Chapter 26
Viewers 2k

>ဇာတ်လိုက်လား? ငါသူ့ကို မလိုချင်ပါဘူး > Ch 26


"ဘာပြောလိုက်တာ..."

ရုတ်တရက် ဘာဖြစ်သွားတာလဲ။ ချစ်သူတွေလား။ ဘယ်သူနဲ့လဲ။ဒီအစေခံ သုံးယောက်ထဲက နှစ်ယောက်က ချစ်သူတွေ ဖြစ်သွားခဲ့တာများလား။

ရိုယာသည် ၎င်းက အစေခံများကြားရှိ ဆက်ဆံရေးကို ဂုဏ်ပြုသည့် ပါတီဖြစ်နိုင်သည်ဟု ရယ်စရာကောင်းသော ကောက်ချက်ကိုဆွဲလိုက်ပြီး အဖြစ်မှန်ကိုရှောင်ရှားရန် ကြိုးစားခဲ့လိုက်သည်။

မျှော်လင့်ထားသည့် တုံ့ပြန်မှုဟု ထင်ရသည့်အတိုင်း ဘယ်ရွန်မြို့စားသည် ရိုယာ၏စကားကို ရယ်မောကာ ပြန်တုံ့ပြန်ခဲ့သည်။

"ဒါက ငါ့သမီး လူနာ နဲ့ သခင်လေးအန်းသန့်စ်တို့ရဲ့ ဆက်ဆံရေးအကြောင်းလေ။ ဒီနေ့ကစပြီးတွဲနေကြပြီ!"

ရိုယာသည် သံတူကြီးနှင့်ထုခံရသလိုခံစားလိုက်ရသည်။

ချိန်းတွေ့နေကြတာလား။အပြန်အလှန် အကျိုးစီးပွား သက်သက် မဟုတ်ဘူးလား။ ဒါ့ထက် ဒီမျိုးမစစ်လေးက တစ်စုံတစ်ယောက်အပေါ် ဒီလိုခံစားချက်မျိုးတောင် ရှိနိုင်လို့လား။

အထူးသဖြင့် ပဲလ်မိသားစု၏သမီးတစ်ယောက်အပေါ်မှာ... သူမသည် ဖယ်ဆန်နှင့် ဆက်ဆံရေးအချို့ရှိနေကြောင်း သူသတင်းကြားဖူးလေသည်။

သေချာတာပေါ့ ဘယ်ရွန်မြို့စားပြောသလောက်ဆိုရင် ဖယ်ဆန်နှင့်သူမကြားဒီလိုမျိုး ဆက်ဆံရေးမျိုး မဟုတ်ဘူးလို့ ဆိုပေမယ့်လို့ပေါ့...

ရိုယာသည် စိတ်ထဲတွင် မိုးကြိုးအတောင့်လိုက်ပစ်ခံရသလိုခံစားလိုက်ရသည်။ ဘာသတင်းပဲဖြစ်ဖြစ် အမြဲ ခံနိုင်ရည်ရှိခဲ့သော သူသည် အန်းသန့်စ်၏ ချိန်းတွေ့ခြင်းသတင်းအပေါ် မယုံနိုင်ဖြစ်သွားရသည်။

"အစကတော့ ငါရောပဲ အံ့သြသွားတာ။ ဘဝမှာ ယောက်ျားလေးသူငယ်ချင်းဆိုလို့တစ်ယောက်ပဲရှိခဲ့တဲ့ လူနာက ရည်းစားတစ်ယောက်ရှိသွားတယ်ဆိုတော့လေ။ လူကိုယ်တိုင် မမြင်ရရင် ယုံမှာမဟုတ်ဘူး"

"ဒီအတွက်တော့ စိတ်မပူပါနဲ့"

"အဲ့လိုမဟုတ်ပါဘူး။ ငါက အံ့သြသွားရုံပါ။ ဒါပေါ့ အန်းသန့်စ်နဲ့ လူနာက ဘာပြဿနာမှမရှိဘဲ ဒီလိုအတူတူလက်တွဲသွားမယ်ဆိုရင် ဒါထက်ပိုကောင်းတာမရှိလောက်တော့ဘူး"

ထို့နောက် အန်းသန့်စ်သည် ငြင်းမခုံလာဘဲ ယဉ်ကျေးစွာ ပြုမူခဲ့ပြီး ထူးဆန်းသော အပြုံးကိုပင် ပြလာခဲ့သည်။ထို့အပြင် မိဘများနှင့်တောင် တစ်ခါမှမသုံးခဲ့ဖူးသည့် ရိုသေသမှုပြုစကားများကို သုံးခဲ့သေးသည်။

မဟုတ်သေးဘူး အဲ့ဒါထက် သူက ရိုသေသမှုပြုစကားကို သုံးနိုင်တာလားဟ!

တစ်ချိန်က ဖယ်ဆန်ကို ဒေါသထွက်ပြီးသေအောင် ရိုက်ခဲ့တဲ့သူက၊ မြို့စားကြီးကို အလွတ်သဘောစကားနဲ့ပြောဆိုပြီး ကျိန်ဆဲခဲ့တဲ့သူကလေ!

ဟုတ်ပါသည်၊ ဒါတွေက အတိတ်က အရာများဖြစ်ပြီး လေထုက နည်းနည်းတော့ ကွဲပြားပေမယ့် သူ အန်းသန့်စ်ကိုနောက်ဆုံးအကြိမ်တွေ့ခဲ့တုန်း‌ကတောင် အမူအကျင့် လုံးဝကင်းမဲ့နေသည့် သူကတော့ ဒီလိုမျိုးဆိုတော့....

အမျိုးမျိုးသောတုန်လှုပ်ချောက်ချားမှုများကြောင့် ရိုယာသည် ညဘက်တိုင်းတွင် အန်းသန့်စ်အနာဂတ်နှင့်ပတ်သက်ပြီးစိုးရိမ်ပူပန်မှုများစွာဖြင့် အိပ်စက်ရလေ့ရှိသော မားကွစ်မြို့စားနှင့်သူ၏ဇနီး ကိုသွားသတိရမိသွားသည်။

သူလည်း အတူတူပင်။ အန်းသန့်စ်၏အနာဂတ်အတွက် စိုးရိမ်သလို ထိုကိစ္စများကိုလိုက်ဖြေရှင်းရမည့် ကိုယ့်အနာဂတ်ကိုယ် လည်းစိုးရိမ်မိသည်။

"လေဒီလူနာ ထက်မြက်ပြီး လိမ္မာပါးနပ်တဲ့သူပါ။ကျွန်တော် မဟုတ်တာလုပ်ချင်ရင်တောင် လုပ်နိုင်မှာ မဟုတ်ဘူး"

"ဟားဟား! အန်းသန့်စ်က ငါတို့ရဲ့ လူနာကို ဒီလိုမျိုး အကဲဖြတ်တဲ့အတွက် စိတ်သက်သာရာရမိပါတယ်"

ဒီမြှောက်ပင့်မှုတွေက ဘာကြီးလဲ။ သူကြည့်ရတာ တခြားလူဖြစ်သွားသလို ခံစားရသည်။

ဤမထင်မှတ်ထားသော အလှည့်အပြောင်းများကြောင့် စိတ်ရှုပ်သွားကာ ရိုယာသည် သူ သွေးလေခြောက်ခြားနေတာလားဟုပင် တွေးလိုက်မိသည်။

"အဖေတို့နှစ်ယောက်လုံး ရပ်ပေးလို့ရမလား။ ဘာလို့ ဘာမဟုတ်တာလေးကိုဒိီလောက်ကြီးကြီးကျယ်ကျယ်တွေ လုပ်နေကြတာလဲ"

"ဒါက ဘာမဟုတ်တာလေး မဟုတ်ဖူးလေ လူနာ။ သမီး ဒီနေ့ကစပြီး ချိန်းတွေ့ဖို့ ဆုံးဖြတ်ထားတဲ့ အန်းသန့်စ်ရှေ့မှာ ဒီလိုကြီးပြောတာက အရမ်းမကြမ်းတမ်းဘူးလား။ သမီးပဲ အစောပိုင်းက အနှစ်တစ်ထောင်၊ တစ်သောင်းလောက် ချိန်းတွေ့ပြီး လက်ထပ်မယ်ဆိုပြီးတောင် ကြွေးကြော်ခဲ့တာမဟုတ်ဘူးလား"

ငြီးတွားနေသော လူနာသည် ရုတ်တရက်ရပ်တန့်သွားတော့သည်။ မဟုတ်ပါက သူမ ကျယ်လောင်စွာအော်ဟစ်မိတော့မည်ဖြစ်သည်။

ဒါက သူမဘဝ၌ လုပ်ခဲ့မိသော အကြီးမားဆုံးအမှားပင်ဖြစ်သည်။ သူမသေပြီးသည့်တိုင် ထာဝရနောင်တရနေမည့် အမှားကြီးတစ်ခုပင်။

"အဆင်ပြေပါတယ်။ ပြောရရင် ကျွန်တော်က လေဒီလူနာကို အရင်ကြိုက်ပြီး သူမနောက်ကို လိုက်ခဲ့သူပဲလေ။ကျွန်တော်နဲ့ ချိန်းတွေ့ပေးတာကိုတောင်ကျေးဇူးတင်နေတာပါ"

"ငါ့သမီးက အေးစက်နေလို့ စိတ်မကောင်းပါဘူး"

"ကျွန်တော်ကိုက အဲဒီ့ပုံစံလေးကို သဘောကျတာပါ။အဲဒါအတွက် စိတ်မပူပါနဲ့"

"ဟားဟား၊ မင်းက တကယ်ကိုပွင့်လင်းတဲ့လူကောင်းလေးပဲ"

သူတို့နှစ်ယောက်သည် ပေါင်းသင်းဆက်ဆံရေး အရမ်းကောင်းနေပုံရပြီး တောင်တွေကို ကျော်ကာ အာကာသထဲအထိတောင် ရောက်သွားနိုင်သည်။ ရိုယာသည် အန်းသန့်စ် ကို ဆွဲထုတ်ပြီး စိတ်မှန်အောင် သူ့စိတ်ထဲက အပိုင်းတစ်ပိုင်းကို ပေးဖို့လိုအပ်တယ်ဟုပင် ခံစားလာရသည်။

'အောင်ပွဲရနေသလို ခံစားနေရတယ်ပေါ့လေ!ဟမ့် စောင့်ကြည့်နေလိုက်'

 လူနာသည် စိတ်ထဲမှကြုံးဝါးလိုက်ပြီး အန်းသန့်စ်ကို စိုက်ကြည့်လိုက်ပြီး အန်းသန့်စ်သည် မရိုးသားသောအပြုံးဖြင့် ပြန်တုံ့ပြန်လာခဲ့သည်။ဒါကိုကြည့်ရင်း ရိုယာသည် မကူညီနိုင်ဘဲ ပြုံးမိလိုက်သည်။ သူသေချာမသိသော်လည်း အန်းသန့်စ်သည် လူနာကို တွယ်ကပ်နေသလို ခံစားရသည်။

'ဒါက... ရွှေအခွင့်အရေးများလား'

 နာမည်ဆိုးနဲ့ ကျော်ကြားတဲ့လူကိုတောင်မှ လိမ္မာတဲ့သူလိုပြောင်းလဲပေးနိုင်တဲ့ လူပဲ!

ရိုယာသည် သူ၏အနာဂတ်တွင် သက်တောင့်သက်သာရှိသော ဘဝတစ်ခုရရှိစေရန်အတွက် မဟာဗျူဟာတစ်ခုကိုဆွဲရန် အမြန်ပြင်ခဲ့သည်။

"အနာဂတ်မှာ မင်းနဲ့အတူ အလုပ်တွဲလုပ်ဖို့ မျှော်လင့်နေပါတယ် လေဒီပဲလ်"

"ဘာလို့ရုတ်တရက်ကြီး..." 

လူနာသည် ရိုယာ၏တောက်ပသော မျက်လုံးများထဲမှ ကြီးမားသောဖိအားကို ခံစားလိုက်မိပြီး နောက်ပင်ပြန်ဆုတ်သွားလုမတက်ဖြစ်သွားသည်။

"မဟုတ်ပါဘူး... ကျွန်တော်က အန်းသန့်စ်ရဲ့ ရှေ့နေဆိုတော့ သူရဲ့ချစ်သူဖြစ်တဲ့ လေဒီပဲလ်ရဲ့ရှေ့နေပဲပေါ့။ လေဒီလိုအပ်တဲ့အချိန်တိုင်း ကျွန်တော့်ကိုခေါ်လို့ရပါတယ်။ ရထားပေါ်က အထုပ်အပိုးတွေ သယ်ဖို့ခေါ်တာဆိုရင်တောင် ဝမ်းသာအားရနဲ့ လာခဲ့ပါ့မယ်"

အန်းသန့်စ်ရဲ့ ချစ်သူဖြစ်တာနဲ့ပဲ ဘာသက်ဆိုင်သွားလို့လဲ

ရိုယာအပေါ်ထားသည့် လူနာ၏နှစ်သက်မှု သည်ကျဆင်းသွားခဲ့သည်။

"ဒါဆို ရှင့်ရဲ့စကားအတွက် ကျေးဇူးတင်ပါတယ်"

သူမသည် သူ၏အကူအညီကို အမှန်တကယ် မလိုအပ်သော်လည်း စကားလုံးများအတွက် ကျေးဇူးတင်လိုက်သည်။ ဒီလိုအချက်တွေကို ဆယ်စုနှစ်တစ်ခုကျော် ကိုင်တွယ်ဖြေရှင်းခဲ့ရသော ရိုယာသည် ဒါကို သတိပြုမိခဲ့သည်။

"စကားနဲ့တင်မကဘူး။လေဒီဆန္ဒအတိုင်းလုပ်ပေးနိုင်မယ်လို့ ကျွန်တော့်မှာယုံကြည်ချက်ရှိပါတယ်"

အားလုံးခြုံပြောရရင် သူသည် ထိုနာမည်ဆိုးဖြင့်ကျော်ကြားသော အန်းသန့်စ်ကိုနှစ်ပေါင်းများစွာကိုင်တွယ်ခဲ့ရသူဖြစ်သည်။ သူဘာမလုပ်နိုင်တာဘာရှိမှာလဲ။

ရိုယာသည် ကြီးမားသော အတိုင်းအတာတစ်ခုအထိ လျှောက်လှမ်းရန် စိတ်ပိုင်းဖြတ်ထားသကဲ့သို့ ဖော်ပြလာသောကြောင့် လူနာသည် သူ၏ ရိုးသားမှုကို တိုင်းတာရန် ကြိုးစားသည့် မျက်လုံးများဖြင့် စိုက်ကြည့်လာခဲ့သည်။ သူမအကြည့်များသည် 'ရှင်ဘာဖြစ်နေတာလဲ' ဟုမေးနေသလိုပင်။

သူမ သိမှာမဟုတ်သော်လည်း ရိုယာသည် အနာဂတ်တွင်သက်တောင့်သက်သာ အငြိမ်းစားယူချင်ပေသည်။

လူနာသည် ရိုယာ၏မျက်နှာကို ဆက်လက်စိုက်ကြည့်နေခဲ့သည်။ ဒါကို မကြိုက်သော အန်းသန့်စ်က ကြားဝင်စွက်ဖက်လာခဲ့သည်။

"အရှုပ်လုပ်နေတာတွေ ရပ်လိုက်တော့။ မင်းရဲ့ရှေ့နေအလုပ်ကိုသာ ကောင်းကောင်းလုပ်စမ်းပါ"

"ဒါပေါ့ ရှေ့နေအလုပ်ကို ကောင်းကောင်းလုပ်နေပါတယ်။ တခြားနည်းနဲ့လည်း ကူညီချင်ပါတယ်လို့ပဲ ပြောတာပါ"

"မင်း...လောဘကြီးပြီး တစ်ကိုယ်ကောင်းဆန်တဲ့မင်းက လေဒီပဲလ်ကို ဘာမှမရှိဘဲ ကူညီမှာမဟုတ်ဘူး။ မင်းရဲ့ စည်းစိမ်ဥစ္စာ အားလုံးကို ငါ့ဆီ လှူမယ်လို့ ပြောရင်တောင်မှ ပိုယုံစရာကောင်းအုံးမယ်"

"ဟေး မင်း ငါ့ကိုဘယ်လောက်ချမ်းသာတယ်လို့ ထင်နေတာလဲ"

"မထင်ပါဘူး။ မင်းရဲ့အသေးအဖွဲပိုင်ဆိုင်မှုတွေလို ငါမလိုအပ်ဘူး။ဒါကြောင့် လေဒီကိုလှည့်စားနေတာတွေ ရပ်လိုက်တော့"

"ဟားဟား။ သခင်လေးရယ် ရှေ့နေကြီးကိုတောင် မနာလိုဖြစ်နေတာလား!"

အန်းသန့်စ်၏မျက်နှာထားသည် ကြမ်းတမ်းနေပြီး သူ့လေသံက မာတောင့်နေသောကြောင့် မနာလိုမှုဟု ခေါ်ရန်မှာ ဝေးကွာနေသော်လည်း သူ့အပေါ် အလွန်အမင်းနှစ်သက်နေသည့် မြို့စားကမူ ရယ်မောကာ မနာလိုမှုဟု ပြောလာခဲ့သည်။

အစေခံများသည်လည်း ဒီလိုပဲ ခံစားနေရသည်။ သူတို့သည် ရှေ့နေကို ပွဲချင်းပြီးသတ်ရန် အဆင်သင့်ဖြစ်နေပုံရသည့် အန်းသန့်စ်၏မျက်နှာလေးက စွဲမက်ဖွယ်ကောင်းသည်ဟုထင်နေကြသည်။

ဒီအတောအတွင်းမှာပဲ နှစ်ယောက်သား ငြင်းခုံနေသည်ကို သတိထားမိသွားသည့် လူနာသည် ခဏစဉ်းစားပြီး ရှေ့နေဆီ တုံ့ပြန်မှုပေးဖို့ ရွေးချယ်ခဲ့လိုက်သည်။

"ကောင်းပြီလေ ဒါဆို ကျွန်မလိုအပ်တာကို ဖြည်းဖြည်းချင်းစဉ်းစားပါ့မယ်"

"ဟုတ်ပါပြီ! လေဒီ ခေါ်တဲ့အခါတိုင်း ကျွန်တော်အဆင်သင့်ရှိနေမှာပါ"

“…”

အန်းသန့်စ်သည် စိတ်ဆိုးစွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

အကြောင်းတစ်ခုခုကြောင့် ရှေ့နေအပေါ် သူမ၏အာရုံစိုက်မှုပေးခြင်းဖြင့် အန်းသန့်စ် ကို ပါးစပ်ပိတ်ထားနိုင်ပုံရလေသည်။ ဒေါသများဖြင့် ပြည့်နှက်နေခဲ့သော သူမ၏ ခေါင်းသည် သူ၏တုံ့ပြန်မှုကြောင့် လန်းဆန်းသွားခဲ့ရသည်။

'အဲဒါကို ငါဘာလို့ မစဉ်းစားခဲ့တာလဲ။ ငါ့ထက်ဆိုးတဲ့အကျင့်ရှိတဲ့သူက ငါ့ရှေ့မှာတင်ရှိနေတာကို'

လူနာသည် နူးညံ့သော အပြုံးဖြင့် သူမဘက်တော်သားဖြစ်လာမည့်ပုံပေါ်သော ရှေ့နေကို မေးလိုက်သည် ။

"ပြောရရင် သခင်လေးအန်းသန့်စ်ရဲ့ ငယ်ဘဝအကြောင်း ဇာတ်လမ်းတချို့ကို ကျွန်မကြားချင်မိတယ်။ ရှင် ငယ်ငယ်လေးကတည်းက သူ့ရှေ့နေလုပ်ခဲ့တာဆိုတော့ သူ့အကြောင်းဇာတ်လမ်းအမျိုးမျိုးတွေသိလောက်မယ်မလား"

"…လေဒီ!"

အန်းသန့်စ်က ချက်ချင်းတုံ့ပြန်လာခဲ့သည်။

'ဟမ့် အိပ်ပျော်နေတဲ့ခြင်္သေ့ရဲ့ပါးသိုင်းမွှေးကို ဘယ်သူအရင်ထိခဲ့တာလဲ'

"အိုး။ သူဒုက္ခပေးခဲ့တဲ့ ဇာတ်လမ်းတွေကိုပြောတာလား။ဖယ်ဆန်ရဲ့ လက်တွေ ခြေထောက်တွေကို ချိုးတာထက် ကျောက်ခဲနဲ့ရိုက်တာထက် ပိုဆိုးတဲ့ဟာလား"

"…"

"မဖြစ်နိုင်ပါဘူး ဟုတ်တယ်မလား။ ကျွန်မတို့အတူရှိနေတဲ့ အချိန်တိုအတွင်းမှာ ရှင်က ကြမ်းတမ်းတဲ့လူလို လုံးဝမထင်ခဲ့ရဘူး"

လူနာသည် အန်းသန့်စ်အား 'ရပ်လိုက်တော့ဟုတ်ပြီလား ရှင် ကျွန်မကို စိတ်အနှောင့်အယှက်ဖြစ်အောင်ထပ်လုပ်ရင် ရှင့်ရဲ့အတိတ်အကြောင်းတွေကို ဖော်ပြမယ်' ဆိုသည့်အကြည့်တစ်ခုပေးလာခဲ့သောကြောင့် အန်းသန့်စ်သည် သူ့ပါးစပ်သူပိတ်လိုက်တော့သည်။

"ဒါဆို ကျေးဇူးပြုပြီး နောက်တစ်ခါပြောကြတာပေါ့။ နားလည်တယ်ဟုတ်"

သူ့ကို အမြန်ပါးစပ်ပိတ်စေလိုက်သော လူနာသည် ဝိုင်ဖန်ခွက်ကိုမြှောက်ကာပြောလာခဲ့သည်။ သူမသည် အစက ခံစစ်အနေနှင့်ရှိခဲ့သော်လည်း အခုချိန်မှာတော့ သူမသည် ပြီးပြည့်စုံသည့်အောင်နိုင်သူလိုဖြစ်နေသည်။

ရှေ့နေသည် သူမအား အံ့အားသင့်လေးစားနေသော မျက်လုံးများဖြင့် ကြည့်လာပြီး သူ့ဖန်ခွက်ကို ပြင်းပြင်းထန်ထန် မြှောက်လိုက်တော့သည်။

* * *

အန်းသန့်စ်၏အဓိပ္ပါယ်မရှိသောစကားများမှာ ရပ်တန့်သွားသော်လည်း ဘယ်ရွန်မြို့စားနှင့် အစေခံများ၏ အဓိပ္ပါယ်မရှိသောခံစားချက်များကကျန်ရှိနေသေးသည်။

လူနာသည် ရုပ်ရည်ချောမောသော အမျိုးသားတစ်ဦးနှင့် ချိန်းတွေ့ခဲ့သည်ကို ကျေနပ်နေကြပြီး မိုးလင်းသည်အထိ ပါတီကို ဆက်လက်ကျင်းပခဲ့ကြသည်။

လူနာသည် သူမ၏ မိသားစုကို လှည့်စားခဲ့သည့် အပြစ်ရှိစိတ်ကြောင့် သူမ၏ မှုန်ကုပ်နေသော စိတ်ကိုဖယ်ရှားရန် ဥယျာဉ်သို့ တစ်ယောက်တည်း သွားခဲ့သည်။

'ဒါက တကယ်ပျော်ဖို့ကောင်းနေလို့လား။ ငါ အစောကြီးထဲစယောက်ျားတွေကို စိတ်ဝင်စားပြီး တစ်ယောက်ယောက်နဲ့ ချိန်းတွေ့ခဲ့သင့်တယ်'

သူမ၏သဘာဝကြောင့် ထိုသို့မလုပ်နိုင်မှန်းလောက်ကြောင်းသိပေသည်။လူနာသည် အရသာမရှိသောဝိုင်ကိုသောက်ရင်း တွေးလိုက်မိချိန်တွင် သူမနောက်သို့လိုက်လာခဲ့သော အန်းသန့်စ်သည် လူနာ ၏ပခုံးထက်တွင် သူ့အင်္ကျီကိုခြုံလွှားပေးလာပြီး သူမ၏ဘေးတွင်ထိုင်လာခဲ့သည်။

"ဒီလောက်အေးနေတာကို ဘာလို့ ဒီမှာတစ်ယောက်တည်း ထွက်ထိုင်နေတာလဲ"

"ကျွန်မစိတ်တွေ ရှုပ်ထွေးနေလို့"

ပြီးတော့ အကြောင်းပြချက်ရဲ့ တစ်စိတ်တစ်ပိုင်းကတော့ ရှင်ပဲလေ။

 အန်းသန့်စ်သည် လူနာ၏ ဒေါသတကြီးတုံ့ပြန်မှုကို ခဏတာ စိုက်ကြည့်နေခဲ့သည်။

“…”

"ဒါဆို လူတိုင်းရှေ့မှာ ရန်ဖြစ်ဟန်ဆောင်ပြီး လမ်းခွဲပေးရမလား"

"မေ့လိုက်တော့။ကျွန်မ မိသားစုက အရမ်းပျော်နေတာ…"

ဒီလိုချက်ချင်း လမ်းခွဲလိုက်တာက လူတော်တော်များများကို ပြိုလဲသွားစေမှာ သေချာပေသည်။ လအနည်းငယ်ကြာအောင် ချိန်းတွေ့ပြီးနောက် လမ်းခွဲမယ်ဆိုပါက အဆင်ပြေနိုင်လောက်သည်။

ဒီအတောအတွင်း အန်းသန့်စ်နှင့် သူတို့၏ဆက်ဆံရေးက အလွန်တိုးတက်ကောင်းမွန်လာသောကြောင့် ရွေးချယ်စရာမရှိပေ။

အလျင်စလိုလုပ်ခဲ့သော ဆုံးဖြတ်ချက်တစ်ခုက ပြန်မပြင်နိုင်သည်ကို ကျေနပ်သွားပြီး အန်းသန့်စ်သည် အကြောင်းအရာကို ပြောင်းလိုက်သည်။

"တရားစွဲဆိုမှုက ဆက်လုပ်သွားမှာပဲ။အင်း... ရွှေတွင်းကိစ္စနဲ့ ပတ်သက်တာကတော့ မင်း ကိုယ့်ကို ဒိုင်းတစ်ခုအနေနဲ့ သုံးလို့ရတယ်"

"ရုတ်တရက်ကြီး ဘာတွေပြောနေတာလဲ"

"သူက ဖြန့်ဖြူးပိုင်ခွင့် ဒါမှမဟုတ် တစ်ခုခုတောင်းခဲ့တယ်လေ၊ အဲဒီကောင်ကတော့"

"အာ"

အန်းသန့်စ်နှင့် ချိန်းတွေ့သည့် အကြောင်းရင်းကြောင့် အရမ်းတုန်လှုပ်ခဲ့ပြီး ဒီအကြောင်းမတွေးခဲ့ရပေ။

ဒါပေမယ့် ဒိုင်းတစ်ခုလိုမျိုးဆိုတာက ဘာကိုဆိုလိုတာလဲ။

"ဒိုင်းလား"

"ဟုတ်တယ်။ ကိုယ်သေရင်တောင်မှ သူနဲ့မပတ်သက်ဘူးလို့ ပြောခဲ့တယ်၊ ဒါကြောင့် အနည်းဆုံးတော့ ကိုယ်လုပ်နိုင်တယ်"

"သူက လျော်ကြေးတောင်ပေးမှာဆိုပြီးတော့ ကျွန်မကိုစာချုပ်ဖျက်သိမ်းဖို့ပြောလာရင် ဘယ်လိုလုပ်မလဲ"

"ဒါဆိုလျော်ကြေးက ရွှေတွင်းလို့ ပြောလိုက်လေ။က် ကျေကျေနပ်နပ်ကြီးတောင် ယူလိုက်အုံးမယ်။ လိုအပ်ရင် စာချုပ်အတုလုပ်ကြမယ်။ သူသဘောမတူရင် ကိုယ့်ကို တိုက်ရိုက်ပြောလို့ရတယ်"

ဖယ်ဆန်သာ သူမကိုစကားပြောဖို့ကြိုးစားပါက အန်းသန့်စ်၏မျက်လုံးများကတောက်ပနေကာ ဤအင်ပါယာရှိ အရူးခွေးဆိုသည့်အစစ်အမှန်ကိုပြသမည့်နှယ်ဖြစ်နေပေသည်။

'အခုလား၊တကယ်ကြီးလား'

တစ်ချိန်တည်းမှာပင် အန်းသန့်စ်သည် အမှန်တကယ်ပင် ခွေးရူးကဲ့သို့ဖြစ်လာပြီးဤကိစ္စကို ရပ်တန့်နိုင်မည်ကိုသိသောကြောင့် မျှော်လင့်မထားသော စိတ်ခံစားချက်များက မြင့်တက်လာခဲ့သည်။ ဒါပေမယ့် အဲဒါနဲ့အတူ မေးခွန်းတစ်ခု ကတွဲပါလာခဲ့သည်။

"ရှင် ဘာလို့ ဒါတွေကိုလုပ်နေတာလဲ"

စိတ်မသက်မသာ တစ်ခုခုကို ကြားရတော့မည်ကို သူသိပေသည်။ ယခုတစ်ကြိမ်တွင် ဒိုင်းဆိုသည်ထက် ပစ်မှတ်ဖြစ်ရန် အလားအလာပိုများသည်။ထို့နောက် လူနာက စိတ်ဝင်တစား မေးလာပြန်သည်။

"မဟုတ်ဘူး၊ ရှင် ကျွန်မကိုဘာလို့ဒီလိုချိန်းတွေ့ချင်ရတာလဲ။ ရှင် ကျွန်မကိုတောင်မကြိုက်ပဲနဲ့။ ရှင်ပဲ ကျွန်မတို့ ချိန်းတွေ့တာနဲ့ ပြောပြမယ်ဆို အခုကျွန်မကို ပြောပြတော့"

သူဘာလို့ ဒီလိုစိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ဖို့ ဘယ်တော့မှ တုံ့ဆိုင်းမနေခဲ့တာလဲ။

သူမသည် အခိုင်အမာ ဖိအားပေးလိုက်ရင်း ဒီတစ်ကြိမ် အဖြေကို မျှော်လင့်နေခဲ့သည်။ထို့နောက် တိတ်တိတ်လေး တွေးတောနေခဲ့သည့် အန်းသန့်စ်သည် ကြည်နူးစရာ အမှတ်တရတစ်ခုကို ပြန်သတိရမိသွားသလိုမျိုး ပြုံးကာ ပြန်ပြောလာခဲ့သည်။

"စောစောက မျက်နှာကြောင့်"

"ဘယ်လို"

"မင်းလည်း တွေ့လိုက်တယ်မလား။မင်း ကိုယ့်ကို ချိန်းတွေ့နေတယ်လို့ပြောတုန်းက ဖြစ်သွားတဲ့သူ့မျက်နှာက သူ့မျက်နှာက သေတော့မလိုပဲ"

"ရှင် ဖယ်ဆန်အကြောင်းပြောနေတာလား"

"ဟုတ်တယ်"

အန်းသန့်စ်၏နှုတ်ခမ်းများထက်မှ ရယ်မောသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူသည် ထိုအခိုက်အတန့်အတွက် အမှန်တကယ်ပင် ပျော်ရွှင်နေပုံရသည်။

"ဒါဆို ဖယ်ဆန်ရဲ့ သေ‌တော့မလိုမျက်နှာကို မြင်ရဖို့အတွက် ရှင် ဒါတွေအားလုံး ကိုလုပ်ခဲ့တာလား"

အဓိပ္ပါယ်မဲ့လွန်းသည်။ သို့သော်လည်း အန်းသန့်စ်သည် ခါတိုင်းနှင့်မတူနေကာ သူ့အပြုံးများကအသက်ဝင်နေခဲ့ပြီး ဝိုင်သောက်ရင်း တကယ်ကို ပျော်ရွှင်နေပုံပင်။

"ဟုတ်တယ်"

"အခြားသူသာဆိုရင်တော့ ကျွန်မယုံနိုင်လိမ့်မယ်"

"ကိုယ် လိမ်တာဆိုရင် မင်းကိုယ့်ကို ပြင်းပြင်းထန်ထန် ရိုက်လို့ရတယ်"

"ကျွန်မကရှင့်လို့မျိုး တစ်ယောက်ယောက်ကို ပါးရိုက်လိုက်မှ ပိုကောင်းတယ်လို့ခံစားရတဲ့သူမျိုး မဟုတ်ဘူး"

"တကယ်လား။ စောစောကတော့ ထိထိရောက်ရောက် ပါးရိုက်နိုင်ခဲ့တဲ့ပုံပါပဲ။ ဒီလောက်ဆို ဖယ်ဆန်ရဲ့ပါးက သွေးထွက်နေပြီထင်တယ်"

ဖယ်ဆန်၏ နီရဲနေသော မျက်နှာကို တွေးပြီး အန်းသန့်စ်သည် တခစ်ခစ်ရယ်ပြန်သည်။

လူနာက သူမနှင့်ချိန်းတွေ့ဖို့ ဟန်ဆောင်နေရသည့် တကယ့်အကြောင်းအရင်းကိုမေးလာသည့်အတွက် အန်းသန့်စ်သည်အတိုင်းအတာတစ်ခုအထိပျော်ရွှင်နေပုံရသည်။

လောလောဆယ် အတည်ပြုရန် နည်းလမ်းမရှိသေးသော်လည်း အချိန်က ပြောသွားလိမ့်မည်ဖြစ်သည်။ သူသာ လိမ်ခဲ့တာဆိုပါက ဖယ်ဆန်ကိုရိုက်ခဲ့သလိုမျိုး သူ့ပါးနှစ်ဖက်လုံးကို ရိုက်ပစ်မည်ဖြစ်သည်။ လူနာသည် သူမ၏ နှလုံးသားထဲ၌ ပြတ်သားစွာ ဆုံးဖြတ်ထားလိုက်သည်။

TK Team