့ ဖုံးကွယ်ထားတာတွေကို သူက သိသွားမှာပဲ..."

ကျူးတချင်းက တွက်ဆကာပြောလိုက်သည်။


ရှအန်းကို သူ၏သမီးလေးကို အပိုင်မသိမ်း သွားစေချင်ပေ။ ထို့ကြောင့် သူ၏သမီးကို အမှန်တရားကို ရှာမတွေ့သွားစေချင်ပေ။


"ကောင်းပြီလေ ဒါဆိုလည်း... "

ရှအန်းက ခေါင်းငြိမ့်ပြလိုက်သည်။


အတိုချုပ်ဆွေးနွေးပြီးနောက်တွင် ကျူးတချန်းက ဟိုတယ်မှထွက်လာကာ စိတ်ကျေနပ်စွာ အိမ်ပြန်လေသည်။


ရှအန်းကလည်း ရှုထျန်းထျန်းနှင့်အတူ လေဆိပ်သို့ အပြေးသွားကာ Bမြို့သို့ ပြန်လေသည်။


...


ကျူးမိသားစုတွင်...


"တချင်း... ရှင် အမျိုးသမီးရှနဲ့ ဘာပြောခဲ့လဲ... သူက ရှောင်ရွှယ်ကို ကျွန်မတို့ဆီထားခဲ့ဖို့ သဘောတူသွားလား..."


ဝမ်လန့်ကျီက မအောင့်အီးနိုင်တော့၍ သူမယောက်ျားကို အိမ်ထဲမှ ဆွဲထုတ်ပြီး မေးမြန်းလေတော့သည်။


ပတ်ပတ်လည်တွင် မည်သူမှမရှိကြောင်း သေချာအောင်ကြည့်ပြီးမှ ဝမ်လန့်ကျီက သူခိုးတစ်ယောက်လို တိုးတိုးလေးမေးလေသည်။


"မစ္စရှက ကိုယ်တို့ ရှောင်ရွှယ်လေးကိုခေါ်ထားဖို့ သဘောတူတယ်တဲ့..."


ဝမ်လန့်ကျီက အလွန်အမင်း ပျော်သွားခဲ့သည်။


"တကယ်လား... အရမ်းကောင်းတာပဲ.."


သို့သော် မကြာခင်တွင် သူမက သက်ပြင်းချကာ စိတ်ဖိစီးနေသော အသံဖြင့်ပြောလာသည်။

"ရှောင်ရွှယ်လေးက အနာဂတ်မှာ ကျွန်မတို့တဲ့အတူ ဒုက္ခခံရမှာကတော့ သနားစရာပဲ..."


သူ့မိန်းမ၏ ကူကယ်ရာမဲ့နေပုံကိုကြည့်ပြီး ကျူးတချင်းက သူမကိုဖက်တွယ်လိုက်ပြီး ခံစားချက်အပြည့်ဖြင့်ပြောလေသည်။

"မစ္စရှအန်းက လူကောင်းတစ်ယောက်ပါ... သူကပြောသေးတယ်....."


ကျူးတချင်းက ရှအန်းပြောခဲ့သည့်စကားကို ထပ်ပြောပြလေသည်။


ဝမ်လန့်ကျီက ပါးစပ်အဟောင်းသားဖြစ်သွားရသည်။


"တကယ်လား.... မစ္စရှအန်းက ကျွန်မတို့သမီးကို အကောင်းဆုံးကျောင်းမှာထားပေးပြီး ကျွန်မတို့ကိုလည်း နိုင်ငံခြားကို ခေါ်သွားပေးမှာလား...."


ဝမ်လန့်ကျီက ကျူးတချင်းကို မယုံကြည်နိုင်ဟန်ကြည့်နေပြီး အိပ်မက်မက်နေသလိုပင် ခံစားနေရလေသည်။


"တကယ်ပေါ့..."


ကျူးတချင်း ခေါင်းငြိမ့်ပြသည်ကိုကြည့်ပြီး သူမက ထပ်မံငိုကြွေးလာလေသည်။


"ကောင်းတာပေါ့... ကောင်းလိုက်တာ.. ကျွန်မတို့တွေ နောက်ထပ် မခက်ခဲတော့ဘူး..."


.....


ကျူးမောင်နှံက အလွန်အမင်းပျော်နေကြသော်လည်း ရှအန်းဘက်တွင်တော့ ပြဿနာအနည်းငယ် တက်နေလေသည်။


သူမ Bမြို့တော်ကို ပြန်ပြီးနောက်တွင် သူမအတွက် အံ့ဩစရာလေးတစ်ခု စောင့်နေမည်ဖြစ်ကြောင်း မမျှော်လင့်ခဲ့ပေ။


အနည်းငယ်နောက်ကျနေပြီဖြစ်၍ ကောင်ငယ်လေးသူမကို တစ်ညလုံး စောင့်နေမည်ကို စိုးရိမ်ပြီး သူမကို မစောင့်ပဲ အိပ်နှင့်ပါရန် မက်ဆေ့ပို့ခဲ့သည်။


သို့သော် သူမအိမ်ကိုပြန်ရောက်သောအခါ ကောင်ငယ်လေးက မအိပ်သေးပေ။ ထို့အပြင် အမေရိကန်တွင် ကျောင်းတက်နေရမည့် နောက်တစ်ယောက်ကလည်း ကျောင်းပြေးလေးလုပ်လာခဲ့သည်။


ထို့တင်မက သူမကို အအံ့ဩ စေဆုံးအရာမှာ ကလေးနှစ်ယောက်၏ လေးနက်စွာ ဆွေးနွေးနေသော အရာသာဖြစ်သည်။


"ရှောင်ရှင်း မင်းက အရမ်းကို အထိမခံဖြစ်နေတာပဲ... မင်းက အဲ့လူက မင်းနဲ့ မမနတ်သမီးကို မတူဘူးလို့ပြောတာနဲ့ပဲ မင်းကိုယ်မင်း မမနတ်သမီးရဲ့ သားမဟုတ်ဘူးလို့တွေးပြီး တရုတ်ကိုပြန်လာရသလား..."


"ရှောင်ရှင်း ငါပြောပြမယ်ကွာ... မင်းက မမနတ်သမီးနဲ့ မတူပေမဲ့လည်း ဘယ်သားကများ သူ့အမေနဲ့ တူလို့လည်း..."


"ပါးစပ်ပိတ်စမ်းပါ... ငါက ငါ့မာမားရဲ့ ကလေးမဟုတ်ပေမဲ့ ငါ့မာမားရဲ့ သားဖြစ်နေတုန်းကွ..."


ရှအန်း ပြန်ရောက်၍ တံခါးဖွင့်လိုက်သည်နှင့် ကလေးနှစ်ယောက်ကြားမှ စကားကို ကြားလိုက်ရသည်။


ရှအန်းက ရှရှင်းချန်၏စကားကိုကြားပြီး တောင့်ခဲသွားရသည်။


သူမ၏သားက သူ့ကိုယ်သူ သူမ၏ ကလေးအရင်းမဟုတ်မှန်း သိနေပုံပေါ်သည်။


သူမက ရှောင်ရှင်းနှင့် အချိန်အတော်ကြာ နေလာခဲ့သည်ဖြစ်သည်။ ထို့ကြောင့် သူမ၏ သားလေးမှာ မည်မျှ စိုးရိမ်ပူပန်တတ်ကြောင်း သိပေသည်။


ရှောင်ရှင်းက သေချာပေါက် ဒေါသထွက်ကာ ကြောက်လန့်နေရပေလိမ့်မည်။


ထိုအခါမှ ရှအန်းက ရှရှင်းချန်တစ်ယောက် ဤနေ့များတွင် အဘယ်ကြောင့် ထူးဆန်းနေရကြောင်း နားလည်သွားလေသည်။


သူမ အပြင်သွားမည်ဟုပြောချိန်က ဘာကြောင့် စိတ်မချဖြစ်နေရကြောင်းလည်း သိသွားရသည်။


ထိုဉာဏ်ထက်လှသည့် ကလေးက အမှန်တရားကိုသိသွား၍ အလွန်အမင်း စိတ်မလုံမခြုံဖြစ်နေရခြင်းပင်။


ဒါပေမဲ့ ရှောင်ရှင်းက ဘယ်လိုလုပ်သိသွားတာလဲ..


ဒီကိစ္စကို သူမဘက်က ဘယ်သူမှရှာမတွေ့အောင်ကို လျှို့ဝှက်ထားတာပါ...


သူမကိုယ်တိုင်တောင် ရှောင်ရှင်းက သူမရဲ့သားအရင်းမဟုတ်ကြောင်း သိတာမကြာသေးဘူး...


ရှောင်ရှင်းက ဘယ်လိုလုပ်သိနေရတာလဲ...


"မာမား..."


"မမနတ်သမီး..."