Chapter 118
Viewers 49k

💘Chapter 118 

 စိတ်ဝိညာဉ်နှစ်ခု



ဆေးလ်ဗတ်စ်တာက ကျူးကောယွီ၏ကိုယ်ကျင့်စရိုက်ကို သိသည်။ သူက ရူးနေချိန်များမှာ ကလေးတစ်ယောက်လို ပြုမူတတ်သည်။သူက ကျူးကောယွီကို သတိထား​​နေကျ​ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင် ချန်လီ၏ပြိုင်ပွဲဝင်ပန်းချီကိူ အမှန်တကယ် သိလိုစိတ်ပြင်းပြနေသောကြောင့် သူသတိလွတ်သွားခဲ့သည်။ယခုမူ၊ သူ ကျူးကောယွီ၏အရူးလုပ်ခြင်းခံလိုက်ရသည်။


"ကျူးကောယွီ"

ဆေးလ်ဗတ်စ်တာက ကျူးကောယွီကို မျက်လုံးများမှေးကျဥ်းကာ ကြည့်ရင်း ပြောလိုက်သည်။ သူစိတ်မဆိုးပါချေ၊အနည်းငယ် စိတ်တိုသွားသလိုသာ ခံစားရသည်။


ကျူးကောယွီက ဆေးလ်ဗတ်စ်တာ၏ပခုံးကိုသိုင်းဖက်ကာ ရယ်လိုက်ပြီးဆိုလေ၏။ 

"ဒါကိုမြင်ရဖို့ နောက်ဆုံးပြပွဲနေ့အထိသာစောင့်လိုက်ပါကွာ...အံ့ဩမှင်သက်စရာဆိုတာက နောက်ဆုံးထိ သိမ်းထားသင့်တယ်လေ"

သူ့ပုံစံက စိတ်အေးလက်အေးရှိနေပြီး ချန်လီ၏ပန်းချီကို နောက်ဆုံးနေ့တွင်ပြသပြီးနောက် လူအများကို စိတ်ပျက်စေမည်လားဆိုသည်ကို လုံးဝစိုးရိမ်မနေပေ။


ဆေးလ်ဗတ်စ်တာ မကြည့်ရသည့်ကိစ္စအပေါ်သောကပွားနေသည်အား ရပ်တန့်လိုက်သည်။ ဘယ်လိုမှ မမြင်ရအတူတူ ထိုနေ့မှ အတူတူစောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ 


"ငါ မင်းကို မနာလိုဘူး ကျူးကော"

ဆေးလ်ဗတ်စ်တာက ဆိုသည်။

"ချန်လီက ပန်းချီဆွဲရာမှာ ပါရမီရှိတယ်ဆိုတာ ငါသိခဲ့ရင် ငါ့နာမည်အောက်မှာ သူ့ကို စုဆောင်းဖို့ ကြိုးစားခဲ့မိမှာ"


ကျူးကောယွီက ဆေးလ်ဗတ်စ်တာကိုကြည့်ကာ ပြုံးတုံ့တုံ့လုပ်နေသည်။မျက်ခုံးတပင့်ပင့် မျက်လုံးတဝင့်ဝင့်ဖြင့် သူ့ပုံစံက ဘဝင်ခိုက်နေကာ အရိုက်ခံရရန် တောင်းဆိုနေပုံရသည်။


မှန်ပေသည်၊ချန်လီကို သူ့ကျောင်းသားအဖြစ် ခေါ်ယူစဥ်က သူအချိန်နှင့် ကြိုးစားအားထုတ်မှုမည်မျှသုံးခဲ့ရသည်ကို ထည့်ပြောမည်မဟုတ်ပေ။လျှိုပေက ကျုးကောလျန်၏ သက်ကယ်အိမ်သို့ ၃ ကြိမ်သွားရောက်လည်ပတ်ခဲ့သလို ကျူးကောယွီလည်း ချန်လီနှင့်အတူအဖော်ပြု၍ ပန်းချီဆွဲခဲ့ရသည်။


မည်သို့ပင်ဆိုစေကာမူ ယခုပြန်​တွေးကြည့်သောအခါ၊ကျူးကောယွီ ထိုအချိန်ကာလက ကြီးကြီးမားမား ကိစ္စလိုမျိုးမခံစားရပေ။အမှန်တွင် သူကံကောင်းသည်ဟုခံစားရသည်။သူ၏စိတ်ရှည်မှုကြောင့်ရော ဝေချန်နှင့် ချန်လီက သူ၏ရိုးသားမှုကြောင့် ရင်ထဲထိသွားသည့်အတွက်ပါ ကံကောင်းသည်ဟု ခံစားရသည်။


ချန်လီ မရှိလျှင် နိုင်ငံတကာ ပန်းချီလောကအတွက် ကြီးမားသော ဆုံးရှုံးမှုကြီးတစ်ခုပါပင်။


"ငါ မင်းကို ထရိုက်ချင်နေပြီ"

ဆေးလ်ဗတ်စ်တာက ကျူးကောယွီ၏ အပြုံးကို မြင်ပြီး အံကြိတ်ကာ ပြောလိုက်၏။


"ဟားဟား မင်းငါ့ကိုရိုက်ရင်တောင် ချန်လီက မင်းရဲ့တပည့်ဖြစ်လာမှာမဟုတ်ဘူး"

ကျူးကောယွီက လက်မြှောက်ပြီး သူ့လက်ကောက်ဝတ်ပေါ်က နာရီကို တစ်ချက်ကြည့်ကာ ပြန်ဖြေလိုက်သည်။ အချိန်နီးနေပြီ၊ ဝေ့ချန် မိနစ်အနည်းငယ်အတွင်း ရောက်ရှိလာ​တော့မည်ဖြစ်သည်။


မိနစ်အနည်းငယ်အကြာတွင် ဝေ့ချန်၏ပုံရိပ်က စတူဒီယိုတံခါးဝတွင် ပေါ်လာသည်။


ဆေးလ်ဗတ်စ်တာတစ်ယောက် အနှီမျက်နှာသေနှင့်လူ ပေါ်လာသည်နှင့် တပြိုင်နက် သူ့ကိုမြင်ကတည်းက တင်းမာနေသည့် ချန်လီ၏အခြေအနေက ချက်ချင်းပင် ပြေလျော့သွားသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။


ဒီလူက ချန်လီအတွက် အရမ်းအရေးကြီးတဲ့ လူတစ်ယောက်ဖြစ်ရမယ်ဟု ဆေးဗတ်စတာက သူ့ကိုယ်သူ တွေးလိုက်သည်။


"ငါ မင်းကို မိတ်ဆက်ပေးမယ်"

ကျူးကောယွီက ထရပ်ပြီး ဝေ့ချန် နှင့် ဆေးလ်ဗတ်စ်တာတို့ကို တစ်ယောက်နှင့်တစ်ယောက် မိတ်ဆက်ပေးသည်။


"ဒါက ဝေ့ချန် ချန်လီရဲ့ပါတနာ"

ကျူးကောယွီက ဝေ့ချန်ကို လက်ညှိုးထိုးပြပြီး ဆေးလ်ဗတ်စ်တာကို ပြောလိုက်သည်။၎င်းနောက် ဆေးလ်ဗတ်စ်တာကို လက်ညှိုးထိုးပြီး ဝေ့ချန်ကိုပြောသည်။

"ဒါက ဆေးလ်ဗတ်စ်တာ ငါ့သူငယ်ချင်းဟောင်း"


ကျူးကောယွီက ဆေးလ်ဗတ်စ်တာကမည်သူမည်ဝါ​ဖြစ်သည့်အကြောင်းအသေးစိတ်မဖော်ပြသော်လည်း ဝေ့ချန်သိမည်ဟု သူယုံကြည်သည်။


တကယ်လည်း ဝေ့ချန်က ဆေးလ်ဗတ်စ်တာအကြောင်း သိ၏။ချန်လီ ဤနယ်ပယ်သို့ ဝင်ရောက်လာကတည်းက ဝေ့ချန် ချန်လီကိုကူပြီး ဤနယ်ပယ်အကြောင်းကို နားလည်အောင်လုပ်ခဲ့သည်။ဆေးလ်ဗတ်စ်တာက လက်ရှိပန်းချီလောကတွင် အရေးပါသူတစ်ဦးဖြစ်ပြီး ဝေ့ချန်က ၎င်း၏အောင်မြင်မှုများအကြောင်းကိုကြားသိနေခဲ့သည်မှာသဘာဝဖြစ်၏။


သို့ပေမဲ့ နိုင်ငံတကာပန်းချီလောကထဲက ဤဂန္ထဝင်ပုဂ္ဂိုလ်နှင့်တစ်နေ့မှာ တွေ့ဆုံရလိမ့်မည်ဟု ဝေ့ချန် ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပါချေ။


"ဟဲလို မစ္စတာဆေးလ်ဗတ်စ်တာ"

ဝေ့ချန်က အင်္ဂလိပ်လို ကျွမ်းကျင်စွာ ပြောလိုက်သည်။ထို့အပြင် ဝေ့ချန်၏​ဆေးလ်ဗတ်စ်တာ အပေါ်ဆက်ဆံမှုက လိုလည်းမလိုပိုလည်းမပိုချေ။ဆေးလ်ဗတ်စ်တာက ပန်းချီလောကတွင် ဒဏ္ဍာရီဆန်ဆန် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့်အတွက်ကြောင့်နှင့် သူက ဆေးလ်ဗတ်စ်တာကို မျက်နှာလိုမျက်နှာရမလုပ်သလို ဖားယားခြင်းလည်းမရှိခဲ့ပေ။


"ဟဲလို မစ္စတာဝေ့"

ဆေးလ်ဗတ်စ်တာက တုံ့ပြန်လိုက်သည်။ဝေ့ချန်အပေါ် သူ၏ ပထမဆုံးအမြင်က အလွန်ကောင်းမွန်ပြီး ချန်လီကြောင့် ဆေးလ်ဗတ်စ်တာကလည်း သူ့အပေါ် ချစ်ခင်မှု အနည်းငယ်ရှိလေသည်။


ဆေးလ်ဗတ်စတာနှင့် အတိုချုံး မိတ်ဆက်ပြီးနောက် ဝေ့ချန်က ချန်လီဆီကိုသွားခဲ့သည်။ချန်လီ၏ဘေးကိုလျှောက်သွားပြီးနောက် သူ ပထမဆုံးလုပ်သည့်အရာက ချန်လီနှင့်လက်ချင်းတွဲပြီး ချန်လီ၏နားထဲကို တစ်စုံတစ်ခုကို တီးတိုးပြောလိုက်ခြင်းဖြစ်​ပြီး ချန်လီ၏ မျက်လုံးများ ချက်ချင်းတောက်ပလာခဲ့လေသည်။


တစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်ကြမှာပဲ...

ဆေးဗတ်စတာက သူတို့နှစ်ယောက် အတူရှိနေသည့် မြင်ကွင်းကို ကြည့်ပြီး သူ့ကိုယ်သူ တွေးနေမိသည်။


"ချန်လီရဲ့ပန်းချီကားကို ငါ ပထမဆုံးမြင်ဖူးတဲ့အချိန်ကို မင်းသိလား"

ကျူးကောယွီ၏အကြည့်များက ချန်လီ နှင့် ဝေ့ချန်တို့အပေါ် ကျ​ရောက်​နေသော်လည်း သူ့အတွေးများက ဤနှစ်နွေရာသီ နေသာသောမနက်ခင်းတစ်ခုဆီသို့ပြန်ရောက်သွားခဲ့သည်။


ထိုနေ့သည် ချန်လီ၏ ပန်းချီကားကို သူပထမဆုံးမြင်ဖူးသည့်​​​နေ့​ဖြစ်သည်။ချန်လီ၏စုတ်တံအောက်တွင်၊ တစ်ကမ္ဘာလုံးသည် မှောင်မိုက်နေပြီး လူသားများသည် ရက်စက်ကြမ်းကြုတ်သော ဘီလူးများကဲ့သို့ပင် ပါးစပ်ကို ကျယ်ကျယ်ဖွင့်ဟကာ သူ့ကို အပိုင်းပိုင်းစုတ်ဖြဲ၍ ကိုက်စားရန် စောင့်ဆိုင်းနေကြသည်။ချန်လီက ဤကမ္ဘာနှင့် ပတ်သက်၍ နက်ရှိုင်းသော မလုံခြုံမှုကို ခံစားခဲ့ရပြီး ပြင်ပကမ္ဘာနှင့် ထိတွေ့ဆက်ဆံရန် ကြောက်လန့်၍​​​နေကာ သူ့ကိုယ်ပိုင်ကမ္ဘာထဲမှာပဲ ခွေနေခဲ့သည်။


ယခုမူ ချန်လီ၏ စိတ်အခြေအနေက သူ၏ ပန်းချီကားများတွင် တိုက်ရိုက်ထင်ဟပ်နေလေသည်။သူသည် အမှောင်ကမ္ဘာမှ လုံးလုံးလျားလျား မလွတ်မြောက်သေးသော်လည်း အလင်းတန်းမှိန်မှိန်တစ်ခုက အမှောင်ကမ္ဘာထဲသို့ တဖြည်းဖြည်း စိမ့်ဝင်လာ​နေသည်။ အချိန်ကြာလာသည်နှင့်အမျှ ချန်လီ၏ကမ္ဘာထဲက အမှောင်ထုက ဖယ်ထုတ်ခံရပြီး ချန်လီတစ်ယောက် ပိုမိုကောင်းမွန်သောဘဝရရှိရန် ကြိုးပမ်းလာလိမ့်မည်ဟု ကျုးကောယွီ ယုံကြည်သည်။


ကျူးကောယွီက သူ့ကိုယ်ပိုင်အတွေးများထဲမှာ နစ်မြုပ်နေပြီး ဆေးလ်ဗတ်စ်တာက သူ့နာမည်ကို တတိယအကြိမ်မြောက် ခေါ်သည့်အခါမှ အသိပြန်ဝင်လာလေသည်။


"ဘာတွေတွေးနေတာလဲ ကျူးကော"

ဆေးလ်ဗတ်စ်တာက မေးသည်။

"​မင်းရဲ့ပထမဆုံး တွေ့ဆုံမှု မြင်ကွင်းအကြောင်း မင်း ငါ့ကို မပြောရ​သေးဘူးနော်"


ကျူးကောယွီက ခေါင်းတခါခါလုပ်လေသည်။သူ့မျက်လုံးများက ချန်လီနှင့်ဝေ့ချန်တို့ကို အာရုံစိုက်နေဆဲဖြစ်ပြီး သူက အလွန်လေးနက်စွာဆိုလိုက်၏။

"ချန်လီရဲ့ အရင်ကလက်ရာတွေမှာ စိတ်ဝိညာဉ်ရှိရင် အဲဒီစိတ်ဝိညာဉ်က ထုံထိုင်းပြီး ဗလာဖြစ်နေတဲ့စိတ်ဝိညာဥ်ပဲ...ပြီးတော့အမှောင်ထုနဲ့တောင်ပြည့်နေသေးတာ...ဝေ့ချန်ကြောင့် ချန်လီက တဖြည်းဖြည်း ပြောင်းလဲလာခဲ့တယ်... သူ့ပန်းချီကားတွေရဲ့ စိတ်ဝိညာဉ်က တဖြည်းဖြည်း အရောင်အသွေးစုံလာပြီး စိတ်ပျက်အားငယ်မှုတွေ မရှိတော့ဘူး"


တစ်နည်းအားဖြင့် ချန်လီကိုယ်တိုင်ကြောင့်ဟုပြောလျှင်လည်း မှန်၏။ချန်လီကိုယ်၌ကပြောင်းလဲလာသောကြော သူနှင့်အတူ သူ၏ပန်းချီများကလည်း ပြောင်းလဲလာခဲ့ခြင်းဖြစ်လေသည်။


ဆေးလ်ဗတ်စ်တာက ကျူးကောယွီ၏အကြည့်အတိုင်းလိုက်ကာ ဝေ့ချန်နှင့်ချန်လီကို ကြည့်လိုက်၏။သူတို့နှစ်ယောက်က အတူတကွ ရပ်၍နေကာ အခြားမည်သူမျှ မဝင်ရောက်နိုင်ပုံရသည့် နွေး​​ထွေးသောကမ္ဘာတစ်ခု တည်​ဆောက်နေကြသည်။


ကျူး​ကောယွီ၏စကားကို သူနားလည်သည်ဟု သူထင်သည်။ စိတ်ပျက်အားငယ်နေသော စိတ်ဝိညာဉ်က အခြားစိတ်ဝိညာဉ်တစ်ခု ထပ်​ပေါင်းလိုက်ခြင်းကြော့င့် အသက်ဝင်တက်​ကြွလာသည်။


ကျူးကောယွီနှင့်ဆေးလ်ဗတ်စ်တာတို့ မသိသည်က ဝေ့ချန်အတွက် အခြားစိတ်ဝိညာဥ်တစ်ခုထပ်ပေါင်းလိုက်ခြင်းကြောင့် နွေးထွေးမှုအပြည့်ရှိလာသည့် အထီးကျန်စိတ်ဝိညာဥ်က သူဖြစ်နေသည်ကိုပါပင်။


အနှီစိတ်ဝိညာဥ်နှစ်ခုက တစ်ခုကြောင့်တစ်ခု ပို၍ပြီးပြည့်စုံလာကြကာ တဖြည်းဖြည်းနှင့် အချင်းချင်းပေါင်းစပ်၍သွားကြသည်။နှစ်ခုစလုံးက တစ်ခုအတွက်တစ်ခု မရှိမဖြစ်ချည်းသာဖြစ်၏။


*


ဆောင်းညက ထူးထူးခြားခြား စောရောက်လာလေသည်။ 


ကျူး​​​ကောယွီနှင့် သူတို့သုံးယောက်သည် Q တက္ကသိုလ်မှ ထွက်ခွာသောအခါ ညမိုးချုပ်နေပြီဖြစ်သည်။ လမ်းနှစ်ဘက်လုံးရှိ မီးများလင်း​​နေပြီဖြစ်သည်။အဝါရောင်မှိန်ဖျော့ဖျော့ဖျော့အလင်းရောင်နှင့် နေ့တာ၏ နောက်ဆုံးအကြွင်းအကျန်အလင်း​များက အချင်းချင်း  ရောယှက်ကာ ခွဲခွာရန် တွန့်ဆုတ်နေ​​ကြသည်။


လုရှို့ရန် တစ်ခုခုယူရန် ကျောင်းကိုပြန်လာချိန်မှာ ထိုလေးယောက်သားအုပ်စုကို အဝေးကတွေ့လိုက်ရသည်။ကျူးကောယွီ နှင့် ဆေးလ်ဗတ်စ်တာ တို့သည် စကားစမြည်ပြောရင်း ရယ်မော​နေကြပြီး ချန်လီနှင့်ဝေ့ချန်က သူတို့နှင့်အတူ လျှောက်​​​နေကြသည်ကို သူမြင်လိုက်ရ၏။ရံဖန်ရံခါတွင်၊ ဆေးလ်ဗတ်စ်တာက ချန်လီကို လှည့်ကြည့်ပြီး ကျူးကောယွီဘက်သို့ ခေါင်းစောင်းကာ တစ်စုံတစ်ခု​မေးတတ်သည်။


လုရှို့ရန် သူတို့ပြောနေသည်များကို မကြားရပေမဲ့ ထိုသို့သောမြင်ကွင်းက အလွန်အမင်း တောက်ပနေသလို သူခံစားရသည်။


သူက ဆေးလ်ဗတ်စ်တာ၏ အသိအမှတ်ပြုမှုကို ရယူလိုသော်လည်း ဆေးလ်ဗတ်စ်တာက သူ့ကို အကြည့်တစ်ချက်ပင် မစွန့်​ကြဲခဲ့ပေ။ ယခုမူ ဆေးလ်ဗတ်စ်တာက ချန်လီနှင့်အတူ လမ်းလျှောက်နေပြီး အဝေးမှပင် ချန်လီကို တန်ဖိုးထားကြောင်း အထင်းသားမြင်နေရ၏။


ဘာကြောင့်လဲ...


ဘာကြောင့် ဒီလိုဖြစ်ရတာလဲ...


လုရှို့ရန် ထိုနေရာတွင်ပဲ ရပ်နေကာ သူ့အကြည့်များက မည်းနက်နေပြီး ရက်စက်ယုတ်မာသည့်ပုံစံဖြင့် ရှေ့ကိုပဲ စိုက်ကြည့်နေသည်။ သူ့လက်များက လက်သီးများတင်း​နေ​အောင်ဆုပ်ထားကာ သူ့ရင်ထဲမှာ မကျေနပ်မှုများဖြင့် ပြည့်နေသည်။


အဝေးမှ ဝေ့ချန်က ရက်စက်ကြမ်းကြုတ်သောအကြည့်ကို ခံစားမိလေသည်။ထောင့်ကွေ့တစ်ခုကို ကွေ့ချိန်မှာ သူက လုရှို့ရန်ရှိရာဘက်ကို လှမ်းကြည့်လိုက်သည်။၎င်းနောက် ဘာမှမဖြစ်ခဲ့သလိုမျိူး သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။


မုန်းတီးမှုကို မဆွဲဆောင်နိုင်သူက  သာမညောင်သာမညလူဟု ဆိုလိုသည်၊၎င်းသည် သူ့မိသားစုက လီလီက အလွန်​တော်ကြောင်း သက်သေပြ​နေသည်။ သူများတွေ မုန်းသည်ဖြစ်စေ မမုန်းသည်ဖြစ်စေ ယင်းက သူတို့ကိစ္စဖြစ်၏။သို့ပေမဲ့ တစ်စုံတစ်ယောက်က ထိုမုန်းတီးမှုကြောင့် ချန်လီကို ထိခိုက်အောင်လုပ်ချင်လာလျှင် ဝေ့ချန်က အလှဆင်ပစ္စည်းသက်သက်မဟုတ်ပါချေ။


*


နောက်တစ်နေ့တွင် ဝေ့ချန် ချန်လီကို Q တက္ကသိုလ်သို့ လိုက်ပို့ခဲ့သည်။ စတူဒီယိုထဲမှာစောင့်နေသည်က ကျူးကောယွီသာမက ဆေးလ်ဗတ်စ်တာလည်းပါ၏။


မနေ့တုန်းက ဝေ့ချန်သည် ကျူးကောယွီက ဆေးလ်ဗတ်စ်တာကို ချန်လီအား သင်ပေးရန်တောင်းဆိုထားသည့်အကြောင်း သိထားပြီးဖြစ်သဖြင့် ကျူးကောယွီကို တကယ် ကျေးဇူးတင်မိ​လေသည်​။


ကျူးကောယွီ ချန်လီအတွက် မည်သည့်အရာများလုပ်ပေးခဲ့သည်နှင့် ချန်လီအပေါ်ထားသည့် ကျူး​ကောယွီ၏ခံစားချက်များကို ဝေ့ချန်သိသည်။


ချန်လီ၏အနာဂတ်ကို ဂရုစိုက်သော အကြီးအကဲတစ်ဦးနှင့် တွေ့ဆုံခဲ့ရသည့်အတွက် သူ အလွန်ကံကောင်းလေသည်။


ဝေ့ချန်က စကားနည်းသူဖြစ်ပေမဲ့ ယင်းက သူက စကားပြောမကောင်းဟု မဆိုလိုပါ​ချေ။သူက ကျူးကောယွီ နှင့် ဆေးလ်ဗတ်စ်တာအား ကျေးဇူးတင်ကြောင်း ရှင်းလင်းပြတ်သားစွာ ဖော်ပြခဲ့သည်။ ထို့နောက် သူက ချန်လီကို နှုတ်ဆက်ပြီး Qတက္ကသိုလ်မှ ကုမ္ပဏီသို့ ကားမောင်းထွက်လာခဲ့သည်။


ဆယ်မိနစ်ကျော်ကြာသောအခါ ဝေ့ချန် ချန်ဖုန်းအုပ်စုသို့ ရောက်လာသည်။ ဧည့်ခန်းထဲသို့ ခြေချလိုက်သည်နှင့် လူတိုင်း၏အကြည့်များက သူ့အပေါ်ကို ရောက်လာသည်။​လေးစားခြင်း၊ အံ့သြခြင်း၊ မနာလိုအားကျခြင်းနှင့် အခြားသော စိတ်ခံစားမှု အမျိုးမျိုးတို့ အခန်းထဲမှာ လွှမ်းခြုံသွားသည်။


ဝေ့ချန်က ဤအကြည့်များကို ခံနိုင်ရည်ရှိနေပြီဖြစ်သည်။သူမှတ်မိရသလောက်ဆိုလျှင် အကြောင်းအမျိုးမျိုးကြောင့် ဤအကြည့်များကို သူ မကြာခဏ ခံစားရတတ်သည်။ အစပိုင်းတွင် သူ ဂုဏ်ယူသလို ခံစားရသော်လည်း ယခုတွင်မူ ၎င်းတို့က သူ့နှလုံးသားကို လှိုင်းမထ​စေနိုင်​တော့ပေ။


ဝေ့ချန် မားကတ်တင်းဌာနသို့ ရောက်သောအခါ သူ၏လုပ်ဖော်ကိုင်ဖက်များကလည်း သူ့ကိုကြည့်လာကြသည်၊ သို့သော် ဧည့်ခန်းရှိလူများနှင့် နှိုင်းယှဉ်လျှင် အနည်းငယ်ကွာခြားမှုရှိသည်။ ခြားနားချက်မှာ မားကတ်တင်းဌာနရှိ လုပ်ဖော်ကိုင်ဖက်များက ဝေ့ချန်အတွက် စိတ်ရင်းဖြင့် ဂုဏ်ယူဝမ်းမြောက်နေပုံရသည်။


"ဂုဏ်ယူပါတယ် ဒါရိုက်တာ"

ဝေ့ချန် ဖြတ်သွားစဉ် လူတစ်ယောက်က ပြောလိုက်သည်။


တခြားသူများကလည်းနောက်ကလိုက်ထောက်ခံသည်။


"ဂုဏ်ယူပါတယ် ဒါရိုက်တာ...ဂုဏ်ယူပါတယ်"


"ဒါရိုက်တာ ဒါရိုက်တာက ဒီဓာတ်ပုံထဲမှာ အရမ်းချောနေတာ...ကျွန်မတို့အကုန်လုံး ဒါရိုက်တာကိုကြွေသွားတယ်"


လူအုပ်က တစ်ယောက်ပြီး တစ်ယောက် စကားများပြောနေကြကာ ဝေ့ချန်အတွက် တကယ်ကို ဝမ်းသာနေကြသည်။


အမှန်တွင် ဝေ့ချန် မားကတ်တင်းဌာန၏ဒါရိုက်တာစဖြစ်လာချိန်တုန်းက သူတို့ ယခုလောက်မရဲတင်းရဲကြပေ။ဝေ့ချန်က ပြုံးခဲပြီး သူ့အရှိန်အဝါက ပြင်းထန်သည်။သူတို့ပါးစပ်ဖွင့်လိုက်သည်နှင့် ပြင်းထန်စွာကြိမ်းမောင်းခြင်းခံရမည်ကို သူတို့ကြောက်ရွံ့ကြသည်။


သို့ပေမဲ့ အချိန်အတော်ကြာ အတူတူ ကုန်ဆုံးပြီးနောက် ဝေ့ချန်က ပေါင်းသင်းရလွယ်သော အထက်လူကြီးတစ်ဦးဖြစ်ကြောင်း သူတို့ သိလာခဲ့သည်။သူက ရုပ်တည်ကြီးနှင့်နေလေ့ရှိပေမဲ့ အကြောင်းပြချက်မရှိဘဲ ဒေါသမထွက်တတ်ပေ။အလုပ်ချိန်အတွင်း အလုပ်တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်နိုင်သရွေ့ ဝေ့ချန် ရှေ့မှာ မိမိတို့အလိုရှိသည့်အတိုင်း လုပ်ဆောင်နိုင်သည်။


ထို့ကြောင့် သူတို့ ယခုလိုဆူဆူညံညံလုပ်နေကြလည်း ဝေချန်က စိတ်မဆိုးပေ။ သူသည် သူတို့ကို အသိအမှတ်ပြုပြီး ခေါင်းညိတ်ကာ သူ့ရုံးခန်းဆီသို့ တည့်တည့်သွားခဲ့သည်။


မားကတ်တင်းဌာနရှိ လုပ်ဖော်ကိုင်ဖက်များသည် ​​ဝေ့ချန်၏ ​အေးစက်သောတုံ့ပြန်မှုများကို ကျင့်သားရနေပြီဖြစ်သည်။ဤတစ်ခါလည်း ချွင်းချက်မဟုတ်ပါချေ။ဝေ့ချန် သူ့ရုံးခန်းထဲဝင်သွားပြီးနောက် သူတို့ ကိုယ့်​နေရာကိုယ်ပြန်ဝင်ပြီး အလုပ်ကိုပဲ အာရုံစိုက်လိုက်ကြသည်။


ဒါပေမဲ့ ဒီနေ့ဘာကြောင့် ဒီလိုအခြေအနေဖြစ်လာတာလဲ...

ဤအရာအားလုံးက မားကတ်တင်းဌာနမှ လုပ်ဖော်ကိုင်ဖက်တစ်ဦး မနက်ခင်းတွင် သတင်းစာအ​ရောင်းဆိုင်တစ်ခုမှ ဖြတ်သွားကာ မဂ္ဂဇင်းတစ်စောင်ကို တွေ့လိုက်ချိန်ကနေ အစပြုခဲ့သည်။


ဤမဂ္ဂဇင်းသည် လူသိများသော စီးပွားရေးမဂ္ဂဇင်းဖြစ်ပြီး စီးပွားရေးဆိုင်ရာ စာပေများစွာတွင် ​နေရာတစ်ခုရထားသည်။ သို့သော် သတင်းစာစင်ရှိ မဂ္ဂဇင်းပုံကြားတွင် ၎င်းက အနည်းငယ် ပိုကောင်းနေပုံရလေသည်။


ဤလုပ်ဖော်ကိုင်ဖက်က စီးပွားရေးမဂ္ဂဇင်းများကို ပုံမှန်ဖတ်ရှုသူတစ်ဦးဖြစ်ပြီး နောက်ဆုံးထုတ်မဂ္ဂဇင်းများကိုရရှိရန် သူမ၏ဝယ်ယူမှုများကို အမြဲအချိန်ပေးခဲ့သည်။


ယနေ့သည် နောက်ဆုံးထုတ်ထုတ်ဝေသည့်ရက်စွဲဖြစ်သောကြောင့် သူမ တစ်အုပ် ချက်ချင်းဝယ်လိုက်သည်။ သို့သော် သူမ မဂ္ဂဇင်းကို လက်ခံရရှိသည်နှင့် ကာဗာပေါ်ရှိ ချောမောသော အမျိုးသားကြောင့် အံ့အားသင့်သွားခဲ့သည်။သူ၏အထက်စီးဆန်ပြီး လွှမ်းမိုးကြီးစိုးသော အရှိန်အဝါက တကယ်ကို အသက်ရှူမှားစရာပင်။


ခဏအကြာတွင် မဂ္ဂဇင်းကာဗာက ချောမောသော အမျိုးသားက ၎င်းတို့၏ ဒါရိုက်တာဝေ့ချန် ဖြစ်သည်ကို ထို​လုပ်ဖော်ကိုင်ဖက်က မှတ်မိသွားသည်။


ဤသိရှိလိုက်ရမှုက လုပ်ဖော်ကိုင်ဖက်ကို ရှော့ခ်ရသွားစေသည်။


တရုတ်နိုင်ငံရှိ စီးပွားရေးမဂ္ဂဇင်းများ၏ သဘောသဘာဝနှင့် ၎င်းတို့၏ အဆင့်အတန်းကို သူမသိသည်။ သို့သော်၊ သူမတို့၏ ဒါရိုက်တာက စီးပွားရေး မဂ္ဂဇင်း မျက်နှာဖုံးတွင် တိတ်တဆိတ် ပေါ်လာလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။


ထိုလုပ်ဖော်ကိုင်ဖက်က မဂ္ဂဇင်းကိုကိုင်၍ ကုမ္ပဏီသို့ အပြေးအလွှားသွားကာ သူမ၏လုပ်ဖော်ကိုင်ဖက်များအား သတင်းမျှဝေလိုက်ရာ ဝေ့ချန် ရုံးခန်းသို့ရောက်ရှိချိန်မြင်ကွင်းကို ပေါ်ပေါက်လာခဲ့စေတော့လေသည်။


ဝေ့ချန် ရုံးခန်းထဲဝင်လာပြီး သူ့စားပွဲပေါ်ရှိ စီးပွားရေးမဂ္ဂဇင်းကို တွေ့လိုက်သောအခါတွင် ယနေ့က မဂ္ဂဇင်း၏ နောက်ဆုံးထုတ်မဂ္ဂဇင်းထုတ်ဝေသည့်ရက်စွဲဖြစ်ကြောင်း ရုတ်တရက် သတိရသွားသည်။အစောတုန်းက လူတိုင်းက သူ့ကို ဘာကြောင့် ချီးကျူးဂုဏ်ပြုကြသည်လဲဆိုသည်ကို နောက်ဆုံးမှာ သူနားလည်သွားလေသည်။


<< >>


💘