Part 11
‘’ သူမက ဘာလို့အစ်မကို အနှောင့်အယှက်ပေးရတာလဲ… တကယ်တမ်း စေ့စပ်ပွဲကိုဖျက်လိုက်တာ ဝမ်ရိရန်ပဲမဟုတ်လား… ဝမ်ရိရန်က သူမကို မကြိုက်ဘူးဆိုတာ ဒီလောက်သိသာနေတာပဲကို…’’
‘’ သူမနဲ့ ဝမ်ယွီက တကယ်လိုက်ဖက်ညီတဲ့အတွဲပဲဟာကို… သူတို့တွေ အနာဂါတ်အတွက် ကတိကဝတ်တွေလုပ်ပြီးမှတော့ ဝမ်ရိရန်ကို လိုက်မနှောက်ယှက်သင့်တော့ဘူးလို့ ထင်တာပဲ… စိတ်ရှုပ်ဖို့ကောင်းလိုက်တာ..’’
‘’ ဒါပေမယ့် ဒီတခါတော့ ချီကျန်းကျန်းအတွက် စိတ်မကောင်းဖြစ်မိသား…’’
‘’ ဘာလဲ နင်က သူမကိုသနားနေတာလား… သူမရဲ့ နဂိုပုံစံက ဘယ်လောက်တောင် အမြင်ကတ်ဖို့ကောင်းပြီး မောက်မာတတ်လဲဆိုတာ နင်မေ့သွားတာလား…’’
……………
ချီကျန်းကျန်း သူမကိုယ်တစ်ဝက် ကိုတံခါးဝမှာ ထိန်းထားကာ သူတို့ပြောစကားများကို နားထောင်နေသည်။
အထဲဝင်ဖို သူမ ကြောက်ရွံ့နေ၍မဟုတ်သလို စိတ်ဆိုးနေ၍လည်း မဟုတ်ပေ။ သူတို့ပြောနေသည့်စကားများကို အခြေခံကာ သတင်းအချက်အလက်များပိုမိုရရန် နားထောင်နေခြင်းဖြစ်သည်။
မူလကိုယ်၏ မှတ်ညဏ်များ သူမအတွေးထဲဝင်ရောက်လာသော်လည်း အသေးစိတ်များ မပါဝင်ပေ။
ပြောရလျင် အန်းချင်ယုမှလွဲ၍ တခြားသူများကို သူမ မမှတ်မိသောကြောင့်ဖြစ်သည်။
သူတို့ပြောသည့်အကြောင်းအား နားထောင်ပြီးနောက် သူမသည် အတော်လေးမာနကြီးကာ စိတ်အနှောက်အယှက်ပေးတတ်သည့်သူမှန်း သိလိုက်ရပြီး ဒီအခြေအနေမှာ သူမအတွက် ဖြစ်သင့်သူ ဟူ၍ပင်။
‘’ သူမ အဲ့လိုဖြစ်သွားတာလဲ ကောင်းတာပဲ… အခု ကျန်းကျန်းမျက်နှာ ဘယ်လိုဖြစ်နေမလဲဆိုတာ ငါသိချင်လိုက်တာ… ဘယ်လောက်တောင် အရုပ်ဆိုးနေမလဲမသိဘူး…’’
ချီကျန်းကျန်း တံခါးကို ဆောင့်ဖွင့်လိုက်သည်။
အထဲမှ သူမ အကြောင်းဆွေးနွေးနေသည့် ညီအစ်မများ တံခါးဝကိုကြည့်ရင်း ထိတ်လန့်သွားကြသည်။
သူမသည် ဆေးရုံမှဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်များမှာ အနောက်တွင်ပြန့်ကျဲနေသည်။ သူမနှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုဆင်မြန်းထားပြီး သူမ၏ခြေလှမ်းများကို သူမအကြောင်းပြောနေသည့် အမျိုးသမီးဆီသို့ လှမ်းလိုက်သည်။
ထိုမိန်းကလေးနှင့် သူမ မျက်နှာချင်းဆိုင်ပြီးနောက် ‘’ ရှုကျားဟုန်… ငါ အခုနင့်ရှေ့မှာရပ်နေပြီ… လာလေ … ငါ့မျက်နှာနင့်ကိုလာပြနေပြီ … သေချာအနီးကပ်ကြည့်လိုက်…’’
ရှုးကျားဟုန် အခုလေးတင် သူမပြောခဲ့မိသည့်စကားကို သတိရသွားပြီး ရုတ်တရက်အေးခဲသွားသည်။
‘’ အစ်မကျန်းကျန်း… ညီမ တောင်းပန်ပါတယ်… စိတ်မဆိုးပါနဲ့… သူတို့က အဲ့လိုဆိုလိုချင်တာမဟုတ်ပါဘူး…’’
အန်းချင်ယုက ချက်ချင်းပင် တောင်းပန်စကားဆိုသော်လည်း သူမမျက်ဝန်းထဲတွင် ပျော်ရွှင်မှုအပြည့်နှင့်ဖြစ်သည်။
သူမ ချီကျန်းကျန်းစိတ်ဆိုးလာစေရန် ထိုအခြေအနေကို စောင့်နေခြင်းဖြစ်သည်။
အကယ်၍ ချီကျန်းကျန်းတစ်ယောက် ပြဿနာရှာအောင်လုပ်ရမည်ဆိုလျင် သူမ အနေနှင့် ချီကျန်းကျန်းမကောင်းကြောင်းမပြောဘဲ တခြားသူများ ပြောလာသည်ကို စောင့်နေရုံသာဖြစ်သည်။
ရုန်းရင်းဆန်ခတ်သာဖြစ်သွားမည်ဆိုလျင် ချီမိသားစုမှ သတိထားမိသွားမည်ဖြစ်ပြီး လူတိုင်းက ချီကျန်းကျန်းကို သဘောမကျဖြစ်နေသည်ကို ချီယန်, တင်းရိကျွင်းနှင့် အားလုံးတွေ့ရမည်ဖြစ်သည်။ ထို့နောက် သူတို့နှစ်ယောက်လုံး ချီကျန်းကျန်းကို မိသားစုအား အရှက်ရစေသည်ဟု ဆူပူကြပေလိမ့်မည်။
‘’ချင်ယု… နင်ကဘာကိုတောင်းပန်နေတာလဲ… ပြောခဲ့သလိုပဲ ချီကျန်းကျန်းက အကိုရိရန်ရဲ့ စွန့်ပစ်တာကို ခံလိုက်ရတာပဲလေ ပြီးတော့ သူက တကယ်လည်း ဝမ်ယုနဲ့ ထိုက်တန်တာပဲကို ‘’ အမျိုးသမီးတစ်ယောက် အသံက လူအုပ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။
ချီကျန်းကျန်း သူမကို လှမ်းကြည့်လိုက်သည်။ အမျိုးသမီးသည် အလယ်တွင်ထိုင်နေပြီး ထိုညီအစ်မများအလယ်တွင် သိသာထင်ရှားနေသည်။
နေပါဦး … သူမကို သိပါတယ်…
ဝမ္စီစီ ပဲ…
သူမက ဝမ်ကျင်စန်းအကိုရဲ့သမီး ဝမ်ရိရန်နဲ့ ဝမ်ယုတို့ရဲ့ ညီမဝမ်းကွဲပဲ….
သူမနှင့် ချီကျန်းကျန်းသည် တဖက်စီတွင်ရှိနေချိန်တွင် အန်းချင်ယုသည် ဝမ်စီစီ၏ဘက်မှဖြစ်သည်။
ချီကျန်းကျန်း ဝမ်စီစီကို လေးလေးနက်နက်စိုက်ကြည့်လိုက်ပြီး မူလကိုယ်ဆီမှ သင်ခန်းစာများကိုအတုယူကာ...
‘’ နင်တို့ကိုယ်နင်တို့ပြန်ကြည့်လိုက်စမ်း… အန်းချင်ယုက နင်တို့ကိုမပြောပြထားဘူးလား… ငါ့ဆီကနေ ကြာကြာမစွမ်းဆောင်နိုင်တဲ့ အရည်အသွေးမမီတဲ့အကောင်ကို ကောက်ယူသွားပေးတဲ့အတွက် ငါသူမကို ကျေးဇူးတင်ကြောင်းပြောထားတယ်ဆိုတာကိုလေ…’’
ဘာ….
လူအုပ်ကြီးမှာ အေးခဲသွားသည်။ ‘ ကြာကြာမစွမ်းဆောင်နိုင်တဲ့ အရည်အသွေးမမီတဲ့အကောင် ‘ ဟုတ်လား…
သူတို့အားလုံး သံသယဖြစ်စွာဖြင့် မရည်ရွယ်ဘဲ အန်းချင်ယုကို ဝိုင်းကြည့်လိုက်ကြသည်။
‘’ကျန်းကျန်း… နင်မဟုတ်တာတွေ မပြောနဲ့’’ အန်းချင်ယု မျက်နှာနီရဲစွာဖြင့် အော်လိုက်သည်။
ကျန်းကျန်းတစ်ယောက် ဒီစကားကိုထပ်ပြောလိမ့်မည်ဟု သူမ လုံးဝ ထင်မထားမိပေ။
ပြီးတော့ လူအများကြီးရှေ့မှာ ပြောလိုက်ခြင်း ဖြစ်သည်။
‘’ ငါ ဘယ်မှာ မဟုတ်တာတွေပြောနေလို့လဲ… ဝမ်မိသားစုက အဲ့ကိစ္စကို မဖော်အောင်လို့ ယွမ်တစ်ဘီလီယံလောက်နဲ့ ငါ့ပါးစပ်ကို ပိတ်ထားချင်ပေမယ့်လည်း ငါ့ဘက်က သဘောမတူခဲ့ဘူးလေ… နင်တို့နှစ်ယောက်လုံး ဆေးရုံမှာ ငါ့ကိုတောင်းပန်ခဲ့တာပဲမဟုတ်လား… ပြီးတော့ သူတို့ကို အဲ့အကြောင်းနင်မပြောရသေးဘူး မဟုတ်လား… ‘’
ချီကျန်းကျန်း ထိုစကားများကို သူမ မျက်ခုံးပင့်လျက် ပြောလိုက်သည်။
လူအုပ်ကြီး : ‘’ …..’’ ပါးစပ်တစ်ခုလုံး ဖရဲသီးများဖြင့် ပြည့်နှက်သွားတော့သည်။ (အတင်းဝိုင်းတုတ်ကြတော့သည်)
အန်းချင်ယု သူမ၏နူးညံ့သိမ်မွေ့မှုကို ထိန်းသိမ်းမထားနိုင်တော့ပေ။ သူမ မျက်နှာတစ်ခုလုံး ဆန့်ကျင်ဘက်သို့ပြောင်းလဲသွားကာ ချီကျန်းကျန်းဆီမှ အဆိပ်အကျွေးခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။
စေ့စပ်လမ်းကြောင်းဖျက်ခံရသည်စကားဝိုင်းမှာ ချီကျန်းကျန်း၏ ပေါက်ကရပြောလိုက်သည့်စကားများကြောင့် အန်းချင်ယု၏ ပါးစပ်များပိတ်ကျသွားရသည်။
ထို တစ်ဘီလီယံသည် ကျန်းကျန်းနှင့် ဝမ်ယွီ လက်ထက်ပြီးသည့်နောက် သူမတို့ရရှိမည့် အကျိုးအမြတ်များဖြစ်ပြီး တစ်ကြိမ်လောက်သာ ရနိုင်မည်ဖြစ်သည်။ ထို့အပြင့် သူမ ထိုငွေများကိုလက်ခံလိုက်သည်နှင့် ချီနှင့်ဝမ်မိသားစုသည် ပေါင်းစည်းသွားကြမည်ဖြစ်သည်။
အဲ့ဒါတွေက သူမ အမှားကြောင့်မှ မဟုတ်တာ…
‘’ အဲ့ဒါတွေ အကုန်မမှန်ဘူး… နင်ပေါက်ကရတွေ ပြောနေတာပဲ’’
အန်းချင်ယု နှလုံးခုန်သံမှာ ကျယ်လောင်နေပြီး ချီကျန်းကျန်းကို လက်ညှိုးဖြင့်ထိုးကာ အငြင်းအခုန်ပြုတော့သည်။