အပိုင်း ၂၁
Viewers 26k

part 21


ချီကျန်းကျန်းတစ်ယောက် အစားအစာမှာရန် သူမ ဖုန်းကိုငှားယူနေသည်ကို ဝမ်စီစီ ကြည့်ရင်း ချီကျန်းကျန်း ဦးနှောက်တစ်ခုခုဖြစ်သွားသည်ဟု သူမ တွေးလိုက်မိသည်။


သူမ မျက်လုံးများ ဝိုင်းစက်သွားကာ သွားများကိုကြိတ်လျက် ‘’ ဘာလို့လဲ… ဘာလဲ…’’


‘’ နင် ဒီမှာရှိနေတယ်လို့ ငါ ဝမ်အိမ်ကို ပြော…’’ 


ချီကျန်းကျန်း ပြောလိုက်သည်။


‘’ ဘန်း..’’ သွေးအန်မတတ်ဖြစ်နေသော ဝမ်စီစီ တစ်ယောက် ချီကျန်းကျန်းဆီသို့ ဖုန်းပစ်ပေးလိုက်ကာ ဒေါသတကြီးဖြင့် အိမ်ယာပေါ်တွင်ထိုင်နေရင်း အသက်ပြင်းပြင်းရှုနေလေသည်။


ချီကျန်းကျန်း ဖုန်းယူလိုက်ကာ ဖွင့်ရန်ကြံလိုက်စဉ် လက်ဗွေရာလိုသည့်အတွက် ဝမ်စီစီ လက်ကိုဆွဲလိုက်ပြီး လောခ့်ဖွင့်လိုက်သည်။ တဖက်မှ ဝမ်စီစီသည် မယုံနိုင်လောက်သည့် ပြူးကျယ်သောအကြည့်များဖြင့် ချီကျန်းကျန်းကို အော်ဟစ်လိုက်သည်။ 


‘’ ချီ…ကျန်း…ကျန်း…’’


လူလည်ကျလွန်းနေပြီ…


ချီကျန်းကျန်းတစ်ယောက် အစားအစာအတွက် နေရာအတည်တကျပြောပြီးသည့်နောက် ဝမ်စီစီကို ဖုန်းပြန်ပေးလိုက်ကာ ‘’ တိတ်တိတ်နေစမ်းပါ… တခြားသူတွေကို မနှောက်ယှက်နဲ့… နင်ပြောတာအကုန် ငါကြားရတယ်… ဟုတ်ပြီလား’’


‘’ နင်… နင်…’’ 


ဝမ်စီစီ ဒေါသထွက်လွန်း၍ မျက်နှာတစ်ခုလုံး ဖြူဖျော့လာကာ စကားတခွန်းမှ မပြောနိုင်တော့ပေ။


ချီကျန်းကျန်း တီဗီဖွင့်လိုက်ပြီး ဖိနပ်ကိုကန်ချွတ်လိုက်ကာ ပျင်းရိပျင်းတွဲဖြင့် ဆိုဖာပေါ်တွင်ထိုင်လိုက်သည်။ ထို့နောက် ဝမ်စီစီကိုကြည့်လိုက်ရင်း ‘’ အရမ်းကြီး ဒေါသထွက်မနေနဲ့လေ… နင်သာ နေမကောင်းဖြစ်ရင် ဘယ်သူမှ အစားထိုးဖျားပေးမှာ မဟုတ်ဘူး’’


ဝမ္စီစီ ‘’ ….. ‘’


ထိုစဉ် တီဗီမှ အသံထွက်လာပြီး ခွေးသွေးဒရာမာ ဇာတ်လမ်းတွဲကို ပြသနေသည့်အတွက် ချီကျန်းကျန်း စိတ်ဝင်တစားဖြင့် ကြည့်လိုက်သည်။


ဝမ်စီစီ ဒေါသအလွန်ထွက်လာကာ အိပ်ယာပေါ်သို့ ဖုန်းကိုပေါက်လိုက်သည့်အတွက် ဖုန်းစခရင်ပေါ်တွင် အမည်းရောင်များပေါ်လာတော့သည်။


…………


ချီအိမ်တွင်


ချီကျန်းကျန်း ထွက်သွားပြီးနောက် ချီယန် အန်းချင်ယုကို အေးစက်စွာဖြင့် မေးနေသည်။


‘’ အဲ့နေ့က ဘာတွေဖြစ်ခဲ့တာလဲ…’’


အန်းချင်ယု ပါးစပ်ဖွင်လိုက်စဉ် သူမ မျက်လုံးအစုံမှာ နီရဲလာသည်။


သူမ အကြည့်ကို တင်းရိကျွင်းဆီသို့ ရွေ့လိုက်ချိန် တင်းရိကျွင်းသည်လည်း သူမကို ရှုပ်ထွေးစွာဖြင့် စိုက်ကြည့်နေလေသည်။


အကြောင်းပြချက်များမည်မျှပင်ရှိနေပါစေ… အကျိုးအမြတ် မည်မျှပင်ရှိနေပါစေ… သူမသည် ဝမ်ရိရန်နှင့်ပတ်သတ်နေပါစေ… အန်းချင်ယုနှင့် ဝမ်ရိရန်သည် ချီကျန်းကျန်းနှင့်ဝမ်ရိရန်တို့ စေ့စပ်ပွဲစတင်ကတည်းက ပတ်သတ်မှုများရှိနေခဲ့သည်။


တင်းရိကျွင်ကိုယ်တိုင်ပင် သံသယဝင်လာမိသည်။


သူမ၏ တူမအရင်းပြောခဲ့သည်မှာ သူမ မရည်ရွယ်ခဲ့ဘူး ဟု၍ပင်…


‘’ အဲ့နေ့က… အကိုရိရန်က သမီးကိုတွေ့ချင်ခဲ့တယ် သမီးလဲ သူနဲ့ ရှင်းရှင်းလင်းလင်းဖြစ်ချင်လို့ သဘောတူခဲ့တယ်… ဒါပေမယ့် သမီး အကိုရိရန်ကို ငြင်းနေတဲ့အချိန်မှာပဲ အစ်မ ကျန်းကျန်းဝင်လာခဲ့တယ်… သူမက သမီးကို ဒေါသတကြီးနဲ့ ပါးရိုက်လိုက်ပြီးပြောတယ်… သူမက ဒီလက်ထပ်စာချုပ်ကို ဖျက်သိမ်းတော့မယ်တဲ့… သမီးတို့လဲ တားမရပဲ အစ်မကျန်းကျန်း ဒေါသတကြီးနဲ့ ထွက်သွားပြီးတဲ့နောက် ကားအက်စီးဒင့်ဖြစ်သွားခဲ့တာပါပဲ’’ ပြောရင်းဖြင့် အန်းချင်ယု မျက်ရည်များဝဲလာသည်။


ရှင်းပြချက်သည် ကျိုးကြောင်းဆီလျော်သည့်အတွက် တင်းရိကျွင်းမျက်ဝန်းမှ သံသယများ ပျောက်ရှသွားသည်။


အန်းချင်ယုသည် တင်းရိကျွင်း မျက်စိအောက်မှာတင် ကြီးပြင်းလာသည်။ ဒီမိန်းကလေးသည် ငယ်ငယ်ကတည်းက အလွန်ချစ်ဖို့ကောင်းသည်။ သူမသည် တခြားသူများအတွက် စံပြ ကလေးဖြစ်သည့်အပြင့် တင်းရိကျွင်းကိုလဲ ကပ်တွယ်တတ်သောကြောင့် အမြဲ ထိုကလေးမကို သဘောကျချစ်ခင်ခဲ့သည်။


ထို့ကြောင့် သူမ အမြဲ အန်းချင်ယုကို ယုံကြည်ခဲ့သည်။


သို့သော်လည်း ချီယန် အတွက်တော့ မဟုတ်ပေ။ ဝမ်ယွီ၏ စကားများသည် သူ့အပေါ်တွင် သက်ရောက်ခဲ့သည်။ ထိုအချိန်တွင် ချီကျန်းကျန်း အပေါ်လုပ်မိသည့် သူ၏အပြစ်ကို သိသွားပြီး အန်းချင်ယု၏ စကားများကို ဆင်ခြင်တုံတရားဖြင့် တွေးတောလာနိုင်သည်။


ချီယန်သည် အလုပ်အလွန်များသည်။ သူ့တွင် နေ့စဉ်လုပ်ရမည့် အလုပ်ပေါင်းများစွာရှိသည်။ ထို့ကြောင့် သူ၏ကလေးများနှင့် တခြားသူများအပေါ်တွင် သိပ်အများကြီး မတွေးပေးနိုင်ပေ။


ချီကျိုးချန်သည် ချီမိသားစု၏ အမွေဆက်ခံသူဖြစ်သောကြောင့် သူ၏ အားလပ်ချိန်တွင် ချီကျိုးချန်ကို ပြုစုပျိုးထောင်ပေးခဲ့သော်လည်း ချီကျန်းကျန်းကိုမူ အနောက်တွင်ချန်ထားခဲ့မိလေသည်။


သူမသည် မကြာခဏ အန်းချင်ယုကြောင့် အရှက်ရခဲ့ပြီး အန်းချင်ယုကို သဘောမကျပေ။ သူမသည် အနည်းငယ် မောက်မာသည်ဟု ချီယန် အရင်က ထင်မြင်ခဲ့သည်။


အရည်ချင်းပြည့်မီသော စီးပွားရေးလုပ်ငန်းရှင် တစ်ဦးအနေဖြင့် အကျိုးစီးပွားအတွက် များပြားလှသော အရာများကို သူ စွန့်လွှတ်နိုင်သည်။


ဥပမာအားဖြင့် ချီကျန်းကျန်း၏ မကျေနပ်မှုများနှင့် ဒေါသများကို သူ လျစ်လျူရှုနိုင်သည်။


အကျိုးစီးပွားအတွက်သာဆိုရင် ချီကျန်းကျန်းသာမက သူ၏ ကိုယ်ပိုင် မကျေနပ်ချက်များနှင့် ဒေါသများကိုပါ လျစ်လျူရှုနိုင်သည်။


ထို့ကြောင့် ဝမ်ရိရန်တစ်ယောက် အန်းချင်ယုကိုသာ အသိပြုသည့်အတွက် အန်းချင်ယုနှင့်ပတ်သတ်ပြီး ခင်မင်ရင်းနှီးရာတွင် မည်သည်အမှားအယွင်းမှ ရှိမနေဟု သူ့ဘက်မှ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။


ထို့အပြင့် အန်းချင်ယုသည် ချီမိသားစုဘက်မှဖြစ်သည်။


သို့သော် ဝမ်ယွီ ပြောလိုက်ချိန်တွင်တော့ သူ့ဘက်မှ မှားယွင်းနေသည်ဟု ချီယန် မြင်မိသွားသည်။


သူ အေးစက်စွာဖြင့်ပြောလိုက်သည် ‘’ ကျန်းကျန်း ကားအက်စီးဒင့်ဖြစ်တဲ့နေ့ကတည်းက ဝမ်ရိရန်နဲ့ ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးသားဆိုရင် ဘာဖြစ်လို့ ဝမ်ရိရန်ဘက်က မရှင်းလင်းသေးတာလဲ… ကျန်းကျန်းရှိတဲ့ ဆေးရုံခန်းထဲမှာတောင်မှလေ…’’


သူ သူမကို အေးစက်စွာဖြင့်ကြည့်လိုက်သည်။ ထို့အချိန်တွင် သူ၏ထက်မြက်သော မျက်ဝန်းထဲတွင် အရာအားလုံးကို ထွင်းဖောက်မြင်လိုက်ရသည်။


အန်းချင်ယု ‘’ သမီး… သမီးက အစ်မ ကျန်းကျန်းကို တွေ့ချင်လို့ပါ… အဲ့ဒါကလေ… အကိုရိရန်… သူ… သူ့ကို သမီးချစ်တယ်.. အဲ့ဒါကြောင့် သမီး မတတ်နိုင်…’’


အရာအားလုံးကို ဝမ်ရိရန်ဆီသို့ ပုံချလိုက်ပြီး ဆက်မပြောတော့ပေ။


သို့သော်လည်း အတိတ်ကလို သူမ လှည့်စားလို့ မရတော့ပေ။ ချီယန် မရှိချိန်တွင် တင်းရိကျွင်းကို သူမ အပျော့ဆွဲလေးဖြင့် နားချနိုင်သော်လည်း လုပ်ငန်းတစ်ခုလုံးကိုလည်ပတ်အောင် ဦးဆောင်နေသည့် ချီယန်လိုလူမျိုးကိုတော့ အရူးလုပ်ရန် ခက်ခဲပေလိမ့်မည်။


‘’ အဲ့တော့ နင် နေ့တိုင်းအဲ့ကိုသွားတယ်ပေါ့… အဲ့ဒါက ငြင်းဆန်တဲ့သဘောလား…’’ ချီယန် မျက်ဝန်းများ ပို၍အေးစက်လာသည်။


‘’ သ…သမီး’’  အန်းချင်ယု စိတ်ထဲ ရှုပ်ထွေးလာသည်။ ထိုခဏတွင် မည်သို့ ပြန်ပြောရမှန်း သူမ မသိတော့ပေ။


ထိုအချိန်တွင် ချီကျိုးချန် ပြန်ရောက်လာသည်။


သူက စိတ်မရှည်သည့် လေသံဖြင့် ‘’ ချီကျန်းကျန်း သွားပြီ… ကျွန်တော် သူ့ကိုရှာလို့မတွေ့ဘူး… ဒရိုက်ဘာကို နောက်တစ်ခေါက်ထပ်ရှာခိုင်းထားပြီး ကျွန်တော် အိမ်ကိုအရင်ပြန်လာလိုက်တယ်… အရမ်းအိပ်ချင်နေပြီ’’


တင်းရိကျွင်း စိတ်ပူစွာဖြင့် ‘’ ကျန်းကျန်းက ဘယ်ကိုသွားတာလဲ… သူမ ဖုန်းကပျက်နေပြီး အိုင်ဒီကတ်လဲ မပါသွားဘူး… သူမ ဘယ်ကိုသွားနိုင်မှာလဲ… မဖြစ်သေးဘူး… ငါကိုယ်တိုင် သွားပြီးရှာမှဖြစ်မယ်’’


ချီယန်လည်း စိုးရိမ်သွားကာ မတ်တပ်ရပ်လိုက်ပြီး လက်ကိုကာလိုက်သည် ‘’ မင်းအိမ်မှာပဲစောင့်နေ… သူမ သွားစရာနေရာမရှိဘူးဆိုရင် ပြန်လာလိမ့်မယ်… ကိုယ် တစ်ယောက်ယောက်ကို လွှတ်ပြီး ရှာခိုင်းလိုက်မယ်’’


သူ့အကြည့်များ အန်းချင်ယု ထံသို့ပြောင်းသွားပြီးနောက် ချီကျိုးချန်ကို ဆက်ကြည့်လိုက်သည်။


ထိုနောက် ချီယန်ပြောလိုက်သည် ‘’ အန်းချင်ယု … ပြီးခဲ့တဲ့နှစ်တွေမှာ ဘယ်သူက မင်းကို ပြုစုစောင့်ရှောက်ခဲ့တယ်ဆိုတာကို မမေ့နဲ့… ကျန်းကျန်းက ငါ့ရဲ့သမီးအရင်းပဲ… နင့်ရဲ့ မဟုတ်တဲ့အတွေးတွေကို ဘေးဖယ်ထားရင် ကောင်းမယ်’’


ချီယန်ပြောပြီးသည်နှင့် အပေါ်ထပ်သို့တက်သွားလိုက်သည်။