Part 19
ချီကျန်းကျန်း ‘’…..’’
ဒီဖိနပ်က ၂၆၀၀၀ တန်တယ်…. ဟုတ်လား….
ဟုတ်ပြီလေ အင်ဂျင်နီယာဘွဲရတစ်ယောက်အနေနဲ့ ချီကျန်းကျန်း ခေါင်းထဲ အလျင်အမြန်တွက်ချက်လိုက်သည်။ ၆၈၉၉ အပေါင်း ၃၉၉၉ အပေါင်း ၁၃၁၀၀ အပေါင်း ၂၆၀၀၀ ဆိုရင် စုစုပေါင်း ၄၉၉၉၈
သူမခေါင်းထဲတွင် ချက်ချင်းတွက်ချက်ပြီးသွားသည်။
တကယ်လို့ ယွမ် နည်းနည်းလေးသာဆိုလျင် သူမ ချက်ချင်းပေးနိုင်သော်လည်း ယွမ် ၅ သောင်းနားကပ်နေသည့် ပမာဏအတွက်တော့ သူမ နောက်တစ်ခေါက်စဉ်းစားရန်ပင် မလိုတော့ပေ။
ချီကျန်းကျန်း တောက်ပနေသောအပြုံးကို ဖြည်းညင်းစွာပြုံးလိုက်ပြီး သူမ နှုတ်ခမ်းကိုဖွင့်လိုက်ကာ ‘’ ကျေးဇူးတင်ပါတယ်… ကျွန်မ မယူ…’’
‘’ တွက်လိုက်ပါ’’ ဝမ်ယွီ မတ်တပ်ရပ်လိုက်ပြီး သူ၏ black card ကိုထုတ်ယူလိုက်သည်။
ဝမ်ယွီ Black card ထုတ်လိုက်ချိန်တွင် ဆိုင်မန်နေဂျာ၏ မျက်ဝန်းအစုံတောက်ပသွားသည်ကို သူမ တွေ့လိုက်သည်။ အဲ့ဒါက အရမ်းကိုတောက်ပလွန်းလို့ သူမ မျက်စိတောင်ကျိန်းသွားရသည်။
ထို့နောက် ဆိုင်မန်နေဂျာသည် ဝမ်ယွီဆီမှ black card ယူသွားသည်ကို သူမ ကြည့်နေမိသည်။
ဆိုင်မန်နေဂျာမှ ဝမ်ယွီ၏ကတ်ကို ငွေမဖြတ်ခင် သူမ ကတ်ကိုထုတ်ကာ အလျင်အမြန်ဖြင့် ‘’ ကျွန်မ ကတ်ကို သုံးလိုက်ပါ’’
ဆိုင်မန်နေဂျာ အံ့အားသင့်သွားပြီး ဝမ်ယွီနှင့် သူမကို တလှည့်စီကြည့်နေလိုက်သည်။
‘’မြန်မြန်လေး… ဒီကတ်ကိုပဲ သုံးလိုက်ပါ’’ ပြောရင်းနှင့်ပင် သူမ နှလုံးသားများကွဲအက်သွားသလို ခံစားလိုက်ရသည်။
‘’ အိုကေ ‘’
ဆိုင်မှထွက်လာသည်နှင့် ချီကျန်းကျန်းသည် သပ်သပ်ရပ်ဝတ်ဆင်ထားပြီး အိတ်နှစ်အိတ်ကိုလည်း သူမ လက်ထဲတွင်ဆွဲလာသည်။ တစ်ဖက်မှာ သူမ၏ ဖိနပ်ပါးအိတ်ဖြစ်ပြီး နောက်တစ်ဖက်မှာ သူမ၏ ဆေးရုံဝတ်အကျီပင်ဖြစ်သည်။
သူမ ဝမ်ယွီကို မကျေမနပ်ဖြင့် မျက်စောင်းထိုးကြည့်လိုက်မိပြီး ‘ အဲ့ဒါအားလုံး ရှင့်အပြစ်ပဲ’
သူ့ကြောင့်သာ မဟုတ်လျင် သူမ ပိုက်ဆံတွေအားလုံး ဒီလောက်ဈေးကြီးသည့် ပစ္စည်းများကိုဝယ်ယူမည် မဟုတ်ပေ။
ယွမ် ၅ သောင်း တောင်မှလေ…
‘ကောင်းတယ်.. ဒီတစ်လလုံးအတွက် ရထားတဲ့မုန့်ဖိုးက ၂ ယွမ်ပဲ ကျန်တော့တယ်… တိုက်ခန်းငှားနေဖို့မပြောနဲ့ ထမင်းစားဖို့တောင် မလောက်တော့ဘူး’
သူမ သူ့ကိုအေးစက်သော အကြည့်များဖြင့် ဆက်တိုက်ကြည့်ပစ်လိုက်သည်။
ဝမ်ယွီ သူမအကြည့်ကို သတိထားမိသွားပုံပေါ်ကာ ‘ခေါင်းကိုလှည့်၍ သူမကို ရှုပ်ထွေးသည့်အကြည့်ဖြင့်ကြည့်လိုက်ပြီး ‘’ ဘာဖြစ်လို့လဲ… မပျော်ဘူးလား…’’
ချီကျန်းကျန်း ပြုံးလိုက်ကာ ‘’ ပျော်တာပေါ့… ကျွန်မ အရမ်းကိုပျော်နေတာ’’
ဝမ်ယွီ ပို၍ပင် ပဟေဠိဖြစ်သွားသည်။
သူမ ဆီမှ မပျော်ရွှင်သည့် ခံစားချက်ကို ရနေပြီးဖြစ်သော်လည်း သူမ ဘာကြောင့် ဝန်မခံသလဲဆိုသည်ကို သူ နားမလည်နိုင်ပေ။
သူ အဖြေရှာမတွေ့ခင်မှာပင် သိပ်မဝေးသောနေရာမှ suit ဝတ်ထားသော အမျိုးသားတစ်ယောက်သည် သူတို့ဆီသို့ အလျင်အမြန်လျောက်လာသည်။
‘’ ယူလာခဲ့လား ‘’ ဝမ်ယွီ ပြောလိုက်သည်။
အတွင်းရေးမှုး နင် သည် လေးစားသည့်လေသံဖြင့် ‘’ မစ်စတာဝမ်.. ဒါဟာက Baisheng ရဲ့ စာချုပ်ပါ…’’
အတွင်းရေးမှုးနင်သည် ချီကျန်းကျန်းအား ကြည့်နေကာ သူ၏အံ့ဩနေမှုကိုလည်း ဖုံးကွယ်မထားပေ။
‘’ ဆက်ပြော….’’ ဝမ်ယွီ ဖိုင်ကိုယူကာ စာချုပ်ကိုဖွင့်ဖတ်လိုက်သည်။
ချီကျန်းကျန်းကို ကြည့်နေသော အတွင်းရေးမှုးနင်သည် အလျင်အမြန်ပင် အကြည့်ကိုရုတ်သိမ်းကာ တည်ငြိမ်စွာဖြင့် ‘’ ကျွန်တော်တို့ အဆိုပြုထားတဲ့ အခြေအနေကတော့ မပြောင်းလဲပါဘူး… Baisheng ဘက်က ကျေကျေနပ်နပ်ကြီး ပေးချင်နေပါတယ်.. အဲ့ဒါကြောင် အရင်အဆိုပြုထားတဲ့အတိုင်း ရှေ့ဆက်လုပ်လို့ရပါတယ်’’
ဝမ်ယွီ ခေါင်းငြိမ့်ရင်း အစီရင်ခံစာကို ကြည့်နေသည်။
ဝမ်ယွီ၏ ပုံစံမှာ အလွန်ခန့်ညားနေသည်။ အထူးသဖြင့် အလုပ်ကို အလေးအနက်ထားပြီး လုပ်နေသည့် ဒီဝတ္တု၏ အမျိုးသားဇာတ်လိုက်သည် ကိုယ်ရောင်ကိုယ်ဝါများဖြင့် တောက်ပနေပြီဂ ထက်မြက်ပုံပေါ်နေသည်။ သူ၏ သွယ်လျသည့်လက်ချောင်းများဖြင့် စာချုပ်ကို တစ်ရွက်ချင်းစီလှန်နေသည်ကို ချီကျန်းကျန်းကြည့်ရင်း သူသည်မည်သူ့ကိုမဆို ဆွဲဆောင်နိုင်စွမ်းရှိသည်ဟု သူမ ထင်မြင်လိုက်မိသည်။
သို့သော်လည်း သိပ်မကြာခင်မှာပင် သူမ သုံးခဲ့သည့်ငွေပမာဏများကြောင့် ခေါင်းကိုက်လာကာ သူမ အရှေ့တွင်ရှိနေသော ခန့်ညားချောမောသည့် အမျိုးသားဇာတ်လိုက်ကို ဂရုမစိုက်နိုင်တော့ပေ…
သူမ ခေါင်းကိုငုံ့ကာ စိတ်ပျက်လက်ပျက်ဖြင့်…
သွားပြီ…ကုန်ပြီ….
သူမသည် ချီမိသားစုဝင်ဖြစ်ပြီး ဝမ်ယွီ သည် ချီနှင့်ဝမ်မိသားစု၏ အစီအစဉ်များကြောင့် သူတို့အရှေ့တွင် အသုံးမဝင်သလို နေခဲ့သော်လည်း ယခုအချိန်တွင် သူသည် သူမအရှေ့တွင် သူ၏စီးပွားရေးအကြောင်းကို မကွယ်ဝှက်ပဲ ပေါ်တင်လုပ်ဆောင်နေသည်။
သူ ချီကျန်းကျန်းကို လုံးဝဂရုမစိုက်သည်မှာ လုံးဝသေချာနေသည်။
သူ ဘာကိုဆိုလိုချင်တာလဲ….
ဒီတစ်နှစ်အတွင်း သူမ အသက်ကော ရှင်ပါ့ဦးမလား…
ခေါင်းကိုက်တာတွေ ခန့်ညားချောမောတာတွေကို မေ့လိုက်တော့… ချီကျန်းကျန်း ဘယ်အရာမှကို ဂရုမစိုက်နိုင်တော့ပေ။
ဟုတ်ပေသည် မည်သည့်အရာကများ သူမ အသက်ထက် ပို၍ အရေးကြီးပါမည်နည်း….
‘’ ဒီကော်ပိုရေးရှင်းအတွင်းမှာ ကျွန်တော်တို့ ယွီတင်း ကပဲ ဦးဆောင်သွားမှာဖြစ်ပြီး မြို့တော်ဥယာဉ် ရဲ့ အခြေအနေအားလုံးကို အရင်အဆိုပြုချက်အတိုင်း….’’
နှစ်ယောက်သား ထိုအကြောင်းအရာကို အလေးအနက်ပြောနေပြီး ချီကျန်းကျန်းမှာတော့ ငိုချင်စိတ်ပင် ဖြစ်ပေါ်နေမိသည်။
Big Boss ရေ ကျေးဇူးပြုပြီးတော့ ဆက်မပြောပါနဲ့တော့လား…
ကျွန်မ တကယ်ကိုပဲ မသိချင်ပါဘူး ပြီးတော့ အဲ့ဒါတွေကိုလဲ မကြားချင်တော့ဘူး…..
သူမ စိုးရိမ်စွာဖြင့် မငြိမ်မသက်ဖြစ်နေသည်ကိုကြည့်ပြီး ဝမ်ယွီ လက်မြှောက်ကာပြလိုက်သည်နှင့် အတွင်းရေးမှုးနင်သည် ချက်ချင်းပင် ပါးစပ်ပိတ်လိုက်သည်။
ဝမ်ယွီ ချီကျန်းကျန်းကိုကြည့်ပြီး ‘’ ဘာဖြစ်လို့လဲ…’’
ချီကျန်းကျန်း အသက်ပြင်းပြင်းရှုလိုက်ပြီး တတ်နိုင်သလောက် အတင်းရအောင် ပြုံးလိုက်ကာ တုန်ခါနေသည့်လေသံနှင့် ‘’ အမ်… ရှင် အလုပ်ဆက်လုပ်လိုက်ပါ… ကျွန်မ အရင်ပြန်နှင့်လိုက်မယ်လေနော်…’’
ထို့နောက် ဝမ်ယွီ၏ တုန့်ပြန်မှုကိုမစောင့်ဘဲ သူမ၏ဒေါက်ဖိနပ်ကိုပင် အားမနာကာ အားကစားဖိနပ်ဖြင့် ပြေးလွားသကဲသို့ အပြေးအလွှားထွက်သွားတော့သည်။
သူမ ထွက်သွားသည့်နောက်သို့ ဝမ်ယွီကြည့်လိုက်မိပြီး ပထမတွင် သူကြောင်အသွားသည်။ ထို့နောက် သူ၏မျက်ဝန်းထဲတွင် အပြုံးတစ်ချို့ဖြတ်သန်းသွားပြီး
‘’ သွားရအောင်… ကုမ္ပဏီကိုပဲ ပြန်ကြတာပေါ့’’
အတွင်းရေးမှုးနင် ‘’ နောက်မှလုပ်လို့မရတဲ့အရာတွေရှိတယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား… စာချုပ်ချုပ်ဖို့အတွက် ကုမ္ပဏီကိုတောင်မသွားပဲ ကျွန်တော့်ကို ဒီယူလာခိုင်းတာမဟုတ်ဘူးလား… အရေးကြီးတာလုပ်စရာရှိလို့ ဒီမှာပဲ လုပ်မယ်လို့ပြောလိုက်တာမဟုတ်ဘူးလား…’’
ဝမ်ယွီ ဓါတ်လှေကားဆီသို့ လျောက်သွားရင်း ‘’ အခုအဆင်ပြေသွားပြီ’’
အတွင်းရေးမှုး နင် ‘’ …..’’