Part 20
ချီကျန်းကျန်း အပြင်ထွက်လာပြီးနောက် လူသွားလူလာများသည့် လမ်းတစ်ခုပေါ်သို့ရောက်လာသည်။
အချိန်အတော်လေးနောက်ကျနေပြီ ဖြစ်သော်လည်း လမ်းပေါ်တွင် လူများသွားလာနေကြသေးသည်။ အလုပ်သွား အလုပ်ပြန်သူများ… စုံတွဲများ နှင့် အေးအေးလူလူလမ်းလျောက်ရင်း ဈေးဝယ်ထွက်နေသည့် သူများကို တွေ့ရသည်။
သူမ လမ်းအမြန်လျောက်လိုက်သည့်အတွက် အနည်းငယ်ပင်ပန်းနေပြီး သူမနားတွင်ရှိသည့် ထိုင်ခုံတစ်ခုပေါ်တွင် ထိုင်လိုက်သည်။
သူမ ရေပန်းကို ဗလာကျင်းနေသည့် အကြည့်များဖြင့် ကြည့်လိုက်သည်။
သူမ တွင် အစီစဉ် ၂ ခုရှိသည်။ တစ်ခုမှာ ချီအိမ်သို့ပြန်ရန်ဖြစ်သည်။ သူမ ထွက်လာပြီးမှ ယခုအချိန် ပြန်မည်ဆိုလျင် ရှက်စရာကောင်းပေလိမ့်မည်။
ဒီညအတွက် တည်းခိုဖို့ရာ ဟိုတယ်တစ်ခုခုရှိနိုင်သည်။
သို့သော် သူမ အိုင်ဒီကတ်ယူလာရန် မေ့ခဲ့လေသည်။
အာယာ… သနားစရာကောင်းလိုက်တဲ့ ဘဝပါလား
ချီကျန်းကျန်း အချိန်အတော်ကြာထိုင်နေပြီး ဘာလုပ်ရမည်ကို သူမ မသိတော့ပေ။
ထိုအချိန်တွင် သူမနှင့်ရင်းနှီးသည့်အသံတစ်ခု ကြားလိုက်ရသည်။
‘’ သရဲပဲသိလိမ့်မယ်… ငါ အရမ်းစိတ်တိုနေတာ… ငါအိမ်မပြန်ချင်ဘူး… အိမ်ကနေ ထွက်ပြေးလိုက်ချင်တော့တာပဲ’’
‘’ ငါဘယ်မှာလဲဆိုတာ သွားမပြောနဲ့… သူတို့ စိတ်ပူနေပလေ့စေ…’’
‘’ ငါဘာလို့ စိတ်မဆိုးရမှာလဲ.. အဲ့ဒါ အကိုရိရန်နဲ့ ချီကျန်းကျန်းကြောင့်ပဲလေ… အကိုရိရန်က ငါ့ကိုကြည့်တောင်မကြည့်ပါဘူး… အကြီးဆုံးအဒေါ်ပေါ့… ‘’
‘’ ငါ ရှုဝေကို တကယ်မုန်းတယ်.. ဟုတ်တယ်… စိတ်အနှောက်အယှက်အဖြစ်ဆုံးကတော့ ချီကျန်းကျန်းပဲ… သူမ ငါနဲ့ မတွေ့စေနဲ့ .. တွေ့လို့ကတော့ အသေသတ်ပစ်မယ်’’
အိမ်မှထွက်ပြေးလာသော ဝမ်စီစီသည် ဖုန်းကိုကိုင်ထားရင်း ပျော်ရွှင်စွာဖြင့် ကျိန်ဆဲနေစဉ် တစ်စုံတစ်ယောက်မှ သူမ ပုခုံးအား ပုတ်လိုက်သည်။
ဝမ်စီစီ ပုခုံးကိုလှုပ်ခါလိုက်ပြီး ဒေါသတကြီးဖြင့် ‘’ ငါ့ကို လာမထိနဲ့..’’
‘’ ချီကျန်းကျန်း အဲ့ဒီ ကောင် xxxx တကယ်ကို သောက်ရမ်းအမြင်ကတ်ဖို့ကောင်းတယ်… ကားအက်စီးဒင့်ဖြစ်ပြီးတဲ့နောက်ပိုင်း သူမကိုယ်သူမ ထိန်းသိမ်းနိုင်မယ်လို့ထင်ခဲ့တာ အခုဆို ငါ သူ့ကို ပိုတောင်မုန်းနေပြီ… ငါ တကယ်ကို….’’
ဝမ်စီစီ နောက်တစ်ကြိမ် အပုတ်ခံလိုက်ရပြန်သည်။
ဝမ်စီစီ ဒေါသတကြီးဖြင့် တဖက်သို့လှည့်ကာ ကျိန်ဆဲလိုက်သည် ‘’ ဘာဖြစ်နေတာလဲ.. ဒီမှာဖုန်းပြောနေတာ မမြင်ဘူးလား… မျက်လုံးကန်းနေလား…’’
ပြောနေရင်း သူမ အသံရပ်တန့်သွားသည်။
သူမ အရှေ့တွင် ချီကျန်းကျန်းသည် တောက်ပစွာပြုံးနေသည်။
ဝမ္စီစီ ‘’ ….. ‘’
ချီကျန်းကျန်း ‘’ အိမ်ကနေထွက်ပြေးလာတာလား.. တိုက်ဆိုင်လိုက်တာ .. ငါကောပဲ’’
ဝမ္စီစီ… ‘’ ….’’
‘’မြန်မြန်လေး.. အခန်းတစ်ခန်းသွားယူလိုက်’’ ချီကျန်းကျန်း တိုက်တွန်းလိုက်သည်။
ဝမ်စီစီ သူမကို သတ်ချင်စိတ်ဖြင့် ‘’ မယူဘူး ဘာလို့နင့်စကားနားထောင်ရမှာလဲ…’’
‘’ တကယ်လို့ နင်သာမလုပ်ဘူးဆိုရင်.. နင်ဒီမှာရှိတယ်ဆိုတာ ဝမ်မိသားစုကို ငါပြောလိုက်မယ်.. ပြီးတော့ နင်က ငါ့ဆီလာပြီး ငါ့ကိုရိုက်ဖို့လုပ်နေတယ်လို့ပါ တိုင်ပြောမယ်’’
ချီကျန်းကျန်း အပြုံးလေးဖြင့် ချိန်းခြောက်လိုက်သည်။
ဝမ်စီစီ ‘’ နင်..သောက်ရူး….’’
‘’ဟမ့်.. နိုင်ငံကြီးသားပီသတဲ့သူတွေက မကောင်းတဲ့စကားတွေ မပြောဘူး.. သွား အခန်းသွားယူလို့က်’’ ချီကျန်းကျန်း သူမကိုတွန်းလိုက်သည်။
ဝမ်စီစီ တစ်ယောက် ပါးစပ်အတွင်းမှ သွေးများအန်လုမတတ်ပင်။
သူမ ချီကျန်းကျန်းကို ဆွဲထုတ်လိုက်ပြီး ဒေါသတကြီးဖြင့် စာရေးဆီသို့သွားကာ သူမ အိုင်ဒီကတ်ကို ထုတ်လိုက်ပြီး ‘’ အခန်းတစ်ခန်း’’
သိပ်မဝေးသောနေရာမှ တည်ငြိမ်သော အမူအယာဖြင့် ချီကျန်းကျန်း စောင့်ကြည့်နေသည်။
သွေးအန်မတွက်ဒေါသထွက်နေသော ဝမ်စီစီကိုကြည့်ပြီး ချီကျန်းကျန်း အလွန်ကျေနပ်နေလေသည်။
ဒီနေ့ အတော်လေးကံကောင်းနေတာပဲ… ကမ္ဘာကြီးက အကြီးကြီး , မြို့ကြီးကလဲ အကြီးကြီးကိုမှ သူမ ဘာလုပ်ရမှန်းမသိတော့တဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် အိမ်ကပြေးလာတဲ ဝမ်စီစီနဲ့ တွေ့ရတယ်လို့….
သူမတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ယှဉ်ပြိုင်နေလေ့ရှိပြီး သူမတို့အသိုင်းအဝိုင်းထဲတွင် သူမတို့နှစ်ယောက်သည် ပြိုင်ဘက်အဖြစ် နာမည်ကြီးသည်။
ချီကျန်းကျန်းသည် ဝမ်စီစီအကြောင်းတွေးလိုက်မိပြီး သူမ အတွေးထဲတွင် ထိုမိန်းကလေးသည် သူမကဲ့သို့ပင် မာနကြီးကာ မောက်မာတတ်သော်လည်း အန်းချင်ယု ကဲ့သို့မဟုတ်ပေ။
သူမတို့နှစ်ယောက်တိုက်ခိုက်ချိန်တိုင်း မည်သည့်လှည့်ကွက်မှ မပါဝင်ပေ။
ဟုတ်ပါသည်။ ထိုအရာသည် သူတို့နှစ်ဦး၏ ဉီးနှောက်ချို့တဲ့မှု့လည်း ပါပေလိမ့်မည်။
ဝမ်စီစီတွင် အိုင်ဒီကတ်တစ်ခုတည်းသာ ပါသည့်တွက် နှစ်ယောက်ခန်းကို ယူလိုက်သည်။ သူမ ဒေါသတကြီးဖြင့် အပေါ်ထပ်သို့တက်သွားပြီး အနောက်မှ ချီကျန်းကျန်းသည် တည်ငြိမ်စွာဖြင့် လိုက်သွားသည်။
ဓါတ်လှေကားထဲတွင် ဝမ်စီစီတစ်ယောက် ချီကျန်းကျန်းကို ကျိန်ဆဲပြန်သည်။ ‘’ ချီကျန်းကျန်း နင့်ဦးနှောက်ပျက်သွားတာလား… ငါနင်နဲ့ စာရင်းမရှင်းရသေးဘူးနော်… နင်ကိုယ်တိုင် တံခါးခေါက်ပြီး ငါ့ဆီရောက်လာတာပဲ.. ဒီနေ့ည ငါနင့်ကိုသတ်လိုက်မှာ မကြောက်ဘူးလား…’’
ချီကျန်းကျန်း ဒေါက်မြင့်ဖိနပ်စီးထားသည့်အတွက် ဝမ်စီစီထက် အရပ်ပိုမြင့်နေသည်။ ထိုအချိန်တွင် သူမ မျက်လုံးကိုအောက်သို့အသာလေးကြည့်လိုက်ပြီး အပြုံးလေးဖြင့် ‘’ နင် ငါ့ကို မရိုက်နိုင်ပါဘူး’’
ဝမ္စီစီ ‘’ …..’’
ဝမ်စီစီ ဒေါသထွက်လွန်း၍ မျက်နှာများ နီရဲလာကာ သူမကို ခါးခါးသီးသီး စိုက်ကြည့်လိုက်ပြီး ‘’ ချီကျန်းကျန်း .. ငါနဲ့နင် ဘယ်တော့မှ ပြီးမှာမဟုတ်ဘူး’’
ချီကျန်းကျန်း သူမကို လျစ်လျူရှုလိုက်ပြီး အခန်းဆီသို့လျောက်သွားလိုက်ကာ ‘’ တံခါးဖွင့်…’’
ဝမ်စီစီ ဒေါသအလွန်ထွက်ကာ ခဏအတွင်း ပေါက်ကွဲမတတ်ဖြစ်လာသည်။
သူမ ချီကျန်းကျန်းဆီသို့ ကတ်ကို ပစ်ပေးလိုက်ပြီး ‘’ ငါ ခွေးအကိုက်ခံလိုက်ရတာ.. ဂုဏ်သိက္ခာရှိတဲ့ ချီမိသားစုက အခန်းလေးတောင် မယူနိုင်ဘူး.. ရှက်စရာကြီး’’
ပြောပြီးနောက် လှည့်ထွက်ရန်ပြင်လိုက်စဉ် ချီကျန်းကျန်းမှ သူမလက်အား ဆွဲလိုက်ပြီး ‘’ နင်ငှားထားတဲ့အခန်းမှာ နေရမယ်လေ… မကြောက်ပါနဲ့ ငါနင့်ကို ကိုက်မစားပါဘူး’’
သူမတွင် ဘာမှမရှိပေ… အကယ်၍ ဝမ်စီစီကိုသာ လွှတ်ပေးလိုက်ပါက သူမ ဘာဆက်လုပ်ရမည်နည်း…
ဝမ်စီစီ ‘’ ချီကျန်းကျန်း… ငါ နင့်ကိုသတ်မိတော့မယ်’’
‘’ လူ့အဖွဲ့အစည်းမှာ ဥပဒေတွေနဲ့ သတ်မှတ်ထားတယ်… အားတိုင်းလူသတ်မနေပါနဲ့’’ ချီကျန်းကျန်း ကတ်ကိုယူကာ အခန်းတံခါးဖွင့်လိုက်သည်။
အခန်းထဲဝင်ပြီးနောက်… သူမ ခေါင်းကိုလှည့်ကာ ‘’ မဝင်လာဘူးလား… နင်ဝင်မလာရင် ငါ့ကိုကြောက်တယ်လို့ သတ်မှတ်လိုက်မှာနော်’’
‘’ ဘယ်သူကကြောက်နေလို့လဲ…’’ ဝမ်စီစီ ဝင်လာပြီး တံခါးကိုဆောင့်ပိတ်လိုက်ကာ ‘’ ဟာသပဲ… ငါက နင့်ကိုကြောက်ရမှာလား.. ချီကျန်းကျန်း နင်က ယောကျာ်းတစ်ယောက်ဆီက ရှုံးနေတဲ့သူပဲ… နင် ငါ့ကို မရိုက်နိုင်ပါဘူး’’
ချီကျန်းကျန်း သူမနှင့်နောက်တစ်ခေါက်ထပ်မပြောချင်တော့ပေ။ သူမလက်ကိုဆန့်ထုတ်လိုက်ပြီး ‘’ ဖုန်း ‘’
စိတ်ဆိုးနေသော ဝမ်စီစီ ‘’ ဘာလဲ ‘’
‘’ ငါ့ကိုဖုန်းပေး… ဗိုက်ဆာလို့သေတော့မယ် တခုခုမှာမလို့’’
ဝမ်စီစီ သူမနားကို သူမ မယုံနိုင်ဖြစ်သွားသည်။