🌌 Chapter 37
"မက်ချယ်...ဒီနားမှာ ဘာတရားရုံးမှ မရှိမှတော့တရားသူကြီးရဲ့တာဝန်ကို ငါပဲအစား ဆောင်ရွက်လိုက်မယ်..."
မက်ချယ် ခေါင်းအား ခက်ခက်ခဲခဲ မော့လိုက်သည်။ ကောင်းကင်တစ်ခုလုံး ကွဲအက်သွားသည့်အလား မိုးကြိုးတစ်ချက်က ကောင်းကင်ကို ဖြတ်သန်းကာ ပစ်လိုက်သည်။
မိုးရေများက သံမျက်နှာပေါ်မှ စီးကျနေလျက် လက်အား လေးလေးတွဲတွဲ မြှောက်လိုက်ကာ လက်ဖဝါးအား မြေကြီးသို့ လှည့်လိုက်ပြီး လက်ချောင်းများအား ဖြန့်ပြလိုက်သည်။
ထိုသူ၏ ဘယ်ဖက်လက်ပေါ်တွင် ရှိနေသည်မှာ တရားရုံး၏ ခမ်းနားမှုကို ကိုယ်စားပြသည့် မဟာမိတ်၏ ကြယ်အမှတ်တံဆိပ်တစ်ခု ဖြစ်သည်။ ညာဘက်လက်ပေါ်တွင်မူ သူ၏တရားမျှတမှုကို သက်သေပြနေသည့် တရားသူကြီးတစ်ယောက်၏ တံဆိပ်တစ်ခု ရှိနေသည်။
တံဆိပ်နှစ်ခုက ပြုတ်ကျသွားလျက် လင်း၏အသံက ညင်သာကာ ယဥ်ကျေးရည်မွန်နေသည်။
"မက်ချယ်..မင်းက ဓါးပြတိုက် လုယက်ခဲ့ပြီး လွန်ခဲ့တဲ့ သုံးနှစ်အတွင်း C အဆင့် အမျိုးသမီး 6ယောက်၊ B အဆင့် အမျိုးသမီး 3 ယောက်နဲ့ A အဆင့် အမျိုးသမီး 1ယောက် ၊ စုစုပေါင်း အမျိုးသမီး 10 ယောက်ကို သတ်ပစ်ခဲ့တယ်..."
"မင်းရဲ့ အပြုအမူတွေက အရမ်းကိုရက်စက်ယုတ်မာပြီး လူထုကို ဝရုန်းသုန်းကားဖြစ်သွားစေတဲ့အပြင် အားလုံးကို ထိတ်လန့် ကြောက်ရွံ့သွားစေခဲ့တယ်..."
"မင်းကို ချက်ချင်း ကွပ်မျက်လိုက်ဖို့ ဒီနေရာမှာပဲ သေဒဏ် ချမှတ်လိုက်တယ်..."
"ခဏနေပါဦး..."
မက်ချယ် အံသြသင့်စွာ ပြောလိုက်သည်။
"သုံးရက်အတွင်းမှာမှ ကွပ်မျက်သင့်တာ မဟုတ်ဘူးလား..."
လင်း၏အသံက ပျော်ရွှင်ရယ်မောနေသည့် အသံအနေအထားဖြစ်နေသည်။
"မင်းကိုလိုက်နေတာ သုံးရက်ရှိပြီ မဟုတ်ဘူးလား..."
သူ ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလား...
မက်ချယ် အံကြိတ်လိုက်ကာ အားကြောင့် သူ့ပါးများက အနည်းငယ် လျော့သွားပြီး သူငယ်အိမ်များက တဖြည်းဖြည်း တုန်ခါလာသည်။ သူ အဖမ်းခံလိုက်ရလျှင်ပင် ထိုအမျိုးသား ဤနေရာတွင် ရှိနေသ၍ အဆုံးတွင် သူ လွတ်မြောက်ရန် လုပ်ဆောင်နိုင်လိမ့်မည် ဖြစ်သည်။
သို့သော် အန္တရာယ်ရှိသည့်အမျိုးသမီးဇာ့ဂ်က သူ့အား မူလကတည်းက လှည့်စားကာ သူအဝေးသို့ရောက်သွားသည်ဟု တွေးထင်စေခဲ့သော်လည်း အမှန်တကယ်တွင် အချိန်ကိုက်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
"မက်ချယ်... မင်းရဲ့ နောက်ဆုံးစကားပြောဖို့ 10 စက္ကန့် အချိန်ပေးမယ်..."
အမျိုးသမီးဇာ့ဂ်က သူ့ခါးမှဓားကို ဆွဲထုတ်လိုက်ကာ လျှပ်စစ်အလင်းရောင်က သူ့အရိပ်ကို ရှည်မျောမျောဖြစ်သွားစေလျက် ငရဲမှ တွားသွားတက်လာသည့် ဝိညာဥ်တစ်ကောင်ကဲ့သို့ပင် လှုပ်ယမ်းနေသည်။
-----------
"မင်း...မင်းက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
မက်ချယ် တတွတ်တွတ် ရေရွတ်လိုက်သည်။
"မဟုတ်ဘူး...မင်းက လုံးဝ သူမဟုတ်ဘူး..."
နတ်ဆိုးကဲ့သို့သော အမျိုးသမီးဇာ့ဂ်နှင့် သူ့ရှေ့ရှိ အန္တရာယ် လုံးဝမရှိသော အမျိုးသမီးက တစ်ယောက်တည်းဟူသည်ကို သူလုံးဝ မယုံကြည်နိုင်ပေ။
"ဒါက တိုက်ဆိုင်မှုလေး တစ်ခုပဲ မဟုတ်ဘူးလား..."
လင်းက မက်ချယ်၏ပခုံးအား စိတ်အခြေအနေကောင်းမွန်စွာဖြင့် ပုတ်လိုက်ကာ လေးလေးနက်နက်ပြောလိုက်သည်။
"မက်ချယ်...'အန္တရာယ်အရှိဆုံးနေရာတွေက အလုံခြုံဆုံးနေရာပဲ' ဆိုတဲ့ အယူသီးတာတွေကို မယုံနဲ့...
ငါသာမင်းဆိုရင် ငါ့ဘဝမှာ အင်ပါယာကြယ်ကို ခြေတစ်လှမ်းလေးတောင် လှမ်းမှာမဟုတ်ဘူး..."
လုမော့ : "..."
သူ့ဘဝအယူအဆက ထိုစကားလုံးများထဲမှ တစ်ခုဖြစ်နေသည်။ လုမော့က အမှားတစ်ချက်ကြောင့် ဒူးခေါင်း ဒဏ်ရာရသွားသည်ဟူ၍ ခံစားလိုက်ရသည်။
ထိုအခိုက်တွင် ရဲကားက နောက်ဆုံး၌ ဤနေရာသို့ရောက်လာခဲ့သည်။
"မစ္စတာလုမော့ ...ဒဏ်ရာ မရသွားဘူးမလား..."
ရဲဝန်ထမ်းက လျင်လျင်မြန်မြန် ရောက်လာခဲ့ပြီး လုမော့က စိတ်ရင်းနှင့် ရဲဝန်ထမ်းအား ပြောလိုက်သည်။
"ခင်ဗျားသာ စောစောရောက်လာခဲ့ရင် လင်းကလည်း ဒီဇာ့ဂ်က ဘယ်သူဆိုတာကို မှတ်မိဖို့ အချိန်ရလိုက်မှာ မဟုတ်ဘူး..."
ရဲဝန်ထမ်း : "...."
အမျိုးသားဇာ့ဂ်၏ စကားများက ချီးမွမ်းသည်လား သရော်သည်လားကို သူ တစ်ခဏမျှ မဆုံးဖြတ်နိုင်ပေ။
သူ့ခေါင်းနောက်ကို ကုတ်လိုက်ပြီး အောက်ငုံ့ကြည့်လိုက်ရာ ရုတ်တရက်ပင် သူ့မျက်နှာက ပြောင်းလဲသွားသည်။
"အဲ့ဒါ သူလား..."
သောက်ကျိုးနည်းကို သူက ဘယ်သူကြီးလဲဟ...
လုမော့က လက်ဖျားခါစရာ လျှို့ဝှက်ချက်ကြောင့် အံအားမသင့်သွားသည့်အလား အေးစက်စက် မျက်နှာကို ထိန်းသိမ်းလျက် နားစွင့်နေလိုက်သည်။
ရဲဝန်ထမ်းက နောက်တစ်ဖန် ခေါင်းမော့လိုက်ရာ လင်းကို မြင်သွားပြီး သူ့အမူအရာက ထပ်ပြောင်းလဲသွားပြန်သည်။
"အဲ့ဒါ ခင်ဗျားပဲ..."
အသံတစ်ချက်နှင့်အတူ ရဲဝန်ထမ်းက နေရာတွင် သတိအနေအထားနှင့် မတ်တတ်ရပ်လိုက်ကာ လင်းအား အလေးပြုလိုက်သည်။
"ဗိုလ်မှူး..."
မမျှော်လင့်စွာပင် သူအမြဲလေးစားခဲ့ရသည့် ဗိုလ်မှူးအား တွေ့ဆုံခဲ့ရသည်။ ရဲဝန်ထမ်းက အမျိုးသမီးဇာ့ဂ်တစ်ယောက် ဖြစ်နေသော်လည်း ၎င်းက အရေးမပါလှသည့် အချက်များဖြစ်ပြီး နေရာ၌ပင် လူပျိုလှည့်အကတစ်ခုကို ကမိလုနီးပါး စိတ်လှုပ်ရှားသွားရသည်။
"သတိထား..."
လင်းက မက်ချယ်ကို လွှဲပေးလိုက်ပြီး အသံနိမ့်နိမ့်ဖြင့် သတိပေးလိုက်သည်။
"သူ့ကို သေချာစောင့်ကြည့်ထားပါ..သူက ဥာဏ်များပြီး ရက်စက်တဲ့ အမျိုးသမီးဇာ့ဂ်တစ်ယောက်ပဲ..."
ရဲဝန်ထမ်းက နိုးကြားသွားပြီး သတိထား စောင့်ကြပ်လိုက်သည်။
"ဟုတ်ကဲ့ ကျွန်တော်သိပါပြီ..."
ရွှေရောင်နှင့် နှင်းဆီရောင် ပေါင်းစပ်ထားသည့် လျှပ်စစ် လက်ထိပ်နှင့် မက်ချယ်ကို ခတ်လိုက်ရာ မက်ချယ်၏ မှုန်မှိုင်းနေသည့် မျက်လုံးများက လုမော့၏ မျက်နှာအား တစ်ချက်ကြည့်လိုက်သည်။
သူ၏ရဲရဲတင်းတင်း အကြည့်များကို အမျိုးသားအနည်းငယ်ကမျှသာ တိုက်ရိုက် ရင်ဆိုင်ရဲလေသည်။ အမျိုးသားအများစုက Aအဆင့်အမျိုးသား ဖြစ်နေလျှင်ပင် မသက်မသာခံစားရကာ တွန့်ဆုတ်သွားပေလိလိမ့်မည်။
"အကြောင်းပြချက်ကို ငါသိတယ်..."
မက်ချယ်က သိသိသာသာ ဘဝင်ခိုက်နေသည့်အသံဖြင့် တီးတိုးပြောလိုက်သည်။
"မင်းက ပြီးသွားပြီ...မင်းက လုံးဝကို ပြီးဆုံးသွားပြီ..."
လွန်ခဲ့သော 15 နှစ်က ထိုအမျိုးသား၏ အကူအညီဖြင့် သူလွတ်မြောက်ခဲ့သည်။ ထိုသို့ဆိုလျှင်ပင် တန်ဖိုးအနေဖြင့် သူ့လက်မောင်းတစ်ဖက်အား ပေးဆပ်ခဲ့ရသည်။ ထိုစဥ်ကတည်းက ကလဲ့စားမီးတောက်များများက သူ့နှလုံးသားထဲတွင် တောက်လောင်နေခဲ့ပြီး လင်းအား မသတ်နိုင်မချင်း သူငြိမ်းချမ်းလိမ့်မည် မဟုတ်ချေ။
သို့သော် မည်သည့်အရာများဖြစ်နေပါစေ အမျိုးသမီးဇာ့ဂ်ကို သတ်နိုင်မည့် နည်းလမ်းအား သူ မစဥ်းစားနိုင်ခဲ့ပေ။ ထိုအကြောင်းအား စဥ်းစားရုံမျှဖြင့် အကြောက်တရားများက သူ့စိတ်ထဲတွင် တစ်ဖန်ထွက်ပေါ်လာကာ သူ့အားအောက်ဆုံးထိ လုံးဝဆွဲခေါ်သွားပေသည်။
ငါ မမျှော်လင့်ခဲ့တာက...တကယ် မမျှော်လင့်မိခဲ့တာက...
ထိုအမျိုးသားက မက်ချယ်အား အံ့အားသင့်စရာတစ်ခုပေးမည်ဟု ပြောခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။ ဤသည်က အံ့အားသင့်စရာ အကြီးကြီးဖြစ်ကြောင်း သိလိုက်သည်ပင်။
မက်ချယ်က လုမော့အား ဝေဖန်လိုက်သည်။
"မင်းက ငတုံးတစ်ယောက်ပဲ...မင်းမှာ တကယ့် အားနည်းချက်ကြီး ရှိတယ်..."
လူတစ်ယောက်တွင် အားနည်းချက် တစ်ချက်ရှိလိုက်သည်နှင့် ၎င်းကို သေချာပေါက် အခွင့်အရေးယူခံရလိမ့်မည်ပင်။ မက်ချယ်၏ နှလုံးသားကို ရစ်ဝဲနေခဲ့သည့် အရိပ်က ရုတ်တရက် ပြန့်ကြဲသွားသည်။ သူ လင်းကို ကြည့်လျက် အထင်သေးစွာ ပြောလိုက်သည်။
"အခုတော့ မင်းက သာမာန်အမျိုးသမီးဇာ့ဂ် တစ်ယောက်ပဲ ဖြစ်သွားပြီပေါ့..."
ထိုအမျိုးသားက သူ့ကိုနေရာမှ ခေါ်ထုတ်လိုက်သည့်အချိန်တွင် သူ၏ 15 နှစ်တာ အိပ်မက်ဆိုးကို သူ့လက်များနှင့် သေချာပေါက် အဆုံးသတ်ပေးလိုက်မည်ပင်။
သစ်ပင်အရိပ်အောက်တွင် လက်ပိုက်ရပ်နေသည့် လင်းအား မက်ချယ် ရယ်မောကာ ဖြတ်ကျော်သွားလိုက်သည်။ လင်း၏နှုတ်ခမ်းက အနည်းငယ် ကွေးတက်သွားသည်။
အနက်ရောင်ပိုးကောင်ငယ်လေးက မက်ချယ်ပေါ်သို့ တိတ်တဆိတ် လှမ်းချိတ်လိုက်သည်။ အကောင်လေး၏ အနက်ရောင် မေးရိုးက ပြုတ်ကျတော့မည့် ဓါးတစ်လက်ကဲ့သို့ နေရောင်အောက်တွင် တောက်ပနေသည်။
မက်ချယ် အဆိပ်မှလွတ်မြောက်သွားရန် မည်သို့မျှ မဖြစ်နိုင်တော့ချေ။
"သခင်...ကျွန်တော်တို့..."
လင်း ခေါင်းလှည့်လိုက်ရာ မျက်လုံးမှိတ်ထားသော လုမော့ကို တွေ့လိုက်ရသည်။ သူ့မျက်နှာက နာကျင်နေပုံပင်။ သူ့မျက်လုံးများ အရောင်လက်သွားသည်။
"လုမော့...ဘာဖြစ်လို့လဲ..."
ထိုအချိန်တွင် လုမော့ မြင်ကွင်းတစ်ခုထဲသို့ ကျရောက်နေသည်။
လုမော့က ဟင်းလင်းပြင်တစ်ခုထဲတွင် မတ်တတ်ရပ်နေပြီး အရောင်မျိုးစုံရှိသည့် မရေမတွက်နိုင်သည့် အပိုင်းအစလေးများက သူ့မျက်စိရှေ့တွင် လျင်မြန်စွာ ပြိုးပြိုးပျက်ပျက် လက်သွားသည်။ လုမော့ စပ်စုစွာ အပိုင်းအစအများကြီးထဲမှ တစ်ပိုင်းတစ်စကိုဖမ်းလိုက်ရာ သူ့လက်ဖဝါးထဲတွင် အပြာရောင် အလင်းများ ထုတ်လွှတ်နေလျက် လုမော့မျက်လုံးများ အောင့်သွားကာ ပိတ်လိုက်မိသည်။
သူ့မျက်လုံးများ တစ်ဖန် ဖွင့်လိုက်ချိန်တွင် အလွန်ခမ်းနားသည့် အခန်းတစ်ခုထဲကို ရောက်သွားခဲ့သည်။
ဤနေရာ၌ ခမ်းနားသည့်အခန်းအပြင်ဘက်ရှိ ညမှာ မှောင်မိုက်နေပြီး ပြတင်းပေါက်အရှေ့က မဟော်ဂနီ စားပွဲရှေ့တွင်မူ လင်းက လက်တစ်ဖက်ဖြင့် နဖူးကိုထောက်ကာ ထိုင်နေလျက် သူ့မျက်နှာက အလွန်အိပ်ငိုက်နေပုံ ပေါ်သည်။
ထိုကဲ့သို့ ပင်ပန်းနွမ်းလျနေပုံပေါ်သည့် လင်းအား လုမော့ မတွေ့ဖူးပေ။ သူ လင်းအား အနားယူရန် အလိုအလျောက် အမိန့်ပေးလိုက်သော်လည်း သူစကားမပြောနိုင်သလို လှုပ်ရှား၍လည်း မရကြောင်း တွေ့လိုက်ရသည်။
ဤသည်က ရုပ်ရှင်တစ်ကားဖြစ်ပြီး သူက ပရိသတ်တစ်ယောက်မျှသာ ဖြစ်သည့်အလားပင်။
ထူးဆန်းလိုက်တာ...ကောင်းပြီလေ...
လုမော့ သက်ပြင်းချကာ သူ၏ အိမ်သူဘုရင်မအား ငြိမ်သက်စွာ ကြည့်နေလိုက်သည်။ ဘာဖြစ်နေကြောင်း သူ မသိသော်လည်း မည်သို့ပင်ဖြစ်စေ လင်းကလှနေသေး...
'ဘန်း' ဟူသည့် အသံနှင့်အတူ တံခါးက ပြင်းထန်စွာ တွန်းဖွင့်ခံလိုက်ရသည်။
အေးစက်နေသည့် စုန့်ကျန်းရှူးက အခန်းထဲသို့ ဒေါသတကြီး ချိုးဖျက်ဝင်ရောက်လာခဲ့သည်။ လင်းက သူ့အား ဗလာဖြစ်စွာ ကြည့်လိုက်သည်။
"စုန့်ကျန်းရှူး...."
"မင်း ဘာလုပ်လိုက်တာလဲ..."
စုန့်ကျန်းရှူး လင်းအား ဖြတ်ပြောလိုက်သည်။ သူ့မျက်နှာတွင် ဒေါသများ ပြည့်နှက်နေသည်။
"မက်ချယ်က အနားယူဖို့လိုတယ်လို့ ငါ မင်းကိုမပြောခဲ့ဘူးလား ...ဘာလို့ သူ့ကို အလုပ်ကြမ်းတွေ အဲ့လောက်အများကြီး လုပ်ခွင့်ပြုလိုက်တာလဲ...ငါတို့မှာမှာ အစေခံတွေ မရှိလို့လား..."
လင်း : " အဲ့လိုမဟုတ်..."
"ဘာမဟုတ်တာလဲ..."
စုန့်ကျန်းရှူး သူ့အသံကို မြှင့်လိုက်သည်။
"မက်ချယ်က ငါ့ကို စကားတစ်လုံး ပြောပြဖို့တောင်အရမ်းကြောက်နေတာ မင်း မဟုတ်ရင် ဘယ်သူဖြစ်မှာလဲ..."
လင်း တဖြည်းဖြည်း မျက်မှောင်ကြုတ်ကာ အသံနက်နက်ဖြင့် ပြောလိုက်သည်။
"စုန့်ကျန်းရှူး...ငါမင်းကိုပြောမယ်..သူ့ရဲ့ အဲ့ဒီမျက်နှာက..."
"အဲ့တော့ ဘာလဲ...ငါက သူ့ရဲ့အဲ့မျက်နှာလေးကို ကြိုက်ရုံပဲလို့ ထင်နေတာလား..."
စုန့်ကျန်းရှူး လင်းအား ဝမ်းနည်းစွာ ကြည့်လိုက်သည်။
"သူ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတယ် ဆိုတာကို ငါသိတယ်..သူငါ့ကို ပြောပြီးသွားပြီ..ဒါပေမဲ့ ကျေးဇူးပြုပြီး သူ့ရဲ့အမာရွတ်ကို ထုတ်ဖော်တဲ့အထိတော့ နှလုံးသားမမဲ့ပါနဲ့..."
လင်း၏အသက်ရှုသံက တန့်သွားသည်။
"အဲ့လောက် အမျိုးသမီးဇာ့ဂ်အများကြီးကို သူသတ်ခဲ့ရင်တောင်လား..."
"သူ့မှာ ပြဿနာတွေ ရှိနေလို့ပါကွာ..."
စုန့်ကျန်းရှူးက လင်း၏လက်အား ဖမ်းကိုင်လိုက်သည်။
"မင်းသိပါတယ်..ကိုယ်က ကိုယ့်ရဲ့လူတွေကို အမြဲကူညီပြီး သူတို့ကို ဘယ်တော့မှ လစ်လျုမရှုဘူး...မင်းအခက်အခဲကြုံတဲ့အခါ မင်းဘေးမှာ ကိုယ်က ခြွင်းချက်မရှိ ရပ်တည်ပေးမှာကို မင်း မမျှော်လင့်ဘူးလား..."
လင်း သူ့မျက်လုံးများကို အောက်နှိမ့်လိုက်သည်။
"ကောင်းပြီ...ငါ သိပြီ..."
စုန့်ကျန်းရှူး၏ မျက်နှာက အနည်းငယ် ပြေလျော့သွားသည်။
"မင်း လူတိုင်းနဲ့ အေးအေးချမ်းချမ်းနေနိုင်ဖို့ ကိုယ်မျှော်လင့်တယ်..."
"သဘောပေါက်ပြီ..."
လင်း စုန့်ကျန်းရှူး၏လက်ထဲမှ သူ့ခါးအား နောက်ပြန်ဆုတ်ကာ ပြောလိုက်သည်။
"ငါ အလုပ်လုပ်ရမယ်..."
ကျိုးပဲ့နေသော ပန်းအိုးကဲ့သို့ နူးညံ့ပျော့ပျောင်းသောပုံသဏ္ဍာန်ရှိသည့် အမျိုးသမီးဇာ့ဂ်၏ မျက်နှာက သွေးဆုတ်ဖြူဖျော့သွားပြီး သွေးများက လက်မှစီးကျလာခဲ့သည်။
စုန့်ကျန်းရှူး သူ့လက်ကို ကိုင်ကာ လင်းအား စိမ်းစိမ်းဝါးဝါး ကြည့်လိုက်သည်။
"လင်း မင်းဘာဖြစ်နေတာလဲ အဲ့ဒါကို တမင်သက်သက် လုပ်လိုက်တာမလား..."
ငွေရောင်ဆံပင်နှင့် အမျိုးသမီးဇာ့ဂ်က မျက်မှောင်ကြုတ်လိုက်သည်။
"မင်းဒီလို ဆက်လုပ်နေမယ်ဆိုရင် မက်ချယ်..."
စုန့်ကျန်းရှူး မျက်လုံးများ ပြူးကျယ်သွားသည်။
"မင်း သူ့ကို တကယ်ခြိမ်းခြောက်နေတာလား..."
လင်း အသက်ပြင်းပြင်းရှုလိုက်ကာ လှည့်ထွက်သွားလိုက်သည်။
သွေးစွန်းထင်းနေသည့် လှေကားကြောင့် စုန့်ကျန်းရှူး၏ မျက်နှာက တင်းမာခက်ထန်နေခဲ့သည်။
"လင်း မက်ချယ်က ပြောတယ် မင်းက သူ့ကိုတွန်းချခဲ့တာတဲ့..."
သူ့အား လစ်လျူရှုလျက် အသက်မပါသည့် မျက်နှာနှင့် လင်း သူ့အား ဖြတ်ကျော်သွားခဲ့သည်။
စုန့်ကျန်းရှူး လင်း၏ ပခုံးများအား ဒေါသတကြီး လှမ်းဆွဲလိုက်သည်။
"မင်းငါ့ကို ဘာမှရှင်းပြဖို့ ဆန္ဒမရှိဘူးလား...ဒါမှမဟုတ် မင်းလုပ်ခဲ့တယ်လို့ ဝန်ခံလိုက်တာလား..."
လင်း သူ့ခေါင်းအားလှည့်ကာ စုန့်ကျန်ရှူးအား တည်တည်ငြိမ်ငြိမ် ကြည့်လိုက်သည်။
ထို့နောက် လှောင်ပြောင်သရော်စွာ ပြုံးလိုက်သည်။
"ဟုတ်တယ် ငါလုပ်ခဲ့တယ်...ဘာမှားလို့လဲ..."
လင်း မည်သို့ပြုံးသည်ဖြစ်စေ လုမော့က အမြဲနှစ်သက်သည်။ လင်း သူ့အား ပြုံးပြလိုက်သည့် အချိန်တိုင်းတွင် ပန်းလေးများက နွေးထွေးစွာ ပွင့်လာသကဲ့သို့ပင်။ တစ်ခါတစ်ရံ ထိုအပြုံးထဲတွင် သတိမထားမိနိုင်သည့် ကျီစယ်မှုအချို့ကို ဖုံးကွယ်ထားပြီး ၎င်းကပင် လင်းအား ပို၍ မြှူဆွယ်၊ ကျီစယ်တတ်သည့် အသွင်ပေါက်စေခဲ့သည်။ သို့သော်ငြား လင်း ဤကဲ့သို့အပြုံးမျိုးပြုံးသည်ကို ပထမဆုံး မြင်ဖူးခြင်းပင်။ အပြုံးက သူ့အားတုန်ယင်ကာ ဒေါသထွက်စေလေသည်။ ထင်ရှားစွာပင် လင်းက ၎င်းကို မလုပ်ခဲ့ပေ။ သိသာထင်ရှားစွာပင် လင်းက မည်သည်ကိုမှ မလုပ်ခဲ့ချေ။
လုမော့ စုန့်ကျန်းရှူးထံ ပြေးဝင်ပြီး နောက်ဆုံးအကြိမ်က လုပ်ခဲ့သကဲ့သို့ သူ့အား ရိုက်သတ်ချင်နေသည်။ သို့သော် သူ မည်သည်ကိုမှ မလုပ်နိုင်ဘဲ ဘေး၌ရပ်၍ ကြည့်ရုံသာ တတ်နိုင်လေသည်။
သူ၏ ကျန်ရှိနေသည့် ကျိုးကြောင်းဆင်ခြင်မှုက ပြောနေသည်မှာ ဤအရာများအားလုံးက အလိမ်အညာများပင်။ မက်ချယ်က ဖမ်းခံလိုက်ရပြီး စုန့်ကျန်းရှူးလည်း အင်ပါယာကြယ်သို့ မဝင်နိုင်ခဲ့ပေ။ လင်းက သူ့ဘေးနားတွင် ဆက်ရှိနေပေလိမ့်မည်။
လုမော့ မျက်လုံးများအား မှိတ်လိုက်သည်။ သူ့ခေါင်းက ယခင်က မဖြစ်ဖူးခဲ့သည့် နာကျင်မှုမျိုးနှင့် နာကျင်နေခဲ့သည်။
-------------
"လုမော့...လုမော့..."
လင်း လုမော့၏ ပခုံးအားဆုပ်ကိုင်လျက် ဖြူဖျော့နေသည့်မျက်နှာအား ကြောက်ရွံ့မှုများဖြင့် ကြည့်နေခဲ့သည်။ မည်သည့်အရာများ ဖြစ်ပျက်သွားသည်ကို သူ မသိချေ။ လုမော့က သူ့နံဘေးတွင် မတ်တတ်ရပ်နေခဲ့ပြီး မည်သည့်ကွာခြားမှုကိုမှ သတိမပြုမိခဲ့ပေ။
"လုမော့..."
လင်း၏လက်ဖဝါးက နာကျင်မှုဖြင့် တဒုတ်ဒုတ်ကိုက်ခဲနေခဲ့သည်။ သူ့မျက်လုံးများက အထိန်းအကွပ်မဲ့နေလျက် အသံက ကြမ်းတမ်းနေခဲ့သည်။
"ဘာတွေ ဖြစ်သွားတာလဲ..."
မက်ချယ် လုပ်ခဲ့တာလား...
ဒါမှမဟုတ် သူတို့ကို အမြဲ ဆက်စိုက်ကြည့်နေတဲ့ တစ်ယောက်က လုပ်ခဲ့တာလား...
လင်း၏ မျက်လုံးများက တဖြည်းဖြည်း မဲမှောင်လာခဲ့သည်။ ထိုသို့သာဆိုလျှင် သူတို့အကုန်လုံးအား သတ်ပစ်လိုက်သည်က ပိုကောင်းလိမ့်မည်။
"အဟမ်း..."
လုမော့၏ ချောင်းဆိုးသံက လင်းအား သူ၏အတွေးများထဲမှ ဆွဲထုတ်လိုက်သည်။ လင်းက လုမော့၏ မျက်နှာအား စိုက်ကြည့်ကာ မေးလိုက်သည်။
"လုမော့ မင်းဘာဖြစ်သွားတာလဲ..."
သူ့အသံတွင် သူပင် သတိမပြုမိသည့် တုန်ယင်မှုတစ်ခုရှိနေခဲ့သည်။
လုမော့ အသက် ပြင်းပြင်းရှုကာ နောက်ဆုံး၌ မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ ထိုမျက်ဝန်းများနှင့် ဆုံသည့်အခါ လင်း၏ အသံက လည်ချောင်းတွင် တန့်သွားခဲ့သည်။
အမျိုးသားက လင်းကို ကြည့်နေခဲ့သည်။ ထိုမျက်ဝန်းများက အရေကြည် အနည်းငယ်ဝိုင်းနေခဲ့ပြီး သူငယ်အိမ်က ထိုပါးလွှာသောရေအောက်တွင် တုန်ယင်နေကာ ခံစားချက်များ လျှံထွက်လာလုနီးပါး တုန်လှုပ်နေခဲ့သည်။
လင်းက ဤခံစားချက်အား စကားလုံးများဖြင့် မပြောပြတတ်သော်လည်း ခံစားနိုင်ပေသည်။ ရက်စက်ပြင်းထန်ပြီး နူးညံ့ညင်သာသည်။ မငြင်းဆန်နိုင်ဘဲ ထိုထဲတွင်သာ ထာဝရ နစ်မြုစ်သွားချင်မိသည်။
၎င်းကို အချစ်ဟု ခေါ်ဆိုနိုင်ပေသည်။
အမျိုးသားက ညင်သာစွာ မျက်တောင်ခတ်လိုက်လျက် ရေလွှာလေးက မှိန်ဖျော့ပျောက်ကွယ်သွားကာ သူ၏မူလပုံစံသို့ ပြန်ပြောင်းလဲသွားသယောင် ထင်ရပေသည်။
အမျိုးသားက ယခင်ပုံစံကဲ့သို့ လွှမ်းမိုးချုပ်ကိုင်စွာဖြင့် သူ့အား ထားမသွားရန် အမိန့်ပေးတော့မည်ဟု လင်း ထင်လိုက်စဥ်တွင် လုမော့က ရုတ်တရက် အနီးသို့ ကပ်လာကာ လက်မောင်းများဖွင့်လျက် သူ့ကို ပွေ့ဖက်လိုက်သည်။
သူတို့၏ ရင်ဘက်များက အတူတကွ ဖိကပ်နေလျက် အမျိုးသား၏ အရူးအမူးခုန်နေသည့် နှလုံးခုန်သံကိုပင် ခံစားနိုင်ပေသည်။
အမျိုးသားဇာ့ဂ်ပေါ်ရှိ မိုး၏ စိုထိုင်းထိုင်းရနံ့က သူ့အား တစ်ဖန် ရစ်ပတ်လွှမ်းခြုံသွားခဲ့သည်။
"လင်း မင်း ငါနဲ့ပဲနေရမယ်..."
အမျိုးသားက သူ့နားတွင် တွယ်ကပ်ကာ တစ်လုံးပြီးတစ်လုံးပြောလိုက်သည်။
"မင်း ငါ့ဘေးနားမှာပဲ နေရမယ်..."
လင်း၏ တောင့်တင်းနေသော ခန္ဓာကိုယ်က နောက်ဆုံးတွင် ပြေလျော့သွားခဲ့သည်။ လင်းက အမျိုးသားအား ပြန်လည်ပွေ့ဖက်လိုက်သည်။ အမျိုးသား၏ နောက်ကျောက တုတ်ကဲ့သို့ ဆန့်တန်းနေကာ အနည်းငယ် တုန်ယင်နေခဲ့သည်။
"အမြဲတမ်း..."
သုံးမိနစ် ကြာပြီးနောက်...
လင်းက အလိုလိုက်ခံထားရသည့် အမျိုးသားဇာ့ဂ်အား ပွေ့ဖက်ထားခဲ့သည်။ အမျိုးသားဇာ့ဂ်ထံမှ လွန်ကဲပြီး လူမဆန်လှသည့် တောင်းဆိုဆိုချက်အတွဲလိုက်ကို သဘောတူပြီးနောက်ဆုံးတွင် သူ တစ်စုံတစ်ရာနှင့်ပတ်သတ်ပြီး ပြောဆိုလိုက်သည်။
"သခင်..."
"ဟမ်..."
"သူတို့နောက်ကို လိုက်ဖို့ အရမ်း နောက်မကျသေးပါသေးဘူး ...ရဲက အဝေးကြီးကို မရောက်လောက်သေးဘူး..."
လုမော့ မျက်မှောင်ကြုတ်ကာ လင်းအား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ သုံးစက္ကန့်ကြာပြီးနောက် သူ့မျက်လုံးများတွင် တဖြည်းဖြည်း သဘောပါက်သွားသည့် အကြည့်တစ်ချက်ပေါ်လာသည်။
"ငါ့ရဲ့ ဆုကြေး..."
အားးးးးး ငါ့ရဲ့အမှိုက်ဆန်မှုတန်ဖိုးနဲ့ ဆုကြေးတွေ...အိုး ဘုရားရေ...သူ့မှာ အဲ့ဒါတွေအကုန် ဘာလို့မရှိနိုင်ရတာလဲ...
🌌🌌🌌
ဒီမှာ သူပြောချင်တဲ့ ဆုကြေးက ဝရမ်းပြေးကို ဖမ်းပေးလို့ ရတဲ့ဆုပါ၊ စနစ်နဲ့ဆိုင်တာမျိုး မဟုတ်ဘူး😂