Chapter 5
Viewers 198

Chapter - 5

(မိဘများနှင့် တွေ့ဆုံခြင်း)

" စီစီ...ဒီကလေးကတော့"

ကျောင်းမြန်သည် သူ့ရှေ့က သက်လတ်ပိုင်းအရွယ် စုံတွဲကိုကြည့်လိုက်သည်။သူသည် ဦးညွတ်ကာ နှုတ်ဆက်လိုက်သည်။

မနေ့က လက်ထောက်သည် စီဆဲလ်အခြေအနေပိုဆိုးလာသောသတင်းအား ပတ်ဝန်းကျင်ရှိလူများဆီသို့ သတင်းသွားပေးခဲ့သောကြောင့် ပထမဆုံးလာကြည့်သူများသည် သူ၏မိဘများဖြစ်နေသည်။

"မင်းက ဘယ်သူလဲ?" 

ကျောင်းမြန်သည် ထိတ်လန့်သွားကာ မျက်ခုံးပင့်လိုက်ပြီး
"ကျွန်တော်က ရေခဲမြစ်အင်ပါယာက ထူးချွန်တဲ့ ဆရာဝန်ပါ" ဟု ပြန်ပြောလိုက်သည်။

ကျောင်းမြန်သည် အနည်းငယ်စိတ်လှုပ်ရှားနေသော်လည်း သူ၏အချက်အလက်အမှန်ကို ထုတ်မပြောနိုင်ပေ။

"ဗိုလ်ချုပ်ကြီးက အခန်းထဲမှာပါ" ဟုအသံတိုးတိုးဖြင့်ပြောတာ နှစ်ယောက်လုံးကို အပေါ်ထပ်သို့ခေါ်သွားလေသည်။

သူမသည် ကျောင်းမြန်အား အထင်သေးသောအကြည့်ဖြင့်ကြည့်နေဆဲဖြစ်သော်လည်း ကျောင်းမြန်သည် သူမအား စီဆဲလ်၏အနီးသို့မရောက်စေရန် တားဆီးလိုက်နိုင်သည်။

ကျောင်းမြန်သည် ထိုသို့အကြည့်ခံရသည်ကို မကြိုက်သော်လည်း စီဆဲလ်က သူ့အား အဆိပ်ခတ်နိုင်သူသည် သူနှင့်အနီးကပ်ဆုံးဖြစ်ပြီး သူအယုံကြည်ရဆုံးသူများဖြစ်နိုင်ကြောင်းပြောခဲ့သည်။စီဆဲလ်၏ အစီအစဥ်အောင်မြင်စေရန် သူသည် အရင်းနှီးဆုံးဆွေမျိုးဖြစ်စေ၊ အတော်ဆုံးလက်အောက်ငယ်သားဖြစ်စေ မည်သို့သောသူမျိုးဖြစ်စေ သံသယဖြစ်ဖွယ်စာရင်းထဲတွင် ထည့်ထားမည်သာဖြစ်သည်။

စီဆဲလ်ကို တိုက်ခိုက်နိုင်ရန်အတွက် ရေတပ်ဗိုလ်ချုပ်ကြီးစီဆဲလ်၏ ယုံကြည်မှု၊ ရပိုင်ခွင့်နှင့်အခွင့်အရေးအားလုံးရရှိရန် လိုအပ်သည်။

သူမသည်ဒေါသထွက်သွားသော်လည်းထိန်းချုပ်ထားလိုက်သည်။အဘယ်ကြောင့်ဆိုသော် နေမကောင်းဖြစ်နေသော သူမ၏သားကို ကာကွယ်ပေးသောအပြုအမူဖြစ်နေသောကြောင့်ဖြစ်သည်။

စီဆဲလ်က ပြုံးကာ "အမေ့ကို စိတ်ပူစေမိပြီ"ဟုပြောလိုက်သည်။

"မိုက်မဲလိုက်တဲ့ကလေး!!! မင်းဖြစ်နေတာကို လက်ထောက် ကသာမပြောခဲ့ဘူးဆိုရင်......"

ထို့နောက်တွင် သူမသည် ဘာမှဆက်မပြောနိုင်တော့ဘဲ နီရဲနေသောမျက်လုံးများနှင် သူမ၏ပါးစပ်ကို ကာလိုက်ပြီး
"အမှန်ပဲလား?" 

သူတို့သားသေတော့မယ်လို့ သူတို့ကြားရတဲ့သတင်းအသစ်က အမှန်ပဲလား ဟုမေးလိုက်သည်။

"အမေအရမ်းစိတ်မပူပါနဲ့ ဒီငွေရောင်ဆံပင်နဲ့လူက အရမ်းတော်တဲ့ဆရာဝန်ပါ။ သူ့မှာ နည်းလမ်းရှိပါတယ်" ဟု စီဆဲလ်က အားနည်းနေသောအသံဖြင့်ပြောလေသည်။

"မင်းက အရမ်းတော်တဲ့ဆရာဝန်လား?" 

"ကျေးဇူးပြုပြီး အန်တီ့သားလေးကို ကယ်ပေးပါ။ မင်းလုပ်နိုင်သမျှအားလုံးလုပ်ရမယ်ဆိုရင်တောင် ကယ်ပေးပါ" 

"ကောင်းပြီ"

"ကိုယ်တို့သွားကြရအောင် ....စီဆဲလ်က နေပြန်ကောင်းလာမှာပါ"

"ဒါ....ဒါက"

သူမသည် စီဆဲလ်၏ ယခုကဲ့သို့ပုံစံကို အခုမှတွေ့ဖူးသောကြောင့် စီဆဲလ်ထံမှအကြည့်မခွာနိုင်အောင်ဖြစ်နေသည်။

"သွားရအောင်.....စီဆဲလ်အနားယူနေတာ မနှောင့်ယှက်နဲ့တော့"

နောက်ဆုံးတွင် မာရှယ်၏ဆွဲခေါ်မှုဖြင့် သူမသည် အခန်းထဲမှထွက်သွားတော့သည်။

စီဆဲလ်သည် ကူကယ်ရာမဲ့စွာ မျက်မှောင်ကြုတ်လိုက်သည်။

မာရှယ်သည် သူ၏အကြံကိုရိပ်မိနေနိုင်သည်။ ထိုမြေခွေးအိုကြီးထံမှ သူသည်မည်သည့်အရာကိုမှဖုန်းကွယ်ထားလို့မရပေ။

"ကျွန်တော် ခင်ဗျားမိဘတွေကိုမြင်လိုက်တာ သူတို့ကဟန်ဆောင်နေပုံမရဘူး ခင်ဗျားကိုတကယ်ဂရုစိုက်ကြတဲ့ပုံပါပဲ...ဒါပေမယ့် မဒမ်ကတော့ သေချာထိန်းမှရတော့မယ်" ဟု ကျောင်းမြန်ကပြောလေသည်။

"ကိုယ်သိတယ် ဒီကိစ္စတွေပြီးသွားရင်တော့ သူတို့ကို ကိုယ်တိုင်တောင်းပန်လိုက်ပါမယ်"

"ရိုးရိုးသားသားပြောရရင် ကိုယ်အရမ်းခံစားနေရတယ်။ ကိုယ့်ကို သေခိုင်းလိုက်တာမှကောင်းဦးမယ်"

ကျောင်းမြန်သည် တိတ်ဆိတ်စွာနှင့် နှလုံးသားထဲမှရေရွတ်လိုက်သည်။

ခင်ဗျားကို သေခွင့်မပေးနိုင်ဘူး....

သူသည် စီဆဲလ်က သူ့မိဘတွေကိုအမှန်အတိုင်းမပြောပြလိုက်သည်ကိုအံ့သြနေမိသည်။ သူပြောပြနေချိန် အိမ်ထိန်းက တံခါးလာခေါက်ပြီး မလိုလားအပ်တဲ့အရာတွေဖိတ်ခေါ်လာမှာ ဆိုးလို့လား...?

"ရေတပ်ဗိုလ်ချုပ်ကြီးညီ ၊ ဒုတိယဗိုလ်ချုပ်ကြီးနဲ့ သူ့အမျိုးတွေက ရောက်နေကြပြီ"

"ကောင်းပြီ ။ ကျွန်တော်နားလည်ပါပြီ" 

"ကိုက်ခဲလာရင် အကိုက်အခဲပျောက်ဆေးသောက်ဖို့ထားပေးခဲ့မယ် ...ဆေးကိုဗီဒိုထဲထည့်ပေးထားတယ်"

မှာစရာရှိတာမှာခဲ့ပြီးနောက်တွင် ကျောင်းမြန်သည် ဧည့်သည်လက်ခံရန် အောက်ထပ်သို့ပြန်ဆင်းလာခဲ့သည်။

စီဆဲလ်ဟာ စိုးရိမ်ရတဲ့အခြေအနေဖြစ်ကြောင်း လက်ထောက်အားအကြောင်းကြားစေကာ စစ်ဘက်ရေးရာကိစ္စများကိုရှင်းပြရန်အားလုံးကိုသူ့ဆီလာလည်ရန်ခေါ်လိုက်လေသည်။

ကျောင်းမြန်အောက်ရောက်သောအခါ ခန်းမထဲတွင် လူအများရောက်နေသည်ကိုတွေ့ရသည်။ တစ်ချို့မှာ ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားပြီး တစ်ချို့မှာ ယူနီဖောင်းအင်္ကျီပင် မလဲရသေးဘဲရောက်လာကြသည်။

"ယူနီဖောင်းမဝတ်ထားတဲ့သူတွေက အဖွဲ့ချုပ်ရဲ့ အရေးပါတဲ့သူတွေ ၊ ယူနီဖောင်းဝတ်ထားတဲ့သူတွေက ဗိုလ်ချုပ်ကြီးဘေးက အဆင်မြင့်အရာရှိတွေပဲ " ဟု လက်ထောက်က အသံတိုတိုးဖြင်းပြောလေသည်။

ကျောင်းမြန်က ခေါင်းအသာညိတ်ပြလိုက်ပြီး လက်ထောက်သည် လူတိုင်း၏အမူအရာများအားစောင့်ကြည့်နေလိုက်သည်။

စီဆဲလ်ဘေးရှိ အရာရှိများက ကျောင်းမြန်အားသိသော်လည်း သူ၏အချက်အလက်ကိုဖော်ထုတ်လာခြင်းမရှိသလို စကားလည်း အများအပြားမပြောကြပေ။

မာရှယ်နှင့်သူ့ဇနီးအား ဝိုင်းဝန်းနှစ်သိမ့်ပေးကြသော်လည်း မာရှယ်သည် ခန့်မှန်းရခက်သည့်အလျောက် စကားလည်းမပြောပေ။ သိုသော် မာရှယ်၏ဇနီးသည် မူလက လန်းဆန်းတက်ကြွသည့်ပုံရိပ်ပျောက်ကွယ်သွားကာ ညှိုးငယ်သောမျက်နှာဖြင့် နွမ်းလျနေလေသည်။

ထမင်းစားပွဲခုံရှည်တွင်အားလုံး ဝင်ထိုင်လိုက်သော်လည်း....ပင်မထိုင်ခုံသည် လစ်လပ်နေသည်။

သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ထိုင်ခုံတွင်မထိုင်နိုင်ဘဲ
"ဗိုလ်ချုပ်ကြီးရဲ့ လက်ရှိအခြေအနေကို တိတိကျကျပြောပြပေးပါ သေတာပဲဖြစ်ဖြစ် ရှင်တာပဲဖြစ်ဖြစ်"

ထိုလူသည် ဗိုလ်ချုပ်ကြီးနှင့် စစ်ပွဲတိုင်းတွင် အတူတိုက်ခိုက်ဖူးသူဖြစ်သောကြောင့် ထိုသို့ပြောနေချိန်တွင် သူသည် ဒေါသထွက်နေလေသည်။

"ဖျစ်ခ်....."

"မင်းပါးစပ်က သေတဲ့စကား ထပ်မထွက်လာရင်ကောင်းမယ် ဘာလဲ မင်းက ဗိုလ်ချုပ်ကြီးတစ်ခုခုဖြစ်သွားတာကိုမျှော်လင့်နေတာလား?"
ဗိုလ်ချုပ်ကြီး၏ညီငယ် အန်ဒါ သည် စားပွဲပေါ်ရှိရေဘူးကိုဖျစ်ညစ်လိုက်ကာ အေးစက်စွာပြောလိုက်သည်။

ထိုလူက တုန်လှုပ်သွားသည်။

တင်းမာနေသောလေထုအခြေအနေကြောင့် မည်သူမျှစကားမပြောရဲပေ။ ပင်မထိုင်ခုံဘေးတွင်ထိုင်နေသော ကျောင်းမြန်သည် ဖြေးညင်းစွာရပ်လိုက်ပြီ 
"စိတ်မပူကြပါနဲ့..ဗိုလ်ချုပ်ကြီး ကျန်းမာပါတယ်" ဟုပြောလိုက်ရာ 

"သူက ရေခဲမြစ်အင်ပါယာက အတော်ဆုံး ဆရာဝန်ဘဲ သူဖြေဆေးကိုပြင်ဆင်ပြီးပါပြီ" ဟုပြောလိုက်သည်။

"ဟုတ်ပါတယ် ဗိုလ်ချုပ်ကြီးက သူ့ကိုတိုက်ခိုက်တဲ့သူတွေကိုလည်းရှာနေပြီး သူ့ကိုယ်သူလည်း ဂရုစိုက်နေတာမို့လို့ အရင်လို ပြန်ကောင်းလာမှာပါ အများကြီး စိတ်မပူကြပါနဲ့"

"အဲ့ဒါကောင်းတယ်!!" 

သက်လတ်ပိုင်းအမျိုးသားက အသက်ကိုပြင်းပြင်းရှူလိုက်ပြီး ဝိုင်ပုလင်းကိုဖောက်ကာ
"အင်း! ငါလည်းပြောသာပြောရတာ ငါတို့ဗိုလ်ချုပ်ကြီးက ဘယ်လိုလုပ်မတော်တဆဖြစ်နိုင်မှာလဲ"

ညစာစားပွဲပြီးနောက်တွင် ဗိုလ်ချုပ်ကြီး၏မိဘများနှင် ညီငယ်များမှလွဲ၍ အားလုံးပြန်သွားကြလေသည်။မည်သည့်ကိစ္စမျှမဖြစ်ပွားပေ။

"မာရှယ်တို့ဇနီးမောင်နှံက အရှေ့ဘက်က ဧည့်သည်ခန်းထဲမှာ ၊ ဒုတိယဗိုလ်ချုပ်ကြီးက အနောက်ဘက်ဧည့်သည်ခန်းထဲမှာ အနားယူနေကြပြီ" ဟု ကျောင်းမြန်ပြောလိုက်သည်။

" အင်း"

ကျောင်းမြန်သည် စီဆဲလ်ခုတင်ဘေးတွင်ထိုင်ကာ စီဆဲလ့်နှဖူးပေါ်ရှိ ချွေးများကိုကြည့်ကာ " အားလုံးအဆင်ပြေသွားမှာပါ" ဟုပြောလိုက်သည်။

" ဒီနေ့ မဟုတ်ရင် မနက်ဖြန် ၊ မနက်ဖြန် မဟုတ်ရင် နောက်တစ်နေ့ပဲ ၊ ကိုယ်တို့ဒီတိုင်းထိုင်နေလို့မရဘူး။ တခြားပါတီဝင်တွေကလည်း ကိုယ့်ကိုအဆိပ်ခတ်တဲ့သူကို မစုံစမ်းပေးနိုင်လောက်ဘူး မင်းရော ဘယ်လိုထင်လဲ"

စီဆဲလ်က အသက်ရှူမဝသောအသံဖြင့်ပြောလိုက်သောကြောင့် ကျောင်းမြန်သည် ရေစွတ်ထားသောပုဝါကိုယူကာ သူ၏နှဖူးပေါ်တွင် ကပ်ပေးလိုက်ပြီး 
"ကောင်းပြီ အနားယူတော့ စကားမပြောနဲ့တော့ အိပ်ချိန်ရောက်ပြီ"

စီဆဲလ်သည် တဖြေးဖြေးနှင့် နှစ်ခြိုက်စွာ အိပ်ပျော်သွားသည်။

ကျောင်းမြန်သည် အလုပ်များသောနေ့ပြီးနောက် ပင်ပန်းသော်လည်း အရေးကြီးသောအချိန်ဖြစ်သောကြောင့်ထွက်သွားရန် အစီအစဥ်မရှိသဖြင့် နူးညံ့ပျော့ပျောင်းသော ကုလားထိုင်ပေါ်တွင် ဒူးနှစ်ချောင်းကိုထောင်၍ လက်ဖြင့်ပိုက်ကာ ထိုဒူးနှစ်ဖက်ပေါ်တွင် ခေါင်းကိုတင်၍ အိပ်ပျော်သွားလေသည်။

စီဆဲလ်သည် ရုတ်တရက်နိုးလာချိန်တွင် သူ့ဘေးတွင် လိပ်လေးတစ်ကောင်ကဲ့သို့ အိပ်ပျော်နေသောသူအားတွေ့လိုက်ရချိန်တွင် နှုတ်ခမ်းထောင့်များမတွန့်ကွေးဘဲ မနေနိုင်တော့ချေ။

နှစ်အတော်ကြာတိုက်ပွဲဝင်ခဲ့သောကြောင့် စီဆဲလ်သည် ထိုသူ၏ ပုံစံနှင့်စရိုက်မျိုးစုံကိုသိပြီးဖြစ်၍ ယခုအခါ သူနှင် ရည်ရွယ်ချက်၊ ပန်းတိုင်ချင်းတူညီနေသည့် ရန်သူဗိုလ်ချုပ်တစ်ယောက်သည် သူ့အားစိတ်ငြိမ်သက်မှုကိုပေးစွမ်းနေပြီး သိပ်မကြာသောအချိန်တွင် သူကိုယ်တိုင်ပင် နှစ်ခြိုက်စွာ အိပ်ပျော်သွားလေသည်။

အတွေးများက နူးညံ့နေသည်.....။

" ရှပ်.....ရှပ်..."

တိုင်ကပ်နာရီသည် သန်းခေါင်ယံအချိန်တွင် ထမြည်နေလေသည်။

"ရှပ် ....ရှပ်."

ကျောင်းမြန်သည် ရုတ်တရပ်မျက်လုံးကိုဖွင့်လိုက်ပြီး ဒါ တိုင်ကပ်နာရီအသံမဟုတ်ပေ။

ကျောင်းမြန်၏မျက်လုံးများမှေးကျဥ်းသွားကာ အိပ်ပျော်နေသော စီဆဲလ်ကို တစ်ချက်ကြည့်လိုက်ပြီး ဓါးမြှောင်ကိုဆွဲထုတ်ကာ လက်ကြားထဲတွင်ဝှက်လိုက်ပြီး မလှုပ်မယှက်ငြိမ်နေလိုက်သည်။

သူ၏ခေါင်းကို ဒူးများကြားတွင်ပြန်ထားလိုက်ပြီး ရန်သူရောက်လာမည့်အချိန်ကို စိတ်ရှည်စွာစောင့်နေလိုက်သည်။

"ရှပ်.....ရှပ်.....ရှပ်"

ခြေသံသည်တိုးလွန်းလှသောကြောင့် ဘေးတွင်စာထိုင်ဖတ်နေသောလက်ထောက်ပင် သတိမထားမိပေ။

သို့သော် ကျောင်းမြန်သည် သူကိုယ်တိုင်တောင်နားမလည်နိုင်သည့် သာမန်လူများထက်သာလွန်သည့် အာရုံခံစားမှုကြောင့်သာသိနေခြင်းဖြစ်သည်။

"ရှပ်...ရှပ်"

ကျောင်းမြန်သည် အသက်ပြင်းပြင်းရှူကာ ကုတင်ပေါ်လှဲချဟန်ဆောင်၍ စီဆဲလ်၏ခန္ဓာကိုယ်ကို ကာကွယ်လိုက်သည်။

သူသည် တံခါးသို့ညွှန်ပြနေချိန်တွင် တံခါးသည်ပွင့်သွားပြီး လုပ်ကြံသူက တရှိန်ထိုးပြေးဝင်လာလေသည်။

ထိုအချိန်တွင် ကျောင်းမြန်သည် သူ၏မြင်ကွင်းထဲတွင် အနီရောင်နှင့် အနက်ရောင် မီးခိုးများဖြင့်သာပြည့်နှက်နေသည်။

တုန့်ဆိုင်းနေချိန်ရော တန်ပြန်တိုက်ခိုက်ချိန်ရော မရှိသဖြင့် ကျောင်းမြန်သည် ခန္ဓာကိုယ်သည် ဦးနှောက်ထက်မြန်ကာ စီဆဲလ်ကိုပွေ့ဖက်၍ မနက်ကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့သည့် ခုတင်အောက်မှအကာထဲသို့ဝင်ပုန်းနေလိုက်သည်။

ထိုအချိန်တွင် လက်ထောက်သည် ပြတင်းပေါက်မှ ထွက်ပြေးသွားခဲ့သည်။

ရှပ်.....ရှပ်

ဒီကိစ္စရဲ့နောက်ကွယ်က လူသည် စီဆဲလ်၏ အသက်ကို ဘယ်လောက်တောင်လိုချင်နေတာလဲ??

ဒီလောက်များတဲ့ မီးခိုးငွေ့တွေကို လုပ်ယူနိုင်တယ်ဆိုတော့ သာမန်လူတော့မဖြစ်နိုင်ပေ။

ဒီလောက်ကြီးမားသောကိစ္စကြီးဖြစ်ပြီးတာတောင် စီဆဲလ်သည် မနိုးသေးဘူးဆိုလျှင် သူသည် ရေတပ်ဗိုလ်ချုပ်ကြီးရာထူးနှင့် မထိုက်တန်တော့ပေ။

စီဆဲလ်သည် ကျောင်းမြန်အား ရာထူးနှစ်ခုပေးချင်နေစိတ်ကို ထိန်းထားနေရသည်။

"ဗိုလ်ချုပ်ကြီး ဒဏ်ရာရအောင်မလုပ်ပါနဲ့"
ကျောင်းမြန်သည် ရယ်ရအခက် ငိုရအခက်ဖြစ်နေကာ

"ဘုန်း....."

နာမည်ကြီးပြဇာတ်ငှားထားသကဲ့သို့ လေတပ်စခန်းတစ်ခုလုံးသည် တသိမ့်သိမ့်တုန်ခါကာ ဆူညံနေပြီး သူတို့နှစ်ဦးပေါ်သို့လည်း ကျောက်စရစ်ခဲများစွာ ပြုတ်ကျလာနေသည်။

"မင်းက ကိုယ့်ကိုဖက်ထားပြီ ပုန်းနေတာဆိုတော့ ကိုယ့်ကိုကာကွယ်ချင်လို့လား ဒါမှမဟုတ် ကိုယ်သေသွားရင် မင်းအသက်မရှင်နိုင်မှာစိုးလို့လား?"

သေးငယ်သောနေရာ၌ သူတို့နှစ်ဦးသည်နီးကပ်နေပြီး ကျောင်းမြန် အနည်းငယ် အံ့သြသွားကာခေါင်းကို လှည့်ကြည့်လိုက်ချိန်တွင် အမှောင်ထဲ၌ ရွှန်းလဲ့တောက်ပနေသော စီဆဲလ်၏မျက်ဝန်းများကို တွေ့လိုက်သည်။

အဆိပ်မိနေမှန်းသိသာနေသော်လည်း ထိုမျက်ဝန်းများထဲတွင် ရန်လိုမှု၊ မောက်မာမှုနဲ့ ဒေါသများအပြည့်ရှိနေသည်။

"ကျွန်တော့်ကို ဘာလို့ဒီလိုမျိုးမေးတာလဲ ဗိုလ်ချုပ်ကြီး???"

ကျောင်းမြန်သည် တစ်ခုခုပြန်ပြောဖို့ ပြင်လိုက်ချိန် အပြင်ဘက်မှ အသံကြားရသောကြောင့်

အဲဒီလူကို အလွှတ်မပေးနိုင်ဘူး....။

သို့သော် ထွက်လာပြီးနောက်တွင် ကျောင်းမြန်သည် အံ့အားသင့်သွားသည်။

ဘုရားရေ!!!

အခန်းတွင်းရှိ လူမည်းငါးယောက်သည် လေကြောင်းထိုးစစ်ဆင်သည့်အမိုးအကာကို ဝန်းရံကာ ရှေ့သို့ တိုးသွားကြသည်။

ကျောင်းမြန်တွင် ကြောက်စိတ်များ အများအပြား ရှိနေသည်။ အကယ်၍ သူသာ အချိန်မီ မထွက်လာပါက၊ စီဆဲလ် နှင့် တစ်ခုခုဖြစ်သွားလိမ့်မည်။ သူနှင့်စီဆဲလ်သည် ကြွက်နှင့်အလားတူသွားလိမ့်မည်။

ဒါပေမယ့် ကျောင်းမြန် အံ့သြသွားသည်မှာ လူမည်း လူသတ်သမားငါးယောက်မဟုတ်ဘဲ သူတို့သည် ဇာ့စ်များဖြစ်နေသည်။

ဒီကမ္ဘာပေါ်မှာ ဘာတွေဖြစ်ကုန်တာလဲ??

စီဆဲလ် ပြောပြချက်အရ ကျောင်းမြန် သည် နောက်ကွယ်မှ ချုပ်ကိုင်သူသည် ဖက်ဒရေးရှင်းတွင် ပုန်းအောင်းနေသော အရာရှိများထဲမှ တစ်ဦးဖြစ်သည်ဟု အမြဲတွေးထားသော်လည်း ယခု အခန်းတွင်းရှိ ရန်သူ ဘာကြောင့်ဇာစ့် ဖြစ်နေရတာလဲ???

ဇာစ့်နှင့် ပူးပေါင်းထားသူဖြစ်နေသည်လား??။


ကျောင်းမြန်က မျက်လုံးများကို အနည်းငယ်ကျဉ်းမြောင်းထားလိုက်သည်။

ဇာစ့်တို့သည် လူသားအားလုံး၏ ရန်သူများဖြစ်သည်။ သူတို့သည် လူသားများ၏ နယ်မြေများကို သိမ်းပိုက်ပြီး၊ အမျိုးသားများ၏ အသွေးအသားကို စားသောက်ကာ မိန်းမများကို ကျွန်အဖြစ်ခိုင်းစေကြသည်။ နှစ်နိုင်ငံ စစ်ဖြစ်လျှင်ပင် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို တိုက်ရိုက်ပစ်ခတ်၍ မထိခိုက်ခိုင်းဘဲ ကာကွယ်ရေးလိုင်းအဖြစ် ဒရုန်းများနှင့် မက်ခါများကိုသာ သုံးနိုင်သည်ဟု ပြဋ္ဌာန်းထားသော်လည်း ထိုလူမသိသူမသိ နောက်ကွယ်မှ ချုပ်ကိုင်သူသည် ဇာစ့်တို့နှင့် တိုက်ရိုက် ပူးပေါင်းခဲ့ပြီး ဖြစ်သည်။

မျက်လုံးထဲမှ ဆူးများကို ဖယ်ရှားရန်နှင့် လူတွေရဲ့ သူရဲကောင်း၊ လူတွေကို ဇာစ့် နှင့်ပင်လယ်ဓားပြတွေဆီကနေ ကာကွယ်ပေးနေသော ဗိုလ်ချုပ်ကြီးစီဆဲလ်ကို ဖယ်ရှားရန်အတွက် ဇာစ့်ကို ဖက်ဒရယ်မြို့တော်နှင့် မိတ်ဆက်ပေးဖို့ တွန့်ဆုတ်ခဲ့ခြင်းမရှိကြဘူးလား????

ကျောင်းမြန်သည် သူ့ရှေ့ရှိ အပေါ်ပိုင်း ခန္ဓာကိုယ်နှင့် အောက်ကိုယ်ထည်များက သူ့ထက် သုံးဆပိုကြီးသောဇာစ့်များကို ပိုးကောင်များအဖြစ် ကြည့်ပြီး သူတို့၏ ရန်သူများကို အရေအတွက်အတိုင်း ချေမှုန်းလိုက်ပြီး အော်ဟစ်လိုက်သည်။

ကျောင်းမြန်သည် ရန်သူအား ဘယ်သောအခါကမှ မကြောက်ဖူးပါ။