Part 7
နောက်ဆုံး ဝမ်ယွီ ပန်းသီးများကိုမကြည့်ဘဲ သူ၏မျက်လုံးအစုံသည် ချီကျန်းကျန်းမျက်နှာဆီသို့ ရွေ့လာသည်။
ဝမ်ယွီနှင့်ချီကျန်းကျန်းတို့ အရင်ကတွေ့ဆုံဖူးသော်လည်း တစ်ယောက်နှင့်တစ်ယောက် သတိမထားမိသလောက်ပင်ဖြစ်သည်။ ဝမ်ယွီ သည် အလွန်အလုပ်များသောသူတစ်ယောက်ဖြစ်သည့်အတွက် ချီကျန်းကျန်းလိုလူမျိုးသည် သူ၏မှတ်ဥာဏ်ထဲတွင် လုံးဝမရှိပေ။
ဒီနေ့ သူ၏စေ့စပ်ထားသူအဖြစ် ရောက်ရှိသွားချိန်မှာတောင် သူမအား သူ့ဘက်မှ စေ့စေ့ကြည့်ခဲ့ခြင်းပင်မရှိ။
ဒီတစ်ကြိမ်တွင်တော့ သူ ချီကျန်းကျန်းကို သေသေချာချာ ကြည့်လိုက်သည်။
ချီမိသားစု၏ မျိုးရိုးဗီဇသည် အလွန်ကောင်းသည်။ ချီကျန်းကျန်းသည် လုံးဝလှပသည့်အသွင်အပြင်ရှိပြီး မျက်ခုံးမွှေးများမှာလဲ သိသာထင်ရှားသည်။ အထူးသဖြင့် သူမ၏ မျက်ဝန်းဝိုင်းဝိုင်းလေးတွေက သူမကို ရှိရင်းအသက်ထက် ပိုငယ်ရွယ်စေသည်။
သူမ၏ အသားအရေသည် ဖြူဖွေးပြီး ဖြောင့်စင်းသောနှာတံ နှင့် ဆေးမခြယ်ထားသော နီရဲသေးငယ်သည့် နှုတ်ခမ်းလေးရှိသည်။
သူမ ခါးအထိရှည်သော ဆံပင်သည် ရက်အတော်ကြာအိပ်ယာထဲ လှဲခဲ့ရသည့်အတွက် အနည်းငယ်ရှုပ်ပွနေပြီး OCD ရောဂါရှိသည့် ဝမ်ယွီ ကိုမျက်မှောင်ကြုတ်စေကာ သူ၏အတွင်းစိတ်ကို အတင်းဖိ၍ ထိန်းထားလိုက်ရသည်။
သူမ မျက်နှာသည်ရိုးရှင်းပြီး သန့်ရှင်းကာ အန္တာရယ်ကင်းပုံပေါ်သော်လည်း သူမ၏မျက်ဝန်းအစုံသည် ယခုအချိန်တွင် မီးတောက်နေပုံရကာ လူကိုပို၍ အသက်ဝင်စေသည်။
သူ သူမကိုတစ်ချက်ကြည့်လိုက်ရုံဖြင့် သူမ၏အကြည့်ထဲတွင် ဝမ်ရိရန် အားရွံရှာစွာဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ဒီ….
မည့်သည့်အခါမှ သူ၏ခံစားချက်ကို မျက်နှာပေါ်တွင်မပြသည့် ဝမ်ယွီ သည် သူ့ နှုတ်ခမ်းကိုအပေါ်တက်သည်အထိ တွန့်ကွေးလိုက်မိသည်။
ရွံရှာသလိုအကြည့်ခံလိုက်ရသည့် ဝမ်ရိရန် သည်လည်း မီးလောင်စေရန် ခေါင်းမှဓါတ်ဆီများ လောင်းချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ထိုခံစားချက်များကြောင့် တဆတ်ဆတ်တုန်ကာ ပြောစရာစကားများ ပျောက်ရှလို့နေသည်။
အချိန်တိုပြီး အရည်အသွေးမမီဘူး ဟုတ်လား….
သူ့ခေါင်းတစ်ခုလုံး ထိုစာကြောင်းနှစ်ကြောင်းနှင့် ပြည့်နှက်နေပြီး ခေါင်းကို တစ်ခုခုနှင့်ရိုက်လိုက်သလို ခံစားလိုက်မိသည်။
ဝမ်ကျင်စန်းနှင့် ရှုဝေ တို့လည်း နေရာမှာတင် အေးခဲရပ်တန့်သွားသည်။ ချီကျန်းကျန်း၏ ပြောစကားများသည် မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ထိုစကားလုံးများသည် ယောကျာ်းတစ်ယောက်၏ နှလုံးသားကို တစ်စစီဆွဲဖြဲသကဲ့သို့ပင်။
ထို့အပြင် အပြောခံရသူသည် သူတို့၏ သားဖြစ်နေသည်ပင်…
သူတို့နှစ်ယောက်လုံးသည် ချီကျန်းကျန်းအား သတ်ချင်နေသည့် အကြည့်များဖြင့် ကြည့်လိုက်သည်။
‘’ ဖူး….’’ ချီကျိုးချန်တစ်ယောက် ထိန်းမထားပဲ ရယ်လိုက်မိသည်။
ဝမ်ရိရန်နှင့် အန်းချင်ယုကြားထဲမှ ဆက်ဆံရေးသည် ကောင်းမွန်နေသည့်အတွက် ချီကျန်းကျန်း၏စကားများကို ကြားလိုက်သည်နှင့် သူ့ဘက်မှထိတ်လန့်သွားသော်လည်း ရယ်ချင်စိတ်ကို ထိန်းမထားနိုင်တော့ပေ။
ထိုရယ်သံသည် လူအားလုံးကို အသိစိတ်ပြန်ဝင်သွားစေပြီး…
‘’ချီကျန်းကျန်း… မဟုတ်တာတွေ မပြောနဲ့…’’ အန်းချင်ယု မျက်ဝန်းများရုတ်တရက် နီရဲလာပြီး မျက်နှာမှာလဲ ပူလောင်လာသည်။
ပေါက်ကရတွေ…
ချီကျန်းကျန်းနှုတ်ခမ်းကို ဖွဖွကိုက်လိုက်ပြီး ဖြေးညင်းစွာဖြင့်
‘’ အကိုရိရန်… ညီမ ကျန်းကျန်းအတွက် စိတ်မကောင်းဘူး’’
‘’ လိမ်မာနော် ချင်ယု … အကိုချစ်တာ ညီမတစ်ယောက်တည်းပါ’’
‘’ဝူး… ညီမလဲ အကို့ကိုချစ်တယ်.. အကို့တစ်ယောက်တည်းကိုပဲ’’
‘’အကိုရိရန်…’’
ချီကျန်းကျန်း သူတို့အိပ်ယာထဲတွင်ပြောသည့်အတိုင်း ထပ်ပြောပြလိုက်သည်။
သူမ အဲ့ဒီအတိုင်း တကယ်ကြားခဲ့ရတာပဲကို…
အန်းချင်ယုမျက်နှာတစ်ခုလုံး ဖြူဖျော့သွားကာ မျက်လုံးများသည် ဆောက်တည်ရာမရဖြစ်ကုန်တော့သည်။
ချီကျန်းကျန်း ‘’ ….. ‘’
သူမ ဘာမှမပြောသော်လည်း သူမမျက်နှာထက်တွင် ‘’ နင်ဘာတွေပြောနေတာလဲ ‘’ ဆိုသည်ကို ရေးထားသလိုပင်
ဝမ်ရိရန် အေးခဲသွားပြီးမှာ သူသည် အဓိပ္ပာယ်မရှိတာကို လုပ်နေသည်ဟု သတိထားမိသွားသည်။
ဝမ်ရိရန် မျက်နှာမှာ ပိုမိုနီရဲလာပြီး ဒေါသတကြီးဖြင့် ချီကျန်းကျန်းကို ကိုင်လှုပ်ကာ ‘’ မင်း… မိန်းကလေးဖြစ်ပြီး… ဒါတွေကို မှတ်မိနေတာလား… ပြီးတော့ .. ဒီလိုမျိုး အဓိပ္ပာယ်မရှိတာတွေ ဘယ်လိုလုပ်ပြီး ပြောနိုင်ရတာလဲ…’’
နောက်ထပ်ဘာမှထပ်မပြောနိုင်ဘဲ စကားလုံးမျာသည် သူ၏လည်ချောင်းတွင် တစ်ဆို့နေကာ ဒေါသဖြင့်တကိုယ်လုံးတုန်ယင်နေပြီး အသက်ရှုရန်ပင် ခက်ခဲနေသည်။
‘’တိတ်စမ်း…’’ ဝမ်ကျင်စန်း ဝမ်ရိရန်ကို အော်ဟစ်လိုက်ကာ ပြင်းထန်သောအကြည့်ဖြင့် ကြည့်လိုက်သည်။
အခုတော့ ချီမိသားစုရှေ့တွင် မျက်နှာပျက်ရုံသာမက အရမ်းရှက်စရာဖြစ်သွားတော့သည်။
ဝမ်ရိရန်နှင့် အန်းချင်ယု တို့နှစ်ယောက် မည်မျှပင် အချစ်ကိစ္စများရှိနေပါစေ ဆေးရုံထက်တွင်လဲလျောင်းနေသည့် ချီကျန်းကျန်းရှေ့တွင်တော့ ထိုအရှုပ်ထုတ်များ မလုပ်သင့်ပေ။ အရေးအကြီးဆုံးမှာ ချီကျန်းကျန်းသည် အကုန်လုံးကို ကြားသွားခြင်းပင်။
ယခုတော့ ချီကျန်းကျန်းသည် ထိုအကြောင်းအား အသံကျယ်ကျယ်ဖြင့် ဖွင့်ပြောလိုက်ပြီဖြစ်သည်။ ဝမ်ကျင်စန်း မျက်နှာအား ဖြတ်ရိုက်ခံရသကဲ့သို့ ခံစားလိုက်ရသည်။
ထပ်ပေါင်းပြောရလျင် ထိုစကားလုံးများသည် ‘’ ကျွန်မ သူ့ကိုမလိုဘူး ‘’ ဟူ၍ဖြစ်သည်။ ထိုသည်က ဝမ်မိသားစု၏ မျက်နှာကို ဖြတ်ရိုက်ခံရသလိုပင်…
ချီယန်နှင့် တင်းရိကျွင်းသည်လည်း အံ့ဩရင်း တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်မိသည်။
ဝမ်ရိရန်တစ်ယောက် ချီကျန်းကျန်းကို သဘောမကျဘူးဟု သူတို့အားလုံး ထင်ခဲ့ကြတာဖြစ်ပြီး တကယ့်အကြောင်းအရင်းမှာ အန်းချင်ယုကြောင့်ဟု မည်သူမျှ မတွေးမိပေ။
အန်းချင်ယုအမှားဟု တင်းရှိကျွင်း မယုံကြည်သော်လည်း ချီယန်သည် အန်းချင်ယုကို အေးစက်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
သို့သော် ချီကျန်းကျန်း ပြောသည်မှာ အမှန်တကယ်သာဆိုလျင် ဂုဏ်ယူစရာပင်…
‘’ချီကျန်းကျန်း.. မိန်းကလေးဖြစ်ပြီး…. ဒါတွေဆက်မပြောနဲ့တော့…’’ ချီယန် ချီကျန်းကျန်းကို စိုက်ကြည့်ပြီး ပြောလိုက်သည်။
ချီကျန်းကျန်း သူမနှာခေါင်းကိုရှုံ့လိုက်သည်။
‘ဘာလို့မပြောရမှာလဲ.. သူတို့တွေတောင် လုပ်ရဲသေးတာပဲကို.. ငါက ဘာလို့ပြောမထွက်ရမှာလဲလို့…’’
‘’ချီယန်.. ဒီကလေးတွေက ငါအလိုလိုက်လွန်းလို့ ဆိုးသွမ်းကုန်တာပဲ… ကံကောင်းလို့ပေါ့… ချီကျန်းကျန်းရဲ့ စေ့စပ်ထားတဲ့သူက ဝမ်ယွီဖြစ်နေတာ… ဝမ်ယွီကလည်း ရိုးသားတော့ အရှုပ်တွေလုပ်မှာမဟုတ်ဘူး…’’
ဝမ်ကျင်စန်း ရယ်ရင်း ချီကျန်းကျန်းကိုကြည့်ကာ ‘’ ကျန်းကျန်း… ဒီတစ်ခါတော့ ဦးတို့မိသားစုရဲ့ အမှားပါ… ဦးလေးကပဲ တောင်းပန်ပါတယ်… မိသားစုနှစ်စုရဲ့ ကော်ပိုရေးရှင်းပရောဂျက်က ရလာမယ့် အကျိုးအမြတ်ရဲ့ ၁ ရာခိုင်နှုန်းကို ဝမ်မိသားစုက ကျန်းကျန်းအတွက်ပေးပါ့မယ်’’
သူတို့၏ ရှယ်ယာ ကိုလက်ဆောင်အဖြစ်ပေးလိုက်သည်။
ထို့စကားသည် အခြေအနေအားလုံးကို တည်ငြိမ်သွားစေပြီး ချီကျန်းကျန်းကို နှုတ်ဆိတ်သွားစေသည်။