Ch7 - ထူးဆန်းမှု
ဖန်ယင်းယင်းသည် တင်းမာစွာရပ်နေသည်။ သူမသည် ဖန်ချန်းရဲ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတာကြောင့် သူ့ကို နာကျင်စေနေသည် ။
ထိုအချိန်တွင် ဓာတ်လှေကားတံခါးများ ပွင့်လာပြီး ကောင်းချန်သည် အတွင်းမှထွက်လာကာ တင်းမာနေသောအခြေနေကြားတွင် ရှေ့မတိုးနောက်မဆုတ်နိုင်ဖြစ်သွားတော့သည်။ သူ့ရှေ့တွင် ဖြစ်နေသော မြင်ကွင်းကို ကြည့်လိုက်ပြီး "အာ...မင်းတို့တွေ..."
ဖန်ယင်းယင်းသည် သူမ၏လက်ကို လွှတ်လိုက်ပြီး သူမအိမ်ရှေ့ကိုသွားကာ ငိုနေတော့သည်။ ဖန်ချန်း၏ လက်မောင်းတွင် မြင်သာသော လက်ရာများ ကျန်ရစ်ခဲ့တော့သည်။
ကောင်းချန်က ဓာတ်လှေကားထဲကနေလမ်းလျှောက်လာပြီး" မင်း ဟိုမိန်းကလေးကို ငိုအောင်လုပ်လိုက်တာလား?"
ဖန်ချန်းက ပြန်မဖြေဘဲ ဆန့်ကျင်ဘက်တံခါးကို ညွှန်ပြလိုက်ပြီး "အဲ့ဒီမှာနေတဲ့သူကို မှတ်မိလား" လို့ မေးလိုက်သည်။
ကောင်းချန်က အံ့ဩသွားပြီး "အန်တီဝူ နဲ့ ဦးလေးဝူ တို့လေဟုတ်တယ်မလား? ဘာဖြစ်လို့လဲ? အန်တီဝူက ထပ်ပြီးဒုက္ခပေးနေလို့လား..."
ဖန်ယင်းယင်း၏အိမ်ကို သာယာသောပတ်ဝန်းကျင်ပုံစံလေး အလှဆင်ထားသည်။ ဖန်ချန်းသည် ကိုဘယ်လိုချော့ရမည်ကိုမသိတာကြောင့် ဖန်ယင်းယင်းငိုသံအဆုံးသတ်တဲ့အထိ စိတ်ရှည်စွာ ထိုင်စောင့်နေရုံသာ တတ်နိုင်တော့သည်။
ကောင်းချန်က အနည်းငယ် အံသြနေပြီး ဖန်ချန်းအား "ဘာတွေဖြစ်နေတာလဲ? မင်း သူမနဲ့အိပ်ပြီးတော့ တာဝန်မယူချင်လို့လား? အခု ကျွန်တော့်ကိုဒီကိုတောင် ခေါ်လာတာက.. ကျွန်တတော့်ဆီကကိုယ်ကျင့်တရား အထောက်အပံ့ကို ရှာမလို့လား? “
ဖန်ချန်းက မျက်ခုံးပင့်လိုက်သည်။သူ တစ်ခုခုပြောခါနီးမှာပဲ ဖန်ယင်းယင်းက သူ့ကို ရိုက်လိုက်သည်။
"အဲ့နေ့က...တွေ့ခဲ့တယ်..."
ဖန်ယင်းယင်းသည် သူတို့ လင်မယား သွေးအိုင်ထဲမှာ လဲကျနေတာကို တွေ့ခဲ့သည်။
ကောင်းချန်ရဲ့ မျက်လုံးများ ပြူးကျယ်သွားပြီး ဖန်ချန်းကို ကြည့်လိုက်ပြီးနောက် ဖန်ယင်းယင်းကို ပြန်ကြည့်လိုက်သည်။ သူသည် အာရုံစူးစိုက်မှုရှိလာပြီး ပြောင်တိပြောင်ချော် အမူအရာများကို ဖယ်ထုတ်လိုက်သည်။
"ဒါပေမယ့်.. ငါ..ငါမသိဘူး... အဲ့တုန်းက ငါ..ငါ အရမ်းကြောက်နေပြီး အမြန်ကြည့်ခဲ့မိရုံ...." ဖန်ယင်းယင်းက ငိုလာသည်။ "အဲဒါက သူတို့မဟုတ်ဘူးလို့ ထင်ခဲ့တာ...နောက်ပြီး အခင်းဖြစ်တဲ့နေရာမှာ လူတွေအများကြီးပဲ... လူနာတင်ကားက လည်းတော်တော်မြန်မြန်ရောက်လာခဲ့ပေမယ့်..."
ဤအခြေအနေသည် ဖန်ချန်းကြုံတွေ့ခဲ့ရသည့်အရာနှင့် လုံးဝကွဲပြားလှသည်။
ဖန်ယင်းယင်းက သူမမျက်လုံးထဲမှာ မျက်ရည်တွေနဲ့ပြည့်နေပြီး "သူတို့..သူတို့.... သေသွားပြီလား?"
"...အင်း....ကျွန်တော်လည်းမသိဘူး" ဖန်ချန်းသည် ယခင်နေ့၏ ထိတ်လန့်တုန်လှုပ်မှုကို ကြုံတွေ့ခဲ့ရပြီးနောက် ယခုအခါ တော့ အနည်းငယ်ငြိမ်သက်သွားပြီဖြစ်သည်။ “အဲဒီတုန်းက ကျွန်တော်လည်း တွေ့ခဲ့တယ်.... သူတို့အသက်မရှူနေကြတော့ဘူး...”
ဖန်ယင်းယင်း တုန်လှုပ်သွားသည်။
"အင်း... ပြောရရင် ကားမတော်တဆမှုဆိုတာ တကယ်ကို ခန့်မှန်းလို့မရဘူးလေ..ဒါဆို လူနာတင်ယာဉ်ရော ရောက်လာရဲ့လား..?ရောက်လာရင်တောင်မှ သူတို့ကသေနှင့်ပြီးသားဆို အထောက်အကူဖြစ်မှာမဟုတ်လောက်ဘူးမလား...ဒါဆိုရဲတွေရောလာရဲ့လား?”
ကောင်းချန်သည် အခြေအနေကို အပြည့်အ၀ ဆုပ်ကိုင်နိုင်ခြင်းမရှိသေးတာကြောင့် သူ့စကားများက ဗလုံးဗထွေး ဖြစ်နေခဲ့သည်။
ဖန်ယင်းယင်းသည် သူမ၏မျက်နှာကို လက်ထဲတွင်မြှုပ်ကာ ငိုနေချိန်တွင် ဖန်ချန်းသည် တိတ်ဆိတ်နေခဲ့သည်။
ကောင်းချန်သည် ဖန်ယင်းယင်းကဘာလို့ ဒီလောက်တောင်ထိတ်လန့်ဝမ်းနည်းနေလဲ နားမလည်နိုင်ခဲ့ပေ။ ကွယ်လွန်သွားတဲ့ ဇနီးမောင်နှံက သူမ ဆွေမျိုးလည်း မဟုတ်ပဲနဲ့ကို သူမက ဘာကြောင့် ဒီလောက် ဝမ်းနည်းတကြီး ငိုနေရတာလဲ?
"ကျွန်မ...တစ်ခုခုတော့ လွဲနေပြီလို့ ခံစားခဲ့ရတာ... ဘယ်သူမှလည်း ဒီအကြောင်း မပြောကြဘူး။ အရင်တုန်းက သူတို့ စကားပြောဖို့ အောက်ထပ်မှာ အမြဲစုတတ်ကြပေမယ့် လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်ထဲစ ဘယ်သူမှ ရောက်မလာခဲ့ကြဘူး" ဖန်ယင်းယင်းသည် ပထမထပ်တွင် နေထိုင်တာကြောင့် နံနက်ခင်းများတွင် စကားပြောသံများကြောင့် နိုးရလေ့ရှိသော်လည်း မကြာသေးမီက တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ အထူးသဖြင့် မတော်တဆမှုဖြစ်ပွားခဲ့သည်ကို သူမမျက်လုံးများနဲ့ မြင်တွေ့ခဲ့ရပြီး သူမရဲ့ ဆန့်ကျင်ဘက်မှညနေထိုင်တဲ့ ဇနီးမောင်နှံနှစ်ယောက်က နှစ်ရက်ဆက်တိုက် ပြန်မလာကြသည့်အချက်နှင့်အတူ သူမ အလွန်ထိတ်လန့်သွားခဲ့ရသည်။
လေတိုက်လာပြီး ဖန်ယင်းယင်းရဲ့ အိမ်လသာဆောင်တွင် ချိတ်ဆွဲထားသော ခြူသံသည် ထွက်ပေါ်လာခဲ့သည်။ တိုက်ခတ်လာသည့်လေများကြားတွင် အေးစိမ့်စိမ့်အရိပ်အယောင်များ ရောထွေးလျက်ပါလာခဲ့သည်။ ဖန်ချန်း "ကျွန်တော်လည်း လူတော်တော်များများကို လိုက်မေးကြည့်ခဲ့ပေမယ့်..... အားလုံးက သူတို့ကိုမမှတ်မိဘူးလို့ ပြောခဲ့ကြတယ်... ဒီလိုမိသားစုမျိုး ပထမထပ်မှာ မရှိဘူးတဲ့"
ကောင်းချန်: "ဘယ်လို?"
ဖန်ယင်းယင်းသည် ပို၍ပင် ပြင်းထန်စွာ တုန်လှုပ်သွားသည်။ သူမတွင် မရေရာသော အကြံအစည်တစ်ခုရှိနေဟန်ဖြစ်နေသည် မဟုတ်ရင် သူမ ဒီလောက်တုန်လှုပ်နေမှာမဟုတ်ပေ....
"သူတို့ကို ဘယ်သူမှ မမှတ်မိဘူး" ဖန်ချန်းက ကောင်းချန်ဆီ သူ့အကြည့်ကို ပြန်ပို့လိုက်ရင်း "အစကတော့ ကျွန်တော်ကဘဲ မူမမှန်ဖြစ်နေတာလို့ထင်ခဲ့လိုက်တာ"
ကောင်းချန်ရဲ့ မျက်နှာကြွက်သားများက တောင့်တင်းသွားပြီး "လုပ်စမ်းပါ သူတို့က ဘယ်လိုလုပ်ပြီး သက်ရှိလူသားနှစ်ယောက်ကို... အိုး မဟုတ်ဘူး သေသွားကြပြီပဲ...ဘာပဲဖြစ်ဖြစ်၊ သူတို့က အကြောင်းအရင်းရှိဘဲ မေ့သွားကြတာမဖြစ်နိုင်ဘူး ဒါ့ထက် ကျွန်တော်တို့ကကြ သူတို့ကို မှတ်မိနေသေးတယ်လေ"
"ဟုတ်တယ်" ဖန်ချန်း ၏အကြည့်များက ငြိမ်သက်နေခဲ့သည်။ "ဒါဆို ဒါက...ကျွန်တော့်စိတ်ပိုင်းဆိုင်ရာ ပြဿနာမဟုတ်ဘူးပဲ ဒီမှာ လွဲမှားနေတာတစ်ခုခုတော့ သေချာပေါက်ရှိရမယ်"
ကောင်းချန်က စိတ်လှုပ်ရှားစွာ တံတွေးမျိုချလိုက်သည်။ "ကျွန်တော်တို့က... အခု ထိပ်လန့်စရာ ဇာတ်လမ်းတွေ ပြောနေရတာလား...?" သူခုချိန်မယုံနိုင်သေးပေ...
ထူးဆန်းတဲ့ မုန်တိုင်းတစ်ခုက ဖန်ချန်းစိတ်ထဲ ဆင်းသက်လာခဲ့သည်။ ဖန်ယင်းယင်းရဲ့လက်သည် ကုလားထိုင်အစွန်းကို မသိစိတ်ဖြင့် ဆုပ်ကိုင်ထားပြီး အချိန်မရွေး ထပြေးရန်အဆင်သင့်ဖြစ်နေသကဲ့သို့ သူမ၏ ခြေဖျားများကို အနည်းငယ် မြှောက်ထားသေးသည်။
လေတိုက်သံကတစ်ချို့က ဖန်ချန်းစိတ်ထဲမှ တိတ်တဆိတ် ငြိမ်သက်နေခြင်းကို ဖျောက်ပစ်လိုက်သည် ။ သူ့နှလုံးသားက တဒိန်းဒိန်းခုန်နေသည်။
သူဘာဖြစ်နေလဲဆိုတာ သူမသိပေ။ ခေါင်းကို မော့လိုက်ပြီး သူ့မျက်လုံးတွေထဲ အံ့သြမှုတွေနဲ့ အားကိုးရာမဲ့တဲ့ ခံစားချက်တွေရှိနေတာကိုတွေ့ရနိုင်သည်။ "ဒါနဲ့ ခြောက်ထပ်မြောက်မှာ ဘယ်သူတွေနေတာလဲသိလား" လို့ မေးလိုက်သည်။
ဘယ်သူကမှ မသိတာကြောင့် မဖြေလာခဲ့ချေ...
"ညညကြရင် ဆူညံသံတွေ မကြားကြဘူးလား?" ဖန်ချန်းက စားပွဲပေါ်ကို လက်ဖြင့်နှစ်ကြိမ်ခေါက် ပြီးမေးလိုက်သည်- "ဒေါက် ဒေါက် ဒီလိုမျိုးလေ....."
ဖန်ယင်းယင်းက ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပြီး သူမထိုင်နေတဲ့ ကုလားထိုင်နဲ့အတူ အနောက်ကိုအတော်လေး ဆုတ်သွားခဲ့သည်။ ကောင်းချန်ရဲ့ မျက်နှာကလည်း တမဟုတ်ချင်း ပြောင်းလဲသွားသည်။
"ကျွန်တော်....တစ်ညတုန်းက ကော်ရစ်ဒါမှာ လူနှစ်ယောက်ကိုတွေ့ခဲ့တယ်" ဖန်ချန်းသည် သူ့မျက်လုံးများကိုမှိတ်ထားလိုက်သည်။ သွေးစွန်းနေသော အဖြူရောင်ကြွေပြားများ နှင့် ဓာတ်လှေကားမှ အဖြူမှိန်မှိန်အလင်းတန်းများက သူ့စိတ်ထဲတွင် ပေါ်လာခဲ့သည်။ “သွေးတွေ အများကြီးထွက်နေပြီးတော့ တစ်ယောက်က သေပြီးနေပြီ နောက်တစ်ယောက်တော့ အသက်ရှင်နေတယ်… အဲ့တာက အိပ်မက်ထဲမှာဖြစ်တယလို့ ထင်နေခဲ့တာ” ဟုပြောလိုက်ကာ သူ့မျက်နှာက ဖြူဖျော့သွားခဲ့သည်။
ဖန်ယင်းယင်းက ခြောက်ခြားစွာ ငိုကြွေးလာခဲ့သည်။
ကောင်းချန်ရဲ့အမူအရာသည်လည်း ဆိုးဝါးလာပြီး "အခု မင်းပြောမှ ကျွန်တော် မင်းအိမ်နီးချင်း နျဲ့ရှီကို မတွေ့တာကြာပြီဆိုတာသတိထားမိသွားတယ်..."
"နျဲ့ရှီက ဘယ်သူလဲ..?"
ဖန်ချန်းသည် ကွက်လပ်ဖြစ်နေသော အမူအရာကို ချိတ်ဆွဲထားပြီး မျက်လုံးဖွင့်လိုက်သည်။ "ကျွန်တော့် အိမ်နားမှာ ဘယ်သူနေလို့လဲ?" လွန်ခဲ့တဲ့နေ့တုန်းက သူ့အိမ်နီးနားချင်းတစ်ယောက်နဲ့ ဓာတ်လှေကားပေါ်တူတူတက်ပြီး စကားစမြည်ပြောခဲ့ကြတာမှတ်မိပေမယ့် ဘယ်သူနဲ့ပြောခဲ့တာလဲ?? ဖန်းချန်းက သူ့အသွင်အပြင်ကို ရုတ်တရက် မမှတ်မိတော့ပေ
ကောင်းချန်ရဲ့မျက်နှာက တုန်လှုပ်သွားပြီး သူ့အသံက တုန်ရီနေကာ "ကျွန်တော့်ကိုမခြောက်ပါနဲ့ ဟုတ်ပြီလား...နျဲ့ရှီက မင်းရဲ့ဆန့်ကျင်ဘက်မှာ နေထိုင်တဲ့ သူမဟုတ်ဘူးလား"
ဖန်ချန်းက ကြောက်ရွံ့နေကာ ခေါင်းညိတ်ပြနေတဲ့ ဖန်ယင်းယင်းကို လှည့်ကြည့်လိုက်သည်
ဖန်ယင်းယင်း : "ကျွန်မသူ့ကိုမှတ်မိတယ်... သူက တော်တော်အရပ်ရှည်ပြီးတော့ စကားအများကြီးပြောရတာ မကြိုက်ဘူး"
ဖန်ချန်းက သေသေချာချာ ပြန်တွေးကြည့်လိုက်သော်လည်း သူ့စိတ်ထဲမှာ မရေရာတဲ့ အရိပ်အယောင်တစ်ခုသာ ပေါ်လာခဲ့သည်။
ဖန်ယင်းယင်း ပြောပြခဲ့သလို အကြမ်းဖျင်းက သူ့စိတ်ထဲတဖြည်းဖြည်း ပိုရှင်းလင်းလာပြီး ရင်းနှီးနေကြောင်းသတိထားမိလိုက်သည်။
"ကျွန်မတော့ ဒီမှာမနေချင်တော့ဘူး..." ဖန်ယင်းယင်းက ဖန်ချန်း ရဲ့ အတွေးရထားကို ရပ်တန့်လိုက်သည်။ သူမ မျက်လုံးများက မျက်ရည်များ ပြည့်နှက်နေပြီး "ကျွန်မ မခံစားနိုင်တော့ဘူး...အိမ်ပြန်ပြီး မိဘတွေနဲ့ပဲ အတူနေချင်တယ်"
ကောင်းချန်က ခေါင်းကုတ်လိုက်သည်။ "ဒါဆို ဒီကိစ္စကို ဒီမှာပဲ အဆုံးသတ်လိုက်ကြရအောင်...နောက်ကျနေပြီ၊ အလုပ်နောက်ကျတော့မယ်"
ထိုထူးဆန်းသော အဖြစ်အပျက်များကအရှိန်အဟုန်ဖြင့် ရောက်ရှိလာခြင်း မည်မျှပင်ရှိစေကာမူ ဘဝသည် ဆက်လက် ရှင်သန်နေရမည်ဖြစ်သည်။
သူတို့ လူစုမခွဲခင်မှာ ဖန်ချန်းက "မင်းမိဘတွေရဲ့ ဖုန်းနံပါတ်ကို မှတ်မိလား" လို့ မေးလိုက်သည်။
ဖန်ယင်းယင်းသည် သူ့မေးခွန်းကြောင့် ခဏတာ တွေးတောသွားပြီး "အင်း မှတ်မိတယ်လေ....."
ကြည့်ရတာ သူ့မှတ်ဥာဏ်ကပဲ ထိခိုက်သွားပုံရသည်။
ဖန်ချန်းက သူ့နှုတ်ခမ်းတွေကို တင်းတင်းစေ့လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
"အဲဒါဆိုလည်း ကောင်းပြီလေ"
ဖန်ယင်းယင်းသည် တစ်ယောက်တည်း မနေရဲတာကြောင့် သူတို့နှစ်ယောက်နဲ့အတူ ထွက်လာခဲ့သည်။ သူမက အနီးနားရှိ တက္ကသိုလ်တစ်ခုမှာ တက်ရောက်နေတာဖြစ်ပြီး ဒီနေ့မနက်တွင် အတန်းမရှိပေ။ သူမလမ်းလျှောက်ရင်း မိသားစုကို ဖုန်းခေါ်ခဲ့လိုက်သည်။
ကောင်းချန် ပထမထပ်က စုံတွဲအကြောင်း မေးမြန်းရန် တစ်ယောက်ယောက်ကို ရဲရဲတင်းတင်း တားလိုက်သော်လည်း သူရလာသော တုံ့ပြန်မှုသည် ဖန်ချန်း နှင့် အတူတူပဲဖြစ်သည်။
ကောင်းချန်သည် နဖူးမှချွေးများကို ဂရုမစိုက်ဘဲ သုတ်ကာ ပြုံးပြလိုက်သည်။ "တကယ်ထူးဆန်းတာပဲ" သို့သော် သူသည် မျှော်လင့်ချက်၏ တဖျပ်ဖျပ်ကို ဆုပ်ကိုင်ထားဆဲ ဖြစ်သော်လည်း သူမေးခဲ့သည့် ထိုလူသည် ထိုစုံတွဲကို လုံးဝမသိနေပေ။
သူတို့လမ်းဆုံမှာ လမ်းခွဲခဲ့ကြသည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် ဖန်ချန်း သည် သူ၏လက်ရှိအခြေအနေနဲ့ ဆက်လက်အလုပ်လုပ်နိုင်တော့မည်ဟု မထင်ပေ။ ဒါဆိုအလုပ်မသွားဘဲ အိမ်မှာပဲနေသင့်တာလား...ရုတ်တရက်မနေ့ညက သူ့ပါးပြင်ကို ဖိကပ်လာခဲ့တဲ့ အအေးဓာတ်ကိုသတိရလိုက်မိသည်။ သူ့အရေပြားကတစ်ဆင့် သူ့အရိုးတွေထဲကို စိမ့်ဝင်သွားသလိုခံစားချက်..... အဲဒါကို ပြန်တွေးလိုက်ရုံနဲ့ ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားမိသည်။
ဒါပေမယ့် အခုလောလောဆယ် သူဘာမှမမှတ်မိနေတော့ တခြားသွားစရာနေရာမရှိနေပေ....
ဖန်ယင်းယင်း က သူ့မိသားစုကို ဖုန်းဆက်ပြီးပြီဖြစ်တာကြောင့် ဖန်ချန်း နဲ့ အတူ လမ်းလျှောက်နေခဲ့သည်။ သူမက ဖန်ချန်းရဲ့ဘေးဘက်မျက်နှာကို တိတ်တဆိတ်ကြည့်လိုက်ပြီး အနားကို ထပ်ကပ်လာခဲ့သည်။
သူမကသူနဲ့ စကားပိုပြောချင်နေသည်။
"အန်တီဝူနဲ့ ဦးလေးဝူ... တကယ်သေသွားပြီလို့ထင်လား?"
"ကျွန်တော်လည်း သေချာမသိဘူး"
"ကျွန်မက သူတို့နဲ့ အိမ်နီးချင်းဖြစ်တာ တော်တော်ကြာပြီ...ဟိုးနေ့က သူတို့ ငြင်းခုံနေတာကိုတောင် ကြားလိုက်ရတယ်.."
ဖန်ချန်းသည် နောက်ဆုံးတွင် သူမကို လှည့်ကြည့်လာခဲ့သည်။
သူမကကြောက်ရွံ့နေသော်လည်း၊ "သူတို့သမီးနှင့် အိမ်ကိစ္စ" အကြောင်းများဆက်ပြောခြင်းကိုမထိန်းနိုင်ခဲ့ပေ..
နေ့စဉ်နဲ့အမျှလင်မယားနှစ်ယောက်၏ စကားသံများသည် အမှန်တကယ်ပင် ကျယ်လောင်လှသည်- သူမသည် မကြာခဏ သူတို့ရဲ့ ငြင်းခုံမှုများကို ကြားနေရသည်။
သူတို့မှာ ကလေးနှစ်ယောက်ရှိပြီး နှစ်ယောက်စလုံး အလုပ်လုပ်နေသူများဖြစ်ကြသည်။ သားငယ်သည် အီလက်ထရွန်းနစ် စက်ပြင်လုပ်ငန်းမှာ ပါဝင်ပတ်သက်နေပုံရပြီး ဈေးဆိုင်ဖွင့်ရန် ငွေကြေးများစွာ သုံးစွဲခဲ့သည်။ နောက်ဆုံးတွင် သူသည် အရှုံးပေါ်ခဲ့ပြီး အတိုးမြင့်ချေးငွေကို ချေးခဲ့သည်။ အကြွေးများအားလုံး သည် နောက်ဆုံးတွင် သမီးကြီး၏ ပခုံးပေါ်သို့ ကျသွားခဲ့သည်။
ဖန်းချန်က တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်..
ရံဖန်ရံခါတွင် ဖန်ယင်းယင်း သည် ဖန်ချန်း သည် အလွန်တိတ်ဆိတ်တတ်သည်ကို တွေ့ရတတ်သည်။ သူမသည် အကြောင်းအရာများစွာကို ပြောပြနေစဉ်တွင် ဖန်ချန်းထံမှ ထူးဆန်းသော ငြိမ်သက်မှုကို ခံစားနေရသည်။
ဝူလင်မယားသည် နောက်ပိုင်းမှာ သူတို့သားငယ်က တိုက်ခန်းဝယ်ချင်တယ်လိုဆိုတဲ့အခါ လင်မယားနှစ်ယောက် စုဆောင်းထားသမျှစည်းစိမ်တွေကို ပေးခဲ့ကြတဲ့အပြင်ကို သမီးကြီးကိုလည်း တစ်ပိုင်းတစ်စ ပေးခိုင်းသေးသည်။
မကြာခင်မှာပဲ ကြီးမားလှတဲ့ ဖိအားများကြောင့် သမီးကြီးသည် သူမငှားရမ်းထားသော တိုက်ခန်းတွင် သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့သည်။
ဖန်ချန်းသည် ဟိုနေ့က မစ္စစ်ဝူ၏သမီးအကြောင်းပြောချိန်က အပြောအဆိုကို တွေးမိသွားသည်။ အိမ်ရှင်ထံမှ လျော်ကြေးမရရှိသည့်အတွက် စိတ်မကောင်းဖြစ်နေပြီး သမီးဖြစ်သူသေဆုံးမှုအတွက် တစ်စုံတစ်ရာ စိတ်မကောင်းဖြစ်မှုပင်မရှိနေပေ။
"ကျွန်မက မိသားစုရဲ့ တစ်ဦးတည်းသောသမီးလေ...အဲ့ဒါကြောင့် ကျွန်မမိဘတွေက ကျွန်မကို အရမ်းသဘောကျကြတယ် ..... သူတို့က ကျွန်မလိုချင်တာမှန်သမျှ ပေးကြတယ်... ဒါကြောင့် ဒီလိုသားကိုဘက်လိုက်တာမျိုးကို တွေးကြည့်လို့တောင်မရဘူး"စကားပြောနေရင်း ဖန်ယင်းယင်း က ဖန်ချန်းရဲ့အကြည့်များကို ခံစားလိုက်ရသည်...
ဖန်ချန်းရဲ့ မျက်လုံးများသည် အရောင်ဖျော့ပြီး နေရောင်အောက်တွင် လှပသော ပယင်းရောင်လေး ရှိနေခဲ့သည်။ သူ့ရဲ့နူးညံ့ပြီး ပျော့ပျောင်းတဲ့ ဆံပင်တွေနဲ့ သဘာဝအတိုင်းနီရဲတဲ့ နှုတ်ခမ်းတွေက တခြားသူတွေကို ဆွဲဆောင်နိုင်လှသည်။ အထူးသဖြင့် သူသည် ထိုမျက်လုံးများဖြင့် အခြားသူများကို စိုက်ကြည့်သောအခါတွ လူတိုင်းရဲ့စိတ်နှလုံးကို ပျော့ပျောင်းစေနိုင်သည်။
ဖန်ချန်းသည် သူမပြောနေချိန်တွင် သူမကို စိုက်ကြည့်နေခဲ့တာကြောင့် နူးညံ့သော ပန်းရောင်သည် သူမ၏ပါးပြင်ပေါ်တွင် ပေါ်လာခဲ့သည်။
တစ်ဖက်မှာတော့ ဖန်ချန်း သည် ဖန်ယင်းယင်း ၏ မှန်းဆမရသော အခြေအနေကို အံ့ဩနေခဲ့သည်။ မကြာသေးမီက သူမသည် အလွန်ထိတ်လန့်နေခဲ့ပြီး ယခုမှာတော့ သူမသည် သေဆုံးသွားတဲ့ ဇနီးမောင်နှံအကြောင်းအေးအေးလူဆွေးနွေးနေပြန်သည်။ သူမရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုက သူ့ထက်ပင်ကျော်လွန်နေတာကို တွေ့လိုက်ရသည်။
တောက်ပသော နေမင်းကြီးသည် သူတို့၏ ဦးခေါင်းထက်တွင် တဖြေးဖြေးမြင့်တက်လာခဲ့သည်။ တကယ်တမ်းဆိုရရင် သူတို့နှစ်ယောက်ကိုယ်တိုင်ကလည်း အရမ်းထူးဆန်းကြသည်...ဒါပေမယ့်သူတို့နှစ်ယောက်လုံးက ဒါကို သဘောပေါက်ပုံမရနေကြချေ....