Chapter 12
Viewers 7k

Chapter -12

(မျက်ရည် နှင့် ဖိအားပေးခံရခြင်း )

စီဆဲလ် နှင့် ကျောင်းမြန်တို့သည် ကျောင်းစံအိမ်တွင် တစ်ညအိပ်ခဲ့ကြပြီး နောက်တစ်နေ့မနက်တွင် အဖွဲ့ချုပ်သို့ ပြန်လည်ထွက်ခွာလာခဲ့ကြသည်။

"ဘာမှားနေလို့လဲ?"
ကျောင်းမြန်သည် လမ်းထောင့်ရှိ သစ်ပင်အတုကို ညွှန်ပြလိုက်သည်။

စီဆဲလ်က မျက်မှောင်ကြုတ်လိုက်ပြီး
"အနောက်ကနေ တစ်ယောက်ယောက် လိုက်နေတာလား။"

"မဟုတ်ဘူး"

ကျောင်းမြန်သည် ရှေ့သို့တိုးသွားပြီး သစ်ပင်နောက်ရှိ ခွေးကလေးကို ကောက်ယူလိုက်သည်။

ညစ်ပတ်နေသောခွေးကလေးသည် သူတို့နှစ်ဦးကို မျက်လုံးကြီးကြီးဖြင့် စိုက်ကြည့်နေရာ ကျောင်းမြန်သည် သူ့ခြေထောက်တွင် ဒဏ်ရာရထားသောကြောင့် ဤနေရာတွင် ပိတ်မိနေခြင်းဖြစ်မည်ကို တွေးမိသွားသည်။

စီဆဲလ်သည် ဒီအခြေအနေအား လေဆိပ်လိုနေရာမျိုးတွင်ပင် ရှာတွေ့နိုင်သည်အား တွေးမိကာ ရယ်မောလိုက်သည်။

ရေခဲမြစ် တွင် ကြယ်တာရာကွန်ရက်မှတဆင့်ပျံ့နှံ့သွားခဲ့သော ဓာတ်ပုံတွင် ပါသည့် မကောင်းဆိုးဝါးများနှင့် ဆင်တူသည့် သတ္တဝါများ ရှိလေသည်။

စီဆဲလ်သည် ကျောင်းမြန်၏ ချစ်ခင်ကြင်နာမှုများယိုဖိတ်စီးကျနေသောအသွင်အပြင်ကို ကြည့်ပြီး ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။

"မင်း ဒါလေးကို ကယ်ချင်လို့လား။"

ကျောင်းမြန်က အံ့အားသင့်သွားပြီး 
"အဲ့လိုဆို အဆင်ပြေလား?"

"ရတာပေါ့" 

စီဆဲလ်သည် ခွေးလေး၏လည်ပင်းကို ကိုင်ကာ သေချာစွာကြည့်လိုက်ပြီး မေးစေ့ကို ပွတ်သပ်ကာ 
"ဒါပေမယ့်......ကိုယ် ဆုနည်းနည်းလောက်လိုချင်တယ်" ဟုပြောလိုက်သည်။

ကျောင်းမြန်သည် ခေတ္တရပ်သွားပြီးနောက် စီဆဲလ်၏ နက်ကတိုင်ချည်ထားသည်မှာ ရွဲ့နေတာကို တွေ့လိုက်ရသည်။

အမြဲတမ်း သပ်သပ်ရပ်ရပ်နေတတ်သည့် ကျောင်းမြန်ဟာ ထိုသို့မြင်လိုက်ချိန်တွင် စိတ်မသက်မသာဖြစ်လာသောကြောင့် စီဆဲလ်၏ စစ်ယူနီဖောင်းကော်လာပေါ်တွင် ချည်ထားသော အနီရောင်နက်ကတိုင်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။

စီဆဲလ် ထိတ်လန့်သွားလေသည်။

ကျောင်းမြန်သည်ခေါင်းကိုငုံ့ကာ စီဆဲလ်၏နက်ကတိုင်ကြိုးကို သေချာဂရုတစိုက်ချည်ပေးပြီးနောက် ပြုံးကာ 
"ကျေးဇူးဆပ်ပြီးပြီနော်..."

"...." 

စီဆဲလ်က သူ့မျက်နှာကို ကာထားပြီး 

ဘုရားရေ.... ဒီလူက ချောမောတဲ့ မျက်နှာကို အရှက်မရှိ ထုတ်သုံးပြီး သူ့ကို တကယ်ဆွဲဆောင်ဖို့ ကြိုးစားနေတာပဲ ဟု တွေးနေခဲ့သည်။

"ဗိုလ်ချုပ်ကြီး!"

သူတို့နှစ်ယောက် စကားပြောနေချိန်တွင် ချစ်စရာကောင်းသောအသံတစ်ခုကိုကြားလိုက်ရသည်။

ကျောင်းမြန်နှင့် စီဆဲလ်တို့သည် တစ်ချိန်တည်းမှာပင် ခေါင်းကို လှည့်ကြည့်လိုက်ကြရာ သူတို့နောက်တွင် ဖန်စီဝတ်စုံ ၀တ်ဆင်ထားသော မိန်းကလေးသည် စီဆဲလ်အား သူမလက်ကို အပြင်းအထန် ဝှေ့ယမ်းပြနေသည်ကို တွေ့လိုက်ရသည်။

စီဆဲလ်က မည်သူဖြစ်ကြောင်း မမိတ်ဆက်ရသေးခင်မှာပင် ထိုမိန်းကလေးက ရှေ့သို့ ပြေးလာပြီး 
"ဗိုလ်ချုပ်ကြီး၊ အစ်ကို ဘယ်တွေရောက်နေတာလဲ၊ သိပ်မကြာခင်ကမှ အစ်ကို့ကိုတွေ့ထားပေမယ့်လေ မတွေ့တာကြာပြီဆိုတော့ အရမ်းလွမ်းတာပဲ" ဟု အော်ပြောလေသည်။

ဝတ်စားဆင်ယင်မှုသည် မိန်းကလေးဆန်ကာအထက်တန်းကျသည်။

ကျောင်းမြန်က မျက်ခုံးကိုပင့်တင်လိုက်သည်။

သူမက ကြယ်တာရာ ကွန်ရက်မှာဖော်ပြထားတဲ့ မင်းသမီးများ ဖြစ်နေမလား။

စီဆဲလ်က သူ့တံဆိပ်များကို ပွတ်သပ်လိုက်ပြီး "မင်းနဲ့တွေ့ဖို့က သိပ်အဆင်မပြေဘူး။ မင်းက ရုပ်ရှင်ဘုရင်မဖြစ်နေလို့ သတင်းထောက်တွေကို ဆွဲဆောင်ရတာ လွယ်တယ်" ဟုပြောလိုက်သည်။

ဟုတ်တယ်၊ အဲဒါဆို သူမပဲ......။

ကျောင်းမြန်သည် အနားတွင် တိတ်တိတ်လေးရပ်ကာ ပွဲကြည့်နေလိုက်သည်။ ဒီမင်းသမီး လင်းဇီဝေ့ အပေါ်ရှိ စီဆဲလ်၏သဘောထားကိုလည်း သူ အလွန်သိချင်နေခဲ့ပါသည်။

လင်းဇီဝေ့က ဆိုသည်။ "ညီမတို့ ဘယ်သူမှမသိအောင်တိတ်တိတ်လေး တွေ့လို့ရပါတယ်!"

စီဆဲလ်သည် သူ့လက်နှစ်ဖက်ကို ပိုက်ကာ ပြုံး၍ "ငါက ဘာလို့ မင်းနဲ့ တွေ့ရမှာလဲ"

လင်းဇီဝေ့ ဆို့နင့်သွားလေသည်။

ဒါက......

လင်းဇီဝေ့သည် စီဆဲလ်၏ဘေးနားတွင်ရှိနေသော ကျောင်းမြန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အနည်းငယ် အံ့သြသွားလေသည်။

ဒါက အင်တာနက်ပေါ်က ကောလဟာလ မဟုတ်ဘူးလား။

ရဲတင်းလိုက်တာ.....။ နှစ်ယောက်သား ဒီမှာ သီးသန့်တွေ့နေကြတာလား.....။

ဒီငွေပြာရောင် ဆံပင်ရှည်တွေ.......။

လင်းဇီဝေ့ ဒေါသထွက်သွားတော့သည်။

စီဆဲလ်က သူမကို လှည့်စားနေတာလား။ ဘယ်လိုမှ ကြားဝင်ဖြတ်လို့မရအောင် ဒီခွေးမလေးကိုတောင် အချိန်အတော်ပေးပြီးရှာထားရတာကို။

ကျောင်းမြန်၏ရင်ခွင်ထဲမှ ဖက်ထားသည့်ခွေးကလေးသည် ရုတ်တရက် ထဟောင်လိုက်သောကြောင့် လင်းဇီဝေ့၏ နှလုံးသားထဲရှိ နတ်ဆိုးဆန်သောအတွေးများကို နှစ်ယောက်စလုံး မသိခဲ့ကြပေ။

"အာ.....ဝူး....။"

"ဘာဖြစ်လို့လဲ?"

ကျောင်းမြန်က ခဏလောက် စဉ်းစားပြီး 
"ဗိုက်ဆာလို့ ထင်တယ်" ဟုပြောလိုက်သည်။

ထို့နောက် စီဆဲလ်က လင်းဇီဝေ့ကို လက်ကာပြပြီး 
"မင်းအရင်ပြန်သွားတော့၊ ငါတို့လည်း သွားရတော့မယ်" ဟု အေးစက်စွာပြောလိုက်သည်။

ပထမအချက်မှာ ခွေးကလေးသည် ဗိုက်ဆာနေသောကြောင့် နို့သောက်ချင်နေသည်။ ဒုတိယအချက်မှာ လေဆိပ်သည် လူသွားလူလာများလွန်းသဖြင့် သတင်းထောက်များထံမှ ခိုးကြောင်ခိုးဝှက်ဓာတ်ပုံရိုက်ခံရရန် လွယ်ကူလွန်းသည်။ ထို့ကြောင့် စီဆဲလ်က သိပ်ကြာကြာမနေချင်ပေ။ 

"နင်...!နင်...!" 

"နင်က မျက်နှာသာရဖို့ ခွေးလေးတစ်ကောင်ကို အသုံးချနေတာ"

လင်းဇီဝေ့သည် စီဆဲလ်ကို နှစ်အတော်ကြာ လိုက်နေခဲ့သူဖြစ်သည်။ တစ်နှစ်ပတ်လုံး သူမနှင့်ယှဉ်ပြိုင်မည့်သူမရှိခဲ့ပေ။ စီဆဲလ်သည် အခြားသူများနှင့် ဆက်ဆံရေး မတိုးတက်ချင်ကြောင်း ထုတ်ပြန်ကြေညာလာသောကြောင့် သူမသည် ၎င်းအား ဝန်လေးစွာ လက်ခံခဲ့ရသည်။ 

ယခုမူ ကောလဟာလသတင်းများ ထွက်ပေါ်လာပြီး စီဆဲလ်သည် သူမ၏ မျက်လုံးရှေ့တွင် တခြားတစ်ယောက်နှင့်ရှိနေသည်ကို မြင်လိုက်ရသဖြင့် သူမ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေသည် လုံးဝပြိုလဲသွားလေသည်။

ကျောင်းမြန်သည် ရုတ်တရက် အော်ခံလိုက်ရသောကြောင့် လင်းဇီဝေ့ကို ဗလာမျက်ဝန်းများဖြင့်ကြည့်လိုက်သည်။

ခွေးလေးကိုအသုံးချပြီး မျက်နှာသာရအောင် လုပ်တယ် ဟုတ်လား??။

စီဆဲလ်က "မစ်လင်း၊ မင်းစကားပြောတာ သတိထားပေးပါ" ဟုပြောလိုက်သည်။

"သူကြောင့် အစ်ကို ညီမနဲ့တွေ့ဖို့ငြင်းတာလား..?"

စီဆဲလ်က ပြောလေသည်။
"သူမရှိရင်တောင် မင်းနဲ့ ဘယ်တုန်းကတွေ့ဖို့ချိန်းဖူးလို့လဲ?"

လင်းဇီဝေ့ :"......"

သူတကယ်မရည်ရွယ်ပါဘူး....တကယ်မထိန်းထားနိုင်တော့လို့ပါ.....

ဤသို့ ဘယ်သူ့မျက်နှာမှမထောက်ဘဲ ပြတ်ပြတ်သားသားငြင်းဆန်နိုင်သော အမျိုးသားနှင့် အမျိုးသမီးကို အခုမှပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။

လင်းဇီဝေ့သည် ကျောင်းမြန်အားကြည့်နေသည်မှာ သူမ၏မျက်လုံးများမှ မီးထတောက်မတတ်ဖြစ်နေသည်။

"ခွေးကို အစာကျွေးဖို့ပဲမလား ၊ ငါလည်း လုပ်နိုင်တယ်!"

လင်းဇီဝေ့သည် ကျောင်းမြန်၏လက်ထဲမှခွေးလေးကို ဖမ်းခေါ်ရန် ရှေ့တိုးလာခဲ့သည်။

ကျောင်းမြန်သည် လင်းဇီဝေ့ ဒီလောက် ရက်စက်လိမ့်မည်ဟု မထင်ထားခဲ့သဖြင့် သူသည် ခြေတစ်လှမ်းတစ်ဝက်စာလောက် နှေးသွားကြောင့် လင်းဇီဝေ့သည် ခွေးကလေး၏ ရှေ့ခြေနှစ်ချောင်းကို ဖမ်းမိကာ ဆုပ်ကိုင်ထားပြီးဖြစ်သည်။

ကျောင်းမြန်သည် ငယ်ရွယ်နုနယ်သော ခွေးကလေးကို နာကျင်စေမည်ကို စိုးရိမ်သောကြောင့် သူမလက်ထဲမှာ ပြင်းထန်စွာ ပြန်ဆွဲမထုတ်ရဲပေ။

"လွတ်လိုက်ပါ!" 

လင်းဇီဝေ့က ကျောင်းမြန်ကို တွန်းထုတ်လိုက်ရန် သူမလက်ကို မြှောက်လိုက်ချင်သည်။သို့သော် ကျောင်းမြန်သည် သူမ၏ ရည်ရွယ်ချက်ကို သိနေသဖြင့် သာမန်မိန်းကလေးများကို ဘာမှမလုပ်ချင်သော်လည်း ခွေးလေးကိုလည်း မခေါ်သွားစေချင်ပေ။ 

အခြေအနေတွေက ပိုရှုပ်ထွေးလာသည်။

ကျောင်းမြန် နှင့် လင်းဇီဝေ့ နှစ်ယောက်စလုံး အံ့အားသင့်သွားကြသည်။

စီဆဲလ်သည် လင်းဇီဝေ့၏ လက်ကောက်ဝတ်ကို ကြမ်းတမ်းစွာ ဆုပ်ကိုင်ထားသည်မှာ ပြင်းထန်လွန်းလှသဖြင့် လင်းဇီဝေ့ အော်ညည်းလို့တောင်မရပေ။

"မစ်လင်း။" 

စီဆဲလ်သည် ယခုအကြိမ်တွင် သူ့မျက်နှာသည် ပြုံးနေသေးသော်လည်း၊ သူ၏အသံမှာ ပို၍အေးစက်လာသည်-
"ငါ့ရှေ့မှာ ရိုင်းရိုင်းစိုင်းစိုင်း ခုန်ပေါက်ပြေးလွှားနေတဲ့လူတွေကို ငါမကြိုက်ဘူး"

လင်းဇီဝေ့၏ မျက်လုံးများ ပြူးကျယ်သွားကာ နှုတ်ခမ်းများ တုန်ရီလျက် မျက်ရည်များက ကြွေကျလုနီးပါး ဖြစ်နေသည်။

ကျောင်းမြန်သည် ဘေးနားတွင် ရပ်ကာ ခေါင်းအကြီးတစ်လုံး နှင့် အသေးတစ်လုံးကို စိုက်ကြည့်နေသည်။

"နင်....နင်!" 

လင်းဇီဝေ့သည် အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး လှည့်ကာထွက်ပြေးသွားလေတော့သည်။

ကျောင်းမြန်က ကူကယ်ရာမဲ့စွာဖြင့် 
"ရေတပ်ဗိုလ်ချုပ်ကြီးက အရမ်းတော်တာပဲ မက်မွန်ပန်းလေးတွေဝိုင်းနေတာတောင် ကောင်မလေးတွေအပေါ်မှာ ထားတဲ့ နှလုံးသားကနူးညံ့မနေဘူးပဲ"

"ကိုယ့်စိတ်ကို သူမက တစ်နှစ် နှစ်နှစ်လောက် ထိန်းထားနိုင်တာ အံ့သြစရာပဲ။ သူမကို ကိုယ့်အိမ်ထဲအဝင်ခံခိုင်းတဲ့အထိ မင်းကိုယ့်ကို ဒီထက်ပိုပြီးနူးညံ့စေချင်တာလား?"

စီဆဲလ်က ပြောနေရင်း ခေါင်းကိုက်လာသည့်ပုံစံဖြင့်
"သူမကို ဘာမျှော်လင့်ချက်မှ မပေးဖူးဘဲနဲ့ ဘာလို့ ဒီလောက် စိတ်အနှောင့်အယှက် ပေးရတာလဲ၊ ဒီလို ဆူညံတဲ့ လူမျိုးကို ကိုယ်တကယ် မကြိုက်ဘူး"

ကျောင်းမြန်လည်း မရယ်နိုင်တော့ပေ။

ထိုကဲ့သို့ ယုတ္တိမရှိသောကိစ္စမျိုး သူလည်းဖြစ်ခဲ့ပါက.....တွေးရုံနဲ့တင် ကြောက်စရာ ကောင်းသည်။

ကျောင်းမြန်သည် စစ်မြေပြင်တွင် တိုက်ခိုက်ခြင်းသည်သာ အကောင်းဆုံးဖြစ်သည်ဟု ခံစားမိလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူသည်ထိုရှုပ်ထွေးမှုများကို အမှန်တကယ်ကောင်းစွာ မကိုင်တွယ်နိုင်သောကြောင့်ဖြစ်သည်။

"နောက်တစ်ခါ သူမ မင်းကို ထပ်ပြီး ပြသနာရှာရင် ကိုယ့်ကို ဖုန်းဆက်လိုက်" 
စီဆဲလ်က ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ကိုယ့်မှာ တရားဝင်အမျိုးသားရှိနေပြီ၊ ဒါတွေက အာရုံနောက်တယ်"

ကျောင်းမြန်က မျက်လုံးများမှိတ်သည်အထိရယ်မောပြီး "ကောင်းပြီ" ဟုပြောလိုက်သည်။

နှစ်ယောက်လုံးသည် လေယာဉ်ပေါ်သို့ ဘေးတစ်ဖက်စီမှ တက်လိုက်ကြသည်။

ဟိုတစ်ရက်က သူတို့သွားခဲ့သည့် စားသောက်ဆိုင်၏ စားဖိုမှူးမှ ချက်ထားသောဟင်းပွဲများကို အိမ်ထိန်းက ညစာအဖြစ် ပြင်ပေးထားလေသည်။

ထမင်းစားပြီးနောက် ကျောင်းမြန်က သတိပေးသည်။
"ဗိုလ်ချုပ်ကြီး.....ခင်ဗျားဆေးသောက်ဖို့ သတိရဦး.."

ကျောင်းမြန်သည် ယခင်က စီဆဲလ်အား အဆိပ်ထုတ်ပေးခဲ့သော်လည်း၊ အလွန်ပြင်းထန်သော အဆိပ်အချို့ကို ညတွင်းချင်း မဖယ်ရှားနိုင်သောကြောင့် ဆေးသောက်ကာ တဖြည်းဖြည်းဖယ်ထုတ်နေရလေသည်။

"ကိုယ်သိပြီ။" 

စီဆဲလ်: "နောက်ဆုံးတစ်လုံးပဲကျန်တော့တယ်"

ကျောင်းမြန်သည် အနည်းငယ် စိတ်သောကရောက်နေသည် ။ သူသည် ဆေးထုတ်လုပ်ပုံကို စီဆဲလ်ကို မမြင်စေချင်ပါ။ စီဆဲလ်ကို မယုံကြည်တာ မဟုတ်ဘဲ အဲဒီအစား စီဆဲလ်က သူ့အား မယုံကြည်မှာကို စိုးရိမ်နေသောကြောင့်ဖြစ်သည်။

တကယ်တော့ ဒီဆေး၏ ထုတ်လုပ်မှု လုပ်ငန်းစဉ်ကို သိပ်ပြီးလက်ခံချင်စရာမကောင်းပါ။

"ဘာပြသနာရှိလို့လဲ?"

"ဘာမှမဟုတ်ပါဘူး... ခင်ဗျား အခုသောက်နေတဲ့ဆေးကို ဘယ်လိုလုပ်ထားလဲဆိုတာ သိချင်နေတာမလား?"

စီဆဲလ်က ခေါင်းညိတ်ပြလိုက်သည်။

ကျောင်းမြန်သည် အကုန်မဟုတ်လျှင်တောင် တစ်ဝက်လောက်ကို စီဆဲလ်အား ပြောပြရန် ဆုံးဖြတ်လိုက်သည်။

"ဒီဆေးက အပင်တွေကနေ ထုတ်ထားတာ။ကျွန်တော်က ကောင်းမယ်ထင်တဲ့အပင်တွေကနေ မတူတဲ့ဆေးတွေကို ဖန်တီးနိုင်တယ်"

စီဆဲလ်က အနည်းငယ် ရပ်တန့်လိုက်သည်။

"ကျွန်တော်အရင်က မပြောချင်ဘူးဆိုပေမယ့် သိပ်မကြာခင် ခင်ဗျားကိုယ့်ဘာသာကိုယ် ရှာတွေ့ တာထက်စာရင် အခုလိုပြောပြပြီး ဆွေးနွေးတာကပိုအဆင်ပြေတယ်ထင်လို့ပါ။"

ဤကိစ္စသည် အလွန်အရေးကြီးကြောင်း စီဆဲလ် သဘောပေါက်လိုက်သောကြောင့် ဓားနှင့်ခက်ရင်းကို ချလိုက်ကာ
"မင်းဆက်ပြောလေ"

အထူးသဖြင့် အင်းဆက်ပိုးမွှားအဆိပ်ဒဏ်ကို ရင်ဆိုင်ရသောအချိန်တွင် ဖက်ဒရယ်ဆေးဝါးလုပ်ငန်းသည် ဇာစ့်တို့နှင့် ယှဥ်လျှင် အလွန်နောက်ကျကျန်နေခဲ့သောကြောင့် လွန်ဆွဲမှု များစွာခံစားခဲ့ရသည်။

အဘယ်ကြောင့် နောက်ကြောင်းပြန်နေရသလဲဆိုလျှင် ရှေးကမ္ဘာမြေကြီးမှ လက်ဆင့်ကမ်း ပေးထားသော ဆေးများနှင့် ဆေးဝါးများသည်ပါဝင်ပစ္စည်းပမာဏများပြားလွန်းသောကြောင့် အသုံးမပြုနိုင်ပေ။ ကုန်ကြမ်းအတွက် အပင်များ မျိုးသုဉ်းသွားခြင်း သို့မဟုတ် လူသားများ၏ ခန္ဓာကိုယ်သည် ထိုဓာတုဗေဒပစ္စည်းများကို လုံးဝလက်မခံနိုင်သောကြောင့်ဖြစ်သည်။

ယခုအချိန်တွင် အပင်မျိုးစိတ် အနည်းငယ်သာ ကျန်ရှိနေပြီး ထိုမျိုးစိတ်အားလုံးသည် လူ့ခန္ဓာကိုယ်အတွက် အဆိပ်သင့်နေပြီဖြစ်သည်။ ကျောင်းမြန်သည် သူတို့ဆီမှ ဆေးကို ထုတ်ယူနိုင်သေးတယ်ဆိုရင် အဲဒါက အံ့ဩစရာ ဖြစ်မနေဘူးလား။

ဒီမြေကြီးပေါ်မှာ သူဘယ်လို ထုတ်ယူခဲ့တာလဲ။

_________________________________________