အပိုင်း ၂၅
Viewers 26k

Part 25


ချီကျန်းကျန်း အထိတ်တလန့်ဖြစ်သွားသည်။


ထိုအရာသည် မိုဘိုင်းဖုန်းတစ်လုံးဖြစ်ပြီး အလွန်အရည်အသွေးကောင်းသော ဖုန်းဖြစ်သည်။


သူက တိတ်တိတ်နေတတ်သည့်အပြင့် ဒီလိုမျိုးကောင်းသည့်အရာတွေကိုပါ ပေးတတ်တာလား ….


သူမ နှုတ်ခမ်းကိုအနည်းငယ်ဖွင့်လိုက်မိပြီး မျက်နှာမှာလည်း အံ့ဩမှုအပြည့်နှင့်ဖြစ်သွားသည်။


‘’ ဖုန်းမရှိရင် အတော်လေးအဆင်မပြေဘူးလေ’’


 ဝမ်ယွီခပ်တည်တည်ပင် ပြောလိုက်သည်။


‘’ဒီ…’’


‘’ယူလိုက်ပါ…’’ 


ဝမ်ယွီ မျက်မှောင်ကြုတ်လိုက်သည်နှင့်ချီကျန်းကျန်း ချက်ချင်းပင် လက်ထုတ်ကာ ဖုန်းကိုယူလိုက်သည်။


‘ကျွန်မကို အထင်မလွဲပါနဲ့ အရမ်းအာရုံများသွားလို့ပါနော်’


ဝမ်ယွီ မျက်မှောင်ကြုတ်လိုက်သည်နှင့် သူမ မသိစိတ်မှ အလိုလိုကြောက်ရွံ့သွားမိခြင်းဖြစ်သည်။ 


‘ဒီလူကြီးရဲ့ အရှိန်အဝါက တကယ်ကြောက်ဖို့ကောင်းတာပဲ’


ဝမ်ယွီ မျက်ခုံးများကိုဖြေလျော့လိုက်ကာ သူမကိုစိုက်ကြည့်လိုက်ပြီး အနည်းငယ်အံ့အားသင့်ဟန်ဖြင့် ‘’ အကျီတွေက ဘာဖြစ်သွားတာလဲ…’’


လည်ပင်းနားက နည်းနည်းကြည့်ရဆိုးနေတယ်လေ ……


ဝမ်ယုတွင် အလွန်ကောင်းသည့်မှတ်ညဏ်ရှီသည့်အတွက် မနေ့ညက သူမဝတ်ထားသည့် ထိုအကျီကို သဘာဝကျကျပင် မှတ်မိနေသည်။


မိသားစုကြီးမှ အကိုကြီးတစ်ယောက်အတွက် ထိုကဲ့သို့သောဖုန်းသည် ဘာမှမဟုတ်ပေ။


သူမ ဖုန်းကိုပါကင်ဖြည်လိုက်ပြီး အသုံးပြုရန် ပြင်ဆင်လိုက်သည်။ ထို့နောက် ဝမ်ယုကို မကြည့်ဘဲ ‘’ မနေ့ညက ကျွန်မနဲ့ ဝမ်စီစီ ထသတ်ကြတယ်လေ ပြီးတော့ သူကျွန်မကို  ပိုက်ဆံပေးလိုက်ရတယ်’’


ဝမ်ယု ‘’…..’’


သူ့နှုတ်ခမ်းထောင့်တွင် အပြုံးလေးများပေါ်လာပြီး မျက်လုံးထဲတွင်လဲ ရယ်ချင်ရိပ်များ ဖြတ်သန်းသွားသည်။


‘’ ကျွန်မတို့ ဘယ်သွားနေတာလဲ…’’ ချီကျန်းကျန်း မေးလိုက်သည်။


သူမ တဖြည်းဖြည်းဝမ်ယုကို မေးခွန်းများ မေးရဲလာပြီဖြစ်သည်။


ဝမ္ယြီ‘’ စားဖို့…’’


‘’အိုး…’’


ဝမ်ယွီ ည် ဝမ်အိမ်ကို ဖြုတ်ချပစ်ရန် အလုပ်များနေသူဖြစ်သည်။ သို့သော်လည်း သူသည် သူမကိုအဖော်ပြုကာ အဝတ်အစားဝယ်ပေးရုံသာမက အစားအသောက်များပါ လိုက်ကျွေးနေလေသည်။


မူရင်းစာသားနှင့် နှိုင်းယှဉ်လိုက်လျင် သူမ၏ဖြစ်တည်မှုကြောင့် များလှသည့်အရာများ ဖြစ်ပေါ်လာသည်။


‘သူမ ဘာလုပ်နိုင်မည်နည်း’


‘ဟုတ်တယ် ပူးပေါင်းဆောင်ရွက်တာ အကောင်းဆုံးပဲ’ ချီကျန်းကျန်း တွေးလိုက်မိသည်။


မဟုတ်လျင် မူရင်းစာသားအတိုင်း သူမ သေဆုံးသွားနိုင်လေသည်။ ထို့ကြောင့် ဘာတွေဖြစ်လာမည်ကို မခန်းမှန်းနိုင်သည့်အတွက် ပူးပေါင်းဆောင်ရွက်ခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။


သူမတို့ သွားစားမည့်နေရာသည် မနေ့ကအဝတ်အစား ဝယ်ခဲ့သည့်ကုန်တိုက်နှင့် အတူတူပင်ဖြစ်သည်။ သူမ တစ်ချက်ကြည့်လိုက်ရုံဖြင့် ‘ ငါ မတတ်နိုင်တော့ဘူးလို့’ 


သူမလက်ထဲတွင် ယွမ် ၆၀၀၀ သာရှိပြီး ထိုငွေလေးများသည် လက်ထဲသို့ ပူပူနွေးနွေး ဒီမနက်မှ ရခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် စားသောက်ဆိုင်တွင် သူမ ထိုင်ပြီးနောက် ဖျားချင်သလိုလို ဖြစ်လာသည်။


‘စားပြီးသွားရင် ငါ့ပိုက်ဆံလေးတွေ ဘယ်လောက်ပဲကျန်တော့မှာလဲ မသိဘူး’ သူမ တွေးလိုက်မိသည်။


‘’ မင်း ဘာစားချင်လဲ …’’ ဝမ်ယွီ မေးလိုက်သည်။


ချီကျန်းကျန်း ‘’ ဘာပဲဖြစ်ဖြစ်’’


 ‘ဈေးပေါလေပိုကောင်းလေပဲ’ ဒုတိယစကားလုံးကိုတော့ သူမ စိတ်ထဲမှသာ ပြောလိုက်မိသည်။


‘’မတည့်တာတွေရှိသေးလား…’’


ချီကျန်းကျန်း ‘’ မရှိပါဘူး ‘’ 


ဈေးအရမ်းကြီးနေလား မသိဘူး...


ဝမ်ယွီ ခေါင်းငြိမ့်ကာ မီနူးကိုပိတ်လိုက်ပြီး ဝိတ်တာဆီသို့ ပြန်ပေးလိုက်ရင်း ‘’ ဒီဆိုင်က လူကြိုက်များပြီး စားကောင်းတဲ့ဟာတွေသာ ချပေးပါ’’


‘’ဟုတ်ကဲ့…’’ ဝိတ်တာလေး အပြုံးအပြည့်နှင့် မီနူးကိုကိုင်ကာ ထွက်ခွာသွားသည်။


ချီကျန်းကျန်း ‘’ ….. ‘’


သူမ ရေခွက်ကိုလှမ်းယူကာ တစ်ငုံသောက်လိုက်သည်။ 


ထို့နောက် ဝမ်ယွီဖုန်းမြည်လာသည်။


သူ ဖုန်းကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပြီးနောက် ချီကျန်းကျန်းကို လှမ်းကြည့်လိုက်သည်။


ချီကျန်းကျန်း ခေါင်းကိုဆတ်ကနဲငုံ့ကာ ရေဆက်သောက်နေလိုက်သည်။


ကျွန်မနဲ့ ဘာမှမဆိုင်ဘူးနော်… ကျွန်မဘာသာ ရေသောက်နေတာ


ထို့နောက် ဝမ်ယွီ ဖုန်းကိုင်လိုက်သည်။


သူတို့ပြောသမျှကို ချီကျန်းကျန်း နားမလည်သော်လည်း အဆုံးတွင် ဝမ်ယွီ မျက်မှောင်ကြုတ်လိုက်ရင်း ဖုန်းထဲသို့ပြောလိုက်သည်။ 


‘’အိုကေ…’’


‘’မဟုတ်ဘူး…’’


‘’အိုကေ…’’


ထို့နောက် ဖုန်းချလိုက်သည်။


ဝမ်ယွီ၏ ဖုန်းစကားပြောခြင်းသည် အလွန်တိုတောင်းလှပြီး စကာလုံး လေးလုံးသာ ဖုန်းထဲသို့ပြန်ပြောလိုက်ခြင်းဖြစ်သည်။


ချီကျန်းကျန်း ‘’ ….. ‘’ သူမ ဘာကိုမှမကြားလိုက်ပေ။


သူ မျက်မှောင်ကြုတ်တာကိုသာမြင်လိုက်ရပြီး သူ အမူအရာသည် အနည်းငယ် ရှင်းပြရခက်သည်ဟု သူမ ထင်လိုက်သည်။


ဝမ်ယွီ အမှန်တကယ်ပင် နားမလည်နိုင်စွာဖြင့် သူမကိုကြည့်လိုက်ပြီး သူ့မျက်နှာပေါ်တွင် ရှုပ်ထွေးသည့် အမူအရာများ ဖြစ်ပေါ်လာသည်။


သူသည် အမြဲတမ်း ခံစားချက်မရှိသူဖြစ်ပြီး မျက်မှောင်ကြုတ်ကာ နေတတ်သူဖြစ်သည်။ သူအမူအရာကိုကြည့်ပြီး ချီကျန်းကျန်း ရှင်းရှင်းလင်းလင်း သိချင်စိတ်ကို ထိန်းမထားနိုင်တော့ဘဲ မေးလိုက်မိသည်။


‘’ဘာတွေဖြစ်နေတာလဲ…’’


ဝမ်ယွီ ပြန်ဖြေလိုက်သည်။ ‘’ အဲ့ဒါ မင်းမိသားစုဝင်…’’


‘’ဟမ်… ချီမိသားစုလား…’’


ချီကျန်းကျန်း အနည်းငယ် အံ့အားသင့်ပြီးနောက် နားလည်သွားသည်။ ချီမိသားစုသည် သူမကိုရှာမတွေ့ခဲ့ပဲ ဝမ်ယွီ ဒီမှာရှိသည်ကို သိသွားခြင်းဖြစ်သည်။


‘’ ကျွန်မတို့အတူတူရှိနေတယ်ဆိုတာ သူတို့သိလား’’ ချီကျန်းကျန်းမေးလိုက်သည်။ 


ဝမ်ယွီ ‘’ စား…’’


သူမ ရေဆက်သောက်ရင်း ထိတ်လန့်သွားသည်။


ဝမ်ယွီ ခေါင်းငြိမ့်လိုက်ရင်း တည်ငြိမ်သည့်လေသံနှင့် သူမကိုပြောလိုက်သည်။


 ‘’ ကောင်းပြီ… သူတို့တွေက မင်းနဲ့ငါ့ကို မနေ့ညက အတူတူနေခဲ့ကြတယ်လို့ ထင်နေကြတယ်…’’


ထို့ကြောင့် သူ့ဆီသို့ဖုန်းဆက်ကာ ဆူပူခြင်းဖြစ်ပြီး ချီကျန်းကျန်းကို အိမ်သို့ အမြန်ပြန်ပို့ရန် အမိန့်ပေးခဲ့သည်။ မဟုတ်လျင် ချီအိမ်မှ သူ့ကို တစ်ခုခု လုပ်တော့မည်ဖြစ်သည်။


ချီမိသားစု စကားအရ သူမ သူ့ကိုသဘောမကျကြောင်း ထင်ရှားသော်လည်း မနေ့ညက ကိစ္စမှာ အထင်လွဲခံရခြင်းဖြစ်သည်။ သို့သော်လည်း သူတို့ သေချာပေါက် ဝမ်ယွီ အပေါ် ဒေါသထွက်ကြမှာဖြစ်သည်။


‘’ဟမ်..’’ ချီကျန်းကျန်း ထိတ်လန့်သွားသည်။


‘မနေ့ညက အတူတူနေခဲ့ကြတယ်…ဟုတ်လား’


‘အဲ့လို ဆိုလိုချင်တာလား’


‘’ ဖူး…’’ သူမ ပါးစပ်ထဲမှ ရေများပန်းထွက်လာလေသည်။