အပိုင်း ၂၅၆
Viewers 29k

Chapter 256


သူမက အနာဂတ်တွင် စာအုပ်ထဲက အတိုင်းဖြစ်လာမည်ဟု မစိုးရိမ်တော့ပေ။ ထိုအပြင် စာအုပ်ထဲလို ဇာတ်လိုက်မ၏ရောင်ဝါကလည်း သန်မာမည်ဟု မစိုးရိမ်တော့ပေ။


အကယ်၍ ဇာတ်လိုက်မရောင်ဝါက သန်မာခဲ့လျှင်တောင် ကလေးနှစ်ယောက် မဟုတ်ဘူး သုံးယောက်လုံးက စာအုပ်ထဲကအတိုင်း ဖြစ်လာမည်ဟုမယုံကြပေ။


ရှအန်းက အခုထိစကားများနေကြဆဲဖြစ်သော ကောင်ငယ်လေးနှစ်ယောက်ကို ကြည့်လိုက်သည်။ သူမ၏နှုတ်ခမ်းများက ကွေးညွတ်သွားကာ မျက်လုံးများက ကြယ်ရောင်ပမာ တောက်ပလာခဲ့သည်။


"တို့တွေ ရှောင်ရွှယ်ကို သွားကြိုကြရအောင်လေ..."


"ဟုတ်ကဲ့ သွားကြမယ်လေ...."


"ဟုတ်ပြီကွ... နတ်သမီးညီမလေးကို သွားကြိုကြမယ်..."


ရှအန်း မူလကိုယ်၏သမီး ရှိရာအိမ်ကို သွားလည်ခဲ့သည်။


ဤတစ်ကြိမ်က အရင်တစ်ခေါက်နှင့် လုံးဝကွာခြားလေသည်။


ဤတစ်ကြိမ်တွင် သူမနှင့် ရှုထျန်းထျန်းသာမကာ ကောင်ငယ်လေးနှစ်ယောက်ပါ ပါလာခဲ့သည်။


ထို့အပြင် သူတို့နှစ်ယောက်၏ အထောက်အထားမှာ မရိုးရှင်းပဲ အဓိကဇာတ်လိုက်လေးနှင့် ဗီလိန်လေးဖြစ်နေသည်။


မသိလိုက်မသိဘာသာနှင့် သူမက ထိုကလေးသုံးယောက် အနာဂတ်တွင် အတူရှိနေမည့်ပုံကို တွေးနေမိသည်။


ထွက်မလာခင် ရှအန်းက ကျုးတချင်းကို ဆက်သွယ်ခဲ့သည်။


သူမက ကျူးတချင်းကို ကျုးပိုင်ရွှယ်ကိုသူမ၏ သမီးအဖြစ် အသိအမှတ်ပြုပြီး သူတို့လင်မယားနှစ်ယောက်ကိုပါ သူမတို့နှင့် အတူလာနေရန် ခေါ်ခဲ့သည်။


နောက်တစ်ခုက သူမက ရှရှင်းချန်ကို ကျူးပိုင်ရွှယ်၏ အမြွှာမောင်လေးအဖြစ် သတ်မှတ်ထားပေးပြီး ထိုလျှို့ဝှက်ချက်ကို တစ်သက်လုံး မပြောပြရန် ပြောခဲ့သည်။


ရှအန်းက ကျုးမောင်နှံက သူတို့၏ကလေးကို အရမ်းချစ်၍ အတော်လေး မပျော်မရွှင်ဖြစ်သွားမည်ဟု ထင်ခဲ့သည်။


မည်သို့ပင်ဆိုစေ အစက သူမဘက်က ရှောင်ရွှယ်ကို မပျိုးထောင်ဘဲ သူတို့ကိုသာ ပျိုးထောင်စေမည်ဟု ပြောခဲ့ဖူးလေသည်။


သို့သော် သူမက သူမ၏ကလေးနှစ်ယောက်လုံးကို ကလေးအရင်းများအဖြစ် ပျိုးထောင်ပါမည်ဟု ပြောခဲ့သောအခါ စုံတွဲနှစ်ယောက်က ပျော်ရွှင်သွားကာ ထောက်ခံပေးကြလေသည်။


ထို့ကြောင့် ရှအန်းက ကျုးတချင်းနှင့် ဝမ်လန့်ကျီတို့က သူတို့၏ကလေးကို အလွန်အမင်းချစ်ကြောင်း သေချာသွားစေသည်။


၎င်းက ကိုယ့်ဆုံးဖြတ်ချက်ကိုယ် အနည်းငယ် ယိမ်းယိုင်နေသော ရှအန်းကို ဆုံးဖြတ်ချက် ခိုင်မာသွားစေသည်။


"ကြည့်ရတာ နတ်သမီးညီမလေးက တကယ်ခက်ခဲတဲ့ ဘဝမှာနေခဲ့ရတာပဲနော်..."


ကားထဲတွင် ထိုင်နေစဉ်တွင် ရှုထျန်းထျန်းမှာ ကျူးပိုင်ရွှယ်၏ ကလေးဘဝအခြေအနေကို ကောင်လေးနှစ်ယောက်ထံ ပြောပြခဲ့သည်။


သူမက အတော်လေး သနားစရာကောင်းပြီး အလုပ်ကြိုးစားကာ ရိုးသားကြင်နာလေသည်။


သူတို့၏စိတ်ထဲတွင် ကျူးပိုင်ရွှယ်အပေါ် ပိုမို စာနာသနားလာပြီး ကာကွယ်လိုစိတ်တို့ ပြင်းထန်လာသည်။


"နတ်သမီးညီမလေးက အရမ်းသနားဖို့ကောင်းတာပဲ... သူ့ကို အိမ်ပြန်ခေါ်လာရင်လေ သားက သူ့ကိုအများကြီး ဂရုစိုက်ပေးမှာ.. ပြီးရင် အကောင်းဆုံး မင်းသမီး ဝတ်စုံလေး ဝယ်ပေးမှာ... အရမ်းလှတဲ့ အရုပ်လည်း ဝယ်ပေးမှာ..."


ကုရှုမော့က လက်ချောင်းလေးများကို တစ်ချောင်းချင်းထောင်ကာ ကျူးပိုင်ရွှယ်ကို လက်ဆောင်မျိုးစုံဝယ်ပေးရန် အစီအစဉ်ဆွဲနေသည်။


ကုရှုမော့လို အပြင်လူနှင့်ယှဉ်လျှင် အမြွှာမောင်လေး ရှရှင်းချန်မှာ အတော်လေး တည်ငြိမ်နေလေသည်။


သူက နောက်ခုံတွင် ငြိမ်ငြိမ်လေး ထိုင်နေသည်။ သူ့နှုတ်ခမ်းများမှာ တင်းတင်းစေ့နေပြီး မျက်လုံးများတွင် အပြစ်ရှိစိတ်တို့ ဝေ့ဝဲနေသည်။


ရှောင်ရှင်းက သူ့မားမား၏ သမီးအရင်းလေးမှာ ဤမျှ သနားစရာကောင်းနေမည်ဟု မထင်ခဲ့ပေ။


သူမတွေ့ရသေးသော 'မမ'ဆိုသည်မှာ အခက်အခဲများစွာနှင့် ကြုံခဲ့ရသည်။ သူက သူ့နတ်သမီးမေမေနှင့်အတူ ပျော်ရွှင်နေခဲ့ရသည်ကို ပြန်တွေးမိသည်။


ကြင်နာတတ်သည့်ကောင်ငယ်လေးမှာ အနာဂတ်တွင် သူ့မားမား၏သမီးကို ကောင်းကောင်းဆက်ဆံပေးပြီး အခက်အခဲများ မခံစားစေရအောင် လုပ်ပေးရမည်ဟု ခံစားလိုက်ရသည်။


"ရှောင်ရှင်း.. ရှောင်မော့မော့ကတော့ ရှောင်ရွှယ်ကို လက်ဆောင်တွေ အများကြီးပေးမှာတဲ့နော်... သားကရော ဘာပေးရမှာလဲ..."


ရှုထျန်းထျန်းက သူတိတ်ဆိတ်နေသည်ကိုကြည့်ပြီး စချင်လာလေသည်။


သူမ၏စကားများကိုကြားသည်နှင့် ကောင်ငယ်လေးက လေးလေးနက်နက်ပြောလိုက်သည်။

"သားက သူလိုချင်သမျှအကုန်လုံးကိုပေးမှာ..."


သို့သော် ကောင်ငယ်လေး၏အဖြေက ရှုထျန်းထျန်းက ရယ်မောသွားစေလေသည်။


"ဒါဆို သားရဲ့မမနဲ့ မေမေက လက်ဆောင်တစ်ခုတည်းကိုပဲ တစ်ချိန်တည်းမှာ လိုချင်တယ်ဆိုရင်ကော.... ဘယ်သူ့ကိုပေးမှာလဲ..."


"နှစ်ခုဝယ်ပြီး တစ်ယောက်တစ်ခုဆီပေးမှာပေါ့..."


ဉာဏ်ကောင်းသည့် ကောင်ငယ်လေးက ပြန်ဖြေလိုက်သည်။


သို့သော် ရှုထျန်းထျန်းက အလွတ်မပေးသေးပေ။


"တစ်ခုတည်းရှိပြီး အဖိုးမဖြတ်နိုင်တဲ့အပြင် ထပ်ဝယ်လို့မရတဲ့ဟာဆိုရင်ကော..."


ရှအန်းက သူမ၏အေးဂျင့်ကို ကြောင်တောင်တောင်လေး ကြည့်လိုက်မိသည်။


သူမက သူမ၏သားလေး ထိုမေးခွန်းမှ လွတ်မြောက်အောင် လုပ်ပေးချင်သော်လည်း ကောင်ငယ်လေးမှာ.. တုံ့ဆိုင်းခြင်းမရှိဘဲ ဖြေလာသည်။

"မာမားကို ပေးမှာပေါ့..."


ရှအန်း လှုပ်ရှားသွားရသည်။


သူမ ကောင်ငယ်လေးကို ဖက်လိုက်ပြီး သူ၏ခေါင်းလုံးလုံးလေးကို နမ်းလိုက်သည်။


"ရှောင်ရှင်းက အရမ်းကောင်းတာပဲ..."


"မမနတ်သမီး... သားကအကောင်းဆုံးပဲနော်... သားလည်း မမနတ်သမီးကိုပဲပေးမှာ..."


"သွား သွား... မင်းက ရှောင်ရွှယ့်ကို ပေးလိုက်..."


"ဟင့်အင်း... ငါလည်း ငါ့ရဲ့မမနတ်သမီးအပေါ် ကောင်းပေးမှာပဲ... ငါ့မှာ အဲ့လို အဖိုး မဖြတ်နိုင်တာရှိရင် မမနတ်သမီးကိုပဲပေးမှာ..."


"ဟားဟား.... ရှောင်မော့မော့ရဲ့ ပါးစပ်လေးက သိပ်ချိုတာပဲ.. အနာဂတ်မှာ ကောင်မလေးတွေ တစ်အုပ်လိုက်ကြီး ရလာမှာ သေချာပေါက်ပဲ..."


....


အကွာအဝေးက အတော်လေးလိုသေးသော်လည်း သူတို့ အလွန်ပျော်နေခဲ့သည်။


သူတို့ ကျူးမိသားစုအိမ်သို့ ချီတက်သွားကြသည်။


ကျူးမိသားစုက ရှအန်းရောက်လာမည့်အချိန်ကို စောင့်နေကြလေသည်။


သူမဆီမှ ဖုန်းခေါ်ဆိုမှု ရပြီးနောက်တွင် သူက ဝမ်လန့်ကျီနှင့် အချိန်အတော်ကြာအောင် ဆွေးနွေးခဲ့သည်။ သူက သူ၏သမီးလေးကို မည်ကဲ့သို့ ပြောရမလဲဟု တွေးနေခဲ့သည်။


ကံကောင်းစွာဖြင့် ကလေးမလေးကို သူမ၏အမေက သူမ၏အဒေါ်ဟု မလိမ်ညာခဲ့ရသေးပေ။


ထို့ကြောင့် ရှအန်းကို သူမ၏အမေအရင်းဟု ပြောရန် ရှက်စရာမကောင်းတော့ပေ။ သူတို့က သူတို့၏သမီးလေးကို ပြောပြရန် စကားလုံးစီနေလိုက်ကြသည်။


"တချင်း... အစက ကျွန်မကလေ မစ္စရှကို သွေးအေးလွန်းပြီး ကိုယ့်သမီးကိုယ်တောင် သူများကို ပေးနိုင်တယ်လို့ ထင်ခဲ့တာ... ဒါပေမဲ့ ရှင်ပြောပြတာ နားထောင်ပြီးတော့ မစ္စရှက သူ့ရဲ့ ကလေးတွေကိုချစ်တဲ့ အမေကောင်းမှန်း သိလာရတယ်..."


သူတို့ကိုယ်တိုင်က သူတို့၏သမီးလေးကို အရိုးထိအောင် ချစ်မြတ်နိုးကြ၍ ရှအန်း၏ သဘောထားကို နားလည်ကြသည်။


ကျူးတချင်းက ပြုံးပြုံးလေးပြောလိုက်သည်။

"ဟုတ်တယ်... မစ္စရှက အရမ်းကောင်းတဲ့လူပဲ... သူက ကိုယ်တို့နဲ့ ကလေးရဲ့ဆက်ဆံရေးကိုပါ ထောက်ရှုပြီး သူ့မိသားစုထဲဝင်ပြီး မိသားစုကြီးလုပ်ချင်နေတာ... ဒီနည်းနဲ့ဆို ကလေးကလည်း ပျော်နိုင်မှာပါ..."


သူတို့နှစ်ယောက်လုံး ရှအန်း၏ နောက်ဆုံး ဆုံးဖြတ်ချက်ကို သဘောကျကြလေသည်။


သူတို့၏ကလေးကို သူတို့ဘာသာ ပျိုးထောင်ရမည်ကို မပျော်မရွှင်ဖြစ်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။


သို့သော် သူတို့က ထိုကိစ္စကိုတွေးလေလေ သူတို့သမီးလေး၏ အနာဂတ်နှင့် သက်ဆိုင်ကြောင်း သိလာလေလေဖြစ်သည်။


သူတို့ရဲ့သမီးလေး အသက်ကြီးလာလို့ အရွယ်ရောက်တဲ့အခါ သူ့အမေအရင်းက ရှအန်းမှန်း သိသွားပြီး သူ့အမေက သူ့ကို ဘာလို့မလိုချင်တာလဲလို့ မေးလာခဲ့ရင်ကော...


သူမကို သူမ၏အမေက သူမလိုသမီးအရင်းထက် အခြားကလေးကိုပဲ ပျိုးထောင်ပေးချင်တယ်လို့ ပြောထွက်မှာ မဟုတ်ဘူးလေ..


ဒီလိုဆို သူမဘယ်လောက်တောင် စိတ်ထိခိုက်သွားမလဲ... ဒါကြောင့်ပဲ ရှအန်းစိတ်ပြောင်းသွားတာကို ဝမ်းသာနေကြခြင်းဖြစ်သည်။


သူမပြောလိုက်သော အကြံဉာဏ်က ပြီးပြည့်စုံလှသည်။


အနည်းဆုံး အရာအားလုံးက သူတို့ အတွက်လည်း အဆင်ပြေပေသည်။


အချိန်အတော်ကြာ စဉ်းစားပြီးနောက်တွင် ကျူးမောင်နှံမှာ ပိုကောင်းသည့် အစီအစဉ်ကို မတွေးနိုင်တော့ပေ။


ထို့ကြောင့် သူတို့က ရှအန်းပြောသည့်အတိုင်း သူတို့သမီးလေးကို ပြောရန် ဆုံးဖြတ်လိုက်သည်။


ထို့ကြောင့် သူတို့က ကျူးပိုင်ရွှယ်ကျောင်းကို မြန်မြန်သွားပြီး ခွင့်တိုင်ကာ အိမ်သို့ပြန်ခေါ်လာခဲ့သည်။