အပိုင်း ၁၀
Viewers 26k

Part 10


နောက်တစ်နေ့တွင် ဝမ်ယွီ အချိန်ကိုက်ရောက်လာခဲ့သည်။


ချီကျန်းကျန်း ဆေးရုံတက်ရသည့်နေ့များတွင် သူမအတွက်အဝတ်အစား မည်သူမှယူလာမပေးပေ။ ထို့ကြောင့် သူမသည် ရွေးစရာမရှိဘဲ ဆေးရုံဝတ်စုံကိုသာ ဝတ်ထားရသည်။ 


သူမ ထွက်မသွားခင် သူမကိုယ်သူမ မှန်ထဲတွင်တစ်ချက်ကြည့်လိုက်သည်။


သူမ၏ဘဝအသစ်ကို ခပ်မြန်မြန်ဖြင့် လက်ခံလိုက်နိုင်သည်မှာ သူမသည် အလွန်လှပနေသောကြောင့်ဖြစ်သည်။


အင်း… လှလို့တော့မဟုတ်ဘူး… ပထမအချက်က မွေးရာပါဗီဇက အရမ်းကောင်းနေတာ ပြီးတော့ ဒုတိယအနေနဲ့ အလှတရားဆိုတာလိုအပ်လို့ဖြစ်သည်။ အလှတရားသာရှိလျင် လိုအပ်သည်များကို ရယူရန်မှာ မခက်ခဲ့တော့ပေ။


သူမသည် ကျန်းကျန်း၏ အဆင့်မြင့်ဗားရှင်းဖြစ်သည်။


မှန်ထဲရှိ ရင်းနှီးသလိုလိုနှင့် မရင်းနှီးသော ကောင်မလေးသည် သူမ မှတ်မိထားသည့် ကျန်းကျန်းထက် ပို၍ပိန်ကာ အသားအရောင်မှာ ဖြူဖျော့နေပြီး သူမအသွင်အပြင်သည် ပို၍နူးညံ့နေသည်။ သူမ၏ မျက်နှာကျသည် ဘဲဥပုံစံဖြစ်ကာ အလွန်အမင်း ကြည့်ကောင်းနေလေသည်။


သူမမျက်နှာကိုတစ်ချက်ထိလိုက်ပြီး ဆေးရုံဝတ်စုံဝတ်လျက်နှင့် လက်ဗလာဖြင့် ထွက်လာခဲ့သည်။


သူမတွင် တကယ်ကို ပြန်ယူစရာ ဘာမှမရှိပေ။ သူမတွင်ရှိသည့်အရာမှာ ကားအက်စီးဒင့်က ရရှိထားသော ဒဏ်ရာသာရှိသည်။


တံခါးဝတွင် ဝမ်ယွီ သည် ကားဘေးတွင်ရပ်နေပြီး ဖုန်းမှ မက်ဆေ့များကိုငုံ့ဖတ်နေသည်။


ဒီ big boss ကြီးက သူမကိုခေါ်ဖို့ တကယ်ကြီးရောက်နေတာပေါ့လေ….


ဝမ်မိသားစု၏ စေ့စပ်ထားသူအနေဖြင့် သူမအပေါ်တွင် ကောင်းသည့်အမြင် မရှိနိုင်ပေ။ အကယ်၍ သူမသာ သူ့အနားမှာ တွယ်ကပ်နေမည်ဆိုလျင် ဝမ်မိသားစုကို မဖျက်ဆီးခင် သူမကိုအရင်ဖျက်ဆီးလောက်ပေမည်။


ရာသီဥတုသည် ဆောင်းရာသီအစဖြစ်၍ အနည်းငယ်အေးနေသည်။


လေအေးတစ်ချက်တိုက်ခတ်သွားသည့်အတွက် ချီကျန်းကျန်း တုန်ယင်သွားပြီး အနောက်သို့ နှစ်လှမ်းမျှ ဆုတ်မိသွားသည်။


သိပ်မဝေးသော အကွာအဝေးမှ ဝမ်ယွီ သည် သူ၏စူးရှသောမျက်လုံးဖြင့် လူအုပ်ကြားထဲမှ သူမကို ကြည့်လိုက်ပြီး ကျန်းကျန်းခြေလှမ်းများ နောက်ဆုတ်သွားသည်ကို တွေ့လိုက်သည်။


ထို့နောက် ချီကျန်းကျန်းသည် ဖြေးညင်းစွာဖြင့် ဝမ်ယွီဆီသို့ တလှမ်းချင်းလျောက်လာသည်။


ဝမ်ယွီ ခံစားချက်ဗလာဖြင့် သူမကို ကြည့်နေလိုက်သည်။


ထိုမိန်းကလေး၏ ဖြေးညင်းစွာလျောက်လှမ်းလာပုံကို ကြည့်ရင်း ဝမ်ယွီစိတ်ထဲ ကြောင်တစ်ကောင်ကို သတိရသွားမိသည်။ ထိုကြောင်လေးသည် အလွန်သတိရှိစွာဖြင့် သူ့အနားသို့ ကပ်လာနေသည်။


သူ့အနားသို့ရောက်လာသည်နှင့် သူမသည် သူ့အား ကို့ယို့ကားယားနိုင်သော အပြုံးဖြင့် ပြုံးကာ ‘’ ရှင်.. ရှင့်ရဲ့အချိန်တွေကို ဖြုန်းဖို့မလိုပါဘူး.. ကျွန်မဘာသာ တက္ကစီငှားပြီး ပြန်လို့ရပါတယ်’’


လေပြင်းတစ်ချက်တိုက်ခတ်လိုက်သည့်အတွက် ချီကျန်းကျန်း နောက်တစ်ကြိမ် တုန်ယင်သွားပြန်သည်။


ဝမ်ယွီ သည် စကားတစ်ခွန်းမှ မဆိုပဲ ကားတံခါးကိုဖွင့်ကာ သူ့မေးကိုမော့၍ အသံတိတ်အမူအယာဖြင့် ကားထဲဝင်ရန် အချက်ပြလိုက်သည်။ 


‘ ငါ့ကို ကားထဲဝင်ဖို့ ပြောနေတာလား’ ချီကျန်းကျန်း စိတ်ထဲမှတွေးလိုက်မိသည်။


သူမခြေထောက်ကို ကားထဲသို့ထည့်ကာ ခန္ဓာကိုယ်ပါ အထဲသို့ဝင်ထိုင်လိုက်သည်။


ဝမ်ယွီ စကားတစ်ခွန်းမှ မဆိုပဲ ကျန်းကျန်းအိမ်သို့ တိုက်ရိုက်မောင်းသွားတော့သည်။


တလမ်းလုံး သူမတို့နှစ်ယောက်သား စကားတစ်လုံးမှ မပြောခဲ့ကြချေ။


သူမ အတွေးထဲတွင် ‘ ဒီ big boss ကြီး ပါးစပ်ဖွင့်ပြီး လုံးဝ စကားမပြောဘူးဆိုတာ သေချာတယ်’ ဒါမှမဟုတ် ‘ ငါ သူ့ကို တစ်ခုခုပြောလိုက်သင့်လား’ ။ သူမ မျက်လုံးများ ဝမ်ယုဆီသို့ ရွေ့လျားသွားကာ သူ၏ အေးစက်ပြီးနှလုံးသားမဲ့သည့် အမူအယာကိုကြည့်ရင်း သူမ ချက်ချင်းပင် တဖက်သို့လှည့်လိုက်မိသည်။


‘ ငါ ဘာမှ မပြောသင့်ဘူးလို့ထင်တယ်.. ငါသာ မှန်မှန်ကန်ကန် မပြောမိဘူးဆိုရင် .. ပြောမရဘူး ဒီနေ့ပဲ အသတ်ခံရလောက်တယ်’


ကားမှာ ချီအိမ်၏ အဝင်ဝသို့ရောက်ရှိလာသည်။


ချီကျန်းကျန်း ခြောက်ကပ်စွာဖြင့် ‘’ ကျေးဇူးတင်ပါတယ်’’


သူမ ကားပေါ်မှဆင်းရန်ပြင်လိုက်စဉ် ဝမ်ယွီ သည် ကားနောက်ဘက်မှ suit ကိုလှမ်းယူကာ သူမကို ပေးလိုက်ပြီး တည်ငြိမ်အေးဆေးသည့်လေသံဖြင့်...


 ‘’ ကိုယ့်ကို ဝမ်ယွီလို့ခေါ်လို့ရတယ်’’


ချီကျန်းကျန်း အနည်းငယ်ကြောင်အ သွားပြီးနောက် သူမ ပါးစပ်ကိုဖွင့်ကာ ‘’ ဝမ်ယွီ ‘’ 


ဝမ်ယွီ ခေါင်းငြိမ့်လိုက်ကာ ဘာမှပြန်မဖြေပဲ ကားရှေ့သို့ပြန်လှည့်သွားသည်။


သူ့မျက်နှာကိုကြည့်ပြီး သူမ စိတ်ကိုအသင့်ပြင်ထားကာ ‘ ရှင် သွားလို့ရပြီလေ ‘


ထို့နောက် သူပေးသောအကျီကို ဝတ်ကာ ကားပေါ်မှ အမြန်ဆင်းလိုက်သည်။


ခြေလှမ်းအနည်းငယ်လျောက်ပြီးနောက် ထိုနေရာမှာပင် ရပ်ထားသည့်ကားကို ပြန်လှည့်ကြည့်လိုက်မိသည်။


သူမနှင့် စေ့စပ်ထားသည့်လူကြီးနှင့် ဆက်ဆံရန် တကယ်ပင် မလွယ်ကူမှန်း သတိထားလိုက်မိသည်။


…………..


ဝမ်ယွီအနေဖြင့် ပထမဆုံးလုပ်ရမည့်အလုပ်မှာ သူ၏ စေ့စပ်ထားသူအပေါ် စိတ်ရှည်ရန်ပင်ဖြစ်သည်။


ဒီနေ့ ချီကျန်းကျန်း ဆေးရုံကဆင်းသည့်နေ့ဖြစ်သည်။


သူမ မိသားစုကို ထိုအကြောင်းမပြောသလို သူမမိသားစုကလည်း စိတ်မဝင်စားပေ။ ထို့ကြောင့် သူမ တံခါးဖွင့်လိုက်သည်နှင့် အိမ်အတွင်းမှ တောက်ပနေကာ ဆူညံသည့်အသံများဖြင့် စည်ကားနေသည်ကို တွေ့လိုက်ရသည်။


အန်းချင်ယု၏ သူငယ်ချင်းတစ်ချို့လည်း အိမ်ပေါ်တွင်ရောက်နေကြသည်။


‘’ အစ်မနဲ့ ရိရန်က ဘယ်တော့စေ့စပ်ကြမှာလဲ.. ညီမတို့တွေ အစ်မအတွက် ပါတီအကြီးကြီး လုပ်ပေးရမယ်’’


‘’ ဟားဟားဟား.. နင်မသိဘူးလား… ကျန်းကျန်းနဲ့ ဝမ်ရိရန် စေ့စပ်တုန်းက သတင်းပဲထွက်ခဲ့တာလေ… သူတို့တွေ စေ့စပ်ပွဲအခမ်းအနားတောင် လုပ်လိုက်ရတာမဟုတ်ဘူး… အခု ချင်ယု နဲ့တော့ ဘယ်တူမလဲဟ…’’


‘’ ဟုတ်တယ်.. ဒါပေမယ့် အခု သူက ဝမ်ရိရန်အကို ဝမ်ယုနဲ့ စေ့စပ်တော့မှာမဟုတ်လား.. ပြောမရဘူး သူတို့အတွက် စေ့စပ်ပွဲအခမ်းအနားလုပ်ရင် လုပ်မှာပေါ့’’


‘’ သူမ လုပ်ရဲလို့လား..ဝမ်ရိရန်ကနေ ဝမ်ယွီ ပြောင်းသွားတာကိုလေ… ကောင်းပါတယ် သူမက ဦးနှေါက်မရှိပဲ စိတ်ရှုပ်စရာကောင်းတော့ အဲ့ဒါနဲ့ထိုက်တန်တယ် ပြီးတော့ သူက ဝမ်ရိရန်ကို သဘောကျနေသေးတယ်သိလား… အဲ့ကြောင့် ဘာတွေဆက်ဖြစ်မလဲဆိုတာ ငါတော့မခန့်မှန်းတတ်တော့ဘူး’’


‘’ချင်ယု… တကယ်လို့ ကျန်းကျန်းက နင့်နောက်လိုက်လာမယ်ဆိုရင်ကော ‘’


‘’ ငါ သူမကို မကြောက်ပါဘူး’’


အန်းချင်ယု၏ နူးညံ့သော အသံထွက်ပေါ်လာသည်။


 ‘’ အာ… အဆင်ပြေပါတယ် .. ဒီတစ်ခါမှားတာက ကျန်းကျန်း ပဲလေ … သူမ ငါ့ကိုအပြစ်တင်မယ်ဆိုရင်လဲ တင်ပါစေတော့’’