Chapter 119
Viewers 18k

💘Chapter 119

 á€€á€Żá€”်



ဝေ့ချန် နာမည်ကြီးလာပြီ။


ဝေ့ချန်က မဂ္ဂဇင်းတစ်ခုကြောင့် နာမည်​ကြီးလာမည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။စီးပွားရေးမဂ္ဂဇင်း၏ အယ်ဒီတာချုပ်ကိုယ်တိုင်ပင် မမျှော်လင့်ထားခဲ့။


မျက်နှာဖုံးတွင် ဝေ့ချန် ပါဝင်သည့် မဂ္ဂဇင်းသည် စင်ပေါ်တင်ပြီး သုံးရက်အတွင်း ရောင်းကုန်သွားခဲ့သည်။


အယ်ဒီတာချုပ်က သူတို့​မားကတ်တင်းဌာနဆီက သတင်းကိုကြားသောအခါ  အံ့ဩသွားခဲ့ရသည်။ စာရွက်များကို လှန်နေသော သူ့လက်များကတန့်သွားကာ စာရွက်များက သူ့လက်ထဲကနေ လျှောထွက်ကာ​ပြုတ်ကျကုန်၏။


"ဘာပြောလိုက်တယ်"

အယ်ဒီတာချုပ် သူနားကြားမှားသွားခြင်းဖြစ်မည်ဟု သံသယဖြစ်မိ​​​နေသည်။


"ဒီလထုတ်မဂ္ဂဇင်းတွေ ရောင်းကုန်သွားပါပြီ"

မားကတ်တင်းဌာနခေါင်းဆောင်က ထပ်ပြောကာ မေးလိုက်၏။

"နောက်ထပ် အုပ်ရေတွေ ထပ်ထုတ်ရမလား"


အယ်ဒီတာချုပ်က အတန်​ကြာစဥ်းစားပြီးပြောလိုက်သည်။

"ထပ်ပြီးပုံနှိပ်...ထုတ်ရမှာပေါ့"


မားကတ်တင်းဌာနခေါင်းဆောင်က အတည်ပြုချက်ရရှိပြီးနောက် ထွက်ခွာသွားကာ အယ်ဒီတာချုပ်က ထိတ်လန့်တုန်လှုပ်နေသည့်အခြေအနေဖြင့် ကျန်ရစ်နေခဲ့လေသည်။


အမှန်မှာ၊ မဂ္ဂဇင်းအုပ်ရေအကုန် ရောင်းထွက်ခြင်းသည် အယ်ဒီတာချုပ် လုံးဝ မမျှော်လင့်ထားသောအရာဖြစ်သည်။ စီးပွားရေးမဂ္ဂဇင်းသည် အချို့သော ဖျော်ဖြေရေးနှင့် ဖက်ရှင်မဂ္ဂဇင်းများနှင့် ယှဉ်လျှင် သိပ်မလူကြိုက်မများ​ပေ။ထို့အပြင် ၎င်းတို့သည် ကာဗာတွင် နာမည်ကြီးများကို တစ်ခါမျှ မသုံးသောကြောင့် ထုတ်ဝေမှုတိုင်းသည် အများအားဖြင့် ရောင်းမကုန်ပေ။


အယ်ဒီတာချုပ်က ဤတစ်ခေါက်မဂ္ဂဇင်း ထုတ်ဝေမှုက လူ​ကြိုက်များမည်ဟု စိတ်ထင်​နေကြောင့် ပုံနှိပ်စဥ်က အုပ်ရေကို အထူးတလည်းတိုးမြှင့်ထားခဲ့သည်။ထိုသည်ကို ဤမျှလောက်မြန်မြန်ရောင်းထွက်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။


သူ၏အံ့အားသင့်မှုကို ဖိနှိပ်ပြီးနောက် အယ်ဒီတာချုပ်က သူ့ဘယ်ဘက်ခြမ်းမှ မဂ္ဂဇင်းကို ကောက်ကိုင်လိုက်ပြီး မျက်နှာဖုံးကို သေသေချာချာ ကြည့်လိုက်သည်။ မျက်နှာဖုံးပေါ်ရှိလူ၏အရှိန်အဝါက ​ထည်ဝါလွန်းပြီး မည်သူ့ကိုမဆို စွဲဆောင်နိုင်မည့် ​ဖြစ်တည်မှုဖြစ်ကာ သူ မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။


ဤတစ်ခေါက် မဂ္ဂဇင်း၏အောင်မြင်မှုက လူတစ်ယောက်၏အသွင်အပြင်နှင့် သက်ဆိုင်လောက်သည်ဟု သူ့ကိုယ်သူ တွေးခဲ့သည်။အကယ်၍ သူသာ ဖောက်သည်တစ်ယောက်ဖြစ်ပြီး မျက်နှာဖုံးမှာ ယခုလိုချောမောသည့်လူကိုတွေ့ခဲ့လျှင်၊ သူလည်း တစ်အုပ်ဝယ်ဖြစ်နိုင်​ပေ၏။


အမှန်တွင်လည်း အယ်ဒီတာချုပ် သံသယရှိနေသကဲ့သို့ မဂ္ဂဇင်း၏အောင်မြင်မှုနောက်ကွယ်တွင် သိသာထင်ရှားသောအကြောင်းရင်းတစ်ခုမှာ ဝယ်သူအများအပြားကို ဆွဲဆောင်နိုင်သည့် ဝေ့ချန်၏အသွင်အပြင်၏ဆွဲဆောင်မှုဖြစ်သည်။ အင်တာနက်ပေါ်က လူများကလည်း မဂ္ဂဇင်းမျက်နှာဖုံးအကြောင်း ဆွေးနွေး​နေကြသည်။


"ဝိုး ချောလိုက်တာ... ဒါက တကယ် စီးပွားရေး မဂ္ဂဇင်းလား... ဖျော်ဖြေရေးနဲ့ ဖက်ရှင်မဂ္ဂဇင်းတွေရဲ့ ကာဗာတွေကပဲ ချက်ချင်းရောင်းကုန်တာမလား...ငါလည်း တစ်အုပ်လိုချင်တယ်လေ"


"ပို့စ်တင်သူက အရမ်းကံကောင်းတာပဲ...ငါ သွားဝယ်တုန်းကတော့ ကုန်သွားပြီ...သူက အရမ်းချောတယ်...ငါ့မှာ သွားရေတောင်ကျမတတ်ပဲ"


"ဒါက စစ်မှန်တဲ့ လွှမ်းမိုးခြယ်လှယ်နိုင်တဲ့ CEOပဲ... သူနဲ့ ယှဥ်လိုက်ရင် idol ဒရာမာတွေထဲက ဦး​နှောက်မဲ့တဲ့အမျိုးသားဇာတ်လိုက်တွေက မူလတန်းကလေးတွေလိုပဲ...ချောလိုက်တာ...အရမ်းချောတာပဲ"


"နင်တို့အကုန်လုံး သူ့ကိုယ်ရေးအကျဥ်းကို သတိထားမိကြလား...အသက် 22 နှစ်ပဲရှိသေးတာကို Q တက္ကသိုလ်က ပါရဂူဘွဲ့ နှစ်ခုရထားတာ...သူက ထိပ်တန်းကျောင်းသားတစ်ယောက်တင် မဟုတ်ဘူး...သူက ဉာဏ်ကြီးရှင်"


"ဟုတ်တယ် ဟုတ်တယ်...ငါ စီးပွားရေးမဂ္ဂဇင်းကိုBaiduမှာရှာကြည့်ပြီးပြီ...ဒီမဂ္ဂဇင်းက ငါတို့နိုင်ငံကစီးပွားရေးမဂ္ဂဇင်းတွေရဲ့ခေါင်းဆောင်ပဲ...ပြီးတော့ ဒီကာဗာပေါ်က ကိုလူချောက ငါတို့နိုင်ငံမှာအသက်အငယ်ဆုံးအောင်မြင်သူတဲ့...သူက ငါ့ထက်တစ်နှစ်တောင်ငယ်တယ်..."


"ဘဝက မတရားဘူး...သူကျ ရုပ်ရည်ရော ဉာဏ်ရည်ထက်မြက်မှုပါ နှစ်မျိုးလုံး ကောင်းချီးပေးခံရတယ်... သူက ဝတ္ထုထဲက အမျိုးသားဇာတ်လိုက်တစ်ယောက်လိုပဲ"


"သူ့အင်တာဗျူးထဲက စကားတစ်လုံးမှ ငါနားမလည်ပေမဲ့ သူက အရမ်းတည်မဲ့ပုံပဲ...ဒါပေမဲ့ အဲဒါက ငါ့ကို သူ့ရုပ်ရည်ကို မချစ်မိအောင် မတားနိုင်ဘူး...သူက​သောက်ရမ်းချောလွန်းတယ်လေ"


"သူက သီးသန့်ဆန်တဲ့ အေးစက်စက်အမျိုးသားနတ်ဘုရားနဲ့မတူဘူးလား"


"အမေက ဘာလို့ မဂ္ဂဇင်းက စိုနေတာလဲလို့ မေးတော့ ငါ့ကြောင့် ငါလျက်လိုက်တာလို့ ပြောလိုက်တယ်... အပေါ်က မှတ်ချက်ကို သဘောတူတယ်... သူက ရေခဲတုံး အမျိုးသားနတ်ဘုရားပဲ"


ရလဒ်အနေဖြင့် ဝေ့ချန်က မဂ္ဂဇင်းကာဗာတစ်ခုတည်းဖြင့် အွန်လိုင်းတွင် နာမည်ကြီးတစ်ယောက်ဖြစ်လာပြီး သူ၏ပညာရေးအောင်မြင်မှုနှင့် ရုပ်ရည်​ချော​မောမှုတို့ကို လူအများက ချီးကျူးခဲ့ကြသည်။


ဆိုရိုးစကားလိုပါပင်၊လူပြိန်းများက ပွဲ​ကြည့်နေကြချိန်မှာ ပညာရှိများက အနှစ်သာရကို​ရှုစားကြသည်။


မဂ္ဂဇင်းဝယ်ယူသူတိုင်းက ဝေ့ချန်၏ရုပ်ရည်ကြောင့်ချည်းမဟုတ်ပါဘဲ တချို့က မဂ္ဂဇင်းပါအကြောင်းအရာကြောင့်ဝယ်ယူကြခြင်းဖြစ်၏။


တက္ကသိုလ်တစ်ခုမှ စီးပွား​ရေးပါမောက္ခတစ်ဦးက စီးပွားရေးမဂ္ဂဇင်းကို ဇောက်ချဖတ်သူဖြစ်သည်။သူက နှစ်အတော်ကြာ စာရင်းသွင်းထားခဲ့သည်။ ဤအထူးထုတ်မဂ္ဂဇင်း​ကို လက်ခံရရှိပြီး ဝေ့ချန်၏ အင်တာဗျူးကို ဖတ်ရှုလိုက်သောအခါတွင် အုပ်​ရေများစွာကို ချက်ချင်းထပ်ဝယ်ခဲ့သည်။ သူ့တက္ကသိုလ်ကို ရောက်သည့်အခါ သူတို့အတွက် အလွန်အကျိုးရှိမှာဖြစ်သဖြင့် အင်တာဗျူးကို သေချာလေ့လာရန်ပြောပြီး တပည့်များကို ​ပေးလိုက်သည်။


ထိုနည်းတူစွာ CEO နှင့် လုပ်ငန်းပိုင်ရှင်များစွာတို့ကလည်း မဂ္ဂဇင်းကို လက်ခံရရှိပြီး ဝေ့ချန်၏ အင်တာဗျူးကို ဖတ်ပြီးနောက် သူတို့ကိုယ်သူတို့ ဆန်းစစ်ကာ သူ့အား ကွဲပြားသော အမြင်တစ်ခုဖြင့် ​​လေးစားသ​ဘောကျလာကြသည်။ သူတို့သည် အင်တာဗျူးကို အကြိမ်​​ပေါင်းများစွာ ပြန်ဖတ်ခဲ့ကြပြီး ဤလူငယ်၏ အလားအလာနှင့် အရည်အချင်းများကို မအံ့ဩဘဲမနေနိုင်ကြပေ။


ဝေ့သခင်​ကြီးသည်ပင်လျှင် မဂ္ဂဇင်းကို ပထမဆုံး လက်ဦးမှုရယူခဲ့သူများထဲမှတစ်ဦးဖြစ်သည်။ မဂ္ဂဇင်းထွက်ပြီး သိပ်မကြာ​ခင်မှာပဲ စီးပွားရေးလုပ်ဖော်ကိုင်ဖက်တော်တော်များများက ဝေ့ချန်ကို ချီးကျူးရန် သူ့ဆီ အထူးတလည်ဖုန်းခေါ်ကြပြီး သူတို့၏ မနာလိုအားကျမှုနှင့် သဘောကျမှုများက သူတို့၏ လေသံမှာ ပေါ်လွင်နေသည်။


ဝေ့ချန်တို့ မျိုးဆက်ရှိလူများစွာထဲမှာ ဝေ့ချန်သာလျှင် ထိုကဲ့သို့သော အောင်မြင်မှုကို ရရှိခဲ့သည်။ထိုမျှသာမက ယခု သူက ချန်ဖုန်းအုပ်စု၏ မားကတ်တင်းဌာနဒါရိုက်တာပင်ဖြစ်နေပြီဖြစ်ကာ စီးပွားရေးမဂ္ဂဇင်းမျက်နှာဖုံးတွင်ပင် ဖော်ပြ​ခြင်းခံရလေသည်။သူတို့အရွယ်အခြားမည်သူမျှ ထိုသို့​သော​အောင်မြင်မှုကို မရရှိသေးပေ။


မျိုးဆက်သစ်လူငယ်တွေက ရှိန်လောက်တယ်...တကယ်ကို ရှိန်လောက်တာပဲ...


"သခင် သခင်လေးချန်က သခင့်ကိုစိတ်မပျက်စေခဲ့ဘူး"

အိမ်တော်ထိန်းက 

မဂ္ဂဇင်းမျက်နှာဖုံးကို အကြည့်ရောက်ရင်း တလေးတစားပြောလိုက်သည်။


ဝေသခင်​ကြီး၏ ရှုံ့တွနေသော လက်ချောင်းများက မဂ္ဂဇင်းမျက်နှာဖုံးကို ညင်သာစွာ ထိတွေ့လိုက်ကာ နောက်ဆုံးတွင် ဆိုလေ၏။

"ဟုတ်တယ် သူကအရည်အချင်းရှိတယ်... ဒါပေမဲ့ သူက စကားနားမထောင်ဘူး"


"သခင် သခင်လေးချန်ကို သူ့နည်းသူ့ဟန်နဲ့ လုပ်ခွင့်ပေးလိုက်ပါလား...သခင်လေးချန်က သူ နောက်ဆုံးမှာ ဝေ့မိသားစုကို သိမ်းပိုက်ရမယ်ဆိုတာ ကောင်းကောင်းသိတယ်ထင်တယ်"

အိမ်တော်ထိန်းက အကြံပြုလိုက်သည်။


ဝေ့သခင်ကြီးက ပင်ပန်းနွမ်းလျစွာဖြင့် မျက်လုံးကိုမှိတ်ပြီး "ဟုတ်မှာပေါ့"ဟု ပြန်ဖြေသည်။


ဝေ့သခင်ကြီး လောလောဆယ် ဘာတွေတွေးနေမှန်း မသိနိုင်​သောကြောင့် အိမ်တော်ထိန်းက ဘာမှထပ်မပြောရန်ဆုံးဖြတ်လိုက်ပြီး ဝေ့သခင်ကြီး၏ နားထင်ကို ကျွမ်းကျင်စွာ နှိပ်နယ်ပေးလိုက်၏။ 


ဝေ့သခင်ကြီးက သက်ပြင်းချလိုက်ပြီ သူ့လက်ကို ဝှေ့ယမ်းကာ အိမ်တော်ထိန်းကို နောက်ဆုတ်စေလိုက်သည်။


အိမ်တော်ထိန်းထွက်သွားပြီးနောက် ဝေသခင်ကြီးက ထကာ ပေကျင်းရှိဝေ့ကျန်းရှုန်းဆီသို့ ဖုန်းခေါ်သည်။


ထိုအချိန်တွင်၊ ဝေ့ကျန်းရှုန်း၏ရှေ့မှာ လက်ရှိထုတ် စီးပွားရေးမဂ္ဂဇင်း ရှိနေသည်။ သူက အဖုံးပေါ်ရှိ ဝေ့ချန်၏ နက်နဲပြီး အေးစက်သော မျက်နှာကို ကြည့်ကာ အတွေးလွင့်​​နေပုံရသည်။ ထို့နောက် သာမန်ကာလျှံကာ လက်ဝှေ့ယမ်းကာ မဂ္ဂဇင်းကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။


ဖုန်းက ဆက်မြည်နေပေမဲ့ ဝေ့ကျန်းရှုန်းက ခဏအကြာမှ ပြန်ဖြေ၏။သူက "အဖေ"ဟု ရိုသေလေးစားသော လေသံဖြင့် ပြောလိုက်သည်။


"ဒီလထုတ်စီးပွားရေးမဂ္ဂဇင်းကို ဖတ်ပြီးပြီလား"

ဝေ့သခင်ကြီး၏ အသံက မာန်ပါ၍နေပြီး ခံစားချက်တစ်စုံတစ်ရာမရှိပေ။


ဝေ့ကျန်းရှုန်းကပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့"


"မင်းဘယ်လိုထင်လဲ"

ဝေ့သခင်ကြီးက မေး၏။


ဝေ့ကျန်းရှုန်းက တိတ်ဆိတ်သွားသည်။သူ တကယ်တော့ အင်တာဗျူးကို မဖတ်ခဲ့ပေ။


"နှစ်သစ်ပြီးရင် ရှန်ဟိုင်းမှာနေ"

ဝေ့သခင်ကြီးက ဝေ့ကျန်းရှုန်းကို ထပ်ပြီးရှင်းပြရန် ဖိအားမပေးဘဲ အေးစက်စက် ပြောလိုက်သည်။


ဝေ့ကျန်းရှုန်းက  ခဏလောက် နှုတ်ဆိတ်နေပြီးမှ ပြောလိုက်၏။

"ကျွန်​တော်ထွက်သွားရင် ကုမ္ပဏီက ဘာဖြစ်သွားမလဲ"

မြို့တော်ကို အရင်တုန်းက မသွားချင်ပေမဲ့ သည်ကိုရောက်ပြီးနောက်မှာ မြို့တော်၏ ဖွံ့ဖြိုးတိုးတက်မှု အလားအလာကို သူမြင်ခဲ့သည်။သူ မပြန်ချင်ပေ။သူ ပေကျင်းရှိ ဝေ့မိသားစု၏ လုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်​အောင်လုပ်ချင်သည်။


"ဝေ့ဟွား ရှိတယ်"

ဝေ့သခင်ကြီး ထိုစကား​လေးလုံးကိုသာ ချန်ထားခဲ့ကာ နောက်ထပ် မပြောတော့ပေ။


ဖုန်းတစ်ဖက်က တဒူဒူအသံကိုကြားသောအခါ ဝေကျန်းရှုန်း စိတ်ဆိုးမာန်ဆိုးဖြင့် သူ့လက်ထဲက ဖုန်းကို ပစ်​ပေါက်ချင်စိတ်​ပေါက်သွားသည်။


သူ့အဖေက သူ့ကိုဘာလို့ပြန်လာ​စေချင်လဲဆိုသည်ကို သူသိသည်။မြို့တော်မှာ အကြာကြီးရှိနေပြီးနောက်မှာ ထိုက်တန်သည့်အောင်မြင်မှုမရရှိခဲ့ဘူးဟု သူခံစားခဲ့ရ၍ဖြစ်သည်။ဤရာထူးမှာထိုင်နေသည်က အရင်းအနှီးများကို ဖြုန်းတီးနေ​ခြင်းပင်။ဂျူနီယာတစ်ယောက်ကို လွှဲပေးလိုက်သည်က ပိုကောင်းသည်။ 


အနည်းဆုံး... အနည်းဆုံး သူသည်မှာမရှိလျှင် ဝေ့ချန်က အရေးယူ​ဆောင်ရွက်​ပေးပြီး ဝေ့ဟွားကို မြို့တော်က ဝေ့မိသားစု၏ လုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်ရန် ကူညီပေးလိမ့်မည်။


ဝေ့ကျန်းရှုန်းက နှာမှုတ်လိုက်သည်။  နောက်ဆုံးတွင် သူက သူ့သား ဝေ့ချန်နှင့် မယှဉ်နိုင်။


ထိုအချိန်တွင် အတွင်းပိုင်းဖုန်းလိုင်းက မြည်လာပြီး သူ့ခံစားချက်များ ငြိမ်သက်​အောင်လုပ်ပြီးနောက် ဝေ့ကျန်းရှုန်း ဖုန်းကိုင်လိုက်သည်။


"CEO ချန်သခင်လေး ရောက်နေပါတယ်"

အတွင်းရေးမှူးက ပြောလာသည်။ အတွင်းရေးမှုး၏ပါးစပ်မှ "သခင်လေးချန်" သည် ချန်မိသားစုမှ ချန်ချင်းကိုရည်ညွှန်းသည်။


"သူ့ကို ဝင်ခိုင်းလိုက်"

 á€á€ąá€ˇá€€á€ťá€”်းရသုန်းက ပြောလိုက်သည်။


သူပြောပြီးပြီးချင်း မကြာခင်မှာပဲ ချန်ချင်း ဝင်လာပြီး ကြမ်းပြင်ပေါ်မှာ လွှင့်ပစ်ထားသည့် မဂ္ဂဇင်းကို သတိထားမိလိုက်သည်။ သူ့အကြည့်က ခဏလောက် နက်မှောင်သွားပေမဲ့ အမှုမထားသလိုမျိုး ဝေ့ကျန်းရှုန်းအနားကို ရောက်လာသည်။


ဝေ့ကျန်းရှုန်းက မတ်တပ်ထရပ်ပြီး ပြုံးကာဆိုသည်။

"သခင်လေးချန်က ဘာလို့ ဒီနေ့ ငါ့ဆီလာလည်ဖို့ အချိန်ရှိ​နေတာလဲ"


ချန်ချင်းကလည်း ပြုံးလိုက်သည်။

"ဦးလေးဝေ့က နောက်နေပြန်ပါပြ... အကြောင်းပြချက်မရှိဘဲ ဦးလေးဝေ့ကို လာတွေ့လို့ မရဘူးလား"


"ရတာပေါ့...အချိန်မရွေးလာလည်လို့ရပါတယ်..."

ဝေ့ကျန်းရှုန်းက ချန်ချင်းကို ဆိုဖာပေါ်ထိုင်ရန် အမူအရာပြလိုက်၏။


ဝေ့ကျန်းရှုန်းက ပြန်ထိုင်ပြီးနောက် ချန်ချင်းက သူ့​နောက်ကလိုက်ပြီး ဆိုဖာပေါ်မှာ ထိုင်လိုက်သည်။၎င်းနောက် သူကဆိုသည်။

"ဒါပေမဲ့ ဒီနေ့ ဒီကို ဦးလေးဝေ့နဲ့ တစ်ခုခုပြောဖို့လာတာ”


"သခင်လေးချန် သဘောရှိ ပြောပါ"

ဝေ့ကျန်းရှုန်းက ပြောသည်။


ထိုအချိန်တွင် အတွင်းရေးမှူးက လက်ဖက်ရည်နှင့် အဆာပြေမုန့်အချို့ ယူလာကာ ကော်ဖီစားပွဲပေါ်တွင် ဂရုတစိုက် တင်ပြီး ထွက်သွားသည်။


"လက်ဖက်ရည်သောက်ပါဦး သခင်လေးချန်"


ချန်ချင်းက လက်ဖက်ရည်ခွက်ကို ကိုင်လိုက်ပြီး တစ်ငုံသောက်လိုက်ပြီးမှ ဝေ့ကျန်းရှုန်းကိုကြည့်ကာဆို၏။

"ကျွန်တော့်ဦးလေးလက်ထဲမှာ ပရောဂျက်တစ်ခုရှိတယ်...ဝေ့မိသားစုမှာ ကြီးမားတဲ့ အလားအလာရှိတယ်လို့ သူကယုံကြည်တယ်...ဒါကြောင့် ဦး​လေးဝေ့နဲ့ အရင်ညှိနှိုင်းစေချင်​နေတာ"


"မင်းရဲ့ဦးလေးက အကြီးဆုံးသခင်လေးချန်လား"

​ဝေ့ကျန်းရှုန်းက ရုတ်​တရက်​ စိတ်​လှုပ်​ရှားလာပြီး ​မေးလိုက်​သည်​။


ချန်ချင်းက ခေါင်းညိတ်သည်။

"ဟုတ်တယ် ဦးလေးချန်ပဲ"


"ဒါဆို ငါ့ကို ကျေးဇူးပြုပြီး အကြီးဆုံးသခင်လေးချန်နဲ့ မိတ်ဆက်ပေးပါ"

ဝေ့ကျန်းရှုန်းက စိတ်လှုပ်ရှားစွာ ပြောသည်။


"စိတ်ချပါ ကျွန်​တော့်ဦးလေးက ဦး​လေး​ဝေ့နဲ့တွေ့ချင်နေတာကြာပြီ"

ချန်ချင်းက ပြုံးပြီး လက်ဖက်ရည်ကိုကုန်​အောင်သောက်ရင်း ပြန်ဖြေသည်။၎င်းနောက် သူကဆိုသည်။

"ဦးလေးဝေ့ ကျောင်းမှာ အလုပ်ကိစ္စရှိလို့ ပြန်လိုက်ဦးမယ်"


"အတွင်းရေးမှူးကျန့် သခင်​လေးချန်ကို လိုက်ပို့လိုက်ပါ"

ဝေ့ကျန်းရှုန်းက ထိုသို့ပြောပေမဲ့ ချန်ချင်းကို တံခါးဝဆီ ကိုယ်တိုင်လိုက်ပို့လေသည်။


တံခါးကိုပိတ်လိုက်သောအခါ ဝေ့ကျန်းရှုန်းက သူ၏ယခင်စိတ်ပျက်အားငယ်မှုကို ဖယ်ရှားလိုက်ပြီး အားအင်များပါပြည့်ဖြိုးလာသလို ခံစားလိုက်ရသည်။


မြို့တော်မှာ ချန်မိသားစုအကြောင်းကို ဘယ်သူက မသိတာရှိလို့လဲ...ပြီးတော့အကြီးဆုံးသခင်​လေးချန်၊ချန်ယွင်ချီကို ဘယ်သူက မသိလို့လဲ... သူက အသက်နှစ်ဆယ်ကျော်ပဲရှိသော်ငြားလည်း ချောမွေ့သော နိုင်ငံရေးအသက်မွေးဝမ်းကြောင်းကို ပိုင်ဆိုင်ထားသူဖြစ်သည်။


ချန်ယွင်ချီနှင့် ဆက်ဆံရေးတစ်ခုထူထောင်ခြင်းက ချန်မိသားစုတစ်ခုလုံးနှင့် သွယ်ဝိုက်သောအားဖြင့် ဆက်ဆံ​ရေးတစ်ခုရှိသည်ဟုဆိုလိုသည်။ဒီအဆက်အသွယ်နဲ့ဆို မြို့တော်မှာ ဝေ့မိသားစုက ဘာတွေများ စိတ်ပူနေစရာလိုမလဲ...


ရှန်ဟိုင်းရှိ ချန်မိသားစု၏ ကွယ်လွန်သူ ဘိုးဘေး ချန်ပေါ်ရန် နှင့် မြို့တော်ရှိ ချန်မိသားစု၏ လက်ရှိဘိုးဘေးတို့သည် တစ်မအေတည်းမှ မွေးဖွားလာသော ညီအစ်ကိုများဖြစ်သည်။ ထို့ကြောင့် မြို့တော်ရှိ ချန်မိသားစု၏ ပံ့ပိုးကူညီမှုဖြင့် ရှန်ဟိုင်းရှိ ချန်မိသားစုသည် တဖြည်းဖြည်းနှင့် သူ​တို့ ဝေ့မိသားစုကိုကျော်တက်လာနေပြီဖြစ်သည်။


မြို့တော်တွင် အဆက်အသွယ်မရှိဘဲ တိုးတက်အောင်လုပ်ရန်က အလွန်ခက်ခဲသည်။ဝေ့ကျန်းရှုန်းတစ်ယောက် လွန်ခဲ့သောလအနည်းငယ်က မြို့တော်တွင်ရှိစဉ်အတွင်း ၎င်းကိုနားလည်ခဲ့သည်။ ထို့ကြောင့် ဝေ့ချန် ချန်ထားခဲ့ခဲ့သော ကောင်းမွန်သောစီးပွားရေးအစီအစဉ်ကကောင်းမွန်သော်လည်း ၎င်းကို အကောင်အထည်ဖော်ရာတွင် ကြီးမားသောစိန်ခေါ်မှုများကို ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။


ဝေ့သခင်ကြီးက မြို့တော်ရှိဝေ့မိသားစု ၏ဖွံ့ဖြိုးတိုးတက်လာပုံကို သည်းမခံနိုင်ဘဲ ဝေ့ကျန်းရှုန်းကို ပြန်ခေါ်လို​နေသည်။ သို့သော်လည်း ချန်မိသားစုနှင့် ပူးပေါင်းဆောင်ရွက်ပြီးသည်နှင့် မြို့တော်တွင် ဝေ့မိသားစု ကြုံတွေ့နေရသော စိန်ခေါ်မှုများကို လွယ်ကူစွာ ဖြေရှင်းနိုင်မည်ဖြစ်သည်။


ထိုအချိန်တွင် ဝေ့သခင်ကြီးမှာ သူ့ကို ပြန်ခေါ်ရန် အကြောင်းပြချက်ရှိမှာမဟုတ်​တော့ပေ။ ထို့အပြင် ချန်မိသားစု၏အကူအညီဖြင့် ဝေ့ကျန်းရှုန်းက မြို့တော်၏ကြီးမားသောစျေးကွက်ကို ထိန်းချုပ်နိုင်မည်မှာသဘာဝဖြစ်သည်။


ဝေ့ကျန်းရှုန်း ဤအကြောင်းကို ပိုတွေးလေလေ၊ အနာဂတ်က အလားအလာကောင်းသည်ဟု သူပိုပြီး ခံစားလာရလေလေဖြစ်ကာ အောင်မြင်မှုက အလှမ်းမဝေး​​တော့သလိုပင်။


ဝေ့ကျန်းရှုန်း ကြမ်းပြင်ပေါ်ရှိ မဂ္ဂဇင်းကို ထပ်မံ ကြည့်လိုက်သောအခါတွင် ဒေါသမထွက်တော့ဘဲ သူ့မျက်လုံးများထဲမှာ သရော်လှောင်ပြောင်ခြင်းတို့သာ ရှိ​​​နေသည်။


သူ့သားက ချန်မိသားစုက အရူးနှင့်လက်ထပ်သွားပေမဲ့ လုံးဝ အသုံးမဝင်သည်မျိုးမဟုတ်ပေ။


<< >>


💘