အပိုင်း ၂၆၀ (Final)
Viewers 29k

Chapter 260 (Final)


"ရှောင်ပိုင်... ရှောင်ဟေး..."


ရှအန်း စန်းယုံအော်ပရာပုတီး၏ ကျောက်စိမ်းဆွဲကြိုးမှ နေရာလွတ်ထဲဝင်လိုက်သောအခါ သူမကို အလွန်ချစ်ကြသော နဂါးလေးနှစ်ကောင် မရှိတော့ကြောင်း တွေ့လိုက်ရသည်။


နေရာလွတ်ထဲတွင် အရာရာတိုင်းက မပြောင်းလဲသော်လည်း အဖြူနှင့်အနက် နဂါးနှစ်ကောင်သာ မရှိတော့ခြင်းဖြစ်သည်။ ရှအန်း နှလုံးပင် ဆောင့်ခုန်သွားသည်။


သူမက အရူးမဟုတ်ပေ။ သူမက နဂါးနှစ်ကောင်လုံး အမှန်တကယ်ပျောက်ကွယ်သွားခြင်းဖြစ်ကြောင်း သိပေသည်။


သူမကို ဗီလိန်ဖုယွီကို ကူညီ၍ မောင်းထုတ်ပေးခဲ့သဖြင့် သူတို့ ပျောက်ကွယ်သွားရခြင်း ဖြစ်သည်။


"ရူးနေတဲ့ နဂါးတွေကတော့..."


ရှအန်း၏နှာခေါင်းက စူးခနဲဖြစ်သွားသည်။ သူမ ထိုနဂါးနှစ်ကောင်နှင့် အတူရှိခဲ့သည့် အချိန်များကို ပြန်လည်အောက်မေ့သတိရလာသည်။


သူမ သူတို့အပေါ် ကောင်းမပေးခဲ့ပေ။


သူမက လုံးဝမငြင်သာခဲ့ပဲ တစ်ခါတစ်ရံဆို ကြမ်းတမ်းရက်စက်သေးသော်လည်း သူတို့က သူမအတွက် အများကြီး ပေးဆပ်ခဲ့သည်။


ရှအန်း မထိန်းနိုင်တော့ပဲ ငိုချမိတော့သည်။


သူမ နဂါးနှစ်ကောင်၏ အသံကို ကြားလိုက်ရသည်။


"ဟေး... အမျိုးသမီး... ကျွန်တော်တို့ကို မမြင်ရတာနဲ့ ငိုတော့မှာပဲလား... ဟားဟား... ခင်ဗျားငိုနေမယ်ဆိုတာကို သိနေတယ်လေ...."


"ပါးစပ်ပိတ်စမ်း.... ငါတို့မှာ အချိန်က အကန့်အသတ်နဲ့ကွ... အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့..."


"ဘယ်သူက မဟုတ်တာပြောလို့လဲ... သူငိုနေမယ်ဆိုတာ ငါသိတယ်လေ.. အဲ့ကြောင့် စချင်တာပေါ့..."


"အရှင်မ... အရမ်းဝမ်းမနည်းပါနဲ့...ကျွန်တော်တို့ မသေပါဘူး... ကျွန်တော်တို့ ချီပြတ်တောက်သွားရုံပါပဲ... ချီပြန်ပြည့်တာနဲလ ကျွန်တော်တို့က ပြန်နိုးလာကြမှာပါ... ဝမ်းနည်းမနေပါနဲ့..."


"ဟုတ်တယ်... ရှအန်း မင်းစိတ်ချထားလိုက်... ခင်ဗျားက ကျွန်တော်နဲ့ ဒီရူးနေတဲ့ နဂါးကို နာခံစေခဲ့တဲ့ မိန်းမပဲ... ကျွန်တော်တို့ ခွင့်ပြုချက်မပါပဲ ကျွန်တော်တို့ကို စွန့်ပစ်ချင်ရင်တောင်... မဖြစ်နိုင်ဘူးနော်.... ကျွန်တော်တို့ ထာဝရအသက်ရှင်နေပြီး ခင်ဗျားကို လိုက်ဖမ်းမယ်ဆိုတာ သိထားလိုက်...."


"အိုး ဟုတ်သားပဲ.... အရှင်မနဲ့ ကျွန်တော်တို့ ဝိဉာဉ်စာချုပ် ချုပ်ဆိုထားတယ်နော်.... ကျွန်တော်တို့ကို အပြစ်မတင်ဘူးမလား.... ကျွန်တော်တို့က ကျွန်တော်တို့ ချီစွမ်းအင်ပြန်ပြည့်ရင် အရှင်မ မရှိတော့မှာ စိုးရိမ်လို့ပါ...."


"အမျိုးသမီး... သေမျိုးတွေရဲ့ သက်တမ်းက အကန့်အသတ်ရှိတယ်... ဒါကြောင့်ပဲ ခင်ဗျားနဲ့ စာချုပ်ချုပ်ခဲ့ရတာ... ဒါပေမဲ့အကျိုးကျေးဇူးကတော့ အကြီးကြီးရမှာနော်... နောက်ဘဝမှာလည်း ကျွန်တော်တို့ ခင်ဗျားဘေးမှာ ရှိနေပေးမှာပဲ... ဘယ်လိုလဲ အံ့ဩသွားလား... ပျော်သွားလား...."


"အရှင်မ ကျွန်တော်တို့ မြန်နိုင်သမျှ မြန်အောင် နိုးလာခဲ့ပါ့မယ်...."


နဂါးနှစ်ကောင်မှာ ကိုယ်ရေးကိုယ်တာ စကားအချို့ကိုပြောခဲ့သည်။ ရှအန်းမှာ ငိုနေရင်းနှင့်ပင် ရယ်မောမိလာလေသည်။


"ကောင်းပြီလေ... ငါ မင်းတို့ နိုးလာတာကို စောင့်ပါ့မယ်... နောက်ဘဝဆိုရင်တောင် စောင့်ပါ့မယ်...."


......


နောက်နှစ်အနည်းငယ်အတွင်းတွင် တရုတ်၏ နာမည်အကြီးဆုံးစတားက မည်သူလဲဟုမေးလိုက်သည်နှင့် ဆယ့်တစ်ယောက်တွင် ဆယ်ယောက်က ရှအန်းဟု ပြန်ဖြေသည်ကို ကြားရပေလိမ့်မည်။


ထို့အပြင် ရှအန်းက တရုတ်တွင်သာမက ကမ္ဘာပေါ်တွင် နာမည်အကြီးဆုံးဖြစ်လေသည်။


သူမက ဒဏ္ဍာရီတစ်ခုလိုဖြစ်ပြီး အလွန်သန်မာလှကာ မီဒီယာပေါ်တွင် အမြဲပေါ်လာလေ့ရှိသည်။


မူလက သူမက ကောလဟာလအပေါ်သာ မှီခိုသော အလှပန်းအိုးသာဖြစ်သည်။ သူမက ရသစုံရှိုးတစ်ခုကို မှီပြီး သူမ၏ပုံရိပ်ကို ပြန်လည်တည်ဆောက်ကာ မရေမတွက်နိုင်သော လူများ၏ သဘောအကျဆုံးသော အမျိုးသမီးဆယ်လီဖြစ်လာခဲ့သည်။


ယခုတွင်တော့ ရှအန်းမှာ ကမ္ဘာပေါ်တွင် ပရိတ်သတ်အများဆုံးရှိသည့် စတားစာရင်းတွင် နံပါတ်တစ်ဖြစ်လေသည်။


ကမ္ဘာအနှံ့တွင် သူမ၏ပရိတ်သတ်မှာ ဘီလီယံကျော်ကျော်ရှိလေသည်။


ထိုတင်သာမက သူမက ကမ္ဘာ့နာမည်အကြီးဆုံး စတားစာရင်းတွင် နံပါတ်တစ် ချိတ်လေသည်။


ရှအန်း၏ မျက်နှာမှာအလွန် အကျိုးရှိလှသည်။


ကြော်ငြာတစ်ခုတွင်ဖြစ်စေ၊ ထောက်ခံချက်ပေးသည့် ဗီဒီယိုတစ်ခုတွင်ဖြစ်စေ၊ ဇာတ်ကားတစ်ခုတွင်ဖြစ်စေ၊ ရသစုံရှိုးတစ်ခုတွင်ဖြစ်စေ သူမ၏မျက်နှာလေး ပေါ်လာသည်နှင့် တမ်းခနဲ နာမည်ကြီးသွားခဲ့သည်။ ၎င်းမှ ရသည့် အကျိုးအမြတ်မှာ အခြားစတားများနှင့် ယှဉ်၍ပင်မရေချေ။


နှမျောစရာကောင်းသည်မှာ သူမ၏ "Return to Earth"ဟူသော နောက်ဆုံး ဇာတ်ကားကို ထုတ်လွှတ်ပြီးနောက်တွင် ရှအန်းက ဖျော်ဖြေရေး လောကထဲမှ အနားယူပြီး အချိန်ပြည့်အမေလုပ်ကာ သူမ၏ကလေးများကို ပျိုးထောင်ပေးတော့မည်ဟု ကြေငြာခဲ့လေသည်။


ရှအန်း၏ ကြေငြာချက်ထွက်လာသည်နှင့် မရေမတွက်နိုင်သော ပရိတ်သတ်များစွာက ငိုကြွေးကြလေတော့သည်။


မည်သူကမှ ကောင်းကင်ဘုံအထိ ထိုးတက်နေသော စတားတစ်ယောက်၏ လမ်းကြောင်းရှိနေသည့် ရှအန်းက သူမအအောင်မြင်နေဆုံးအချိန်တွင် အနားယူလိုက်မည်ဟုမထင်ခဲ့ပေ။


ထိုသတင်းက ဗုံးတစ်လုံးနှင့်တူပြီး ကမ္ဘာတစ်လွှား၏ Hot search များတွင် ရှအန်းကို ဗိုလ်ဆွဲသွားစေပြန်သည်။


ပရိတ်သတ်များစွာက သူတို့၏ အင်တာနက်စာမျက်နှာများတွင် ရှအန်းကို စိတ်ပြောင်းပါရန် တောင်းပန်ခယကြသည်။


သို့သော် ရှအန်းက ကိုယ်ရေးကိုယ်တာလျှို့ဝှက်ချက်ပင် ရှိ၍မရနိုင်သည့် တောက်ပကာ ကျက်သရေရှိရှသော စတားတစ်ယောက်ကဲ့သို့ ဘဝမျိုးကို တကယ်မကြိုက်ပေ။


အစက သူမ စတားဖြစ်ရန် ရွေးချယ်ခဲ့သည်မှာ ပိုက်ဆံရှာရန်သာဖြစ်သည်။


ယခုသူမတွင် ပိုက်ဆံများစွာရှိလာပြီး လုပ်ချင်မှန်သမျှလည်း လုပ်ပြီးပြီဖြစ်လေရာ ဖျော်ဖြေရေးလောကထဲမှထွက်ရန်သာ ရွေးချယ်လိုက်တော့သည်။


သူမ၏ ရည်မှန်းချက်မှာ သူမ မသေခင် ရှာခဲ့သမျှပိုက်ဆံအကုန်လုံးကို သုံးရန်ဖြစ်သည်။ ထို့ကြောင့် သူမကစားသောက်ကာ ပျော်ပါးရင်း ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းလေသည်။


ရာသီဥတုအေးလာသည်နှင့် ရှအန်းက ဆောင်းရာသီအားလပ်ရက်ကို သူမ၏ ကိုယ်ပိုင်ကျွန်းတွင် အချိန်သွားဖြုန်းလေသည်။


"မာမား... သား ဆရာမကိုပြောပြီး ခွင့်ယူခဲ့မယ်... သားလည်း မာမားနဲ့အတူ ကျွန်းပေါ်လိုက်မယ်..."


"မေမေ... မေမေ သမီးလည်း ခွင့်ယူခဲ့ပြီ... သမီးလည်းဒီတစ်ခေါက် မေမေနဲ့အတူသွားချင်တယ်...."


"အား.... ရှောင်ရှင်းက အကျင့်မကောင်းတဲ့ကောင်ပဲ... ခိုးပြီးတောင် ခွင့်သွားယူသေးတယ်... ဒါပေမဲ့ ညီမလေး... မင်းကပါ ဘာလို့ ခွင့်ယူလိုက်ရတာလဲ..."


"ဟီးဟီး.... ဘာလို့လဲဆိုတော့ ရှောင်ရွှယ်က မင်းထက်ပိုပြီး ဉာဏ်ကောင်းလို့လေ..."


"ဘာလို့လဲဆိုတော့ ညီမနဲ့ ရှောင်ရှင်းနဲ့က အမြွှာတွေမလို့ပေါ့ ကိုကိုရှုမော့ရဲ့... ညီမရဲ့မောင်လေးက ဉာဏ်ကြီးရှင်ဆိုတော့ ညီမရဲ့ အမြွှာမောင်လေးကို မျက်နှာပျက်အောင် မလုပ်ချင်ပါဘူးနော်..."


"အား... အား.. မင်းတို့နှစ်ယောက်က ဘာလို့ ဒီလောက် ဉာဏ်ကောင်းနေရတာလဲ... ငါ့ရဲ့ IQကအရမ်းမြင့်တာပါ... မင်းတို့နဲ့ဆုံတိုင်း ငါကပဲ ဘာကိစ္စကြောင့် IQနိမ့်တဲ့ပုံ ပေါက်နေရတာလဲ..."

QAQ


"အိုး... ကြည့်ရတာ မင်းက ကိုယ့် IQနဲ့ပတ်သတ်ပြီး အမှတ်မှားတာပဲနေမှာပါ..."


"အကျင့်မကောင်းတဲ့ရှောင်ရှင်း... မင်းက ငါ့ညီမလေးရဲ့ မောင်လေးဖြစ်တာနဲ့ မင်းကို ငါမရိုက်ရဲဘူး ထင်တာလား...."


"ဟီးဟီး... မင်းလိုလူကများ ငါ့ကို ရိုက်နိုင်မှာတဲ့လား..."


....


ရှအန်းက သူမရှေ့ရှိ ကလေးသုံးယောက်ကိုကြည့်ပြီး ပြုံးလိုက်မိသည်။


ဤကဲ့သို့ ဘဝမျိုးက ကောင်းလှသည်။


သူမတွင် ကလေးသုံးယောက်ပါဝင်သော မိသားစုကြီးရှိနေပြီး ဘဝကြီးက သာယာလွန်းလှသည်။


"ရှောင်ရှင်း... ရှောင်ရွှယ် အပန်းဖြေခရီးအတူသွားကြတာပေါ့..."


"ဟုတ်ကဲ့ မာမား... သား မာမားအတွက် ရှောင်ဟေးကို ကိုင်ကူမယ်..."


"မေမေ မေမေ... သမီးလည်း ရှောင်ပိုင်ကို ကူသယ်ပေးမယ်..."


"မမနတ်သမီး.. သားကိုလည်းခေါ်သွားပါ.. သားကိုလည်းခေါ်သွား... သားက အရမ်းလိမ္မာပါတယ်.... မအနတ်သမီးအစား ရှောင်ဟေးနဲ့ ရှောင်ပိုင်ကို ကူကြည့်ပေးပါ့မယ်...."


"ဟားဟား.... ရှောင်ဟေးနဲ့ ရှောင်ပိုင်ကဖြင့် ဉာဏ်ကောင်းလွန်းလို့ပါ....သူတို့ကို ကြည့်ပေးဖို့ မင်းကိုမလိုတာ...."


"ရှရှင်းချန်...."


"ဟားဟား ဟားဟား ဟား...."