အပိုင်း ၁၇
Viewers 26k

Part 17


ချီကျန်းကျန်း သူမ၏တွဲဘက်ကားမောင်းသမားကို စကားမပြောရဲသေးပေ။(👀)


ကားမောင်းနေစဉ်အတွင်း ဝမ်ယွီဘက်မှလဲ စကားတခွန်းမှ မပြောပေ။


နှစ်ဦးသား အတော်လေးရယ်စရာကောင်းသည့် အခြေအနေတွင်ရှိနေသည်။  ဒီနေ့ ဝမ်ယု သူမကို ဆေးရုံမှ သွားခေါ်ပေးခဲ့ပြီးနောက် ဆေးရုံအဝတ်ပင် မလဲရသေးသည့် ချီကျန်းကျန်းကို ချီအိမ်မှ ပြန်ခေါ်လာရသည်။


ချီကျန်းကျန်း ကားမှန်မှတဆင့် ဖြတ်သွားသော ဘေးပတ်ဝန်းကျင်ကိုကြည့်ပြီး သူမမျက်ဝန်များ ပြူးကျယ်လာသည်။


သူမသည် ဒီကမ္ဘာနှင့် မရင်းနှီးသေး‌ပေ။ သူမ နေထိုင်ခဲ့သည့် ကမ္ဘာနှင့်ဆင်တူသော်လည်း ဒါတွေအားလုံးကို စာအုပ်ထဲမှ တဆင့် သူမ သိခဲ့ခြင်းဖြစ်ပြီး သူမ မည်သည့်နေရာတွင် နေထိုင်သည်ကို မသိသေးပေ။


ကံကောင်းစွာဖြင့် အပြင်ဘက်သည် အရင်ကမ္ဘာနှင့်တူညီနေသည်။


လမ်းတွင် အမျိုးမျိုးသော ဈေးဆိုင်များပြည့်ကျပ်နေပြီး ကားပါကင်များ လူသွားလမ်းများနှင့် လူများသည်လည်း ဟိုဟိုဒီဒီ သွားနေကြပြီး စည်ကားနေသည်။


တိတ်ဆိတ်နေတတ်သောဝမ်ယွီကိုကြည့်၍ ချီကျန်းကျန်း တစ်စုံတစ်ခုကို တွေးလိုက်မိသော်လည်း သူ့ကို ခဏလောက် လျစ်လျူရှုလိုက်သည်။


မီးပွိုင့်မိချိန်တွင် ကားမှာ ခဏရပ်သွားသည်။


သူမ ရုတ်တရက် ထိတ်လန့်သွားပြီး ဝမ်ယွီကို ကြည့်ကာ ‘’ ဝမ်ယု… ကျွန်မတို့ ဘယ်သွားနေကြတာလဲ…’’


ဝမ်ယွီ လှည့်မကြည့်ပဲ တည်ငြိမ်စွာဖြင့် ဖြေလိုက်သည်။ ‘’ မသိဘူး…’’


(အဟုတ်မှတ်လို့ သူလဲ မသိဘူးတဲ့ဟ … LOL )


ချီကျန်းကျန်း ‘’ ... ‘’


ဝမ်ယွီမှ  အမှန်တကယ်ပင် မသိဘူးဟု ပြောလိုက်သည်ကို မယုံကြည်နိုင်ဟန်ဖြင့် သူမ သူ့ကို ငေးကြည့်နေမိသည်။


အံ့ဩမှု အပြည့်နှင့် သူ့ကိုငေးနေသည့် ချီကျန်းကျန်းကို ဝမ်ယွီ ကြည့်လိုက်မိသည်။


ထိုအချိန်တွင် သူမ မျက်လုံးအစုံသည် ပြူးကျယ်နေပြီး သူမ အတွေးများအားလုံး သူမ မျက်နှာပေါ်တွင် အထင်းသား မြင်နေရလေသည်။


‘’ မင်း အိမ်ကထွက်ပြေးလာတာ မဟုတ်ဘူးလား…’’ ဝမ်ယွီ ပြောလိုက်သည်။


အသံမှာ ခါတိုင်းကဲ့သို့ပင် တည်ငြိမ်နေသော်လည်း သူ့မျက်နှာထက်တွင် အပြုံးအနည်းငယ်စွက်နေသည်။


သူ ဆိုလိုသည်ကို ချီကျန်းကျန်း နားလည်သည်။ ‘အိမ်က ထွက်ပြေးလာတာ မင်းပဲမဟုတ်လား… ဒါကြောင့် ဘယ်သွားမလဲဆိုတာ မင်းပဲဆုံးဖြတ်လေ’


သူမ တီတိုးရေရွတ်လိုက်မိသည် ‘’ ကျွန်မက အရမ်းဆရာကျပြီး အိမ်ကနေထွက်ပြေးလာမိတာလား…’’


ထိုအချိန်တွင် အခန်းထဲမှသူများအားလုံးကို မတွေ့ချင်တော့သလို တောင်းလဲမတောင်းပန်ချင်တော့ပေ။ နောက်ဆုံးတော့ သူမသည် ချီမိသားစုတွင် အပြင်လူတစ်ယောက်ဖြစ်နေခဲ့တာမို့ လှည့်ထွက်ခဲ့ခြင်းဖြစ်သည်။


အိမ်ကနေ ထွက်ပြေးတဲ့ အကျိုးရလဒ်ကတော့….


ကံကောင်းစွာဖြင့် သူမတွင် ကတ်တစ်ကတ်ပါလာသည့်အတွက် ပြုံးလိုက်မိပြီး ‘ ငါလေးက သောက်ရမ်းညဏ်ကောင်းတာပဲ’


ထိုကဒ်သည် ကားအက်စီးဒင့်ပြီးနောက် ကျန်ခဲ့သည့်ကတ်ဖြစ်ပြီး ချီကျန်းကျန်း၏ မုန့်ဖိုးကဒ်ပင်ဖြစ်သည်။ ပုံမှန်အားဖြင့် ချီယန်နှင့် တင်းရိကျွင်းသည် ထိုကဒ်ထဲသို့ သူမ မုန့်ဖိုးများ ထည့်ပေးလေ့ရှိသည်။


လတိုင်း၏ ပထမဆုံးရက်တွေမှာဆို ချီယန်၏လက်ထောက်မှ သူမကဒ်ထဲသို့ ပုံမှန်ငွေထည့်ပေးနေကျ ဖြစ်သည်။


မနေက တစ်ရက်နေ့ဖြစ်သည်။


အိမ်သို့ ပထမဆုံးပြန်ရောက်သည့်နေမှာပင် ထိုမုန့်ဖိုးကဒ်ကို သူမတွေ့လိုက်သည်။ ‘အဲ့ဒါကို ချက်ချင်းသုံးပေးရမှာ မဟုတ်လား’


ချီကျန်းကျန်း လတိုင်းများပြားသည့် မုန့်ဖိုးများရလေ့ရှိပြီး ချီယန်နှင့် တင်းရိကျွင်းသည်လည်း မကြာခဏ မုန့်ဖိုးများ ပေးလေ့ရှိသည်။ ထို့ကြောင့် ဒီလတွင် သူမအတွက် မုန့်ဖိုး ယွမ် ၅ သောင်း ရှိနေပေလိမ့်မည်။


သူမအတွက်တော့ ထိုပမာဏသည် လုံလောက်ပေသည်။


‘’ ဘာဖြစ်လို့လဲ..’’ ဝမ်ယွီ သူမကိုကြည့်ပြီး မေးလိုက်သည်။


သူမက ဘဏ်ကတ်လေး တစ်ခုအတွက်နဲ့ အဲ့လောက်တောင် ပျော်နေတာလား….


‘’ ပျော်နေတာ’’ ချီကျန်းကျန်း ပြုံးလိုက်သည့်အတွက် သူမ၏ စီရီနေသည့် သွားတန်းလေးနှစ်တန်းပေါ်လာကာ ချစ်ဖို့ကောင်းသည့် မျက်နှာလေးဖြစ်ပေါ်လာသည်။ ‘’ ဒီတစ်ခေါက် အိမ်ကနေထွက်ပြေးဖို့ အစီအစဉ်မရှိပေမယ့်လဲ ကျွန်မရဲ့ မုန့်ဖိုးကဒ်လေးယူလာမိတယ်လေ… စူပါမားကတ်သွားပြီး အဝတ်အစားတွေ သွားဝယ်ရအောင်’’


သူမ အနေဖြင့် ဆေးရုံဝတ်စုံကို အရင်ဆုံးပြောင်းလဲသင့်သည်။


မဟုတ်လျင် ဒီအတိုင်းလမ်းပေါ်လျောက်သွားနေပါက စိတ်ကျန်းမာရေးဆေးရုံမှ ထွက်ပြေးလာသူဟု လူအများ သူမကို ထင်မြင်သွားနိုင်သည်။


‘’လောက်ရဲ့လား…’’ ဝမ်ယွီ တိုတိုပြတ်ပြတ်ပင် မေးလိုက်သည်။


ချီကျန်းကျန်း ခိုင်မာသည့် လေသံဖြင့် ‘’ လောက်တာပေါ့… ယွမ်ငါးသောင်းဆို လောက်တယ်’’


ယွမ် ၅ သောင်းဆို တစ်လမပြောနဲ့ နှစ်ဝက်တောင် လောက်တယ်…


အိမ်မှ ထွက်ပြေးလာပြီးနောက် သူမ၏မုန့်ဖိုးကဒ်ပြားကိုယူဆောင်လာသည်အထိ တော်လွန်းသည့် သူမကိုယ်သူမ ချီးကျူးနေမိပြီး တဖက်သို့ကြည့်လိုက်ချိန်တွင် ဝမ်ယုကို မြင်လိုက်ရသည်။


ချီကျန်းကျန်း ရယ်နေရာမှ ရုတ်တရက် ရပ်တန့်သွားပြီး ငြိမ်ငြိမ်သက်သက်လေး ပြန်ထိုင်နေလိုက်သည်။


‘Big boss ကြီးအရှေ့မှာ ဘယ်သူက နင့်ကို ဒီလိုထောင်လွှားဖို့ သတ္တိပေးလိုက်တာလဲ ချီကျန်းကျန်း…. ‘


သူ၏ စေ့စပ်ထားသူမှ ကုန်တိုက်သို့ခေါ်သွားခိုင်းသည့်အတွက် ဝမ်ယွီ မပျော်မရွှင်ဖြစ်နေလောက်မည်ဟု သူမ တွေးလိုက်မိသည်။ ထို့ကြောင့် သူမ သူ့ရှေ့ရောက်သည့် အချိန်တိုင်း သူမကိုယ်သူမ သေတွင်းထဲသို့ရောက်ရန် အရူးအမူးပြင်ဆင်နေသည့်သူနှင့် တူနေသည်ဟု တွေးလိုက်မိသည်။


သို့သော် ဝမ်ယွီက ဘာခံစားချက်မျှမရှိသည့် အမူအရာဖြင့် ကားဆက်မောင်းသွားသည်။ သူ သူမကိုကြည့်ပြီး ဘာမှမပြောသော်လည်း သူ၏နှုတ်ခမ်းထောင့်များ အပေါ်သို့အနည်းငယ်တက်သွားသည်အထိ ရွှင်မြူးစွာပြုံးလိုက်မိသည်။


တည်နေရာသတ်မှတ်ပြီးသည့်နောက် ဝမ်ယုသည် ကျွမ်းကျင်စွာဖြင့်ကားကို  ကုန်တိုက်သို့မောင်းနှင်သွားပြီး ပါကင်တွင်ရပ်လိုက်သည်။


‘ဒီနေရာက ဘယ်နေရာလဲ… ငါဘယ်ကိုနေရာကို ရောက်နေတာလဲ’ ချီကျန်းကျန်း တွေးလိုက်မိသည်။


ကားပါးကင်ထိုးပြီးနောက် ဝမ်ယွီ ခါးပတ်ကိုဖြုတ်ကာ ကားထဲမှထွက်လာသည်။


ချီကျန်းကျန်း ‘’ ….. ‘’


ချီကျန်းကျန်း ဖိနပ်ပါးလေးဖြင့် ကားထဲမှထွက်လာသည်။


‘’ ဝမ်ယွီ .. ဒီနေ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်’’ ချီကျန်းကျန်း မတ်တပ်ရပ်နေရင်း ပြုံးပြလိုက်ကာ ‘’ ကျွန်မကို ဒီနေရာအထိပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. ရှင့်ကို ထပ်မနှောက်ယှက်တော့ဘူးနော်…’’


‘ဒီ big boss အရှေ့မှာ ကြာကြာမနေတာပဲ ကောင်းတယ် မဟုတ်ရင် ဘယ်အချိန်သေသွားမှန်းတောင် သိမှာမဟုတ်ဘူး’


Big boss ကြီးမှာ သူမကိုကြည့်လိုက်ပြီး အေးစက်စွာဖြင့် ‘’ သွားရအောင် ‘’


ဝမ်ယွီ ပြောပြီးနောက် အရှေ့သို့ ခြေနှစ်လှမ်းခန့် လျောက်သွားတော့သည်။


ချီကျန်းကျန်း ‘’ ဟေး…’’


သူ သူမ နဲ့ အတူတူသွားမလို့လား…


ဘယ်လိုဖြစ်နိုင်မှာလဲ…


သို့သော်လည်း ဝမ်ယွီ၏ အပြုအမူမှာ လုံးဝကိုသိသာထင်ရှားနေလေသည်။