Part 9
နောက်တစ်နေ့တွင် ဝမ်ယွီ အောက်ထပ်သို့ဆင်းလာသည်။
ဝမ်ရိရန်နှင့် ဝမ်ကျင်စန်းတို့၏ အမူအယာများသည် အတော်လေးကြည့်ကောင်းနေကြသည်။
သူ့ကိုမြင်လိုက်သည်နှင့် ဝမ်ကျင်စန်းသည် ‘’ ဆေးရုံသွားပြီး ကျန်းကျန်းကို စောင့်ကြည့်ထား… မိသားစုနှစ်ခုကြားက လက်ထပ်ပွဲက လုံးဝပြီးမှဖြစ်မယ်’’
ဝမ်ယွီ မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး စိတ်မရှည်သည့်အလင်းတန်းများ သူ၏မျက်ဝန်းထဲ ဖြတ်သန်းသွားသည်။ ထို့နောက် ဖြေးညင်းစွာဖြင့် ‘’ အိုး…’’
ဝမ်ယွီ ပြုံးနေသည့် ရှုဝေနှင့် ဝမ်ကျင်စန်းနားတွင်ထိုင်ကာ ကုမ္ပဏီအကြောင်းအရာများကို ကြည်နူးစွာဖြင့်ပြောနေသော ဝမ်ရိရန်ကို ကြည့်လိုက်ပြီး သူ၏မျက်လုံးများ ပိုအေးစက်သွားသည်။
အခုအချိန်မှာပျော်ထားဦးပေါ့… ပြီးမှ ပိုပြီးစိတ်ဆင်းရဲစရာတွေ ရောက်လာစေရမယ်…
ချီကျိုးချန်သည် အတန်းတက်ရမည်ဖြစ်ပြီး ချီယန်သည် ကုမ္ပဏီသို့သွားရမည်ဖြစ်သည်။ ထို့ကြောင့် တင်းရိကျွင်းသည် ချီကျန်းကျန်းအား ကြည့်ရှုရန် ဆေးရုံသို့ရောက်လာသည်။ သူမနှင့်အတူ အန်းချင်ယုကိုပါ ခေါ်လာသည်။
တင်းရိကျွင်းနောက်မှ အန်းချင်ယုပါလာသည်ကိုကြည့်ပြီး အန်းချင်ယုတစ်ယောက် ချီမိသားစုကို အောင်မြင်စွာစည်းရုံးလိုက်နိုင်ပြီဖြစ်ကြောင်း ချီကျန်းကျန်း သဘောပေါက်လိုက်သည်။
ချီကျန်းကျန်း သူမကိုတကယ်ပင် လေးစားသွားသည်။
အန်းချင်ယု၏ ဦးနှောက်နှင့် နည်းလမ်းများသည် အမှန်တကယ်ကို အံ့မခန်းပင်။ ချီနှင့်ဝမ်မိသားစုအား ဝမ်ယွီ တိုက်ခိုက်ပြီးနောက် အန်းချင်ယုတစ်ယောက် တင်းရိကျွင်းနှင့် ဝမ်ရိရန်တို့၏ အဖိုးတန်ပစ္စည်းများကို ယူပြီးထွက်ပြေးသွားနိုင်မှာ အံ့ဩစရာမဟုတ်ပေ။
‘’ကျန်းကျန်း’’ တင်းရိကျွင်းခေါ်လိုက်သည်။
တင်းရိကျွင်း မနေ့ကဒေါသထွက်ခဲ့သော်လည်း အန်းချင်ယုမှ သူမအားပွေ့ဖက်ရင်း ငိုကြွေးကာ သူမခံစားခဲ့ရသည့်နာကျင်မှုများ အကူအညီမဲ့မှုများနှင့် ဝမ်းနည်းမှုများကို ပြောပြခဲ့သည့်အတွက် မနူးညံ့ပေးပဲ မနေနိုင်တော့ပေ။
အနာဂါတ်တွင် ဝမ်ရိရန်နှင့် ချီကျန်းကျန်း မည်သို့မှမဖြစ်နိုင်ကြောင်း ချီယန်ပြောလိုက်သည့်အတွက် အန်းချင်ယုနှင့် ဝမ်ရိရန်ကိုအတူအတွရှိစေခြင်းကလည်း ချီမိသားစုအတွက် ကောင်းသည့်အရာဖြစ်သည်။
ဝမ်ရိရန်သည် ဝမ်ယွီနှင့်မတူညီပေ။ သူသည် ဝမ်မိသားစု၏ အမွေဆက်ခံသူဖြစ်ပြီး ချင်ယုနှင့်ဝမ်ရိရန် လက်ထက်ပွဲမှ အကျိုးအမြတ်များသည် ချီကျိုးချန်၏ အနာဂါတ်အတွက် ကောင်းမွန်သည့် အခြေခံအုတ်မြစ်တစ်ခုဖြစ်လာပေမည်။
ချီယန်ပြောခဲ့သည်မှာ အန်းချင်ယုတစ်ယောက် ချီကျန်းကျန်း၏လမ်းပေါ်သို့ ရောက်မသွားစေရန်သာဖြစ်သည်။
သို့သော်လည်း မနက်ခင်းတွင် ချင်ယုက သူမအားငိုပြီး တောင်းပန်သည့်အတွက် သူမဘယ်လိုမ တောင့်မခံနိုင်တော့ပေ။
သူမတို့နှစ်ယောက်အား ချီကျန်းကျန်း ဘာမှမပြောပဲ ကြည့်နေသည်။
သူမတွင် မှတ်ညဏ်တစ်ချို့ရှိသော်လည်း တင်းရိကျွင်းနှင့်ရင်းနှီးမှုများမရှိပေ။ ယခုဆိုလျင် တတိယလူ အန်းချင်ယုပါ ပါဝင်လာသည့်အတွက် ချီကျန်းကျန်း သူမအား ‘’ အမေ ‘’ ဟုပင် မခေါ်နိုင်တော့ပေ။
သူမ နှလုံးသားထဲမှ ဖော်ပြမရသော နာကျင်မှုတစ်မျိုးခံစားလိုက်ရပြီး ခါးသီးလာသည်။
ဒါတွေက မူလကိုယ်ရဲ့ ခံစားချက်တွေများလား…
သူမ တိတ်ဆိတ်နေသည်ကိုကြည့်ပြီး အန်းချင်ယုက လေသံတိုးလေးဖြင့်
‘’ အစ်မကျန်းကျန်း ညီမတောင်းပန်ပါတယ်.. ညီမ တကယ်မှားသွားပါတယ်.. ညီမ အကိုရိရန်ကို အရမ်းသဘောကျပေမယ့်လဲ အဲလိုလုပ်ဖြစ်မယ်လို့ မထင်ထားခဲ့ပါဘူး.. ပြီးတော့ အစ်မကိုလဲ အရမ်းအားနာပါတယ်.. ဒါကြောင့် ညီ…ညီမလေ အကိုရိရန်ကိုငြင်းပေမယ့်လည်း.. သူ.. သူက ညီမကိုလွှတ်မပေးလို့ပါ’’ အန်းချင်ယု မျက်ရည်အဝိုင်းသားဖြင့် သူမကို ပြောလိုက်သည်။
ချီကျန်းကျန်း ‘’ …. ‘’
မူလကိုယ်သာဆိုလျင် အလွန်အမင်း ပေါက်ကွဲလိမ့်မည်ဖြစ်သည်။
ယခုတွင် သူမအားတောင်းပန်နေသော်လည်း သူမကိုပြောချင်သည့် အဓိပ္ပာယ်ကတော့ ’ ဝမ်ရိရန် သဘောကျတာက ငါပဲ.. နင်မဟုတ်ဘူး… ငါ ဘယ်လောက်ပဲငြင်းငြင်း သူက ငါ့ကိုသဘောကျနေပြီး နင်နဲ့ စေ့စပ်ထားတာကိုဖြတ်ဦးမှာပဲလေ’
‘’ အစ်မ ကျန်းကျန်း ညီမအမေကစောစောထွက်သွားပြီး ညီမရဲ့အဖေကလဲ မအောင်မြင်ဘူး.. ညီမ ကောလိပ်တက်ကတည်းက အန်ကယ်နဲ့အန်တီအိမ်မှာပဲ နေခဲ့ရတယ်… အစ်မကြောင့်သာမဟုတ်ရင် ညီမ အခုဘယ်လိုဖြစ်နေမလဲဆိုတာ မစဉ်းစားရဲဘူး… ညီမလေ အစ်မကို ဝမ်းနည်းအောင်မလုပ်ချင်ပါဘူး… ညီမ တောင်းပန်ပါတယ်နော်… ညီမ တကယ်စိတ်မကောင်းပါဘူး…’’ ပြောရင်း သူမ သည်းထန်စွာငိုကြွေးတော့သည်။
တင်းရိကျွင်းမှာ ရပ်ကြည့်မနေနိုင်တော့ဘဲ ‘’ ကျန်းကျန်း… ချင်ယုက အရမ်းသနားဖို့ကောင်းပါတယ်.. ရိရန်က ချင်းယုကို တကယ်သဘောကျတာ… သမီးမောင်လေးကလဲ ငယ်သေးတယ်လေ… ချင်ယုနဲ့ ရိရန်သာ အတူတူဖြစ်သွားရင် သမီးမောင်လေးကိုလဲ ကူညီပေးလို့ရတာပေါ့’’
ချီကျန်းကျန်း ရုတ်တရက် သဘောပေါက်သွားသည်။
ချီကျန်းကျန်း ကိုမာဝင်ကာ ဟင်းသီးဟင်ရွက်ကဲ့သို့ အသုံးမဝင်ဘဲ အိပ်ယာပေါ် လှဲနေရချိန်တွင် လက်ထပ်စာချုပ်ကိုဖျက်သိမ်းခံရပြီး ဝမ်ရိရန်နှင့် အန်းချင်ယု တိုနှစ်ယောက်အတူတကွဖြစ်သွားကြသည်။ သူတို့နှစ်ယောက်သည် လက်မထပ်ရသေးသော်လည်း ရှုဝေနှင့် ချီမိသားစုဘက်မှ မည်သည့်ကန့်ကွက်ခြင်းမျှ မရှိခဲ့သည်ကို ချီကျန်းကျန်း သတိရသွားသည်။
အကြောင်းအရင်းမှာ ထိုအတိုင်းပင်ဖြစ်သွားခဲ့သည်။
အနာဂတ်တွင် ချီကျိုးချန်အထောက်အပံ့ရရန်အတွက် ချီမိသားစုဘက်မှ မကန့်ကွက်ခဲ့ခြင်းဖြစ်သည်။
အန်းချင်ယု ဘာပဲလုပ်လုပ် ချီမိသားစုသည် အချိန်ကြာသူမကိုစောင့်ရှောက်ခဲ့ရသည့်အတွက် သူမဘက်တွင်ရှိနေမှာဖြစ်သည်။ အကယ်၍ သူမသာ ကျေးဇူးမသိတတ်သူမဟုတ်သလို အနာဂါတ်တွင် ချီကျိုးချန်ကို ကူညီခဲ့မည်ဆိုလျင် မည်သို့ဖြစ်စေကာမူ ချီကျန်းကျန်း သူမကို ကူညီမှာဖြစ်သည်။
ချီကျန်းကျန်း၏ နှလုံးသားမှာ ပြောင်းလဲသွားသည်။
အရင်ဘဝက သူမတွင် မိဘများမရှိခဲ့ပေ။ သူမ အဖွား၏စောင့်ရှောက်မှုကြောင့် ကြီးပြင်းလာရသည်။ သူမမိဘများသည် သူမအား အလွန်ချစ်ကြပြီး သူမကိုမွေးစဉ်အခါကဆိုလျင် ဝမ်းသာလွန်း၍ မျက်ရည်များပင်ကျခဲ့ကြောင်းကို သူမအဖွားက အမြဲပြောပြလေ့ရှိသည်။
ချီကျန်းတွင် မိဘများမရှိပေ။ သို့သော်လည်း သူမနှလုံးသားထဲတွင် သူမမိဘ၏ အချစ်များအမြဲရှိခဲ့သည်။
ချီကျန်းကျန်းတွင် မိဘများရှိသော်လည်း သူမနှလုံးသားများ အကြိမ်ကြိမ်ကြေကွဲရကာ စိတ်ပျက်ခဲ့ရသည်။
ထို့ကြောင့် မူလကိုယ်နှင့် သူမ မည်သူကပိုဆိုးမည်နည်း…
‘’ အစ်မ ကျန်းကျန်း .. ညီမကို ရိုက်လိုက်ပါ… အစ်မက ဝမ်ယုနဲ့ မထိုက်တန်ဘူးဆိုတာ ညီမသိပါတယ်’’ အန်းချင်ယု ဆို့နင့်သည့်လေသံဖြင့် ပြောလိုက်သည်။
ချီကျန်းကျန်း အသိပြန်ဝင်သွားသည်။ ထို့နောက် သူမ အန်းချင်ယုကို ရှုပ်ထွေးနေသော အမူအယာဖြင့် ကြည့်လိုက်သည်။
ဝမ်ယွီက သူမနဲ့ မထိုက်တန်ဘူး ဟုတ်လား… နင်မှားနေပြီဟ…
‘ညီမလေးရေ.. ဝမ်ယွီက ဒီစာအုပ်ရဲ့ အဓိကအမျိုးသားဇာတ်လိုက်ဆိုတာ နင်မသိဘူးလား… သူက ကံကြမ္မာရဲ့ သားတော်ဆိုတာ နင်မသိဘူးလား… သူနဲ့ထိုက်တန်တဲ့သူ ဘယ်သူမှ မရှိဘူးဆိုတာ နင်မသိဘူးလား.. ‘
‘သူက စီးပွားရေးအင်ပါယာကြီးတစ်ခုလုံးကိုတောင် တည်ထောင်ပြီးနေပြီဆိုတာ… နင်ဘာမှ မသိသေးပါဘူးလေ…’
သူမ ဘာစကားမှပြန်မပြောသည့်အတွက် တင်းရိကျွင်းက သူမဘေးတွင်ဝင်ထိုင်လိုက်ပြီး သူမလက်ကို ကိုင်လိုက်ကာ အလေးအနက်ဖြင့် ‘’ ကျန်းကျန်း… သမီးမိဘတွေက သမီးကိုချစ်ပါတယ်.. သမီး ဝမ်ယွီကို သဘောမကျဘူးဆိုတာ အမေသိပါတယ် ဒါပေမယ့်လဲ မိသားစုနှစ်ခုကြားက လက်ထပ်ပွဲကို ဖျက်လို့မရဘူးလေ… သမီးသူ့ကိုမမြင်ချင်ဘူးဆိုလဲရတယ်… သမီးအနေနဲ့ သူ့ကိုမျက်နှာသာပေးစရာလဲမလိုဘူး သိလား’’
သူမအသံသည် ရွံစရာကောင်းနေသည်။ ‘’ အဲ့ဒီ ဝမ်မိသားစုက သူတို့ကိုယ်သူတို့ ဘာလုပ်နေလဲဆိုတာ သိတာမဟုတ်ဘူး… သူတို့ရဲ့ အသုံးမဝင်တဲ့ သားကိုအသုံးချပြီး ချီမိသားစုထဲဝင်ချင်နေတယ်လေ… အနာဂါတ်မှာ ဝမ်မိသားစုဆီက ပိုက်ဆံတပြားမှာရမှာမဟုတ်ဘူး… စိတ်မပူနဲ့နော်.. မိသားစုနှစ်စုလုံး ပုံမှန်လမ်းကြောင်းပေါ် ပြန်ရောက်တာနဲ့ ဒီစေ့စပ်ပွဲကိုဖျက်လိုက်ပြီး ဝမ်ယွီထက်သာတဲ့သူကို ရှာပစ်လိုက်…’’
တံခါးဝတွင် ဝမ်အိမ်ဒရိုင်ဘာမှလာပို့သွားသော ဝမ်ယွီ သည် မတ်တပ်ရပ်နေရာမှ လှောင်ပြုံးပြုံးကာ တဖက်သို့လှည့်ပြီး ထွက်သွားရန်ပြင်လိုက်သည်။
သူ တစ်ဖက်သို့လှည့်လိုက်စဉ်မှာပဲ ချီကျန်းကျန်း၏ မယုံနိုင်စရာ စကားသံက အနောက်မှထွက်ပေါ်လာသည်။
‘’ ဝမ်ယွီက မတန်ဘူး ဟုတ်လား… ဘယ်လိုတောင် အဓိပ္ပာယ်မရှိတဲ့စကားလဲ… သူက ဝမ်ရိရန်ထက် ဆယ်ဆမက သာတယ်… မဟုတ်ဘူး ဝမ်ရိရန်က သူနဲ့နှိုင်းယှဉ်လို့တောင်မရဘူး… သမီးတို့ရဲ့ စေ့စပ်ပွဲပျက်သွားရင်တောင် ဝမ်ယွီဘက်က ကောင်းမွန်ဖို့မလုံလောက်တာကြောင့်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး’’
ဒီဟာက တွဲဘက်မပါတဲ့ဝတ္တုတစ်ပုဒ်ဖြစ်သည်။ ထို့ကြောင့် အဓိကဇာတ်လိုက် လွှမ်းမိုးကြီးစိုးသည့် ဝတ္တုဖြစ်သည်။ ထို့အရာကို ပတ်ဝန်းကျင်ကာကွယ်ရေးဗျူရိုမှ ဝန်ထမ်းဖြစ်သည့် ချီကျန်းကျန်းလုံးဝနားလည်ထားသည်။
ချီမိသားစု ဘာကြောင့်နောက်ဆုံးတွင် ဒေဝါလီခံလိုက်ရသည်ကို သူမနားလည်သွားသည်။ သူတို့အားလုံး အဓိကဇာတ်လိုက်ကို အလွန်အထင်သေးခဲ့သောကြောင့်ဖြစ်သည်။ ဝတ္တု၏ဇာတ်ကွက်အရ သူတို့အားလုံး ကျိန်းသေပေါက် ဒေဝါလီခံကြရမည်ဖြစ်သည်။
ဝမ်ယွီ၏ ခြေလှမ်းများရပ်တန့်သွားသည်။
ချီကျန်းကျန်း စကားဆက်ပြောလိုက်သည်။ သူမ အသံမှာ နူးညံ့ပြီး ပြတ်သားသည်။
‘’အန်းချင်ယု ဝမ်ရိရန်ကို ကြိုက်လို့ သမီးသူ့ကိုမမုန်းပါဘူး.. တကယ်တော့ သူမက အမှိုက်ကိုကောက်ပေးသွားတဲ့အတွက် သမီးအနေနဲ့ အဲ့အမှိုက်ကိုကန်ထုတ်စရာ မလိုတော့ဘူးလေ… ပြီးတော့ ဝမ်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေက ဘာပဲဖြစ်ဖြစ် အဲ့ဒါတွေအားလုံးကို ဝမ်ရိရန်လိုလူမျိုးကပဲ သူပိုင်တာလို့ အမြဲတွေးနေမှာ… သမီးအမြင်တော့ တကယ်အမှိုက်က ဝမ်ရိရန်ပဲ… ဝမ်ယွီမဟုတ်ဘူး’’