Chapter 12
Viewers 4k

Ch12 သေစေနိုင်တဲ့ နှိပ်စက်ခြင်း


►Spoiler - Containing Warning Tags နှိပ်စက်ခန်းများပါဝင်သည်။

မနေ့ည 19:00-(7နာရီ) အချိန်၌...

အခန်းသည် တိတ်ဆိတ်နေသည်။ မည်သည့်အသံတစ်သံကမှ တိတ်ဆိတ်မှုကို မနှောင့်ယှက်နေပေ...

အလုပ်မှ အိမ်ပြန်ရောက်သောအခါ ရွှီဝမ်လောင် သည် သားရေဖိနပ်ကို ကန်ထုတ်ကာ နက်ခ်ကတိုင်ကို ဖြည်လိုက်ပြီး သပ်ရပ်စွာတင်သော ဆံပင်များကို လက်ချောင်းများဖြင့် ဆွဲဖွလိုက်သည်။

သိုလှောင်ခန်း၏ တံခါးနောက်မှ တိုးညှင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ အဲဒါကိုကြားတော့ သူက သားရေဖိနပ်တစ်ရံကိုဆွဲပြီး ပစ်ပေါက်လိုက်ကာ ဆူညံသံများကို ချက်ချင်းရပ်စေလိုက်သည်။

သူက သိုလှောင်ခန်းကို ဒုတိယတစ်ချက်တောင်ပြန်မကြည့်တော့ဘဲ မီးဖိုချောင်ထဲကို သွားကာ ခေါက်ဆွဲထုပ်ကို ပြုတ်လိုက်သည်။ ပြုတ်နေရင်း ခေါက်ဆွဲအနှစ်သည် သူ့အင်္ကျီအဖြူပေါ်သို့ မတော်တဆ ပေသွားသည်။ သူကကျိန်ဆဲလိုက်ရင်း အင်္ကျီကြယ်သီးကို ဆွဲဖြုတ်ကာ ထောင့်စွန်းတစ်နေရာမှ ညစ်ပတ်သော လက်တိုအင်္ကျီကို ဆွဲထုတ်လိုက်ပြီး အစားထိုးဝတ်လိုက်သည်။

ယနေ့တွင် သူသည် သူ၏သူဌေးထံမှ နောက်ထပ် ကြိမ်းမောင်းခြင်းကို ခံရပြန်သည်။ ရွှီဝမ်လောင်သည် ခေါက်ဆွဲတစ်လုတ်ကို အရသာခံလိုက်ရင်း တံတွေးအမှုန်အမွှားများ အဆက်မပြတ်ထွက်နေတဲ့ပါးစပ်ကြီးရယ် အင်္ကျီပေါက်ထွက်လုနီးပါးရှိနေတဲ့ ဗိုက်‌ရွှဲကြီးရယ်နဲ့သူ့ဘော့စ်ရဲ့ပုံရိပ်များက ကွက်ကွက်ကွင်းကွင်းနဲ့ သူ့စိတ်ထဲ လှည့်ပတ်နေခဲ့ပြီး စိတ်ပိုင်းဆိုင်ရာအရ သူ့ကို မအီမသာ ဖြစ်စေခဲ့သည်။ သူက ခေါက်ဆွဲနှစ်လုတ်ကို အလျင်အမြန် မျိုချလိုက်ပြီး ဟင်းရည်များကို ပန်းကန်လိုက် မော့ချလိုက်သည်။

ဧည့်ခန်းထဲကမီးကို မဖွင့်ထားတာကြောင့် တစ်ခုတည်းသော အလင်းရောင်အရင်းအမြစ်မှာ မီးဖိုချောင်မှ မှိန်ဖျော့ဖျော့မီးသီးသာဖြစ်ပြီး တိုက်ခန်းတစ်ခုလုံး အမှောင်ထုထဲ နစ်မြုပ်နေခဲ့သည်။

စားပွဲပေါ်တွင် ပုလင်းခွံများနှင့် ဗူးများပျံ့ကျဲနေပြီး - အများစုမှာ စားပြီးတိုင်း မစွန့်ပစ်ထားသော ခေါက်ဆွဲခြောက်ဘူးများနှင့် ကိုလာဗူးခွံများဖြစ်သည်။

သူ့အစားစားနေချိန် အလယ်တွင် သိုလှောင်ခန်းထဲမှ နောက်ထပ်အသံတစ်ခု ထွက်ပေါ်လာပြန်သည်။ ရွှီဝမ်လောင်က ခေတ္တရပ်လိုက်ပြီး သူ့တူကိုဖယ်လိုက်ကာ ယိုင်တိုင်တိုင် ခြေလှမ်းများဖြင့် တံခါးဆီသို့ လျှောက်လာခဲ့သည်။ လရောင်သည် ပြတင်းပေါက်မှ ဖြာကျလာပြီး သူ့ပုံသဏ္ဌန်ကို အရိပ်ထင်ဟပ်စေကာ အနည်းငယ်ပိန်ပါးနေသော ဗိုက်အရိပ်သည် ကြမ်းပြင်ပေါ်၌ ကျနေခဲ့သည်။

တံခါးလက်ကိုင်ကို လှည့်လိုက်သည်နှင့် တံခါးသည် ဖြည်းညှင်းစွာ ပွင့်သွားပြီး စွန့်ပစ်ထားသော ပရိဘောဂအချို့ ပြန့်ကျဲနေတဲ့ အခန်းလွတ်တစ်ခုက ပေါ်လာခဲ့သည်။

အမှောင်ထဲတွင် ကြောက်မက်ဖွယ်ရာ အစိမ်းရောင်အလင်းတန်းက ထွက်ပေါ်နေပြီး ပရိဘောဂများနောက်ကွယ်တွင် ကြောင်နှစ်ကောင် အမှီးကုပ်နေသည်ကို တွေ့လိုက်ရသည်။ အနီးအနားထောင့်တွင် ပိန်ပိန်ပျော့ပျော့ ခွေးလေးတစ်ကောင်လည်း ဝပ်နေသည်။ သူတို့အားလုံးသည် နှုတ်သီးအစွပ် များကို ၀တ်ဆင်ထားရပြီး သူတို့ပုံစံသည် တခြားမျိုးစိတ်များဖြစ်တဲ့ ဘဲမျိုးစိတ်များနဲ့ ရောနှောထားတဲ့ မျိုးစိတ်အသွင်အပြင်ဖြစ်နေကြသည်။ နှုတ်သီးအစွပ် ကြိုးတွေသည် ခွေးရဲ့ လည်ကုပ်ထဲနစ်နေပြီး အမွေးတွေ ကိုကျော်ကာပြီး ပျော့ပျောင်းတဲ့ အသားထဲထိ စိုက်ဝင်နေသည်။

ရွှီဝမ်လောင် ဝင်လာတာကိုမြင်လိုက်ရသည်နှင့် ကြောင်တွေက နောက်ပြန်ဆုတ်သွားကြပြီး ခွေးလေးသည် မိုက်မဲစွာရပ်နေခဲ့သည်။ ပိန်ပိန်ဖြူဖြူ ကြောင်သေးသေးတစ်ကောင်သည်လည်း အမှောင်ထုထဲကနေ ထွက်လာခဲ့သည်။ သူက နူးညံ့သော "မြောင်" အသံကို ထုတ်နေပြီး ရှေ့ကိုတိုးလာခဲ့သည်။သူလေးသည် ဗိုက်အရမ်းဆာနေပြီဖြစ်သည်။

ရွှီဝမ်လောင်သည် ခွေးလေးရဲ့ နောက်ကျောတစ်လျှောက် ညင်သာစွာပွတ်သပ်လိုက်သည်။ အိမ် ခြောက်သွေ့ပြီး ကြွပ်ဆတ်တဲ့ သားမွေးများက နားမလည်နိုင်သော တေးသွားတစ်ခုကို ဟစ်ဖော်ပေးနေသည်။ ခွေးရဲ့ ခန္ဓာကိုယ်အနှံ့တွင် ခြစ်ရာအသစ်များ တွေ့လိုက်ရပြီး ကြောင်များကြောင့်ရတာ ဖြစ်နိုင်သည်။ ရွှီဝမ်လောင်က ဒဏ်ရာကို လက်ဖြင့်ထိုးလိုက်သည်နှင့် ခွေးလေးသည် သူ့ခေါင်းကို အလျင်အမြန် လှန်လိုက်ပြီး ရွှီဝမ်လောင်ရဲ့ လက်ကို သူ့ရဲ့ အစွပ်တပ်ထားတဲ့ နှာခေါင်းဖြင့်ဆောင့်သွင်းလိုက်သည်။

"ငါ*ိုးမ ငါ့ကိုထပ်ကိုက်ဖို့ ကြိုးစားနေပြန်ပြီလား??" ရွှီဝမ်လောင်က ခွေးခေါင်းကို ပြင်းပြင်းထန်ထန် ဆွဲလှန်လိုက်သည်။ သူရဲ့ စိတ်တိုမှုကိုဖြေဖျောက်ရန် မလုံလောက်သကဲ့သို့ မတ်တပ်ထရပ်ပြီး နှစ်ကြိမ် ထပ်ကန်လိုက်သည်။ ကြောက်ရွံ့ထိတ်လန့်နေသော ခွေးလေးသည် ဘောလုံးလေးတစ်ခုထဲသို့ သူ့ကိုယ်သူ တင်းတင်းကြပ်ကြပ်ကွေးထားလိုက်ပြီ ၎င်း၏အမြီးကို ခြေထောက်များကြားတွင် တင်းတင်းကျပ်ကျပ် ညှပ်ထားလိုက်သည်။

သူ ထရပ်တာ အရမ်းမြန်တာကြောင့်ဖြစ်နိုင်သည်ရွှီဝမ်လောင်သည် အနည်းငယ် မူးဝေသွားပြီး မအီမသာဖြစ်သွားသည်။ ကောင်းကောင်းမရပ်နိုင်တော့ဘဲ တံခါးဘောင်ကိုမှီပြီး ကြမ်းပြင်ပေါ် ဖြည်းညှင်းစွာ လဲကျသွားပြန်သည်။

ရွှီဝမ်လောင်က သူ့ကိုယ်သူ တိရစ္ဆာန်များအပေါ်ကြင်နာတတ်သူလို့ ယူဆသည်။ သူစိတ်ကောင်းဝင်နေတဲ့အချိန်ဆို သူတို့ကို ဘာမှလုပ်မှာ မဟုတ်ပေ။ဒီတိုင်း သူတို့တွေက နည်းနည်း ဆူညံလွန်းလို့သာ... သူတို့ အမြီးတွေကို နင်းလိုက်တာနဲ့ စူးစူးဝါးဝါး အော်ဟစ်လာပြီး သူ့ကိုဒုက္ခပေးတတ်သည်။

သူသည် ၎င်းတို့ငယ်ရွယ်စဥ်ကတည်းက အပြင်ကနေကောက်ယူလာပြီး အိမ်ကိုခေါ်လာကာ အဆိုပါ တိရိစ္ဆာန်လေးများကို ဘဝသစ်ပေးခဲ့သည်။ သို့သော်လည်း သူတို့သည် သူ့စကားကို နားမထောင်ကြပေ။

ဒါကို သူလက်မခံနိုင်ပေ!

အလုပ်မှာ စိတ်အနှောက်အယှက်ဖြစ်စရာတွေကို ခံနိုင်ရည်ရှိရမှာက အချက်တစ်ခုပင်... ဒါပေမယ့် အိမ်မှာဆိုရင်တော့ အရာအားလုံးက သူ့အမိန့်အောက်မှာပဲ ရှိနေရမည်ဖြစ်သည်။

ရုတ်တရက်ပင် သူ့အသိစိတ်ထဲတွင် မြူခိုးများ ထူထပ်လာသည်။ ကြမ်းကြုတ်သောအင်အားဖြင့် ခွေးရဲ့အရေပြားကို ဆုပ်ကိုင်လိုက်သည်။ ခွေးလေးသည် သူ့ရဲ့ ဆုပ်ကိုင်မှုကို အားနည်းစွာ ရုန်းကန်နေပြီး လည်ချောင်းထဲမှ အားနည်းတဲ့ညည်းတွားသံများ ထွက်လာသည်။

"ရှူးးးးး" ခေါင်းကို ခါယမ်းလိုက်ကာ နှုတ်ခမ်းပေါ် လက်ညိုးတင်ပြီး တိတ်တိတ်လေး နေဖို့အမူအရာပြလိုက်ရင်း မတ်တတ်ထရပ်ဖို့ ကြိုးစားလိုက်သည်။ သို့တိုင်သူ့ခြေလှမ်းအနည်းငယ်မျှသာ ရှေ့ကိုတိုးသွားပြီး တံခါးသည် သူ့အမြင်ထဲတွင် ကမောက်ကမဖြစ်ကာ လည်နေသည်။

"ကလစ်" - တံခါးအနည်းငယ် ဟသွားပုံရသည်။

ပြီးတော့ သူလုံးလုံးပြိုလဲကျသွားတော့သည်။

ရွှီဝမ်လောင်သည် အိမ်မွေးတိရိစ္ဆာန်များကို ထိန်းသိမ်းထားသော်လည်း ၎င်းတို့ကို နာမည်ပေးရန် ဘယ်သောအခါမှ စိတ်မ၀င်စားခဲ့ပေ။

ဆယ်စုနှစ်တစ်ခုကျော်မျှသာ သက်တမ်းရှိတဲ့ ထိုနုနယ် သေးငယ်တဲ့ သတ္တဝါများကို နာမည်ပေးဖို့ ဘာလို့သူ့ကိုယ်သူ စိတ်ရှုပ်ခံရမှာလဲ?

၎င်းတို့သည် သူ့ရဲ့ အလုပ်ကစိတ်ဖိစီးမှုများကို ဖြေဖျောက်သည့် ထွက်ပေါက်တစ်ခုမျှသာဖြစ်သည်။အကယ်၍နှိပ်စက်ခံရလွန်းပြီး သေသွားရင်လည်း ပလပ်စတစ်အိတ်များထဲသို့ အလုံထည့်ပိတ်ကာ အမှိုက်ပုံးထဲသို့ လွှင့်ပစ်မည်ဖြစ်သည်။ ဘယ်သူကမှ သတိမထားမိသလို သူတို့သတိထားမိခဲ့တယ်ဆိုရင်တောင်မှ လေးလေးနက်နက် စုံစမ်းစစ်ဆေးမှုလုပ်မှာမဟုတ်ပေ။

ဘယ်လောက်တောင် လွယ်ကူလိုက်တဲ့ တရားမဝင် နည်းလမ်းလဲ!!

ဒီအချိန်အထိ သူသတ်ပစ်စွန့်ပစ်ခဲ့တဲ့ ကြောင်နဲ့ ခွေးအလောင်းတွေကို မလွှင့်ပစ်ဘဲ အတူတူစုထားမယ်ဆိုရင် နှစ်ခုပေါင်း အရေအတွက်က အစုလိုက်အပုံလိုက်တောင်ရှိကောင်းရှိနိုင်လောက်သည်။

ညနက်လာသည်နှင့်အမျှ ထက်ရှသွယ်လျသော လက်သည်းတစ်ခုသည် တံခါးဘောင်ကို ညင်သာစွာ တွန်းဖွင့်လာခဲ့သည်။ နက်မှောင်သော မျက်လုံးများက တိုက်ခန်းအတွင်းပိုင်းကို လျှို့ဝှက်စွာ စူးစမ်းလေ့လာနေသည်။ ရုတ်တရက် "ဖူး" ဆိုတဲ့အသံနှင့်အတူ လေထဲကို လျင်မြန်စွာ ပျံ့သွားကာ ခြေရာလက်ရာ မကျန်ရစ်ခဲ့ပေ။

အမည်မသိအချိန်ကာလတစ်ခုရာက်ပြီးနောက် ရွှီဝမ်လောင်သည် တဖြည်းဖြည်းနိုးလာခဲ့သည်။ သူသည် နာကျင်မှုအချို့နှင့်အတူ အလူးအလဲ ယားယံသည့် ရောထွေးသောခံစားမှုတစ်ခုကို စတင်ခံစားလိုက်ရသည်။ မျက်နှာတစ်ခုလုံး ထုံကျင်နေပြီး ခန္ဓာကိုယ် ကလည်းအားအင်တစ်စက်မှရှိမနေပေ။ တွားထဖို့တောင်မှ ခက်ခဲနေသည်။ ရုန်းကန်မှုအချို့လုပ်လိုက်ရင်း သူ့လက်မောင်းမှ အမွေးအမှင်များနဲ့ ပျော့ပျောင်းတဲ့အရာများကို ထိတွေ့မိ.... ဒါက ဘာကြီးလဲ??

သူ့အမြင်အာရုံက တဖြည်းဖြည်း ကြည်လင်လာသည်နှင့်အမျှ အနီးနားတွင် ကြောင်လေးတစ်ကောင်သည် သူစားပြီးသော ခေါက်ဆွဲခြောက်ပန်းကန်လုံး၏ အကြွင်းအကျန်များကို စားသောက်နေသည်ကို တွေ့လိုက်ရသည်။ ဒီ ‌ေ*ာက်ကောင်လေးကတော့!!

စိမ်းစိုနေသော မျက်လုံးနှစ်စုံသည် သူ့အမြင်အာရုံထဲတွင် ပေါ်လာခဲ့သည်။ ကြောင်ကြီးနှစ်ကောင်က သူ့အနားကို ဖြည်းညှင်းစွာ ချဉ်းကပ်လာကြသည်။ သူတို့က နှုတ်သီးစွပ်တွေ မဝတ်ထားသလို ခွေးလည်း မဟုတ်ချေ။ ကြောင်ကလေးသည် ခေါက်ဆွဲစားနေရာမှရပ်‌လိုက်ပြီး ကြမ်းပြင်ပေါ်ရှိ အသားများကို ဆက်လက်စားနေသည်.... အဖြူရောင် ကြွေပြားများပေါ်တွင် သွေးများအနည်းငယ်စီးကျနေသည်။

ရွှီဝမ်လောင်သည် ခေါင်းမှ ခြေဖျားအထိ အမွှေးအမြင်များဖြင့် အုပ်ခံထားရသည်။ အမျှင်များသည် အချင်းချင်း ရန်ဖြစ်နေကြသကဲ့သို့ ညိတွယ်နေပြီး အသားများကို ပြင်းထန်စွာ ခွဲထုတ်နေ သည်။အရေပြားထဲမှတစ်ဆင့်အမွှေးများထွက်လာခဲ့ပြီး အရေပြားအောက်ရှိ အနီရောင် ကြွက်သားများကို ပေါ်လာစေသည်။ ကြောင်များသည် သူ၏ အမွေးအမှင်များထူထပ်နေတဲ့ ပေါင်နှင့် လက်များပေါ်တွင် ၎င်းတို့၏ ချွန်ထက်သော ခြေသည်းများနှင့် ကုတ်ခြစ်နေကြသည်။ သို့တိုင်အောင် ရွှီဝမ်လောင် သည် ဘာမှ ခံစားရပုံမပေါ်ပေ ဒါမှမဟုတ် နာကျင်မှုကြောင့် ထုံထိုင်းသွားတာဖြစ်နိုင်သည်။

"မြောင်" ကြောင်တစ်ကောင်သည် ခေါင်းကို စောင်းလိုက်ကာ သူ့ရဲ့ခြေသည်းများကို ထူထဲသော အမွေးအမှင်ထဲကို ထိုးလိုက်ပြီး အဆီများသော အရေပြားအပိုင်းများ ချိတ်ကာကုတ်ခြစ်လိုက်သည်။

ရုတ်တရက် ရွှီဝမ်လောင်၏ မျက်နှာကို လက်သည်းတစ်ချို့က ဖုံးအုပ်သွားခဲ့သည်။ ဘာကြီးလဲ? အဲ့တာက သောက်ရူးခွေးတစ်ကောင်က တစ်ခုခုကိုတူးနေတာဖြစ်သည်။

ဘာကိုတူးနေတာလဲ?? သူ့မျက်နှာကိုတူးနေတာပင်!!

"မြောင်!"

စူးစူးရှရှ ကြောင်အော်သံက အဆောက်အဦးတစ်ခုလုံး ပဲ့တင်သံထပ်သွားသည်။

ရွှီဝမ်လောင်သည် သူ့ပါးစပ်မှ အကူအညီတောင်းရန် အော်ဟစ်နေပြီး တစ်ယောက်ယောက်က သူ့ကို သတိပြုမိသွားမည်ဟု မျှော်လင့်နေခဲ့သည်။ ဒါပေမယ့် သူက တစ်ခုခုမှားနေသလိုပဲ.... ဘာမှားနေတာလဲ? သူ့အသံ....သူ့အော်သံတွေက ကြောင်အော်သံနဲ့တူနေတယ်!!!!

ခွေးလေးသည် နှာခေါင်းအစွပ် မဲ့နေပြီး လည်ကုပ်က အနာတွေတောင် ပျောက်နေသည်။ သူက အဆက်မပြတ်အော်နေတဲ့ ရွှီဝမ်လောင် ကိုကြည့်ရင်း လျှာရှည်ရှည်ကိုထုတ်ကာ ချဉ်းကပ်လာခဲ့သည်။

ထို့နောက် စုတ်ပြဲနေတဲ့ သူ့မျက်နှာကို လျှက်လိုက်သည်။

အသားကို ပြုတ်နေသလိုမျိုး....

သွေးစွန်းနေတဲ့ အသားများပေါ်မှာ ဆားဖြူးပေးလိုက်သလိုမျိုး.....‌နာကျင်ရသည်....

"မြောင်အောင်းးးး"

သူသည် နာကျင်စွာ အော်ဟစ်လာပြီး သူ့ဘေးမှာ ဝပ်နေတဲ့ ကြောင်နဲ့ ခွေးတွေလည်း အော်လာကြသည်။ များမကြာမီတွင် ကြောင်အော်သံ ခွေးအော်သံများက ပိုများလာပြီး ဆူညံသောပွဲတော်ကြီးတစ်ခုလိုမျိုး ဖြစ်လာခဲ့သည်။

အဆုံးအထိ ရွှီဝမ်လောင်ကို ကယ်ဆယ်ရန် မည်သူမျှ မလာခဲ့ကြပေ။ သူသည်အေးစက်သောကြမ်းပြင်မှာ လဲလျောင်းနေရင်း သူ့အိမ်မှာပဲ သေဆုံးသွားရတော့သည်။ သူ၏ ခန္ဓာကိုယ်သည် အမွေးအမှင်များဖြင့်ဖုံးလွှမ်းနေပြီးကြောက်မက်ဖွယ်ကောင်းသော်လည်း ရယ်စရာဖြစ်နေသည်။

လေညင်းတစ်ခုကဝင်ရောက်လာခဲ့သည်.... အနည်းငယ်ဖွင့်ထားသော တိုက်ခန်းတံခါးသည် စူးစူးရှရှ “ကလစ်” ခနဲထွက်ပေါ်လာပြီးနောက် ပို၍ ပွင့်လာသည်။

ကြောင်များနှင့် ခွေးတို့သည် ခေါင်းများမော့လိုက်ကြပြီးအနက်ရောင် ကော်ရစ်ဒါဆီကို ဦးတည်သွားခဲ့ကြတော့သည်။

"ကလင်!"

ခေါင်းလောင်းသံတစ်ခုမြည်လာပြန်သည်..

ထို့နောက် တံခါးသည် ပြန်ပိတ်သွားခဲ့သည်.....

**********

"ဒါပေမယ့် ကြည့်ရတာ မကြာခင် ညမိုးချုပ်တော့မလိုမျိုးပဲ" ဖန်ချန်းက ပြောပြီးသည့်နောက်တွင် အနက်ရောင် တိမ်တိုက်များက ပတ်ဝန်းကျင်ကို လျင်မြန်စွာ ဖုံးလွှမ်းသွားခဲ့သည်။

ရှဲ့ယင်းသည် မျက်နှာကို သူမ၏လက်ထဲတွင် မြှုပ်နှံလိုက်ပြီး ဖန်ယင်းယင်းသည် ချက်ချင်းပင် မျက်ရည်များကျလာခဲ့သည်။

ကောင်းချန်က လက်ကိုင်ပုဝါကို သူ့အိတ်ကပ်ထဲပြန်ထည့်လိုက်ပြီး "ဘာတွေဖြစ်နေတာလဲ?"

အင်း ဘယ်သူသိမှာလဲ ....

အခန်းက တိတ်ဆိတ်သွားပြန်သည်။

"ဖန်ချန်း မင်း တိုက်ခန်းထဲမှာ မင်းဘာတွေတွေ့ခဲ့ရတာလဲ" ကောင်းချန်က ရဲဝံ့စွာ မေးလိုက်သည်။ သူသည် ကြောက်ရွံ့သောကာလကို ကျော်ဖြတ်ခဲ့ပြီးဖြစ်သော်လည်း အတွင်းပိုင်းအခြေအနေကို မြင်လိုက်ရချိန်က ဖန်ချန်းရဲ့ဖြစ်သွားတဲ့အမူအရာကို တွေးမိသွားကာ မမေးပဲမနေနိုင်ပေ။

ဖန်ချန်းသည် သိုလှောင်ခန်းထဲတွင် စုပုံနေသော အိမ်မွေးတိရစ္ဆာန် အလောင်းများကို တွေးတောလိုက်ပြီး ပုပ်ပွနေတဲ့ ငါးခြောက်အနံ့လိုမျိုး ပုတ်အဲ့အဲ့ ရနံ့များကို ပြန်ရလာခဲ့သည်။

ရုတ်တရက်သူ့ခေါင်းကို အနည်းငယ် ဖိထားသလို ခံစားလိုက်ရသဖြင့် ဖန်ချန်းသည် သတိပြန်ဝင်လာခဲ့သည်။ နျဲ့ရှီသည် အမူအရာမပြောင်းလဲပဲ သူ့လက်ကို ဖန်ချန်းခေါင်းပေါ်ဖိထားပြီး ဖန်ချန်းအစား "အိမ်မွေးတိရစ္ဆာန်အလောင်းတွေ" ဟု ပြန်ပြောလိုက်သည်။

ကောင်းချန်သည် ဖန်ချန်းဘက်ကိုကြည့်လိုက်ကာ နျဲ့ရှီဘက်သို့ ပြန်လှည့်ကြည့်လိုက်ပြီး သူ့ကြည့်ရတာအသက်ရှုကြပ်လာပုံရကာ "ငါတော့ရူးတော့မှာပဲ..."

"ဒီမှာ တစ်ခုခုတော့ဖြစ်နေပြီ" ဖန်ချန်းက ကောင်းကင်ကို လှည့်ကြည့်ကာပြောလိုက်သည်။ "ငါတို့ ဒါကိုနောက်မှဆက်ပြောကြရအောင် အခု..." သူက နျဲ့ရှီကိုကြည့်လိုက်ပြီး "အဲ့တာတွေက မှောင်လာတဲ့အခါကြ ထပ်ထွက်လာမှာမလား?"

နျဲ့ရှီက ခေါင်းညိတ်ပြလိုက်သည်။

"ငါတို့အထဲမှာနေသရွေ့ သူတို့ဝင်မလာဘူးမလား?"

"သေချာပေါက်ပေါ့"

မိန်းကလေးနှစ်ယောက်သည် သိသိသာသာ စိတ်ရှုပ်ထွေးနေပြီး ဟိုစုံတွဲထံမှ အခြေအနေကို ကြိုတင်သိရှိထားသည့် ကောင်းချန်တစ်ဦးတည်းကသာ သူတို့နှစ်ဦးကို ထိတ်လန့်စွာ ကြည့်လာပြီးမေးလာခဲ့သည်။

ဖန်ချန်း "မင်းရဲ့ဓားမြှောင် ဘယ်မှာလဲ?"

"မင်းကို အဲ့တာပေးပြီးသား" နျဲ့ရှီက "အဲ့ဒါက မင်းအပိုင်ပဲ" လို့ ပြန်ဖြေလာသည်။

ဖန်ချန်း : "ပြောချင်တာက သူ ယူမလာခဲ့ဘူးအဲ့တာက နျဲ့ရှီရဲ့ နေရာမှာ ရှိနေတုန်းပဲလို့ ဆိုလိုတာပဲ"

သူတို့အထဲတွင် တိုက်ခိုက်ရေးစွမ်းရည်ရှိသည့် တစ်ဦးတည်းသောသူမှာနျဲ့ရှီဖြစ်ပြီး သူမှလွဲပြီး အားကိုးစရာမရှိပေ။

"အပေါ်ထပ်ကိုတူတူ သွားကြမလား? လက်နက်တွေယူဖို့အတွက်..."

"ကောင်းပြီ"

"ငါရော မင်းတို့နဲ့လိုက်ခဲ့သင့်လား? "ကောင်းချန်ကမေးလာသည်။

"ဒါဆို ကျွန်မလည်းလိုက်ခဲ့မယ်!" ဖန်ယင်းယင်းက သူတို့စကားများကို နားမလည်သော်လည်း သူမလက်ကို မဝံ့မရဲ မြှောက်ကာပြောလိုက်သေးသည်။ "ကျွန်မလည်းလိုက်မယ်လေ!!ကျွန်မ ကို တစ်ယောက်တည်း မထားခဲ့ကြပါနဲ့..." ရှဲ့ယင်းလည်းပြောလာသည်။

"မဟုတ်ဘူး နျဲ့ရှီ နဲ့ငါပဲသွားလိုက်မယ်...ငါတို့ ချက်ချင်းပြန်လာခဲ့မယ်"

"ဖန်ချန်း ရှင်..." ဖန်ယင်းယင်းက တစ်ခုခုပြောတော့မည်ဖြစ်သော်လည်း နျဲ့ရှီထံမှ အကြည့်တစ်ချက်ကြောင့် ချက်ခြင်းပါးစပ်ပိတ်သွားသည်။ ဖန်ချန်းအား သူမကိုပါအတူခေါ်ရန်ကို ဆွဲဆောင်ချင်သော်လည်း ဆက်မပြောရဲတော့ပေ။

နျဲ့ရှီက တံခါးကို တွန်းဖွင့်လိုက်တဲ့အခါမှာတော့ ဖန်ချန်းသည် အလိုလို နောက်ပြန်ဆုတ်သွားသည်။သူတို့ သတိမထားမိရင် ကော်ရစ်ဒါအလွတ်ကနေ ကြောက်စရာကောင်းတဲ့ အကောင်တွေ ထွက်လာမှာကို စိုးရိမ်မိနေသည်။

လက်ရှိအချိန်မှာတော့ ဒီအဆောက်အအုံက လူ ၃ ယောက်ဟာ သေဆုံးသွားပြီလို့ သိရပြီဖြစ်သည်။

"မင်း...ကြောက်နေတာလား?" နျဲ့ရှီက ရုတ်တရက် မေးလာသည်။

ဖန်ချန်းက မတုံ့ပြန်ခဲ့ပေ။ မကြောက်ဘူးလို့ ပြောရင် လိမ်တာဖြစ်မှာ အသေအချာပင်... ဖြစ်နိုင်ရင် မိုးလင်းတဲ့အထိ တိုက်ခန်းထဲမှာ နေချင်ပေမယ့် အခု သူတို့ ငါးယောက်စလုံး အတူတူဒီမှာပဲနေပြီး ကြိုတင်ပြင်ဆင်မှုအချို့မရှိပါက ၎င်းတို့သည် အားလုံးပျက်သုဉ်းခြင်းကို အမှန်တကယ်ရင်ဆိုင်ရပေမည်။

"မကြောက်ဘူး" ဖန်းချန်က ခေါင်းမာမာနဲ့ ပြောလိုက်သည်။

"ငါ့ရှေ့ကနေ လျှောက်ချည်" နျဲ့ရှီက သူ့ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး ဖန်ချန်းကို အရင်တွန်းလွှတ်လိုက်သည်။

နျဲ့ရှီကို မမြင်ရနိုင်တော့တာကြောင့် သူ့နှလုံးသားက ရုတ်တရက် ကျဆင်းသွားတာကို ဖန်ချန်းခံစားလိုက်ရသည်။ သို့သော် အားနည်းချက်နှင့် ကြောက်ရွံ့မှုကို မပြချင်တာကြောင့် သွားများကိုသာ တင်းတင်းကြိတ်ကာ နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး သတ္တိရှိရှိ အထက်သို့ ဆက်တက်သွားလိုက်သည်။

ရုတ်တရက် ဖန်ချန်းက သူ့ရှပ်အင်္ကျီစွန်းကို နောက်ကနေ လှမ်းကိုင်ထားသလို ခံစားလိုက်ရတာကြောင့်လှည့်ကြည့်လိုက်သည်။ အနောက်ကနေ နျဲ့ရှီက သူ့အဝတ်အစားအနားကို ဆွဲထားပြီး "သွားလေ ငါ မင်းကိုစောင့်ကြည့်ပေးမယ်" လို့ စိတ်အေးလက်အေး ပြောလာသည် ။

နျဲ့ရှီသည် ဖန်ချန်း၏အ၀တ်စကို စတုတ္ထထပ်ကိုရောက်သည်အထိ ဆွဲထားခဲ့ပြီး ဖန်ချန်းသည်တိုက်ခန်းအဝင်ဝတွင် ရပ်လိုက်သည်။ ဖန်ချန်းထက် အရပ်ပိုရှည်တဲ့ သူသည်ရပ်နေပြီး ခေါင်းကို လေးလေးနက်နက်ငုံ့ထားကာ အဝတ်စအစွန်းကို စူးစူးစိုက်စိုက် ဆုပ်ကိုင်ထားသည်။ ဖန်းချန်က သူတို့ရောက်လာပြီဖြစ်ကြောင်းကို လှည့်ကာအချက်ပြ စကားမပြောမချင်းကိုင်ထားခဲ့ပြီမှ နျဲ့ရှီက သူ့လက်ကို လွှတ်လိုက်ပြီး တံခါးကို ဖွင့်လိုက်သည်။