အပိုင်း ၂၄
Viewers 26k

part 24


ဝမ်ရိရန်က ဝမ်စီစီအား သဘောမကျသော်လည်း သူတို့ဝမ်းကွဲနှစ်ယောက်သည် အတူတူကြီးပြင်းလာခြင်းဖြစ်သည်။ တစ်ညကုန်ဆုံးသွားပြီးနောက် ဝမ်ရိရန် ဝမ်စီစီကို စိတ်မဆိုးတော့ပေ။ သူ့ဦးလေး၏ တောင်းဆိုမှုကြောင့် ဝမ်စီစီကို ကြိုရန် ဟိုတယ်သို့ မောင်းလာခဲ့သည်။


အကယ်၍ တည်နေရာကို ဝမ်ယွီ အလွယ်တကူရှာနိုင်လျင် ဝမ်အိမ်မှလည်း ရှာနိုင်မည်ဖြစ်သည်။


သူ အပေါ်ထပ်သို့တက်သွားကာ ဝမ်စီစီနေသည့်အခန်းတံခါးကို ခေါက်လိုက်သည်။


‘’ ဒေါက်.. ဒေါက် … ဒေါက်..’’


အထဲမှ မည်သည့်အသံမျှ မကြားရပေ။


ဝမ်ရိရန် စိတ်မရှည်စွာဖြင့် အခန်းတံခါး ဆက်ခေါက်လိုက်သည်။


နောက်ဆုံးတွင် အခန်းထဲမှ ပျင်းရိနေသော အမျိုးသမီးတစ်ယောက် အသံထွက်ပေါ်လာသည်။ ‘’ ဘယ်သူလဲ…’’


ဝမ်ရိရန် တံခါးမခေါက်တော့ဘဲ ခဏရပ်ကာ စဉ်းစားလိုက်သည်။ ဘာကြောင့်မှန်းမသိ ထိုအသံသည် ဝမ်စီစီ မဟုတ်ဟု ခံစားလိုက်မိသည်။


သူ ခေါင်းကိုယမ်းကာ မှားတွေးမိနေသည်ဟု ထင်မှတ်လိုက်သည်။


‘’ ဝမ်စီစီ… တံခါးဖွင့်စမ်း..’’ ဝမ်ရိရန်အသံမှာ လေးလံနေပြီး စိတ်မရှည်သည်မှာ သိသာလှသည်။


ခဏကြာပြီးနောက် တံခါးပွင့်လာသည်။


သူ့အရှေ့မှလူကိုကြည့်ပြီး ဝမ်ရိရန် စကားသံများ ရပ်တန့်သွားသည်။


ချီကျန်းကျန်းသည် အိပ်ယာမှ နိုးခါစဖြစ်သည့်အတွက် ဆံပင်များသည် ရှုပ်ပွနေပြီး မျက်လုံးများသည် ရီဝေနေသည်။ သူမ ဝတ်ဆင်ထားသည်မှာ ဖရိုဖရဲဖြစ်နေပြီး သူမ၏ အသွင်အပြင်သည် အတော်လေး ကြည့်ကောင်းကာ အံ့ဩစရာဖြစ်နေသည်။


ဝမ်ရိရန်ကိုတွေ့ပြီးနောက် ချီကျန်းကျန်း မျက်လုံးများကိုလှိမ့်လိုက်ကာ သမ်းဝေလိုက်ပြီး အော်ခေါ်လိုက်သည်။ ‘’ ဝမ်စီစီ… နင့်ကိုလာရှာနေတယ်’’


ချီကျန်းကျန်း ပြောပြီးနောက် ဖိနပ်ပါးကိုစီးကာ ရေချိုးခန်းထဲသို့ ဝင်သွားတော့သည်။


ဝမ်ရိရန်သည် ထိတ်လန့်သည့်မျက်နှာဖြင့်  ထိနေရာတွင် ကြောင်အပြီး ရပ်နေတော့သည်။


‘ချီကျန်းကျန်းနဲ့ ဝမ်စီစီ အတူတူ အခန်းငှားနေတာလား….’


‘’ အကိုရိရန်…’’ ဝမ်စီစီလည်း ထွက်လာကာ အပြစ်ရှိသော အကြည့်များဖြင့် သူ့ကိုကြည့်နေသည်။


ဝမ်ရိရန် အတွေးများကိုပြန်ရုတ်သိမ်းလိုက်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

‘’ နင် ဘာလို့ သူမနဲ့ အတူတူနေနေတာလဲ…’’


‘နာမည်ကြီးပြိုင်ဘက်နှစ်ယောက်က ဟိုတယ်တစ်ခုတည်းက ကုတင်တစ်ခုတည်းမှာ အိပ်ခဲ့ကြတယ်…’


ဝမ်စီစီ ချက်ချင်းပင် ဒေါသထွက်လာသည်။


သူမတို့ နှစ်ယောက်သား မနေ့ညက ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြသော်လည်း မအောင်မြင်ခဲ့ပေ။ သူမတို့ နှစ်ဦးသား ညစာ အတူတူစားခဲ့ရုံသာမက အိပ်ပျော်ခါနီးအချိန်တွင် ချီကျန်းကျန်း၏ ဆောင့်ကန်မှုကြောင့် အိပ်ယာပေါ်မှ ပြုတ်ကျလု နီးပါးပင်….


ကံကောင်းစွာဖြင့် ချီကျန်းကျန်း အိပ်ပျော်နေပြီး နောက်ပိုင်းတွင် ဝမ်စီစီလည်း သူမကိုယ်သူမထိန်းကာ အိပ်ပျော်သွားတော့သည်။


ထပ်ပေါင်းပြောရလျင် ဝမ်စီစီသည် အမှန်တကယ်ပင် ချီကျန်းကျန်းနှင့် အတူတူ အိပ်ပျော်သွားခဲ့ခြင်းပင်…


မနေ့က သူမသည် ချီကျန်းကျန်း၏ ချိန်းခြောက်မှုနှင့် တိုက်ခိုက်မှုကို ခံလိုက်ရပြီး လုံးဝကို အနိုင်ကျင့်ခံလိုက်ရခြင်းဖြစ်သည်။ ထိုအရာသည် အရမ်းရှက်ဖို့ကောင်းသည့်အတွက် ဝမ်ရိရန်ကို မည်သို့ပြောရမည်မှန်း သူမ မသိတော့ပေ။


ထို့ကြောင့် သူမ နှုတ်ခမ်းကိုလှုပ်ရုံသာ တွန့်လိုက်ပြီး ‘’ တိုက်ဆိုင်သွားတာပါ… တိုက်ဆိုင်သွားတာ…’’


ဝမ်ရိရန် ထပ်မေးမည်ကို ကြောက်သဖြင့် သူမ အလျင်အမြန်ပြောလိုက်သည်။ ‘’ ညီမ အရင်သန့်ရှင်းရေး လုပ်လိုက်ဦးမယ်… ခဏလေးပဲနော်…’’


ထို့နောက် အခန်းဝတွင် ဝမ်စီစီ၏ အော်ဟစ်သံ ထွက်ပေါ်လာသည်။


‘’ချီကျန်းကျန်း… မြန်မြန်လုပ်’’


ချီကျန်းကျန်းသည် သူမကို လုံးဝ လျစ်လျူရှုကာ အေးအေးဆေးဆေးပင် သန့်ရှင်းရေးလုပ်နေသည်။


ဆေးကြောပြီးနောက် သူမ တံခါးကိုဖွင့်လိုက်စဉ် ဒေါသတကြီးဖြင့် တံခါးကို စိုက်ကြည့်နေသော ဝမ်စီစီကို မြင်လိုက်ရသည်။


‘’ နင် မနေ့ကမှဝယ်လာတဲ့ ငါ့အဝတ်အသစ်တွေကို ဖြဲလိုက်တယ်… အဲ့ဒါတွေ အခုထိ ဒီမှာရှိနေသေးတယ်.. ပြန်လျော်ပေးဖို့ မမေ့နဲ့…’’


ဝမ္စီစီ ‘’ ….. ‘’


ဝမ်ရိရန် ‘’ ….. ‘’


……..


ဟိုတယ်ဝင်ပေါက်တွင်


ဒေါသမျက်နှာနှင့် ဝမ်စီစီသည် ဝမ်ရိရန် အနောက်မှလိုက်နေပြီး ချီကျန်းကျန်းသည် ခံစားချက်ကောင်းမွန်နေသည့်မျက်နှာနှင့်ဖြစ်သည်။


ဝမ်ရိရန်မှ ကားပေါ်မတက်ခင် မျက်မှောင်ကြုတ်၍ သူမကို အကြိမ်ကြိမ်စိုက်ကြည့်သော်လည်း သူမ ၏ကောင်းမွန်နေသည့် ခံစားချက်ကို မထိခိုက်ပေ။


ဆွယ်တာအကျီ၏ လည်ပင်းနားမှာကြိုးသည် ပြတ်တောက်သွားသော်လည် ဝတ်၍ရနေသေးသည်။


သူမ ပျော်ရွှင်နေရသည်မှာ ဝမ်စီစီမှ ဒေါသတကြီးသူမကိုကျိန်ဆဲသွားသော်လည်း သူမဆီမှ လျော်ကြေးငွေ ထပ်ရရှိမည် ဖြစ်သောကြောင့်ပင်….


မနေ့ညက ပိုက်ဆံအများကြီးကုန်ခဲ့သောကြောင့် သူမ စိတ်ပျက်ခဲ့ရသော်လည်း ဆွယ်တာဖိုးပိုက်ဆံ ၆၀၀၀ ထက်မနည်းပြန်ရမည်ဖြစ်သောကြောင့် သူမ အနည်းငယ် စိတ်သက်သာရရနေသည်။


ပိုက်ဆံမှာ ကတ်ထဲသို့ ပြောင်းလွှဲပြီးပြီဖြစ်သောကြောင့် ငွေသားထုတ်ယူရန် တက္ကစီငှားပြီးနောက် ဖုန်းတစ်လုံးဝယ်ခဲ့လေသည်။ အပြင်မှာ မိုဘိုင်းဖုန်းမရှိပဲ နေရတာ သူမ အတွက်အတော်လေး အဆင်မပြေပေ။


သူမ ထွက်ခါနီးတွင် ထူးဆန်းသည့်ကားတစ်စီးမှာ သူမ အရှေ့တွင်ရပ်သွားသည်။


ကားတံခါးပွင့်လာပြီး ကားထဲမှအမျိုးသားက ပြောလိုက်သည် ‘’ ကားထဲဝင် ‘’


ဝမ်ယွီလား…


ချီကျန်းကျန်း အံ့ဩသွားကာ ချက်ချင်းပင် ‘’ မလိုပါဘူး’’


ဝမ်ယွီကားထဲ ဘယ်လိုသတ္တိနဲ့ သူမ ဝင်ရဲမှာလဲ….


သူ့လျှို့ဝှက်ချက်တွေကို မနေ့ကပင် သူမ နားထောင်ခဲ့သည့်အတွက် အသံတိတ်သာ သူမကိုသတ်မယ်ဆိုရင် ဘယ်သူမှ သိနိုင်မည်မဟုတ်ပေ….


ဝမ်ယွီ ဘာမှဆက်မပြောပဲ သူမကို စိုက်ကြည့်လိုက်သည်။


ချီကျန်းကျန်း ‘’ ….嘤嘤嘤…..’’


ချီကျန်းကျန်း တိတ်ဆိတ်စွာဖြင့် သတိထားကာ ကားထဲသို့ တလှမ်းချင်းလှမ်း မဝံ့မရဲဖြင့် ဝင်လိုက်ရတော့သည်။


ကားပေါ်ရောက်သည်နှင့် သူမ စကားမပြောရဲပဲ တုန်ယင်နေသည်။


ဝမ်ယွီ ဘာမှမပြောဘဲ ကားကို တိတ်ဆိတ်စွာမောင်းသွားလိုက်သည်။


ဘယ်သွားမည်ကို သူမ မသိပေ….


ချီကျန်းကျန်း ’ ငါဘာမှမမေးရဲဘူးလို့… ငါ ဘာကိုမှ မမေးရဲဘူး…’


မကြာခင်တွင် မီးပွိုင့်မိသွားသည့်တွက် ဝမ်ယုမှ ဘေးရှိ ဘူးတစ်ဗူးကိုယူကာ သူမအားလှမ်းပေးလိုက်ရင်း ‘’ ဒီမှာ ...’’