Chapter 10
Viewers 201

Chapter - 10

(ကဲ့ရဲ့ခြင်း)

ကျောင်းမြန် ဒီနေ့ စောစောနိုးနေခဲ့သည်။

ရက်အနည်းငယ်ကြာ နေပြီးသည့်နောက်တွင် ကျောင်းမြန်သည် ဗိုလ်ချုပ်ကြီး၏အိမ်ရှိ သူ့အခန်းနှင့် အိပ်ရာကို တဖြည်းဖြည်း အသားကျလာခဲ့သည်။ အပြင်ဘက်ရှိ ပန်းခင်းများကို လှမ်းမြင်နိုင်သည့် ကြမ်းပြင်ထိ ကြီးမားသောပြတင်းပေါက်ကြီးတစ်ခုလည်း ရှိသည်။ ထိုအခန်းသည် ရေတပ်ဗိုလ်ချုပ်ကြီး၏အကောင်းဆုံးအခန်းတစ်ခုဖြစ်ကြောင်း အိမ်ထိန်းက ပြောခဲ့ဖူးသည်။

ပြီးတော့ ဒီနေ့ဟာ အလွန်သာယာနေ့လေးဖြစ်သည်။ 

ရက်အနည်းငယ်အကြာတွင် ကျောင်းမြန်သည် သူ၏မွေးရပ်မြေဖြစ်သော ရေခဲမြစ်၏မြို့တော်သို့ ပြန်သွားခဲ့သည်။

စီဆဲလ်နှင့် ရေခဲမြစ်အစိုးရတို့၏ တစ်ဝက်တစ်ပျက် ညှိနှိုင်းဆွေးနွေးမှုပြီးနောက်တွင် စီဆဲလ်သည် ရေခဲမြစ်အစိုးရထံ ကျောင်းမြန်၏ ပြစ်မှုမှတ်တမ်းကိုသူ၏ဂုဏ်သိက္ခာကို ကာကွယ်ရန်အတွက်ရုပ်သိမ်းပေးရန် နောက်ဆုံးတွင် တောင်းဆိုခဲ့သည်။ 

 ယခုအချိန်တွင် ကျောင်းမြန်သည် အပြစ်သားမဟုတ်တော့သည့်အတွက် ရေခဲမြစ်၏ ကိုယ်ပိုင်စစ်တပ်များကို ပြန်လည်ထိန်းချုပ်ရန် အခွင့်အရေးပြန်ရခဲ့သည်။

အခု ကျောင်းမြန်သည် စစ်တပ်ကို ပြန်လည်ဖွဲ့စည်းရန်အတွက် သူ၏တပ်သားအားလုံးကို တွေ့ဆုံရန် ပြန်သွားခဲ့သည်။

ကျောင်းမြန် နှင့် စီဆဲလ် တို့သည် နှစ်နိုင်ငံနယ်စပ်တွင် စစ်စခန်းတစ်ခု ထူထောင်ရန် စီစဉ်ထားသောကြောင့် ကျောင်းမြန်သည် ဟိုဘက် ဒီဘက်မှ သွားလာရန် မလိုအပ်တော့ချေ။

" ကျောင်းမြန်.....မင်းသိလား ကိုယ်တို့ ဒီနေရာကို ရှေးကျတဲ့ကမ္ဘာလို့ခေါ်ကြတာ" 

လေယာဉ်ထဲတွင် ကျောင်းမြန်နှင့် စီဆဲလ် တို့သည် ပြတင်းပေါက်မှ ဖြတ်သွားသော ကြယ်များကို ကြည့်ရင်း သက်တောင့်သက်သာ ထိုင်နေကြသည်။

"ဟင်...?"

စီဆဲလ်က "အချိန်က စက်ဝိုင်းလိုလည်ပတ်နေတာ" ဟု လျှို့ဝှက်စွာပြောခဲ့သည်။

ကျောင်းမြန် က ရယ်ရမလား ငိုရမလား မသိတော့ပေ။ 

ခရီးက ရှည်လျားလွန်းသောကြောင့် ကျောင်းမြန်သည် ပျင်းရိလာသဖြင့် တာမီနယ်မှတဆင့် သတင်းကြည့်နေလိုက်သည်။ စီဆဲလ်နှင့်သူ၏အိမ်ထောင်ရေးသတင်းသည် ယခုအချိန်တွင် အပြင်းထန်ဆုံးနှင့်အကျော်ကြားဆုံး အတင်းအဖျင်းတစ်ပုဒ်ဖြစ်နေဆဲဖြစ်သည်။

သို့သော် ယနေ့၏ ရှာဖွေမှုအများဆုံးသူသည် ကျောင်းမြန်မဟုတ်ဘဲ စီဆဲလ်ဖြစ်နေသည်။

ကျောင်းမြန် အံ့ဩသွားသည်။

ဒါဘယ်လိုကိစ္စမျိုးလဲ??

ရှာဖွေမှုအများဆုံး နံပါတ် ၁ :

# ဗိုလ်ချုပ်ကြီး ဖောက်ပြန်တာ ဖမ်းမိခြင်း

အောက်က ပိုစ့်များ၏ခေါင်းစဥ်တွင်လည်း

#ကျောင်းမြန်ရဲ့ခေါင်းကစိမ်းနေတယ်

#ဘီလူးကြီး မပျော်တော့ပါ

ထိုခေါင်းစဥ်အားလုံးသည် စီဆဲလ်နှင့်သက်ဆိုင်သည့်အရာများဖြစ်နေသည်။

ကျောင်းမြန် : "?????"

သူတစ်ခုခုလွတ်သွားသေးတာလား??

သူ့ခေါင်းစိမ်းနေတယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ??

[အထူးသတင်းများ! ] ရေတပ်ဗိုလ်ချုပ်ကြီး စီဆဲလ်သည် ငွေပြာရောင်ဆံနွယ်များရှိသော အမျိုးသားတစ်ဦးနှင့် လေဆိပ်တွင် ရင်းနှီးစွာရှိနေခဲ့သည်။

[သတင်းအကြီးစား! ] ဖက်ဒရယ်ဗိုလ်ချုပ်ကြီးသည် မိစ္ဆာကြီးကို စွန့်ပစ်ပြီး ချောမောလှပသောကောင်လေးနှင့် အတူရှိနေခဲ့သည်။

[အသားစိမ်း] ဗိုလ်ချုပ်ကြီးသည် လေဆိပ်တွင် ချောမောလှပတဲ့ အမျိုးသားတစ်ယောက်နှင့် ပွေ့ဖက်ရင်း နမ်းနေခဲ့သည်။

ကျောင်းမြန် : "...."

ပွေ့ဖက်တယ်?? နမ်းတယ်???

ကျောင်းမြန်၏ နှုတ်ခမ်းရှုထောင့်က ကြည့်လျှင် ကြည့်ရှုသူများအနေဖြင့် ထိုသို့ မြင်လိုက်ရသည်။

ဤခေါင်းစဉ်အောက်တွင် ဓာတ်ပုံပေါင်း များစွာရှိနေသည်။ ထိုဓာတ်ပုံများသည် အဝေးမှ ရိုက်ယူထားသောကြောင့် ရှင်းလင်းပြတ်သားမှုမရှိပေ။ သို့သော် ကံကြမ္မာ၏ လှည့်စားမှုအရ ဓာတ်ပုံထဲတွင် ရပ်နေသူကတော့ စီဆဲလ်ဖြစ်ကြောင်းသိရပြီး တခြားဘက်မှလူသည်ကင်မရာထဲတွင် နောက်ကျောဘက်ငွေပြာရောင် ဆံပင်ရှည်ရှည်များကိုသာမြင်ရလေသည်။

အောက်တွင် ဗီဒီယိုလင့်ခ်တစ်ခုလည်း ပါရှိသည်။ကျောင်းမြန်သည် ဗီဒီယိုထဲတွင် စီဆဲလ် က သူ့အနားကလူအား ညင်သာသော အမူအရာဖြင့် ကုတ်အင်္ကျီဝတ်ပေးလိုက်တာကို တွေ့လိုက်ရသည်။

ထို့နောက် စီဆဲလ်သည် ထိုလူ၏ပခုံးကိုထိန်းဖက်ကာ လေယာဉ်ဆီသို့ လျှောက်သွားပြီး ထိုလူအတွက် တံခါးကိုဖွင့်ပေးခဲ့သည်။

အပြုအမူအားလုံးသည် ဂရုစိုက်မှုအပြည့်ရှိပြီး သူကာကွယ်ပေးနေသောလူသည်လည်း နူးညံ့ညင်သာသည့်ပုံပေါ်သည်။

ကျောင်းမြန်သည် ထိုနေ့တွင် သူ့အတွေးများ ဖရိုဖရဲဖြစ်နေကာ စိတ်အခြေအနေမကောင်းနေ၍ သူ၏အပြုအမူများကိုသတိမထားမိလိုက်ပေ။

ဒါပေမယ့် အခု ဒီဗီဒီယိုကို ကြည့်လိုက်ချိန်တွင်တော့ အဲဒီနေ့က စီဆဲလ်သည် သူ့အား အရမ်းဂရုစိုက်ကာ နူးညံ့နေတယ်ဆိုသည်ကို ရုတ်တရက် သိလိုက်ရသည်။

ကျောင်းမြန်၏မျက်နှာမှာ အနည်းငယ်နီရဲလာရသည်။

ထိုကိစ္စနှင့် ပတ်သက်သည့်ဆွေးနွေးပွဲ ဧရိယာ သည်လည်း လှိုင်းထန်နေလေပြီ။

{ ဖောက်ပြန်တာ မကောင်းပေမယ့် ဒီငွေပြာရောင် ဆံပင်ပိုင်ရှင်နဲ့ ရန်သူ့ဗိုလ်ချုပ်ဟောင်းရဲ့ ဓာတ်ပုံတွေကို ယှဥ်ကြည့်ပြီးတာနဲ့ ငါ ဖောက်ပြန်မှုကို လက်ခံလိုက်တယ် :) }

{ငါရောပဲ....သဘောတူတယ်။ နောက်ကျောပဲမြင်လိုက်ရပေမယ့် မျက်နှာလေးကိုသာမြင်လိုက်ရရင်တော့... ah ah ah ငါသေပါပြီ!! ဒီလောက်လှတဲ့ ဆံပင်အရောင်ကို တစ်ခါမှ မမြင်ဖူးဘူး! သူ့ခြေထောက်တွေနဲ့ သူ့ခါးလေးကိုကြည့်ပါဦး......။ အဓိကအရေးကြီးဆုံးက ရေတပ်ဗိုလ်ချုပ်ကြီးရဲ့ အသွင်အပြင်ကို ကြည့်ရင် ဒါက စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာပါပဲ။ ပါးစပ်ပိတ်......ပါးစပ်ပိတ်.... }

{ ဗိုလ်ချုပ်ကြီးက မကောင်းဆိုးဝါးနဲ့ အတူ မနေနိုင်လို့ တခြားတစ်ယောက်ကို ရှာခဲ့တာ......ဒါပေမယ့် ဗိုလ်ချုပ်ကြီးအနား လူတစ်ယောက်ရှိနေတာ ဒါပထမဆုံးပဲ..... သူဘယ်သူလဲ? ငါမနာလိုဖြစ်မိတယ်...။ }

လူတိုင်းသည် စီဆဲလ်ကို အမြဲချစ်ခင်ပေးပြီး ထောက်ခံပေးကြသည်။ အရင်က စီဆဲလ်ကိုလိုက်ကပ်ခဲ့သော မင်းသမီးကို စီဆဲလ် ကိုယ်တိုင် ဖယ်ထုတ်ခဲ့တာကြောင့် အင်တာနက်ပေါ်တွင် လှောင်ပြောင်စရာများ ဖြစ်လာခဲ့ပေမယ့် အခုတွင် စီဆဲလ် ဒီငွေပြာရောင်ဆံပင်ပိုင်ရှင်အား သူကိုယ်တိုင်ကြင်နာပြီး ဂရုစိုက်ပေးနေသောကြောင့် လူတိုင်းက အံ့သြနေကြသည်။

{သတိထားလေးကပ်ကြဦး၊ မကောင်းဆိုးဝါးက ဘယ်လောက်ပဲ ရုပ်ဆိုးနေပါစေ၊ ဘယ်လိုအကြောင်းကြောင့်နဲ့ပဲဖြစ်ဖြစ် လူသိရှင်ကြားတရားဝင်ဇနီးဖြစ်နေတုန်းပဲ။ }

{+1၊ စီဆဲလ်က ရေတပ်ဗိုလ်ချုပ်ကြီး၊ နိုင်ငံ့ ဂုဏ်ဆောင် သူရဲကောင်းတစ်ဦး က ဒီလိုလုပ်ရပ်ကို လုပ်တယ်ဆိုတာ မကောင်းဘူးမလား။ ဒါကို အပြင်လူတွေက ဘယ်လိုမြင်သလဲ ဘယ်လိုထင်မလဲ ။ }

စီဆဲလ်၏ အရူးအမူး ပရိသတ်များထဲတွင် ထောက်ခံသောသူများကို ကန့်ကွက်သူများလည်း ရှိပါသည်။

ဟုတ်ပါသည်.....

ကျောင်းမြန် မရယ်နိုင်တော့ပါဘူး ......အခု သူသည် မကောင်းဆိုးဝါးတစ်ကောင်ကနေ အငယ်အနှောင်းအဖြစ် ပြောင်းလဲသွားပါပြီ။

သူ့ကိုယ်ပိုင်အချက်အလက်ကို ရှင်းပြသင့်လားဆိုတာ ကျောင်းမြန် မတွေးဘဲမနေနိုင်တော့ပါ။

လူအများကို ချပြဖို့ တစ်ခုတည်းသော အခွင့်အရေးက မင်္ဂလာပွဲ ဖြစ်ပေမယ့် သူတို့ မကျင်းပခဲ့ပေ။

ဆိုတော့.....သူဘာလို့လုပ်ဖို့မစီစဉ်ခဲ့တာပါလိမ့်...

ကျောင်းမြန်သည် ဒီအကြောင်းကို တွေးနေသော်လည်း ဒီအတိုင်းထားလိုက်ဖို့သာ ဆုံးဖြတ်လိုက်သည်။

သူတို့အိမ်ထောင်ရေးလိုပဲ အရာအားလုံးသည် အတုအယောင်များသာဖြစ်သည်။

သူတို့ကွာရှင်းလျှင် ကျောင်းမြန်သည်ထွက်သွားရမည်ဖြစ်ပြီး အဖွဲ့ချုပ်အတွင်းရှိ ဖြတ်လျှောက်တစ်ဦးသူသာဖြစ်သည်။ ထိုအချိန်တွင် လူထု၏ ထင်မြင်ယူဆချက်များသည် တဖြည်းဖြည်း အေးစက်လာပါလိမ့်မည်။

ကျောင်းမြန်သည် တာမီနယ်ကို ခန့်မှန်းရခက်စွာကြည့်နေပြီး ပြုံးနေသည်အား စီဆဲလ်၏မျက်လုံးထောင့်မှမြင်လိုက်ရသည်။

ကျောင်းမြန်၏ တာမီနယ် မျက်နှာပြင်တွင်အတင်းအဖျင်းဖိုရမ်ရှိ စီဆဲလ်၏ အရည်အသွေးမြင့်ဓာတ်ပုံ ရှိနေခဲ့သည်။

"ဟေး..." 
စီဆဲလ်က ခေါင်းကို လှည့်ကာ အနိမ့်သံဖြင့်ရယ်မောကာ မေးစေ့ကို လက်မဖြင့် ပွတ်သပ်လိုက်ပြီး
" လူတစ်ယောက်လုံး မင်းဘေးမှာ ထိုင်နေတာတောင်၊ မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းဖို့ဓာတ်ပုံတွေကို ကြည့်နေရသေးတာလား...?"

ကျောင်းမြန် : "....."

စီဆဲလ်က သူ့မေးစေ့ကို လက်ဖြင့်ထောက်ကာ ပြုံးလိုက်ပြီး 
"မင်း သည်းမခံနိုင်ရင်လည်း ကိစ္စမရှိပါဘူး၊ ဒါပေမယ့် ဒီနေ့ ကိုယ် ၀တ်စုံပြည့်ကို ဝတ်ထားတာဆိုတော့လည်း ဓာတ်ပုံတွေ ဆက်ကြည့်ချင်လည်းကြည့်ပေါ့...."

ကျောင်းမြန် : "........"

အရင်က စီဆဲလ်သည် အိမ်တွင် အဖြူရောင် ကြယ်သီးပါသော ရှပ်အင်္ကျီကို ၀တ်လေ့ရှိပေမယ့် ဒီနေ့မှာတော့ အဖြူရောင် စစ်ဝတ်စုံကို ၀တ်ဆင်ထားလေသည်။ 

ကျောင်းမြန်သည် သန့်ရှင်းသောအဖြူရောင်ဝတ်စုံကို ၀တ်ဆင်ထားသည့် အမျိုးသားအား တခြားသူများနှင့် နှိုင်းယှဥ်မိလိုက်သည်။ 

အေးစက်ပြီး လွှမ်းမိုးချုပ်နိုင်ကိုင်စွမ်းအပြည့်ရှိကာ သန့်စင်မှုအပြည့်ရှိသည်။ ထိပ်နားရှိ ရွှေရောင်အနားကွပ်က အနည်းငယ် ထူးခြားကာ သူ၏အရှိန်အဝါကို တိုးလာစေသည်။

ထူထဲသော အထည်သည် အရပ်ရှည်သော ခန္ဓာကိုယ်ကို တင်းကြပ်စွာ ပတ်ထားသောကြောင့် ပခုံးနှင့် ခါး၏ ချောမွေ့ သန်မာသောကောက်ကြောင်းများကို အပြည့်အဝ ပေါ်လွင်စေသည်။ 

ကျောင်းမြန်သည် သူ့အကြည့်များကို ကူကယ်ရာမဲ့စွာ ရွှေ့လိုက်တော့သည်။

လေယာဥ်သည် ရေခဲမြစ်မြို့တော်၏စစ်ဆေးရေးဂိတ်သို့ဖြတ်လာချိန်တွင် ကျောင်းမြန်သည် လက်ထောက်တပ်ထိန်းထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့သည်။

"ဗိုလ်ချုပ်.....!"

ကျောင်းမြန်က တုံ့ပြန်လိုက်သည်။ "ဟမ်"

"အဲဒါက.... ဗိုလ်ချုပ်ရောက်လာရင် ပင်မတံခါးကနေ မဝင်လာဘဲနဲ့ ဘေးတံခါးကနေ ဝင်လာခဲ့ပါ"

"ဘာလို့လဲ?" 

ကျောင်းမြန်က အနည်းငယ် မျက်မှောင်ကြုတ်ကာ ဘာတွေဖြစ်နေတာလဲ။

"အလွယ်ဆုံးပြောရရင် တောင်ဘက်တံခါးမှာ ဗိုလ်ချုပ်ကို ကျွန်တော်လာကြိုပါမယ်။ နားလည်မှုလွဲသွားနိုင်ပေမယ့် နောက်မှ ဗိုလ်ချုပ်ကို ကျွန်တော် သေသေချာချာ သတင်းပို့ပါ့မယ်!"

ကျောင်းမြန်သည် လေယာဥ်ရှိ အလိုအလျောက်စနစ်ပါသော မြေပုံကို တစ်ချက်စိုက်ကြည့်ကာ ပြောလိုက်သည်။
"ဒါပေမယ့်... အခုကအရမ်းနောက်ကျသွားပြီ။ အရမ်းအရေးကြီးလား....?"

".....!" 

တပ်ထိန်းသည် ငိုတော့မည့်အသံဖြင့်။

ကျောင်းမြန်က ဘာဖြစ်နေတာလဲဟု မေးလိုက်ရာ သဘောပေါက်သွားတော့သည်။

ပင်မတံခါးရှေ့တွင် ....ကျောင်းမြန် ပြန်လာပြီဖြစ်ကြောင်း လူတိုင်းကို အသိပေးခဲ့သောကြောင့် လူအုပ်ကြီးသည် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ တံခါးဘေးတွင် ရပ်နေကြသည်။

သူ့ကို မကြိုဆိုကြပေ။

-ကျောင်းမြန် ရေခဲမြစ်အင်ပါယာမှ ထွက်သွားပါ။

-ကျောင်းမြန်၏သစ္စာဖောက်မှုကို ခွင့်မလွှတ်နိုင်ပါ။

တစ်ဖက်မှ လူအုပ်ကြီးသည် အော်ဟစ်ဆန္ဒပြခဲ့ကြပြီး ကျန်တစ်ဖက်အုပ်စုမှာ ကျောင်းမြန်အား ထောက်ခံသူများဖြစ်သည်။ နှစ်ဖက်စလုံးမှ လူများသည် မည်သူမှ စတင်လိုက်သည်မှန်းမသိလိုက်ဘဲ ရန်ဖြစ်ကြကုန်သည်။ မြင်ကွင်းသည် ဖရိုဖရဲဖြစ်သွားလေသည်။

တံခါးနားက စစ်သားများသည် လူအုပ်ကြီးအားတားဆီးရန် ကြိုးစားကြပေမယ့် သူတို့ တားလေလေ အခြေအနေက ပိုရှုပ်ထွေးလေလေ ဖြစ်လာသည်။

အဆိုပါမြင်ကွင်းကိုမြင်သော် စီဆဲလ်က လှောင်ရယ်လိုက်သည်။ တော်ဝင်မိသားစုသည် ကျောင်းမြန် ၏ "အပြစ်" ကို ခွင့်လွှတ်လိုက်ပြီဟု ဆိုကြသော်လည်း၊ ၎င်းတို့သည် ကျောင်းမြန်၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည့် သတင်းအချို့အား လူအများကြားတွင် သတင်းဖြန့်ခဲ့ကြလေသည်။

ထို့အပြင် စီဆဲလ်က ဤခရီးစဉ်သည် အလွန်နိမ့်ကျသည်ဟု ထင်မိသည်။ ထိုတော်ဝင်များ၏စနက်မဟုတ်လျှင် သာမန်လူများက ဤကဲ့သို့ အနှောက်အယှက်မျိုးကို ဖန်တီးရန် မည်သို့သိနိုင်မည်နည်း။

ကျောင်းမြန်သည် ရေခဲမြစ်အင်ပါယာတွင် စီဆဲလ်ကဲ့သို့ပင် လူတိုင်း၏သူရဲကောင်းတစ်ဦးလည်းဖြစ်သည်။ သို့သော် ဤနေရာသည် စီဆဲလ်နေထိုင်ရာ ဖက်ဒရေးရှင်းကဲ့သို့ စိတ်အားထက်သန်မှုနှင့် တက်ကြွမှုမရှိဘဲ ရှေးရိုးဆန်သည်။

ယခုအခါ ပြည်သူများ၏ သူရဲကောင်းသည် တိုင်းပြည်ကို သစ္စာဖောက်ကြောင်း သိသွားသောကြောင့် လူတို့သည် သဘာဝအတိုင်း မတည်ငြိမ်နိုင်ဘဲ ၎င်းတို့၏ ယုံကြည်ချက်များပျက်စီးသွား သလိုခံစားရသောကြောင့် လူအချို့က ထုတ်ဖော်ပြောဆိုကြသည်။အချစ်နှင့်အမုန်းကြားရှိ ပြင်းထန်သော မကျေနပ်မှုများကြောင့် လူအချို့က ကျောင်းမြန်နှင့်အတူ ရပ်တည်ရန် အခိုင်အမာပြောဆိုကြပြီး အချို့က ကျောင်းမြန်သည် သစ္စာဖောက်ဟု လုံးဝယုံကြည်နေကြသည်။

နောက်ဆုံးတော့ ပင်မတံခါးသည် ရှုပ်ထွေးနေသော အမှိုက်ပုံကြီးလိုဖြစ်နေသည်။

ကျောင်းမြန် နှင့် စီဆဲလ်တို့၏ လေယာဉ်သည် လူအုပ်ကြားကို ဖြတ်သွားဖို့မဖြစ်နိုင်သောကြောင့် စီဆဲလ်သည် အနည်းငယ် မျက်မှောင်ကြုတ်ကာ လေယာဥ်၏အော်တိုစနစ်ကို ပိတ်လိုက်ပြီး လေယာဥ်လက်ကိုင်ကို ကိုင်ကာ ပြောလိုက်သည်။
"တောင်ဘက်တံခါးကနေ သွားကြမလား။"

ကျောင်းမြန်သည် စကားတစ်ခွန်းမှ မပြောနိုင်ဘဲ ထိုလူအုပ်ကြီးကို ကြည့်ကာ အံ့အားသင့်နေသည်။

စီဆဲလ်က သူ့ဆီ တိုးလာပြီး အနားကပ်ကာ 
"ကျောင်းမြန်...?"

"အင်း.." 

ကျောင်းမြန်သည် အံ့သြနေရာမှ ခေါင်းညိတ်ကာ ပြုံးလိုက်သည်။
"ကျွန်တော် အဆင်ပြေပါတယ်၊ တောင်ဘက်တံခါးကိုပဲ သွားကြမယ်လေ ၊ အဲ့မှာ ကျွန်တော့်လက်ထောက်စောင့်နေတယ်"

စီဆဲလ်သည် အနည်းငယ် မျက်မှောင်ကြုတ်ကာ ဘာမှ မပြောတော့ဘဲ လေယာဉ်ကို ပြန်ထိန်းချုပ်ကာ ဤနေရာမှ ထွက်သွားခဲ့သည်။

----------------------------------------------------------------