Part 26
‘’ဟမ်..’’ ချီကျန်းကျန်း ထိတ်လန့်သွားသည်။
‘မနေ့ညက အတူတူနေခဲ့ကြတယ်…ဟုတ်လား’
‘အဲ့လို ဆိုလိုချင်တာလား’
‘’ ဖူး…’’ သူမ ပါးစပ်ထဲမှ ရေများပန်းထွက်လာသည်။
‘’အဟွတ်.. ဟွတ်.. ဟွတ်’’ သူမ ပြင်းပြင်းထန်ထန် မျက်ရည်ထွက်သည်အထိ ချောင်းဆိုးမိတော့သည်။
ဝမ်ယွီ မည်သည့် မကျေနပ်မှုမျှ မပြပဲ သူမကို လက်ကိုင်ပုဝါတစ်ထည် လှမ်းပေးလိုက်သည်။
‘’ သူတို့က ဘာလို့ အဲ့လိုထင္တာလဲ…’’
‘ချီအိမ်ရဲ့ ဦးနှောက်တွေက တစ်ခုခုဖြစ်နေကြတာလား’
ဝမ်ယွီ မျက်လုံးများ အနည်းငယ်မှေးကျဉ်းသွားပြီး ‘’ အဲ့ဒါ ပုံမှန်ပါပဲ’’
မနေ့ညက သူသည် ချီကျန်းကျန်းကိုခေါ်ကာ ထွက်ခွာသွားပြီး ချီကျန်းကျန်းသည်လည်း အိမ်သို့ပြန်မလာခဲ့ပေ။ ထို့ကြောင့် သူ၏ စေ့စပ်ထားသူ ချီကျန်းကျန်းအပေါ် တစ်ခုခု လုပ်ခဲ့လိမ့်မည်ဟု ချီမိသားစုဘက်မှ တွေးထင်ခဲ့ဖြင်းဖြစ်သည်။
ချီမိသားစု အမြင်တွင် ဝမ်ယွီ သည် ဘာမှမဟုတ်သည့်သူတစ်ယောက်သာဖြစ်ပြီး ချီကျန်းကျန်းသည် ချီမိသားစု၏ အကြီးဆုံးသခင်မလေးဖြစ်သည်။
သူသည် ထို့အတွေးကိုတွေးလိုက်မိပြီး ရယ်စရာကောင်းသည်ဟု ထင်လိုက်မိသော်လည်း စိတ်မဆိုးပေ။
မထင်မှတ်စွာဖြင့် ချီကျန်းကျန်း မပျော်မရွှင်ဖြစ်သွားကာ အလေးအနက်ဖြင့် ‘’ သူတို့ အဲ့လိုကြီးတကယ်တွေးကြတာလား… စိတ်မပူနဲ့ ဝမ်ယွီ .. ကျွန်မ သေချာရှင်းပြပေးမယ်..’’
ဝမ်ယွီ ခေါင်းမော့ပြီး သူမကို ကြည့်ကာ ရုတ်တရက်မေးလိုက်သည်။ ‘’ မနေ့ညက ငါ့ကားထဲကို ဘယ်လိုလုပ်ပြီး မင်းဝင်လာရဲတာလဲ… ငါမင်းကို တစ်ခုခုလုပ်လိုက်မှာ မကြောက်ဘူးလား…’’
သူမ တုန်လှုပ်သွားသည်။
ဝမ်ယွီ မျက်လွှာချလိုက်ပြီး သူ၏မျက်ဝန်းထဲမှ သိမ်ငယ်နေမှုများကို ဖုံးကွယ်လိုက်သည်။
‘လုံလောက်ပါပြီ… လူတိုင်းက အတူတူပဲ’
သူ ထွက်ခွာရန်ပြင်လိုက်စဉ် တဖက်မှ ချီကျန်းကျန်းသည် ‘’ အစ်ကိုကြီး… ရှင်ကျွန်မကို မသတ်ဘူးမဟုတ်လား..’’
‘’….. ‘’ ဝမ်ယွီ
သူ အံ့ဩသွားကာ သူမကို ကြည့်လိုက်မိသည်။
ဘာမှ ပြန်မပြောသည့် ဝမ်ယွီကြောင့် ချီကျန်းကျန်း ငိုချင်စိတ်များဖြစ်လာပြီး စိုးရိမ်တကြီးဖြင့် ‘’ ကျွန်မက ပါးစပ်လုံပါတယ်… စိတ်မပူပါနဲ့… ကျွန်မ ဘာမှပြန်မပြောပါဘူး’’
သူ ရယ်လိုက်မိသည် ။ ထို့နောက် အချိန်အတော်ကြာ သူမကိုကြည့်လိုက်ပြီး ‘’ ဒီလူ့အဖွဲ့အစည်းမှာ တရားဥပဒေဆိုတာရှိတယ်… မင်း ဘာမှမလုပ်ဘဲ ငါကဘာလို့ မင်းကိုသတ်ရမှာလဲ…’’
ပြောပြီးနောက် ချီကျန်းကျန်းဆီမှ သက်ပြင်းချသံကိုကြားလိုက်ရပြီး သူမ စိတ်သက်သာရာရသွားသည်ကို မြင်လိုက်ရသည်။
ထို့နောက် သူမ သူ့ကိုယုံကြည်သွားကာ မျက်ဝန်းထဲတွင်ပျော်ရွှင်မှုအပြည့်နှင့် တောက်ပသည့်အကြည့်များဖြင့် ဝမ်ယွီကို ကြည့်လိုက်ပြီး
‘’ တကယ်လို့ ရှင်ကျွန်မကို မသတ်ဘူးဆိုရင် ဘာလို့များ တခုခုမကောင်းတာလုပ်မယ်လို့ ပြောလိုက်ရတာလဲ… ကျွန်မ ဘယ်လောက်တောင် ကြောက်သွားလဲဆိုတာ ရှင်သိရဲ့လား…’’
ဝမ်ယွီဆီမှ တိကျသည့်အဖြေရလိုက်သည့်အတွက် ချီကျန်းကျန်း အမှန်တကယ်ပျော်ရွှင်နေပြီး သူမ၏စိုးရိမ်မှုများ ပျောက်ရှသွားကာ ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။
ဝမ်ယွီ သည် ဟန်ဆောင်ကောင်းသော စွမ်းအားကြီးသည့်အမျိုးသား သူရဲကောင်းဖြစ်သည်။ သို့သော် သူသည် လုံးဝ မလိမ်တတ်ပေ။
ထို့ကြောင့် သူစကားများသည် အမှန်တကယ်ဟု သူမ ယုံကြည့်ရခြင်းဖြစ်သည်။
သူမတွင် စိတ်ပျက်စရာ သက်တမ်း ၁ နှစ်သာကျန်သေးသော်လည်း အနည်းဆုံးတော့ သူမသည် ဒီနှစ်အတွင်း လုံခြုံနေမည်ဖြစ်သည်။
သူမ၏ ခံစားချက်များကောင်းလာသည်ကို ဝမ်ယွီ မမေးပဲ သိလိုက်သည်။
သူမ အမှန်တကယ်ပင် စိတ်သက်သာရာ ရသွားခြင်းဖြစ်သည်။
သူ့ဘက်မှ သူမကို မသတ်မခြင်း သူမ ကြောက်ရွံ့နေမှာ မဟုတ်ပေ။ တခြားသူများ သူမအပေါ် မကောင်းသည့်အရာများ လုပ်လာမည်ကို သူမလုံးဝမကြောက်ပေ။ ဥပမာ ချီမိသားစု….
ထိုအချိန်တွင် ဝမ်ယွီ မည်သို့ခံစားလိုက်ရသည်ကို ဖော်မပြတတ်တော့ပေ။
သို့သော်လည်း သူမ၏ တောက်ပနေသည့်အပြုံးကိုမြင်လိုက်ပြီး သူ စိတ်သက်သာရာ ရသွားသည်။
သိပ်မကြာခင် မှာထားသည့် ဟင်းပွဲများ တစ်ပွဲပြီးတစ်ပွဲ ရောက်လာသည်။
ပန်းကန်တစ်ချက်လျင် နှစ်ကိုက် သုံးကိုက်စာလောက်သာ ရှိသော ဟင်းပွဲများသည် ချီကျန်းကျန်း နှင့် ဝမ်ယွီ အရှေ့သို့ရောက်လာသည်။
ကုန်ကျမည့် ငွေကြေးပမာဏကို ဖယ်ထားလိုက်လျင် ထိုဟင်းပွဲများသည် ရိုးရှင်းသော်လည်း အလွန်အရသာရှိသည်။
သူမ မျက်လုံးထဲဝင်လာသည့် ဟင်းပွဲတိုင်းအပေါ် သူမ၏လျင်မြန်ဖြတ်လတ်မှုများဖြင့် ချက်ချင်းပင် စားပစ်လိုက်သည်။
ချီကျန်းကျန်းသည် ထိုကဲ့သို့ အရသာအလွန်ရှိသော ဟင်းပွဲများကို အရင်ဘဝက မစားဖူးပေ။
‘’ကောင်းလိုက်တာ… အရသာရှိတယ်’’ သူမ၏ တောက်ပနေသော မျက်ဝန်းများသည် ဟင်းပွဲများ အပေါ်တွင်သာရှိနေသည်။
ချီကျန်းကျန်းသည် အရင်ဘဝက သူမ အဖွား၏ ကောင်းမွန်သော သွန်သင်မှုများကြောင့် အလွန်ရိုးရှင်းကာ စိတ်ကောင်းရှီသူဖြစ်သည်။
သူမသည် ထိုအချိန်ခဏကို အလွန်သဘောကျနေပြီး တောင်ပေါ်သို့ကားဖြင့် တက်နိုင်သည်ဟူ၍ပင် ယုံကြည်လိုက်မိသည်။
အစားအစာများ လာချပြီးကတည်းက သူမ မျက်လုံးထဲတွင် အစားများသာရှိတော့သည်။
သူမ၏ ကောင်းမွန်သည့်စိတ်အခြေအနေနှင့် ကောင်းမွန်သည့်အစာစားချင်များကို တစ်ချက်ကြည့်ရုံနှင့်ပင် သိသာနေသည်။
အမှန်တကယ်တော့ ဝမ်ယွီ ကောင်းကောင်းမစားနိုင်ပေ။ အစားအစာများသည် အရသာရှိသော်လည်း သူ့အတွက် ထူးခြားမနေပေ။ သူ့အမြင်တွင် အစားအစာများသည် အသက်ဆက်ရန်အတွက် လိုအပ်သည့် ဖြစ်တည်မှုတစ်ခုသာ ဖြစ်သည်။
ထိုအချိန်တွင် တဖက်ရှိ သူမှာတော့ ပျော်ရွှင်စွာ စားသောက်နေသည်ကို စူးစိုက်ကြည့်နေမိပြီး သူပါ စားချင်စိတ်ဖြစ်ပေါ်လာသည်။
ချီကျန်းကျန်းသည် ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပါးစပ်းအပြည့် စားသောက်နေပြီး သူမ မျက်ဝန်းများကိုမှိတ်ကာ ပျော်ရွှင်မှုကို ခံစားနေသည်။
ဟင်းပွဲတိုင်းက သူမအတွက် အရမ်းစားကောင်းပုံပေါ်နေသည်။
‘’ စားကောင်းလိုက်တာ..’’ သူမ ကျေနပ်မှုအပြည့်နှင့် တီးတိုးရေရွတ်နေသည်။
………..
‘’ဟပ်ချိုး…’’ ဝမ်စီစီ တစ်ရှုးလှမ်းယူကာ သူမ ပါးစပ်ကိုအုပ်လိုက်သည်။
ကားမောင်းနေသည့် ဝမ်ရိရန် မျက်မှောင်ကြုတ်ကာ သူမကို ကြည့်လိုက်ပြီး ‘’ အအေးမိနေတာလား…’’
ဝမ်စီစီ ခဏတွေးပြီးနောက် အံကြိတ်ကာ ‘’ ချီ… ကျန်း… ကျန်း…’’
‘’ ဟမ်..’’ ဝမ်ရိရန် မျက်မှောင်ကြုတ်လိုက်ပြီး ‘ ဘာလို့ အဲ့မိန်းမနာမည်ကို ထပ်ခေါ်နေရတာလဲ…’
ဝမ်စီစီ အသက်ပြင်းပြင်းရှုလိုက်ပြီး ဒေါသတကြီးဖြင့်
‘’ ချီကျန်းကျန်း တော်တော်များနေပြီ… မနေ့ညက စောင်တွေအကုန်လုံး သူပဲယူခြုံသွားတယ်… ငါ့မှာတော့ တညလုံးအအေးခံလိုက်ရပြီး အခုတော့ အဖျားပါဝင်တော့မယ်’’
ညလယ်တွင် အအေးဒဏ်ကို ခံစားမိသည့်အတွက် စောင်ယူရန်ဆွဲသော်လည်း ချီကျန်းကျန်းသည် သူမကိုယ်သူမ လုံနေအောင်ထုတ်ထား၍ ဝမ်စီစီ စောင်ကိုဆွဲယူလို့ မရခဲ့ပေ။
‘ သူမ တမင်သက်သက်လုပ်တာပဲဖြစ်ရမယ်’ ဝမ်စီစီ တွေးလိုက်မိသည်။
ဝမ်ရိရန် မျက်မှောင်ထပ်ကြုတ်လိုက်မိပြီး ခဏလောက်တွေးလိုက်ကာ ‘’ နင်တို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေသေးဘူးလား… အဲ့ဒါဆို ဘာလို့ ညက အတူတူအိပ်ကြသေးလဲ… သူမ နင့်ကို လှောင်ပြောင်သေးလို့လား…’’
ချီကျန်းကျန်းသည် သူ့အနောက်သို့ အမြဲလိုလို လိုက်နေခဲ့သည့်အတွက် သူကို အလွယ်တစ်ကူ လက်လွှတ်လိုက်သည်ကို မယုံနိုင်ပေ။ သူမ တခြားအကြံအစည်များ ကြံစည်နေသည်ဟု ထင်မိသည်။
သူတို့၏ လက်ထပ်စာချုပ်သည် ပျက်ပြယ်သွားသော်လည်း သူအကြောင်း သူမ အပြင်တွင်ပြောခဲ့သည်မှာ… ‘….’
ထိုအရာအားတွေးရင်း ဝမ်ရိရန် တစ်စုံတစ်ခုကို နားလည်သွားသည်။