အပိုင်း ၁၃
Viewers 26k

Part 13


ဝမ်ရိရန် ထိုစကားလုံးမေးလိုက်ပြီးသည်နှင့် အခန်းတစ်ခုလုံး အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်သွားသည်။


ဝမ်စီစီ၏ ဒေါသထွက်နေသော မျက်နှာကိုကြည့်ပြီးနောက် လူတိုင်း၏မျက်နှာမှာ တဖက်သို့လွှဲသွားကြသည်။ 


ဝမ်ရိရန် မျက်မှောင်ကြုတ်ပြီး အလေးအနက်ဖြင့် ‘’ ဘာဖြစ်ခဲ့တာလဲ…’’


ဝမ်စီစီ ဒေါသတကြီးဖြင့် ‘’ ချီကျန်းကျန်းက ပြောတယ်… အစ်ကိုက.. အစ်ကိုက…’’


သူမ စကားများရပ်တန့်သွားပြီး ဆက်မပြောနိုင်တော့ပေ။


သို့သော်လည်း ဝမ်ယွီနှင့် ဝမ်ရိရန်နှစ်ဉီးလုံး၏ အတွေးထဲတွင် ‘ကြာကြာမစွမ်းဆောင်နိုင်ဘဲ တိုတိုလေးပဲရှိသည့် အရည်အသွေးမပြည့်မီ’ ဆိုသည့်စကားများကို သတိရသွားကြသည်။ 


ဝမ်ယွီ ‘’ ….. ‘’


သူ မတတ်နိုင်စွာဖြင့် ပြုံးလိုက်မိသည်။


‘’ ဝမ်စီစီ…’’ ဝမ်ရိရန် သူမပုခုံးကိုဆုပ်ကိုင်လိုက်ပြီး မသိလိုက်ဘာသာဖြင့် အော်လိုက်မိကာ သူမကို ဆက်မပြောအောင် တားဆီးလိုက်မိသည်။


‘’ အစ်ကိုရိရန် ညီမကို ဘာလို့အော်နေတာလဲ… အဲ့ဒီကောလဟာလတွေကို ထုတ်ပြောတာက ချီကျန်းကျန်းပဲ.. အကိုအဲ့လိုလုပ်ခွင့်ပြုလို့မဖြစ်ဘူး’’ 


 ဝမ်စီစီ အလွန်မပျော်မရွှင်ဖြစ်နေပြီး သူမ၏လေသံကို ထိန်းပြောနေရသည်။


သူမတို့မိသားစုတစ်ခုလုံး ဝမ်ကျင်စန်းတို့မိသားစုကို မှီခိုနေရတာဖြစ်ပြီး သူမသည်လည်း သူမ၏ဝမ်းကွဲ အကိုအပေါ် မှီခိုနေရသူဖြစ်သည်။ ထို့ကြောင့် သဘာဝကျစွာဖြင့် သူစိတ်ဆိုးအောင် သူမ မလုပ်ဝံ့ပေ။


သို့သော်လည်း သူမစကားပြောလိုက်သည်နှင့် ဝမ်ရိရန်မှ သူမအား လည်ပစ်ညှစ်ပစ်မတတ် မျက်လုံးတစ်စုံဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည့်အတွက် အနောက်သို့ ခြေနှစ်လှမ်းမျှ ဆုတ်မိသွားသည်။


ဒေါသကြောင့် ဝမ်ရိရန် တကိုယ်လုံးတုန်ယင်နေပြီး တခြားသူများကို ကြည့်လိုက်သည်။ လူအားလုံးက သူ့အကြည့်အတိုင်း သူကိုပြန်ဝိုင်းကြည့်နေသဖြင့် ပို၍ဒေါသထွက်လာကာ မျက်နှာတစ်ခုလုံးနီးမြန်သွားပြီး တကိုယ်လုံး မသိမသာ တုန်ယင်လာသည်။


ထိုအချိန်တွင် လူအားလုံးကို ပျောက်ကွယ်သွားစေချင်စိတ်သာ သူတွင်ရှိတော့သည်။


‘’ ချီကျန်းကျန်း.. အဓိပ္ပာယ်မရှိတာ… ငါ သူမနဲ့စေ့စပ်ပွဲဖျက်လိုက်လို့ ဒီလိုပေါက်ကရ ကောလဟာလတွေ လျောက်ဖွနေတာပဲ… ချီ…ကျန်း…ကျန်း…’’ သူ အံ့ကြိတ်ရင်း လူအားလုံးကိုရှင်းပြလိုက်သည်။


တခြားသူများသည် တစ်ယောက်တစ်ပေါက်ပြောလာကြသည်။


‘’ဟုတ်တယ်.. ချီကျန်းကျန်းက ဘာမှတတ်နိုင်တာမဟုတ်ဘူး…’’


‘’ ဟုတ်တယ်… သူမ ပေါက်ကရတွေပြောနေတာပဲ.. ငါတို့ သူမကို မယုံဘူး’’


‘’ ဟုတ်တယ်… ငါတို့တွေ တစ်ယောက်မှ သူမကို မယုံဘူး’’


‘’ အနာဂါတ်မှာ သူမ အဲ့လိုပြောမယ်ဆိုရင် ငါတို့အားလုံးသူမကို တားရမယ်’’


……….


အားလုံးကထိုသို့ပြောနေသော်လည်း သူတို့အားလုံးသည် ဝမ်ရိရန်အား အံ့အားသင့်ဟန်ဖြင့် ကြည့်နေကြဆဲပင်။


‘ပြောမရဘူး… ဝမ်မိသားစုရဲ့ အမွေဆက်ခံသူက အိမ်ယာထဲမှာ ကြာကြာမစွမ်းဆောင်နိုင်ဘူးတဲ့’


သူတို့အားလုံး မယုံကြည်ရန် ဝမ်ရိရန်ရှင်းပြသော်လည်း တစ်ဘီလီယံနှင့် ချီကျန်းကျန်း ပါးစပ်ပေါက်ကို ပိတ်ရန်ကြံခဲ့သည်မှာ အမှန်တကယ်ပင်ဖြစ်သည်။


ချီကျန်းကျန်းသည် ဝမ်ရိရန်အား အလွန်သဘောကျသည့်အတွက် တစ်စုံတစ်ခုကြောင့်သာ သူမစိတ်ပြောင်းလဲသွားရတာမဟုတ်ရင် ဘာလို့များ ဝမ်ရိရန်အပေါ် ဒီလိုမျိုးလုပ်နိုင်ရတာလဲ…


ဝမ်ရိရန်စကားကို ဘယ်လိုလုပ်ပြီး ယုံရမှာလဲ…


လူတိုင်း သူ့ပြောစကားကို မယုံမှန်း ဝမ်ရိရန် ခံစားလိုက်မိသည်။ သို့သော်လည်း သူမည်သို့ ရှင်းပြနိုင်ပါမည်နည်း…


မင်း သူတို့တွေယုံအောင် အိပ်ယာပေါ်က ကွန်ဖူးကွက်တွေကို လူတစ်ယောက်ချင်းစီကို ချပြရမှာလား…


ဝမ်ရိရန် အလွန်ဒေါသထွက်လာပြီး မည်းနှာမည်းကြီးနှင့် တံခါးဝသို့ထွက်ခွာသွားတော့သည်။


သူ ချီကျန်းကျန်းကို တစ်စစီဖြစ်အောင် လုပ်ချင်နေမိသည်။


………….


ချီယန်နှင့် တင်းရိကျွင်း သည် ချီကျိုးချန်အား အခုလေးတင်သွားခေါ်လာခဲ့ခြင်းဖြစ်သည်။


မူလက တင်းရိကျွင်းတစ်ယောက်တည်း ချီကျိုးချန်ကို ကျောင်းမှသွားခေါ်ခဲ့သော်လည်း ချီယန်မှ လမ်းကြုံသည့်အတွက် အတူတူ ပြန်လာခဲ့ကြခြင်းဖြစ်သည်။


‘’ ကျောင်းမှာ စာကျက်ရတာ အဆင်ပြေရဲ့လား’’ ချီယန်မေးလိုက်သည်။


မထူးခြားစွာဖြင့် ချီကျိုးချန် ခေါင်းငြိမ့်ပြလိုက်သည်။


တင်းရိကျွင်း ရုတ်တရက် စိတ်ထဲသဘောမတွေ့စွာဖြင့် ‘’ နိုင်ငံတကာကျောင်းတက်လို့ရနေပါပြီလို့ ကျွန်မ မပြောဘူးလား… ရှင်သူ့ကို အစိုးရအထက်တန်းကျောင်းပေးတက်သင့်နေပြီ… အခုသူက အထက်တန်းကျောင်းတက်နေပြီဆိုတော့ ဖိအားတွေက အရမ်းများတယ်’’


ချီယန် ဂရုမစိုက်စွာဖြင့် လက်ကိုယမ်းလိုက်ရင်း ‘’ အရမ်းမလောပါနဲ့ဉီး… ကျိုးချန်က တော်ပြီးသားပဲ… ဒါပေမယ့် လုံလောက်အောင် မတည်ငြိမ်သေးဘူး… အစိုးရအထက်တန်းကျောင်းက ကောလိပ်ဝင်ခွင့်စာမေးပွဲရဖို့အတွက် ပိုထက်မြတ်စေတယ်’’


‘’ ကျွန်မတို့မိသားစုက ဘယ်နှစ်ယောက်များ ကောလိပ်ဝင်ခွင့်စာမေးပွဲကိုအောင်လို့လဲ… ရှင် ရိရန်ကိုပြောသင့်တယ်…  သူက ငယ်ငယ်လေးကတည်းက စီးပွားရေးပိုင်းကို သင်ယူခဲ့တာ… ပြီးတော့ရှင်က နိုင်ငံခြားကပြန်လာကတည်းက ကုမ္ပဏီကိုတန်းဝင်လိုက်တော့ အားလုံးက ရှင့်လက်ထဲမှာပဲလေ… ဒါကြောင့် အထက်တန်းကျောင်းသားဘဝရဲ့ ခက်ခဲမှုတွေကို ရှင်မခံစားခဲ့ရပါဘူး ‘’ တင်းရိကျွင်း ပြောပြီးရင်းပြောနေသည်။


သူမ အမြင်တွင် အထက်တန်းကျောင်းတက်ရသည်မှာ အလွန်ပင်ပန်းလေသည်။


ချီယန် ဒီအတိုင်းလွှတ်ပေးလိုက်ဖို့အစီအစဉ်မရှိပေ။ သူတွင် ကိုယ်ပိုင်တွေးခေါ်မှုများရှိနှင့်ပြီးဖြစ်သည်။


ချီကျိုးချန် အထက်တန်းကျောင်းမတက်ချင်သော်လည်း ချီယန် အနေဖြင့် ချီကျိုးချန်တစ်ယောက် အားလုံးနှင့်လိုက်လျောညီထွေနေတတ်အောင် တတ်စေချင်သည်။ 


ချီကျိုးချန်သည် စာသင်ရသည်ကို အမှန်တကယ် မကြိုက်သူပင်ဖြစ်သည်။


လူများစွာသည် စကားပြောရင်းနှင့် အိမ်ထဲသို့ဝင်လာကြသည်။ ထိုအချိန်တွင် အန်းချင်ယုသည် လှေကားတွင် ငိုနေသည်ကို တင်းရိကျွင်းတွေ့လိုက်ရသည်။


အန်းချင်ယု ထိတ်လန့်သွားကာ စိုးရိမ်တကြီးဖြင့် ‘’ အန်တီ… သမီးတောင်းပန်ပါတယ်’’


တင်းရိကျွင်း စိတ်မဆိုးပဲ စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။ ‘’ ချင်ယု… သမီး ဘာဖြစ်တာလဲ.. ဘာလို့ ဒီလိုမျိုးငိုနေရတာလဲ…’’


အပေါ်ထပ်မှ ချီကျန်းကျန်းသည် အဝတ်အစားလဲရန်ပြင်နေသည်။


မူလကိုယ်သည် ချီမိသားစု၏ မမလေးဖြစ်ပြီး သူမ အပေါ်တွင် ကောင်းမွန်ပေးနေဆဲဖြစ်သည်။ သူမ အခန်းသည် ချီကျိုးချန်အခန်းကဲ့သို့ပင် အရွယ်အစားတူညီပြီး ရေချိုးခန်း လသာဆောင် စသည်ဖြင့် အားလုံးရှိသည်။


ချီကျန်း တစ်ခါမှ ကြီးမားလှသည့် အခန်းတွင် မနေဖူးပေ။


အရင်ဘဝတွင် ချီကျန်းကျန်းသည် ကျောင်းတွင်စာလေ့လာရင်းနေရသူဖြစ်သည်။ ဘွဲ့ရပြီးနောက် အလုပ်နှင့်နီးစပ်သည့်နေရာတွင် အခန်းလေးတစ်ခု ငှားရမ်းနေထိုင်ခဲ့သည်။ သို့သော်လည်း ထိုအခန်းသည် ယခုအခန်းကဲ့သို့ ကြီးမားသည့်အခန်းမျိုးမဟုတ်ပေ။


သူမ တခန်းလုံးကို အားကျသည့်မျက်လုံးများဖြင့် ကြည့်လိုက်မိပြီးနောက် ဗီရိုထဲမှ အဝတ်အစားတစ်ချို့ကို ယူလိုက်သည်။


မူလကိုယ်၏ အဝတ်အစားများမှာ အလွန်ကောင်းမွန်သည့်အတွက် သူမ စတိုင်မျိုးမဟုတ်ပေ။


ချီကျန်းကျန်း သက်ပြင်းချလိုက်မိသည်။