Part 12
‘’ ငါဘယ်နား မှားနေလို့လဲ… နင်နဲ့ ဝမ်ရိရန်တို့ ငါ့ဘေးနားမှာအတူတူလူးလှိမ့်နေခဲ့ကြတာပဲကို ‘’
ချီကျန်းကျန်း ပြုံးလျက်ပင် ပြောလိုက်သည်။
‘’ နင်.. နင်… နင်… ‘’
‘’ချီကျန်းကျန်း… ‘’
ဝမ်စီစီ တစ်ယောက်ပေါက်ကွဲတော့သည်။ သူမစိတ်ထဲမှလည်း ချီကျန်းကျန်းမျက်နှာကို အချက်ပေါင်းများစွာ ထိုးနှက်ပြီးဖြစ်ကာ
‘’ နင် မဟုတ်တာတွေ ပြောနေတာပဲ… ငါ့အကိုရိရန်ကို ကျိန်ဆဲဖို့ နင့်မှာဘာအခွင့်ရှိလို့လဲ…’’
‘’ ငါ ကောလဟလတွေ ပြောနေတယ်လို့ထင်ရင် ဝမ်ရိရန်ကိုမေးကြည့်လိုက်လေ’’ ချီကျန်းကျန်း မကြောက်သွားသည့်အပြင့် အပြုံးလေးနှင့်ပင် ပြောလိုက်သည်။
‘’ ကျန်းကျန်း.. ငါနင့်ကို သတ်မယ် ‘’ ဝမ်စီစီ ဒေါသအလွန်ထွက်လာကာ သူမကိုရိုက်ရန် လက်မြှောက်လိုက်သည်။
ချီကျန်းကျန်း အနောက်သို့ဆုတ်ကာ ရှောင်လိုက်ပြီး ‘’ နင်တို့က ငါ့အိမ်မှာ ငါ့အကြောင်းမကောင်းပြောနေပြီးတော့များ… ဘယ်သူက ဘယ်သူကို မျက်နှာသာပေးနေတယ်ထင်လို့လဲ… သွားစမ်းပါ.. ချီအိမ်က နင့်ကိုမကြိုဆိုဘူး… ပြီးတော့ ကျန်တဲ့သူတွေအားလုံးနဲ့ အန်းချင်ယု ကိုကောပဲ… နင်တို့အားလုံး တင်းအိမ်ဖြစ်ဖြစ် အန်း အိမ်ဖြစ်ဖြစ် သွားကြစမ်းပါ… ချီအိမ်မှာ ပြဿနာ လာမရှာကြနဲ့…’’
ထိုစကားလုံးများ သူမ နှုတ်မှထွက်လာသည်နှင့် အားလုံးဝမ်စီစီဆီသို့ ပြေးကပ်ကုန်ကြသည်။
သူတို့အားလုံးသည် အန်းချင်ယု၏ ဖိတ်ကြားချက်ကြောင့် ရောက်လာကြာခြင်းဖြစ်သည်။ အန်းချင်ယုသည် တင်းမိသားစု၏ ကလေးဖြစ်ပြီး သူမ၏အမေသည် မစ်အန်းဖြစ်ကာ ကွယ်လွန်သွားသည်မှာ ကြာလှပြီဖြစ်သည်။ အန်းမိသားစုသည် ထိုနေရာတွင်ရှိနေဆဲ ဖြစ်သည့်အတွက် သူတို့အားလုံးအနေဖြင့် အန်းမိသားစုအိမ်သို့မဟုတ် တင်းမိသားစုအိမ်သို့သာ သွားသင့်သည်မှာ ရှင်းလင်းနေလေသည်။
သို့သော်လည်း ချီမိသားစုမှာ အားလုံးထဲတွင် ဩဇာအရှိဆုံးဖြစ်သည့်အတွက် သူတို့အားလုံးသည် ချီအိမ်တော်သို့ရောက်လာရသည်ကို သဘောကျကြပြီး ချီမိသားစု၏ပိုင်နက်တွင် ချီကျန်းကျန်းကို နှိပ်ကွပ်ချင်နေကြလေသည်။
ဒီလိုပုံစံနဲ့သာဆိုရင် သူတို့အားလုံး အိမ်ပြန်ရောက်တာနဲ့ သူတို့မိသားစုတွေဆီကနေ အမုန်းခံရတော့မှာ အသေအချာပဲဖြစ်သည်။
ထို့ကြောင့် သူတို့အားလုံးဝမ်စီစီကို ရပ်တန့်သွားစေချင်ကြပြီး သူမကို ချီအိမ်မှ ထွက်ခွာသွားစေရန် ကြိုးစားကြတော့သည်။
ဝမ်စီစီမှာ ချီကျန်းကျန်းအား ဆက်လက်ကျိန်ဆဲနေပြီဂ
‘’ နင်က လူလိမ်… အသေဆိုးနဲ့ သေသင့်တဲ့ကောင်မ…’’
‘’ကျန်းကျန်း… ငါ နင်နဲ့မပြီးသေးဘူး…’’
‘’ကျန်းကျန်း… နင် ငါ့ကိုစောင့်နေ…’’
သူမ မည်သို့ပင်ပြောနေပါစေ ကျန်းကျန်း မှ ‘’ ဝမ်ရိရန်ကိုသာ သွားမေးလိုက်စမ်းပါဟာ’’
ဝမ်စီစီ တစ်ယောက် ဒေါသထွက်လွန်း၍ အော်ငိုမိသော်လည်း တခြားသူများ၏ တွန်းတိုက်မှုများကြောင့် အိမ်အပြင်သို့ရောက်သွားတော့သည်။
ထို့နေရာတွင် အန်းချင်ယုသာ ကျန်ခဲ့သည်။
သူမ လက်သီးများကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး သူမ၏မျက်နှာမှ နူးညံ့မှုများသည်လည်း လွင့်စင်ကုန်ပြီဖြစ်သည်။ သူမသည် ချီကျန်းကျန်းကို သတ်ချင်သည့်မျက်လုံးများဖြင့် ကြည့်လိုက်ရင်း ‘’ ကျန်းကျန်း… နင်ကျေနပ်ပြီလား…’’
ချီကျန်းကျန်း ‘’ ဒီလိုပါပဲ…’’
‘’ဒီလို ကောလဟာလတွေရှိမှ နင့်အတွက် နည်းနည်းအသက်ရှုချောင်မှာ မဟုတ်လား ကျန်းကျန်း… နင်က ဝမ်ရိရန်စွန့်ပစ်ခံထားရတဲ့သူပဲ… အနာဂါတ်မှာ ဝမ်ရိရန်က ဝမ်မိသားစုရဲ့ အမွေခံဖြစ်လာမှာ …. နင်ကတော့ ဝမ်ယွီနဲ့ လက်ထပ်ရပြီး အမြဲတမ်းအလှောင်ခံဖြစ်နေရမှာ’’ အန်းချင်ယု လှောင်ပြောင်သရော်သံအပြည့်နှင့် သူမကို ခနဲ့လိုက်သည်။
သူမ၏ လက်သည်းများ အသားထဲသို့စိုက်ဝင်နေသည်ကို မသိပါက လူအများသည် သူမကိုမြင်ရသည့်အတိုင်း တည်ငြိမ်နေသည်ဟုပင် ထင်ကြပေလိမ့်မည်။
သူမ ထိုကဲ့သို့ ဒေါသမထွက်ရသည်မှာ အချိန်အတော်ကြီး ကြာခဲ့ပြီဖြစ်ပြီး ချီကျန်းကျန်း နိုးလာကတည်းက သူမ ချီကျန်းကျန်းကို တစ်ကြိမ်မှ မနိုင်သေးပေ။
ထို့ကြောင့် သူမ၏ အစီအစဉ်များကို အနောက်သို့တစ်လှမ်းဆုတ်လိုက်ရလေသည်။
ချီကျန်းကျန်း ဘာစကားမှ မပြောသော်လည်း အန်းချင်ယုအား အရူးတစ်ယောက်ကို ကြည့်နေသကဲ့သို့ ကြည့်လိုက်သည်။
သူမကိုယ်သူမ ဘယ်လိုပဲ မျက်နှာသာရအောင်ကြိုးစားနေပါစေ ဝမ်ရိရန်က သူမကို စွန့်ပစ်ခဲ့တာပဲဖြစ်သည်။ သူမ မည်မျှပင်ကြိုးစားနေပါစေ ဝမ်မိသားစု၏ အမွေခံ ဖြစ်လာမည်မဟုတ်တော့ပေ။
ချီကျန်းကျန်း၏ အမူအယာကိုကြည့်ပြီး အန်းချင်ယု ဒေါသများကြောင့် တုန်ယင်လာကာ ထိုနေရာမှ ထွက်သွားရန်ပြင်လိုက်သည်။
သူမ တံခါးဝသို့ရောက်သည်နှင့် ခဏမျှရပ်တန့်လိုက်ပြီး ‘’ ငါ ဝမ်ရိရန်ကို ရအောင်လက်ထပ်ပြီး ဝမ်မိသားစုမှာ နေရာရအောင်လုပ်မှာ… နင်နဲ့ ဝမ်ယွီ ဘယ်လိုဖြစ်မလဲဆိုတာ ငါစောင့်ကြည့်နေမယ်’’
ငါတို့အားလုံးတံတားဖြတ်ပြီးတဲ့အချိန် ဟိုဘက်ရောက်တဲ့အခါမှ ချီကျန်းကျန်းကို လက်စားချေလဲ နောက်မကျသေးပါဘူး… နောက်ပိုင်း ဝမ်ရိရန် ဝမ်မိသားစုအမွေကို ဆက်ခံပြီးတဲ့အချိန်ကျမှ ချီကျန်းကျန်း နောင်တရနေမှာကို ကြည့်ချင်သေးတယ်…
အဲ့အချိန်ကျမှ ချီကျန်းကျန်းတစ်ယောက် ဘယ်လောက်တောင်ဆင်းရဲနေပြီး သူမဘက်မှ ဂုဏ်ယူစွာဖြင့် ကြည့်နေနိုင်မည်ကို စဉ်းစားလိုက်မိသည်။
ထိုစကားများပြောပြီးသည်နှင့် အန်းချင်ယု ထွက်ခွာသွားတော့သည်။
နောက်တစ်ကြိမ် သူမ ချီကျန်းကျန်းကိုကြည့်လိုက်စဉ် ချီကျန်းကျန်းမှ သူမအားအရူးတစ်ယောက်ကို ကြည့်သကဲ့သို့ စိုက်ကြည့်နေသည်ကို ခံစားလိုက်ရသည်။
’ ငါက ဒီကမ္ဘာမှာ နိုးထနေတဲ့သူတစ်ယောက်ပဲ’ ချီကျန်းကျန်းတွေးလိုက်မိသည်။ ထို့နောက် ဝမ်ယွီအကြောင်းကိုပါ သတိရသွားသည်။
တစ်နှစ်အတွင်း သူမဘဝကြီး ပြီးဆုံးသွားနိုင်သည်ကို တွေးလိုက်မိပြီး သူမ တုန်လှုပ်သွားသည်။
ဝမ်ယွီတစ်ယောက် ကုမ္ပဏီအကြောင်း စဉ်းစားရင်းတွေးပူနေသည်။ သူကိုယ်တိုင် ရုံးသို့နေ့စဉ်မသွားနိုင်သည့်အတွက် စိတ်ပူစရာများ ရှိနေသည်။
သူကိုယ်တိုင် အပြင်ထွက်ပြသည့်အကြိမ်အရေအတွက် အတော်လေးနည်းပါးပြီး ကိစ္စရပ်များကို သူ၏ အတွင်းရေးမှုးနှင့် လက်ထောက်များကို ဗီဒီယိုကောလ်ဖြင့် မှာကြားလေ့ရှိသည်။
အကယ်၍ ဝမ်မိသားစုသာ ပျက်စီးမည်ဆိုလျင် ပို၍ပင် ပျော်စရာကောင်းပေလိမ့်မည်။
သို့သော်လည်း သူ အလျင်မလိုပေ။ သူ့တွင် များပြားလှသည့် အချိန်များရှိပြီး ဝမ်မိသားစုအား သူ့လက်ဖြင့် ဖြေးဖြေးချင်း နှိပ်စက်မည်ဖြစ်သည်။
သူ့ဘေးတွင်ရှိသော ဝမ်ရိရန်သည် လေသံနိမ့်ဖြင့် ‘’ အကို… လူတွေ အကို့အကြောင်း ဘယ်လိုတွေပြောနေလဲသိလား…’’
ဝမ်ယွီ၏ အတွေးများအား ဝမ်ရိရန် နှောက်ယှက်လိုက်သည်။
ဝမ်ရိရန်က ကိုယ့်ကိုကိုယ် ဂုဏ်ယူလေဟန်ဖြင့် ‘’ သူတို့အားလုံးကပြောတယ် အကိုက ကျွန်တော် မလိုချင်တာကိုပဲ ယူလိုက်ရတယ်တဲ့… ဝမ်မိသားစုသာမက ကျွန်တော့်ရဲ့ စေ့စပ်ထားတဲ့သူကောပေါ့… ဒါပေမယ်.. ကျွန်တော် သူမကို တကယ်မကြိုက်ဘူး… အဲ့ဒါကြောင့် အကို သူမကို ကျွန်တော်အစားယူလိုက်ပါ..’’
ပြောရင်းနှင့် သူ့မျက်နှာသည် ပျော်ရွှင်မူးထူးနေသည်။
သူ့စကားကြားလိုက်သည့် ဝမ်ယွီ သည် ဖော်ပြမရသည့်ခံစားချက်များ သူ့မျက်လုံးတွင် ဖြတ်သန်းသွားသည်။
ချီကျန်းကျန်းလား… အန်းချင်ယုလား…
သူအတွေးထဲတွင် ဆေးရုံပေါ်က ချီကျန်းကျန်းနှင့် အငိုတုဖြင့်ငိုနေသော အန်းချင်ယုတို့ ပုံများပေါ်လာသည်။
ဝမ်ယွီ ဘာမှပြန်မပြောပေ။ သို့သော်လည်း သူ၏အကြည့်များသည် ဝမ်ရိရန်ကို အလွန်အင်မတန် ရွံရှာနေဟန်ပေါ်သည်။
ထိုအကြည့်ကိုကြည့်ရင်း ဝမ်ရိရန် အနည်းငယ်တောင့်တင်းသွားကာ ဆက်လက်လှောင်ပြောင်တော့သည်။ ‘’ ဝမ်ယွီ… ဘာတွေဖြစ်ကုန်လဲဆိုတာ ငါတကယ်မသိတာပါ… ဘာလို့ အဲ့လိုမျိုးကြီး ငါ့ကိုကြည့်နေရတာလဲ… တခြားသူတွေ မင်းကိုဘယ်လောက်တောင် လှောင်ပြောင်နေလဲဆိုတာ သိလား’’
ဝမ်ယွီ သူ့ကိုကြည့်သည့်အကြည့်များကို ဝမ်ရိရန် အမှန်တကယ်ပင် မုန်းတီးလှသည်။
ဝမ်ယွီ သည် ဖုန့်မှုန့်လေး သာသာဖြစ်သော်လည်း လူအားလုံးမှ သူအားလက်ညှိုးထိုးကာ ဝမ်မိသားစု၏ အမွေခံဖြစ်ကြောင်း တကယ်သခင်လေးဖြစ်ကြောင်း ပြောကြသည်ကို အမှန်တယ်ပင်သဘောကျပြီး သူသည် နေ့အလင်းရောင်ကို မြင်ခွင့်မရခဲ့သည့် သူတစ်ယောက်ဖြစ်ခဲ့ဖူးလေသည်။
ကောင်းသည့်အချက်မှာ အရာအားလုံးသည် ပြောင်းလဲသွားပြီး ဝမ်ရိရန်ဖြစ်သည့် သူ့ထံတွင် အရာအားလုံးရှိလာပြီဖြစ်ကာ ဝမ်ယုတွင် ဘာမှ မရှိတော့ပေ။
ဝမ်ယွီ မည်သည့်စကားတစ်ခွန်းမှပင် ပြန်မပြောပေ။ ထို့နောက် အေးစက်သည့်အပြုံးဖြင့် မတ်တပ်ရပ်လိုက်သည်။
ဝမ်ရိရန်လည်း သူနှင့်အတူမတ်တပ်ရပ်လိုက်ပြီး သူ့လက်အားဆွဲရန်ပြင်လိုက်သည်။
ထိုအချိန်တွင် ဝမ်စီစီသည် သူမ၏ညီအစ်များသာမက ချီကျန်းကျန်းနှင့်အတူ ဆော့ကစားဖူးသည့် ညီအစ်မများသည်လည်း အလောတကြီးရောက်လာသည်။
သူမ မျက်နှာသည် ဒေါသတကြီးဖြစ်နေတာ အံကိုကြိတ်လျက် ‘’ ချီကျန်းကျန်း… ချီကျန်းကျန်း…’’
အကယ်၏ ချီကျန်းကျန်းသာ ရှိနေမည်ဆိုလျင် သေသည်အထိ ကိုက်သတ်တော့မည့်ပုံပင်။
ထိုနေရာမှ ထွက်သွားရန်ပြင်နေသည့် ဝမ်ယွုီခြေလှမ်းများ ရပ်တန့်သွားသည်။
‘’ ဘာဖြစ်လို့လဲ…’’ ဝမ်ရိရန် မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။ ‘’ ချီကျန်းကျန်း ဘာလုပ်လိုက်လို့လဲ….’’