Part 23
ဝမ်ကျင်စန်း မျက်မှောင်ကြုတ်လိုက်ပြီး ‘’ ချီကျန်းကျန်းက သူ့ကိုသဘောမကျဘူးလေ…’’
ရှုဝေ အပြုံးလေးဖြင့် ‘’ သူတို့တွေ အခုဆို အပြင်မှာအချိန်ကုန်ဆုံးနေပြီပဲ… ကြည့်ရတာ ချီကျန်းကျန်းက ဝမ်ယွီကို လက်ခံလိုက်ပြီနဲ့တူတယ် … အဲ့ဒါဆို သူတို့နှစ်ယောက်ကြားက လက်ထပ်ပွဲဖြစ်မြောက်ပြီပေါ့’’
ဝမ်ကျင်စန်း တွေးလိုက်မိသည်။
ဝမ်မိသားစု၏ အပိုလူနှင့် ချီမိသားစုက သခင်မလေးတို့သာ ထောင်ခြောက်မိသွားလျင် ဝမ်မိသားစုအတွက် အကျိုးအမြတ်ရပေလိမ့်မည်။
ထိုအချက်ကိုတွေးလိုက်ရင်း ဝမ်ကျင်စန်း စိတ်သက်သာရာရသွားသည်။
ထို့နောက် ‘’ ချီကျန်းကျန်းကို ဂရုမစိုက်ဘူး.. စီစီကို ရှာနေရတုန်းပဲလေ… ဘာပဲဖြစ်ဖြစ် သူက ငါ့ညီရဲ့သမီးပဲ…’’
ရှုဝေမျက်ဝန်းထဲ မကျေနပ်မှုများ ဖြတ်သန်းသွားကာ ခေါင်းငြိမ့်လိုက်ပြီး ‘’ အိုကေ… ကျွန်မလဲ ဝိုင်းရှာပေးမယ်’’
ဝမ်စီစီသည် သူတို့မိသားစု၏ တူမဖြစ်သော်လည်း ဝမ်ကျင်စန်းသည် ဝမ်ယွီထက် ဝမ်စီစီကို ပို၍ဂရုစိုက်သည်။ သူ့တွင် သမီးမရှိသည့်အတွက် သူ၏ညီငယ်လေးရဲ့ သမီးဖြစ်သူကို အထူးသဖြင့် ပို၍ချစ်လေသည်။
ဝမ်ယွီ သည် ဝမ်မိသားစုထဲတွင် တည်ရှိသော်လည်း ဝမ်ကျင်စန်း သူ့ကို မမြင်ချင်ပေ။ ထို့ကြောင့် ရှုဝေသည်လည်း ဝမ်ယွီကို အမြဲလိုလို အနိုင်ကျင့်လေ့ရှိသည်။
သို့သော် ဝမ်ကျင်စန်း၏ နှစ်သက်မှုကိုရရှိထားသော ဝမ်စီစီကိုမူ ရှုဝေ ဘာမှမလုပ်ရဲပေ။
…..
ယွီတင်း တွင်….
စာရွက်စာတမ်းများပေါ်တွင် ဝမ်ယွီ လက်မှတ်ထိုးပြီးနောက် ပြတင်းပေါက်နားတွင်ရပ်ကာ စည်ကားနေသာ လမ်းမထက်ကလူများကို ငုံ့ကြည့်လိုက်သည်။
သူ ကုမ္ပဏီတွင် အလုပ်လုပ်နေရလျင် ညစ်ညမ်းသည့် ဝမ်အိမ်မှာ နေရသည်ထက် ပိုပျော်သည်။
သူ ရုံးခန်းကို သဘောကျသည်။
ထိုအချိန်တွင် ဖုန်းသံမြည်လာသည်။
ဝမ်ယွီ ဖုန်းပေါ်ရှိနာမည်ကိုဖတ်လိုက်ပြီး ကိုင်လိုက်သည်။ ‘’ အင်း …’’
ဖုန်းတစ်ဖက်မှ ရိုသေသည့်လေသံဖြင့် ‘’ မစ်စတာဝမ်… မစ်ချီကျန်းကျန်း အခုထိ ချီအိမ်ကိုပြန်မရောက်သေးပါဘူး’’
ဝမ်ယွီ မျက်မှောင်ကြုတ်လိုက်ပြီး သတိမထားမိစွာဖြင့် မတ်တပ်ရပ်လိုက်ကာ ကားသော့ဆီသို့ လက်လှမ်းလိုက်မိသည်။
သို့သော်လည်း ဖုန်းတစ်ဖက်မှ စကားဆက်ပြောလာသည်။ ‘’ သူမနဲ့ မစ် ဝမ်စီစီတို့ *** ဟိုတယ်ရဲ့ အခန်းနံပါတ် *** မှာတည်းနေကြပါတယ်’’
ဝမ်ယု အထိတ်တလန့်ဖြင့် နာမည်ကိုလိုက်ရွတ်မိသွားသည်။
‘’ဝမ္စီစီ…’’
‘’ ဟုတ်ပါတယ်… အခန်းကို မစ်ချီကျန်းကျန်းက မစ်ဝမ်စီစီရဲ့ အိုင်ဒီကတ်ကိုယူပြီး ငှားလိုက်တာပါ… ‘’
ဝမ်ယွီ ခေါင်းထဲ အတွေးများဝင်လာပြီး သိချင်စိတ်များ ဖြစ်ပေါ်လာသည်။
သူမ အိုင်ဒီကတ် ယူမလာဘူးလေ…
ဝမ်စီစီက ချီကျန်းကျန်းကို မုန်းနေတာမဟုတ်ဘူးလား… အမြဲလိုလို ဝမ်အိမ်ကို ကျိန်ဆဲနေတာလေ…
ဟိုတယ်ထဲသို့ ဝမ်စီစီကို ခေါ်သွားသည့် ချီကျန်းကျန်း အကြောင်းတွေးမိရင်း သူ့မျက်ခုံးအစုံ ပင့်တက်သွားကာ မျက်လုံးထဲတွင်လဲ အပြုံးရိပ်များ ဖြတ်သန်းသွားသည်။
ထို့နောက် တည်ငြိမ်စွာဖြင့်ထိုင်လိုက်ပြီး ပေါ့ပေါ့ပါးပါးဖြင့် ပြောလိုက်သည် ‘’ ဒီအတိုင်းပဲရှာခိုင်းလိုက်တာပါ… သိပ်လဲ အာရုံမစိုက်ပါနဲ့..’’
သူ့အနေနှင့် လုံခြုံကြောင်းသေချာသိချင်ယုံဖြစ်ပြီး ကိုယ်ရေးကိုယ်တာအထိ မသိချင်ပေ။
ဖုန်းချပြီးနောက် သူ ကွန်ပျူတာဖွင့်ကာ အလုပ်ဆက်လုပ်လိုက်သည်။
…….
ဟိုတယ် တွင်….
လူတစ်ချို့သူမအတွက် စိတ်ပူနေသည်ကို မသိသလို လူတစ်ချို့မှ သူမ ဘယ်မှာရှိနေသည်ကိုသိသွားကြသည်ကို မသိသေးသည့် ချီကျန်းကျန်းသည် ရေချိုးပြီးသည့်နောက် ပျော်ရွှင်စွာဖြင့် အိပ်ယာပေါ်တွင် လှဲနေသည်။
သူမဘေးသို့ ဝမ်စီစီတစ်ယောက် ခုန်တက်လာကာ ‘’ ချီကျန်းကျန်း… နင် ငါနဲ့အတူတူ ဒီည တကယ်အိပ်မှာလား…’’
ချီကျန်းကျန်း သူမကို ဗလာအကြည့်ဖြင့်ကြည့်လိုက်ပြီး...
‘’ ဘာဖြစ်လို့လဲ… နင် ဘယ်သူနဲ့မှ အတူတူမအိပ်ဖူးဘူးလား… ဒီလောက်ကြီးတဲ့ကုတင်ကြီးကို ငါသဘောကျတယ်.. အဲ့ဒါကြောင့် နင်မကြိုက်လဲ ငါတော့ကောင်းကောင်းအိပ်မှာပဲ…’’
ဝမ်စီစီ ဒေါသထွက်ရလွန်း၍ ရင်ဘတ်ကြီးမောက်တက်လာသည့်အတွက် သူမလက်ချောင်းများဖြင့်ပြန်ဖိလိုက်ရပြီး စကားတခွန်းမှ မပြောနိုင်တော့ပေ။
သူမ ချီကျန်းကျန်းကို ကလေးဘဝကတည်းက တကယ် တကယ်ကြီးကို အရမ်းအရမ်း မုန်းခဲ့ခြင်းဖြစ်သည်။
သူမတို့နှစ်ဦး၏ အမည်များသည် ဆင်တူနေပြီး သူမတို့နှစ်ယောက်လုံးသည် သူမတို့အသိုင်းအဝိုင်းထဲတွင် တခြားညီအစ်မများ၏ မနာလိုခြင်းကို အတူတူခံခဲ့ကြရသည်။
သူမ လိုက်မမီသည့်အရာတစ်ခုသာရှိသည် ချီကျန်းကျန်းသည် သူမ ထက်အရင်မွေးဖွားလာခြင်းသာဖြစ်သည်။ ထိုအရာကို သူမ အလွန်စိတ်အနှောက်အယှက်ဖြစ်ခဲ့ရသည်။ သူမ မှတ်မိသည့်အရွယ်ကတည်းက သူမတို့နှစ်ယောက်သား ရန်ဖြစ်လာခဲ့ကြခြင်းဖြစ်သည်။
သို့သော်လည်း အရင်ကဆို ချီကျန်းကျန်းသည် သူမကိုရှုံးနိမ့်ခဲ့ရသည်။
ချီကျန်းကျန်း သူမ မျက်လုံးကိုမှိတ်ကာ အိပ်ဖို့ပြင်လိုက်သည်။
‘’နင်အောက်ဆင်းနေ… ငါအိပ်ယာပေါ်မှာအိပ်မယ်’’ ဝမ်စီစီ ဒေါသတကြီးဖြင့်ပြောလိုက်သည်။
သူမ တခြားအခန်းယူလို့ရသော်လည်း နားမလည်နိုင်စွာဖြင့် ချီကျန်းကျန်း ရှိသည့်အခန်းတွင် နေခဲ့မိပြီး ချီကျန်းကျန်းကို သူမ အနိုင်မယူနိုင်ပေ။
ဘယ်လိုဖြစ်ရတာလဲ….
သူမ ချီကျန်းကျန်းကို ဘယ်တုန်းကမှ မရှုံးဖူးပေ။
‘’ကောင်းတဲ့ဘယ်ဟာကို နင်လိုချင်လဲ…’’ ချီကျန်းကျန်း ဗလာအကြည့်ဖြင့် မေးလိုက်သည်။ ‘’ ငါအိပ်ချင်နေပြီ… နင် အိပ်မှာလား မအိပ်ဘူးလား… နင်မအိပ်ဘူးဆိုရင်လဲ ဆိုဖာပေါ်သွားအိပ်လိုက်… ဆူညံမနေနဲ့..’’
ပြောပြီးနောက် ချီကျန်းကျန်း မျက်လုံးမှိတ်လိုက်သည်။
ထိုစကားကြားပြီးနောက် ဝမ်စီစီ ဒေါသတကြီးဖြင့် ချီကျန်းကျန်းကို ကုတင်ပေါ်မှ တွန်းချလိုက်ပြီး ‘’ အခန်းက ငါငှားထားတာ… အိပ်ယာလဲ ငါပဲအိပ်မယ်… နင်က ဆိုဖာပေါ်မှာသွားအိပ်’’
အလွယ်တကူ လက်မခံမည့် ချီကျန်းကျန်းသည် ကိုယ်ကိုလှည့်လိုက်သည်။
ဝမ်စီစီ အရမ်းဒေါသထွက်လာကာ သူမကို ဆွဲလိုက်သည်။
နှစ်ယောက်သား ကုတင်ပေါ် လုံးထွေးနေရင်း ဝမ်စီစီကြောင့် သူမ ဆွယ်တာပြဲသွားချိန် ချီကျန်းကျန်း ပေါက်ကွဲတော့သည်။
သူမသည် ဒီကမ္ဘာတွင် အသစ်တစ်ယောက်ဖြစ်သည်။ သူမ မသိသည့်သူများကို တပြိုင်တည်းလက်ခံအောင် နေထိုင်နေရသည်။ ထို့ကြောင့် မကောင်းသည့်အရာများစွာရှိသလို စိတ်မချမ်းမြေ့ဖွယ်ရာများကိုလဲ လက်ခံခဲ့ရသည်။
ထိုအချိန်တွင် သူမ၏ဒေါသများသည် ဝမ်စီစီ ဆီသို့ပုံကျသွားတော့သည်။
နှစ်ယောက်သား ကိုက်ကြ ဆွဲကြ ရိုက်ကြတော့သည်။
‘’ဝမ်စီစီ ငါ့ကိုလွှတ်စမ်း…’’
‘’ချီကျန်းကျန်း… နင့်ရဲ့သောက်***ကိုအရင်လွှတ်…’’
‘’ ငါ့ဆံပင်ကိုလွှတ်စမ်း…’’
‘’အား… ငါ့မျက်လုံး…’’
‘’ ဝမ်စီစီ လောင်ဇီရဲ့မျက်နှာကို လာမထိနဲ့ဟ… တိုက်ခိုက်ရင်လည်း သိက္ခာရှိရှိချလို့ မရဘူးလား…’’
‘’ချီကျန်းကျန်း… ငါ့မျက်နှာကို ဘယ်သူကလာထိခိုင်းလို့လဲ… ချီးပဲ… ငါ့ဆံပင်တွေ…’’
‘’ဒုန်း…ဒုန်း…ဒုန်း…’’
‘’ဒုန်း…ဒုန်း…ဒုန်း…’’
……..
ဝမ်အိမ်မှ ဝမ်စီစီ အပြင်တွင် အခန်းငှားနေသည်ကို သိလိုက်ပြီး စိတ်သက်သာရာရသွားကြသည်။
နောက်တစ်နေ့ မနက်တွင် ဝမ်ရိရန်ကို ဝမ်စီစီအား သွားခေါ်စေသည်။