Chapter 8
Viewers 225

Chapter - 8

(ကောင်းပြီ !!! ကိစ္စတွေပြီးရင် မင်္ဂလာပွဲကို လက်စသတ်လိုက်ကြမယ်)

ကျောင်းမြန်နှင့် အိမ်ထိန်းတို့သည် မင်္ဂလာပွဲအတွက် ပြင်ဆင်စရာ လုပ်စရာ သိပ်များများစားစားမရှိသဖြင့် အားလပ်နေသည်။

စီဆဲလ်သည် ရက်အနည်းငယ်ကြာသောအခါ သက်သာလာပြီး လျင်မြန်စွာ ပြန်ကျန်းမာသည်။ အလုပ်ကိစ္စနှင့်ပတ်သက်သည့် စာရွက်စာတမ်းများဖတ်နေချိန်တွင် ကျောင်းမြန်သည် ကုတင်ဘေးတွင် အမြဲတမ်း မတ်တတ်ရပ်လျက် သူ၏ဘေးတွင်နေပေးခဲ့သည်။

တစ်နေ့တွင် ကျောင်းမြန်သည် ရေချိုးရန် စီဆဲလ် ၏အခန်းထဲမှထွက်လာချိန်တွင် အခန်းတစ်ခုရှေ့မှဖြတ်သွားသောအခါ စန္ဒယားတီးသံကိုကြားလိုက်ရသည်။

"ဒုံ....ဒုံ....ဒုံ...." 

တစ်စုံတစ်ယောက်သည် ခလုတ်ချည်းသပ်သပ်သာ တီးလိုက်သောကြောင့် သီချင်းက အသံမထွက်လေပေ။

ကျောင်းမြန်သည် စန္ဒယားကို အလွန်သဘောကျသည်၊ ထို့ကြောင့် ယခုအချိန်တွင် သူအနည်းငယ် သိချင်စိတ်ဖြစ်မိသောကြောင့် စင်္ကြံတွင် စက်ရုပ်များနှင့် အစောင့်များသာ ရှိသောကြောင့် တီးနေသည့်သူအား မေးရန် မည်သူမျှ မရှိပေ။

ကျောင်းမြန် တံခါးကို ညင်သာစွာခေါက်လိုက်ပြီး
"ဝင်လာလို့ရမလား?"

စန္ဒယားတီးသံသည် ရုတ်ခြည်း ရပ်တန့်သွားလေသည်။

ထိုအခါမှ ကျောင်းမြန်သည် သူ့အား အိမ်ထိန်း ပြောပြဖူးသည်ကို သတိရလိုက်သည်။ ဗိုလ်ချုပ်ကြီး၏ အိမ်ကြီးတွင် စီဆဲလ်ရယ် အိမ်ထိန်းရယ် သူ့ မွေးစားသား တို့ သုံးယောက်နေကြောင်း ဖြစ်သည်။

ဒါဆို အထဲက တီးနေတဲ့သူက အဲ့ကလေးများဖြစ်နေမလား??

ကျောင်းမြန်သည် ထိုနေရာ၌ပင် အေးခဲသွားလေသည်။

စီဆဲလ်၏မွေးစားသားသည် အခန်းတံခါးဝမှ အပြင်သို့တစ်ခါမှ မထွက်ဖူးကြောင်း ၊ စီဆဲလ်နှင့် အိမ်ထိန်းက သူ့ကို အနှောင့်အယှက်မပေးနိုင်ကြောင်း ပြောခဲ့သလောက်သာ သူနားလည်ခဲ့ခြင်းဖြစ်သည်။

ဒီကလေးက......

ကျောင်းမြန်က ဘာပြောရမှန်းမသိဖြစ်သွားပြီး..... အော်တစင်လား? ကောင်လေးသည် အရာအားလုံးကို မြင်နေရသော်လည်း မမြင်ရသလို အလွန် ကြောက်လန့်နေသဖြင့် အခြားသူများနှင့် အပြင်လောကကို ငြင်းဆန်ကာ လုံခြုံသည်ဟု သူခံစားရသည့် သူ၏ကမ္ဘာလေအတွင်း၌သာ နေရန် ဆန္ဒရှိခဲ့သည်။

ကျောင်းမြန်သည် ကောင်လေးရဲ့ ခံစားချက်များ အလွန်ပြင်းထန်လုနီးပါးဖြစ်နေသည်ကို မြင်လိုက်သော် သူက ပြုံးလိုက်ပြီး "သားနာမည် ဘယ်လိုခေါ်လဲ" ဟုမေးသည်။

ကောင်လေးက ကျောင်းမြန်ကို သူ၏ နက်မှောင်သော မျက်လုံးများဖြင့်သာ စိုက်ကြည့်နေပြီး ဘာမှ ပြန်မပြောပေ။

"သားက စန္ဒယားတီးရတာကြိုက်တာလား"

"ဦး မင်းရဲ့စန္ဒယားကို တီးလို့ရလား?"

ကျောင်းမြန်သည် ရှေ့သို့ ညင်သာစွာ လျှောက်လာသည်။

"ဟမ်..." ကောင်လေးက ကျောင်းမြန်အပေါ် ရန်လိုမှုအပြည့်ရှိနေပြီး ကျောင်းမြန်၏ ကျူးကျော်မှုကို အလွန်မကျေမနပ်ဖြစ်နေပုံပေါ်သည်။

ကျောင်းမြန်သည် အဖြူရောင် အမည်းရောင်တို့ဖြင့် ပြည့်နှက်နေသောစန္ဒယားခလုတ်များအား သူ၏ဖြူသွယ်လှပသော လက်ချောင်းများဖြင့် ဖြည်းညင်းစွာ ထိလိုက်သည်။

ထိုအခါ ကျောင်းမြန်သည် ရေစီးကဲ့သို့ ချောမွေ့ပြီး လေကဲ့သို့ ပေါ့ပါးနေသည့် မှော်ဝင်သော၊ တေးသွားတစ်ခုကို တီးခတ်လိုက်သည်။

ကောင်လေးက ကျောင်းမြန်၏လက်ချောင်းများကို စိုက်ကြည့်နေသည်။

ကျောင်းမြန်သည် သံစဥ်အပိုင်းတစ်ခုကို တီးပြီးသွားသောအခါ သူက ကောင်လေးဘက်ကို လှည့်ကြည့်ပြီး "လာလေ ဦးသင်ပေးမယ်" ဟု ပြုံးပြုံးလေး ပြောလိုက်သည်။ 

ကောင်လေးက ကျောင်းမြန်အား စူးစူးရဲရဲစိုက်ကြည့်ကာ "ဝူး" အသံခပ်မာမာဖြင့် ပြောလိုက်သည်။

ကျောင်းမြန်သည် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ကာ "ကောင်းပြီ၊ ဦး သားကို ထိခိုက်အောင်မလုပ်ပါဘူး၊ ဦးသွားတော့မယ်နော်" ဟု နွေးထွေးစွာ ပြောလိုက်သည်။

ကောင်လေးသည် ကျောင်းမြန်၏အနားမှာ ပစ်ထားသော အရုပ်ကို ယူကာ ပစ်ပေါက်လိုက်သည်။

နူးညံ့သော ယုန်ရုပ်လေးဖြစ်သော်လည်း ကျောင်းမြန်က အရုပ်လေးက သူ့ရင်ဘတ်ကို ထိသွားသလို ဟန်လုပ်ပြီး “သွားပြီနော်” လို့ တိုးတိုးလေး ပြောလိုက်သည်။

ကျောင်းမြန်သည် အခန်းထဲမှ အပြုံးလေးဖြင့်ထွက်လာပြီးနောက် တံခါးကို ပိတ်လိုက်သည်။အပြင်ရောက်သော် သူ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

ကလေးမှာ စိတ်ဒဏ်ရာ ရှိနေတာလား? ဒါမှမဟုတ် အတိတ်ဆိုးတွေရှိနေတာလား?

"ရှောင်လဲ့က ထပ်ပြီးပြသနာရှာလိုက်တယ် လို့ ကိုယ်ကြားလို့ ?" 

စီဆဲလ်သည် ကုတ်အင်္ကျီကို ၀တ်ထားလေသည်။

"မဟုတ်ပါဘူး၊ ကျွန်တော်ကသာ ပြသနာရှာမိတာ" 

ကျောင်းမြန်က မျက်ခုံးပင့်ကာ "ကျွန်တော် သူ့အခန်းထဲမဝင်လိုက်သင့်ဘူး" ဟု ပြောလိုက်သည်။

"..မင်းဝင်သွားလိုက်တာလား။" 

စီဆဲလ်၏ မျက်လုံးများ ဝိုင်းစက်သွားသည်။

"ကျွန်တော် တောင်းပန်ပါတယ်"
ကျောင်းမြန်က လေးနက်စွာ တောင်းပန်လိုက်သည်။

စီဆဲလ်သည် သူ့နှာခေါင်းကို ထိလိုက်ပြီး 
"မင်းကအံ့သြစရာပဲ၊ ရှောင်လဲ့က သူနဲ့မရင်းနှီးတဲ့ တစ်ယောက်ယောက် အထဲဝင်လာတာနဲ့ သူ အော်လိမ့်မယ်။ ကိုယ်လည်း ရှောင်လဲ့နဲ့ ရင်းနှီးနေပြီဆိုပေမယ့် ကိုယ် သူ့အခန်းထဲဝင်လိုက်တာနဲ့ ပစ္စည်းတွေ ပစ်ပေါက်လိမ့်မယ်"


ကျောင်းမြန် အံ့သြသွားလေသည်။

ဟမ်!!!

ကျောင်းမြန်က သူ့အတွက် သီချင်းတောင် တီးပေးခဲ့သေးသည်။

ကျောင်းမြန်သည် ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။
"ဗိုလ်ချုပ်ကြီးက ကြောက်စရာကောင်းတဲ့ အရှိန်အဝါကရှိနေတော့ ရှောင်လဲ့က ခင်ဗျားကို ရင်းနှီးပေမယ့်လည်း သူ့ကြောက်စိတ်ကို မထိန်းချုပ်နိုင်ဘူး"

"ဘာပဲဖြစ်ဖြစ် ရှောင်လဲ့ နဲ့ အဆင်ပြေချင်တယ်ရင် အတတ်နိုင်ဆုံး သူလက်ခံနိုင်အောင် ကြိုးစားပါ။ သူဖြစ်ချင်တာကို မင်းလုပ်ပေးနိုင်တယ်ဆိုရင်ပေါ့။" 

စီဆဲလ်က ကော်လာကို ဆွဲထုတ်ကာ ပြင်လိုက်ပြီး "ကိုယ်သွားလိုက်ဦးမယ် ၊ မင်းတစ်ခုခု လိုချင်တာ လုပ်ချင်တာရှိရင် အိမ်ထိန်း ကိုခေါ်လို့ရတယ် မဟုတ်လည်း ကိုယ့်လက်ထောက်ကို ဆက်သွယ်လို့ရတယ်"

စီဆဲလ်သည် ယခုအချိန်တွင် အစိမ်းရင့်ရောင် စစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး အနက်ရောင်လေကာအင်္ကျီကို သူ့နောက်တွင် လွတ်လပ်စွချထားကာ လည်ပင်းတွင်ရှိသော ကြယ်သီးသုံးခုကို ဖြုတ်ထားသောကြောင့် ကျယ့်ပြန့်သန်မာသော ရင်အုပ်ကို ပေါ်လွင်စေသည်။

အရပ်ရှည်ပြီး အလွန်သန်မာသည့် တကယ်ချောမောကြည့်ကောင်းသည့် အမျိုးသားဖြစ်သည်။

ကျောင်းမြန် က ခဏရပ်လိုက်ပြီး "ခင်ဗျား ဘယ်သွားမလို့လဲ" ဟု မေးသည်။

စီဆဲလ်သည် ကျောင်းမြန်ကို အဓိပ္ပါယ်အပြည့်ဖြင့် ကြည့်လိုက်သည်။

ကျောင်းမြန်သည် သံသယစိတ်ဖြင့် ပြန်ကြည့်မိသည်။

"အချိန်ကျရင် ကိုယ်ပြောပြမယ်" 

စီဆဲလ်သည် ပြုံးပြီး ထွက်သွားလေသည် ။

ကျောင်းမြန် က ဒီကိစ္စအား နောက်မှ နားလည်သွားသည်။

စီဆဲလ်သည် အရင်က ရေခဲမြစ်တော်ဝင်မိသားစုမှ သူ့ကိုလိုက်လံဖမ်းဆီးခဲ့သည့်ကိစ္စကို ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်သည်။

စီဆဲလ်သည် ရေခဲမြစ်တော်ဝင်မိသားစုနှင့် ဇာစ့်တို့ကြား က ပူးပေါင်းဆောင်ရွက်မှုကို သိပြီးသွားပြီလား?။

ကျောင်းမြန်သည် သူ၏ အနက်ရောင် သားရေဖိနပ်ကို ငုံ့ကြည့်ရင်း 

'သူ့မှာ သက်သေရှိတယ်လို့ စီဆဲလ်ကိုပြောပြလိုက်သင့်လား။'

မူလအစီအစဉ်မှာ စီဆဲလ်ဆီသို့ သတင်းကိုအမြန်ဆုံးအကြောင်းကြားရန်ဖြစ်သော်လည်း ယခုအချိန်တွင် သူ အသက်ရှင်နေသောကြောင့် ရွေးချယ်စရာများ ပိုများလာသည်။ စီဆဲလ်အား ယုံသင့် မယုံသင့် နှင့် ပြောရမလား မပြောရမလား ဖြင့် အတွေးများနေခဲ့သည်။

ကျောင်းမြန်သည် ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်ကာ သူ၏တာမီနယ်ကို မသိစိတ်မှ ဖွင့်လိုက်ကာ "စီဆဲလ်" ဟူသော စာလုံးကို ရိုက်ကာရှာဖွေခဲ့သည်။

ချောမောပြီး SSSအဆင့် စိတ်စွမ်းအင်ရှိသူ လူထု၏သူရဲကောင်း....

အပြင်လောကတွင် သူက ပြီးပြည့်စုံသူဖြစ်သည်။

အခု နောက်ထပ်အချက်တစ်ခုက အိမ်ထောင်ရေး.......

ကျောင်းမြန်သည် ရယ်ရမလား ငိုရမလား မသိသဖြင့် ကြည့်ရန် သက်ဆိုင်ရာပို့စ်ကို နှိပ်လိုက်သည်။

#ကျောင်းမြန်က အဖွဲ့ချုပ်မှ ထွက်သွားသည်

.....???

ကျောင်းမြန် မျက်လုံးပြူးသွားပြန်သည်။ သူသည် တစ်ရက်မျှ လှိုင်းမစီးခဲ့ဖူးပါ(သူလည်း ဘာမှမလုပ်ခဲ့ပါ)။ ဘယ်လိုဖြစ်ပြီး ရှာဖွေမှုအများဆုံးဖြစ်လာရပြန်တာလဲ။

ကျောင်းမြန်သည် ဝင်ဖတ်ရန် နှိပ်လိုက်လေသည်။

{တရားဝင် ဝက်ဘ်ဆိုဒ်တွင် ကြေညာချက်ကို နင်တို့မြင်ပြီးပြီလား။ ငါတို့ဗိုလ်ချုပ်ကြီးက ဒီရန်သူ ဗိုလ်ချုပ်ကို တကယ်လက်ထပ်တော့မယ်တဲ့။ ဗိုလ်ချုပ်ကြီးအတွက် စိတ်မကောင်းဘူး၊ သူက အဖွဲ့ချုပ်အတွက် အများကြီး ပေးဆပ်ထားရတာ။ }

{ အဲဒီ့ဓာတ်ပုံကို မြင်ကြည့်လိုက်တော့ ငါငိုချင်လိုက်တာအရမ်းပဲ ဝူး..... ၊ မင်္ဂလာမဆောင်ဘဲနဲ့ လက်ထပ်မှတ်ပုံတင်ပဲရှိတာဆိုတော့ ဗိုလ်ချုပ်ကြီးရဲ့ ဆန္ဒမပါဘူးထင်တယ် ။ }

{ကြားပြီးကြပြီလား။ ဗိုလ်ချုပ်ကြီးက အဆိပ်ခတ်ခံရပြီးတော့ တဖြည်းဖြည်းနဲ့ ပြန်ကောင်းလာခဲ့ပေမယ့် ဗိုလ်ချုပ် ကျောင်းမြန်ကို လက်ထပ်တော့မယ်လည်းဆိုရော ထပ်ပြီးအခြေအနေဆိုးသွားပြန်ရော အဲ့ဒါကြောင့် သူ့ညီက လုပ်ကြံဖို့အခွင့်အရေးရသွားတာ။ }

{ဝူး.....ဝူး....အဲဒါ တွေးလိုက်ရုံနဲ့ကို အရမ်းကြောက်ဖို့ကောင်းတယ်။ }


{ဗိုလ်ချုပ်ကြီးက ဖက်ဒရယ် နယ်မြေထဲက နေရာတိုင်းကို စစ်တိုက်ထွက်နေရတာ အဲ့ဒါကို အိမ်ပြန်လာတဲ့အချိန်မှာ ကိုယ့်ကိုထိခိုက်အောင်လုပ်မယ့် စိတ်ကောင်းမရှိတဲ့သူနဲ့စေမည့်သူနှင့် လက်ထပ်ရဦးမယ်။ }

ကျောင်းမြန် အံ့သြသွားသည်။

သူ အောက်ကပိုစ့်ကိုဆက်ဆွဲပြီးကြည့်လိုက်ရာ ဓာတ်ပုံတစ်ပုံကို တွေ့လိုက်ရသည်။ ထိုဓါတ်ပုံသည် ရေခဲမြစ် အင်ပါယာရဲ့ ရေတပ်ဗိုလ်ချုပ် ကျောင်းမြန် ၏ပုံဖြစ်သည်။

ကျောင်းမြန်သည် ထိုဓာတ်ပုံကို ကြည့်ပြီးနောက် ဆွံ့အသွားသည်။

၄င်းပုံသည် မျက်လုံးများအပခန္ဓာကိုယ်အနှံ့တွင် ရေခဲပြာအကြေးခွံများဖုံးလွှမ်းနေပြီးကိုဖောက်ကာ ရှည်လျားသောလျှာကြီးက အပြင်သို့ထွက်ကျသော ဘီလူးကြီး၏ ပုံဖြစ်သည်။

ကျောင်းမြန် : "......."

သူသာ အဖွဲ့ချုပ်ထဲက ဖြစ်ခဲ့လျှင်လည်း သူလည်း ယခုလိုမှားကောင်းမှားလိမ့်မယ်ဆိုတာ နားလည်ပါသည်။

သဲရုပ်သံက ဒီဓာတ်ပုံကို ထုတ်လွှင့်ထားသည်၊ အဲဒါက သူပဲ။

{ကြည့်ကြ....အဲ့ဒါ ရေခဲမြစ် ကြယ်ကွန်ရက်ကနေ ခိုးယူထားတဲ့ ရေခဲမြစ်ဗိုလ်ချုပ်ရဲ့ ဓာတ်ပုံပဲ။ }

ဒါက သတင်းပေးသူပြောခြင်းဖြစ်သည်။

ကျောင်းမြန်က ရယ်ရမလား ငိုရမလား မသိတော့ပေ။

ဒီပုံက သူ့ပုံ!!သူ့မျက်နှာ!!! သူထိုင်စီးခဲ့တဲ့ သူ့စီးစရာတဲ့လား!!!!!

ရေခဲမြစ်စနစ်သည် ဤနေရာတွင် အဖွဲ့ချုပ်နှင့် မတူပါ၊ အင်တာနက်သုံးစွဲခွင့်သည် ရှေးရိုးဆန်ပြီး ပိတ်ပင်ထားသောကြောင့် အထက်တန်းအဆင့် ပုဂ္ဂိုလ် ၊ အရာရှိများ၏ ဓာတ်ပုံများကို အလွယ်တကူ ပေါက်ကြားခွင့်မပြုပေ။

ကျောင်းမြန်သည် ဤနတ်ဆိုးကို တိုက်ခိုက်၍ ရေခဲမြစ် အင်ပါယာ၏ နယ်နိမိတ်အတွင်းတွင် စီးနင်းခဲ့ဖူးသည်။ထိုသတင်းပေးက သူ့နာမည် စာလုံးတွေကို ရိုက်ရှာလိုက်ချိန်တွင် ပေါ်လာသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ ရေခဲမြစ် ကြယ်ကွန်ရက်ထဲသို့ ခိုးသွင်းခဲ့သော အချက်အလက်သည် ဗဟိုအစိုးရမှမထုတ်ပြန်မီတွင် ကွန်ရက်လုံခြုံရေးကစနစ်တကျ ရှာဖွေပြီး ဖယ်ထုတ်ရမည်ဖြစ်သည်။

ကျောင်းမြန်သည် သူ့ပုခုံးများကို ပွတ်သပ်လိုက်သည်။

ကောင်းပြီ.....ကျောင်းမြန်သည် သူ့အပေါ် လူအများ၏ မကျေနပ်မှုများကို နားလည်ပေးနိုင်ပါသည်။ စီဆဲလ်သည် အရင်က လူတိုင်း၏ အိပ်မက်ချစ်သူမင်းသားလေး၊ ပြည်သူ့သူရဲကောင်းတစ်ဦးဖြစ်ပြီး ယခင်က လှောင်ပြောင်ခံခဲ့ရသည့် ဖျော်ဖြေရေးအသိုင်းအဝန်းမှ လူများဖြစ်သော၊ ရုပ်ရှင်ဧကရီပင် ရေတပ်ဗိုလ်ချုပ်ကြီး၏ ဇနီးဖြစ်ရန် အရည်အချင်းမပြည့်မီခဲ့ပေ။

ယခုတွင်မူ သူတို့၏ စိတ်ကူးယဉ်ချစ်သူမင်းသားလေးသည် အရုပ်ဆိုးသော ဘီလူးတစ်ကောင်ဖြစ်ရုံသာမက လျှို့ဝှက်အေးဂျင့်တစ်ဦးဖြစ်သည့် စစ်ရှုံးသွားသော ရန်သူဗိုလ်ချုပ်နှင့် တွဲဖက်ရမည်ဖြစ်သည်။

နိုင်ငံနှစ်ခုသည် အမြဲတစေ သဟဇာတမရှိဘဲ အချင်းချင်း နားလည်မှုမရှိကြသဖြင့် ကျောင်းမြန်၏ သူတို့အတွက်အမည်သည် 'ရန်သူ' ဟူသော စကားလုံးမှလွဲ၍ သူတို့၏စိတ်ထဲတွင်စွဲမြဲစွာ မှတ်ယူထားသည်။ ယခုအချိန်တွင် အဖြစ်အပျက်တွေ အများကြီးဖြစ်သွားပြီဖြစ်၍ သူ့သဘာဝအတိုင်းဖြစ်နေသည်ကို မနှစ်သက်တော့ပါ။

ကျောင်းမြန်သည် မတတ်သာဘဲ သက်ပြင်းတစ်ချက်ချလိုက်သည်။ ကံကောင်းစွာဖြင့်၊ သူနှင့် စီဆဲလ်သည် မင်္ဂလာပွဲမလုပ်ဘူးဟု ပြောခဲ့သဖြင့် မဟုတ်လျှင် မင်္ဂလာပွဲ၌ တစ်ယောက်ယောက် အက်ဆစ်နဲ့ ပစ်ပေါက်မှာကို စိုးရိမ်နေရလိမ့်မည်။

"ဒင်......ဒင်...."

သူ့တာမီနယ်မှ အသံမြည်လာသဖြင့် သူ၏အတွေးများပြတ်တောက်သွားသည်။

ဖုန်းခေါ်သူမှာ ကျောင်းရင်း ဖြစ်သည်။

" ဟယ်လို.."

"အာ့မြန် ....ငါ သွားတော့မယ်"

ကျောင်းမြန်သည် ခဏလောက် အံ့သြသွားပြီး "ဒါဆို အမကိုလိုက်ပို့ဖို့ လေဆိပ်ကို လာခဲ့မယ်" ဟုပြောလိုက်သည်။

"....ကောင်းပြီလေ"

ကျောင်းမြန် သည် အိမ်ထိန်း၏ ခွင့်ပြုချက်ရပြီးနောက် စီဆဲလ်၏ လေယာဉ်ဖြင့် လေဆိပ်သို့ မောင်းနှင်ရန် လမ်းကြောင်းပြမှုကို ဖွင့်လိုက်သည်။

လေဆိပ်သည် ကျေးလက်ဒေသတွင်ဖြစ်သည်။ ကျောင်းမြန် ရောက်လာသည့်အချိန်တွင် သူ့အမသည် အကောက်ခွန်တွင် စာရင်းသွင်းထားပြီးဖြစ်သည်။ သူမသည် လေယာဉ်ကွင်းမှ ထွက်ခွာရန်ပြင်ဆင်နေပြီး လေယာဉ်ပေါ်တက်ကာ အနောက်ဘက်ကန္တာရသို့ သွားရန်စီစဥ်ခဲ့သည်။

လေယာဉ်ကို တောထဲမှတစ်နေရာတွင်ရပ်ထားပြီး ကျောင်းရင်း လေယာဥ်ပေါ်မတက်ခင် သူမစောင့်နေသလိုမျိုး ဘေးနားတွင်ရပ်နေလိုက်သည်။

"အမ" ကျောင်းမြန် သည် ကျောင်းရင်းအား နှုတ်ဆက်ရန် ရှေ့သို့ တိုးလာသည်။

"အမ ဒီကနေ ထွက်သွားပြီးရင် ကျွန်တော့်လက်ထောက်က ယောက်ဖကို ရှာဖို့ အမကို လတစ်လမ်းလုံး ခေါ်သွားပေးလိမ့်မယ်။"

ကျောင်းရင်း၏ခင်ပွန်းသည် မြို့တော်နှင့် အလွန်ဝေးသော ဒေသတွင် သုတေသနလုပ်နေသည်။

"ကောင်းပြီ" 

ကျောင်းရင်းသည် အနည်းငယ် သွေးအေးသွားသလို ခံစားလိုက်ရသည်။

ကျောင်းမြန် က နွေးထွေးစွာ ပြုံးလိုက်ပြီး 
"အမ နောက်ပိုင်းအချိန်ရရင် ကျွန်တော် အမနဲ့ ပြန်လာနေမယ်" ဟုပြောပါသည်။

"မလိုပါဘူး၊ အဖေလည်း ဆုံးသွားပြီ..." 

ကျောင်းရင်းသည် ခေါင်းလှည့်ပြီး 
"အခု နင့်ရဲ့နှလုံးသားက ရေခဲမြစ်မှာလား ဒါမှမဟုတ် ဖက်ဒရေးရှင်းက စီဆဲလ်ဆီမှာလား ဆိုတာ ငါမသိဘူး" 

ကျောင်းမြန် က တိတ်ဆိတ်နေ၏။

"ငါ....သွားတော့မယ်။" 
ကျောင်းရင်းသည် ဆက်မထိန်းထားနိုင်တော့ဘဲ 
" ကျောင်းမိသားစု နဲ့ မင်းရဲ့စစ်တပ်ကို သူတို့ဆီ ပြန်ရအောင် မင်း အစွမ်းကုန် ကြိုးစားသင့်တယ်၊ မဟုတ်ရင် မင်းတစ်ယောက်တည်း အဖွဲ့ချုပ်မှာ ကူကယ်ရာမဲ့နေရင် ငါ ဘယ်လိုလုပ်ရမလဲ။ ကိုယ့်အတွက် ကိုယ်လည်း ဂရုစိုက်ပါ။"

ကျောင်းမြန်သည် သူ့မျက်လုံးများကို အောက်သို့ငုံ့ထားပြီး "ကျွန်တော် အတတ်နိုင်ဆုံးကြိုးစားမှာပါ" ဟုပြောပါသည်။

အဓိကအားဖြင့် သူသည် ရေခဲမြစ်အင်ပါယာ၏ ရာဇ၀တ်သားတစ်ဦးဖြစ်နေသောကြောင့်၊ သူ၏မူလစစ်တပ်ကို ပြန်ရရန် မလွယ်ကူပေ။

ထိုအချိန်မှသာ ကျောင်းမြန်သည် သူ့အားဖက်ဒရေးရှင်းက ကြိုဆိုခြင်းမရှိသလို ရေခဲမြစ်အင်ပါယာကလည်း လက်မခံတော့ကြောင်း ရုတ်တရက် သဘောပေါက်သွားခဲ့သည်။

"မင်း ပိုပြီးဂရုစိုက်ဖို့ပဲလိုတာ။" 

ကျောင်းရင်းသည် သူ့အားလှည့်ကြည့်လိုက်ပြီး ခရီးဆောင်အိတ်ကို လှေကားထစ်ပေါ်သို့ ဆွဲတင်လိုက်သည်။

"ဝုန်း!" 

လေယာဥ်တံခါးကို အသံမြည်ပိတ်လိုက်ပြီးနောက် သူမထွက်ခွာသွားခဲ့သည်။

ကျောင်းမြန်သည် လေယာဥ်ပျံတက်သွားသည်ကိုကြည့်နေခဲ့ပြီး နောက်ဆုံးတွင် ကောင်းကင်နှင့် တိမ်တိုက်များတွင် ပျောက်ကွယ်သွားခဲ့သည်။

ကျောင်းရင်း ထွက်သွားသည်မှာ အချိန်အတောကြာပြီဖြစ်ပေမယ့် သူကတော့ စောင့်ကြည့်နေတုန်းဖြစ်သည်။

သူ၏ခြေထောက် နာကျင်လာသည်အထိ ဘယ်လောက်ကြာအောင် ရပ်နေမှန်းမသိခဲ့ပေ။

သူ့မှာ ပြန်စရာအိမ်မရှိဘူး။

ထိုအချိန်တွင် ကျောင်းမြန်သည် ရုတ်တရက် သူ့ပုခုံးပေါ်သို့ အင်္ကျီတစ်ထည် လွှမ်းခြုံလာသည်ကို သတိထားမိသွားတော့မည်။

"လေစိမ်းတွေတိုက်နေတာကို မင်းဘယ်အချိန်ထိဆက်ရပ်နေမှာလဲ?"

ကျောင်းမြန် အံ့သြသွားလေသည်။

----------------------------------------------------------------