part 27
သူမသည် ပထမတွင် လက်ထပ်စာချုပ်ဖျက်သိမ်းရန် ပြုလုပ်ပြီးနောက် တခြားသူများ သူ့အပေါ်စိတ်ကုန်စေရန် ကောလဟာလများ လျောက်ဖြန့်ခဲ့သည်။ ထို့နောက် သူမသည် ဝမ်စီစီကို ထပ်မံချဉ်းကပ်ခဲ့ပြန်သည်။
ဟမ့်… ချီကျန်းကျန်း တစ်ယောက် ကားအက်စီးဒင့်ဖြစ်ပြီးနောက် အရင်လိုသူ့အနောက်သို့ တစ်ကောက်ကောက် မလိုက်တော့ဘဲ ပိုမိုထက်မြက်လာကာ သူမ၏ဗျူဟာကို ပြောင်းလဲလိုက်သည်ဟု သူတွေးလိုက်မိသည်။
ထိုအတွေးရပြီးနောက် သူ ခဏရပ်တန့်သွားကာ ‘ ဘယ်လိုတောင် ဆိုးတဲ့ အိုင်ဒီယာလဲ…’’
ဝမ်စီစီ အံကြိတ်လိုက်ပြီး ‘အဲ့ဒါပဲဖြစ်ရမယ်… ဘယ်လိုတောင်…’
ချီကျန်းကျန်း သူမကိုယ်သူမ လုံခြုံအောင်စောင်နှင့်ထုတ်ပြီးအိပ်ခဲ့သည့်အတွက် ဝမ်စီစီ မနေ့ညက အအေးဒဏ်ကြောင့် အအေးမိချင်နေသည်။
‘ အဲ့ သေသင့်တဲ့တစ်ယောက်ကတော့လား ‘ ဝမ်စီစီ စိတ်ထဲမှ ကျိန်ဆဲနေမိသည်။
ဝမ်ရိရန် ဝမ်စီစီကို ကြည့်ပြီးလုံလောက်ပြီဟု တွေးမိကာ ‘’ စီစီ…. သူမ ဘက်က ဘာတွေပဲလုပ်နေပါစေ သူမကို ငါ့အနားခေါ်မလာမိစေနဲ့…. ငါ ချီကျန်းကျန်းကို ထပ်မတွေ့ချင်ဘူး’’
‘ချီကျန်းကျန်း… မင်း ဘယ်လောက်ပဲ နည်းလမ်းတွေထုတ်ထုတ်… ငါ မင်းကိုမကြိုက်ဘူး’
….
‘စားတာ အရမ်းများသွားပြီ’
ချီကျန်းကျန်း တူကိုဘေးသို့ချလိုက်ပြီး ခေါင်းမော့လိုက်ကာ ‘’ တခြား အသီးအရွက်တွေ ရှိသေးလား…’’
‘’ စားလို့ပြီးပြီလား…’’ ဝမ်ယွီ ဓါးနှင့်ခရင်းကိုချရင်း မေးလိုက်သည်။
တဖက်ရှိ ချီကျန်းကျန်းက ကျေနပ်စွာဖြင့် ခေါင်းငြိမ့်ကာ ပါးစပ်ကိုသုတ်လိုက်ပြီး
‘’ ကျွန်မ စားလို့ပြီးပြီ… ဘယ်နှစ်ပွဲတောင် မှာလိုက်တာလဲ… ဘာလို့ အားလုံးတစ်ခါတည်း မချတာလဲ မသိဘူး…’’
သူမ စားနေစဉ်မှာပင် များပြားလှသော ဟင်းပွဲများ ဆက်တိုက်လာချနေသေးသည့်အတွက် မေးလိုက်ခြင်းဖြစ်သည်။
သူမ ငြင်းဆန်ချင်သော်လည်း လာချပေးသော ဟင်းပွဲတိုင်းသည် ကြည့်လိုက်သည်နှင့် အရသာရှိပုံပေါ်သောကြောင့် သူမ တွေးလိုက်မိသည်မှာ -
‘ပိုက်ဆံမဖြုန်းပဲ… မှာထားသမျှ အကုန်စား’
နောက်ဆုံးတော့ အကျိုးရလဒ်အနေဖြင့် သူမ အလွန်ဗိုက်အင့်သွားခြင်းပင်။
နောက်ထပ် အရသာရှိပုံပေါ်သည့် ဟင်းပွဲများ ထပ်ချပေးသော်လည်း သူမ ထပ်မစားနိုင်တော့ပေ။
ဝမ်ယွီ လက်ကိုသုတ်လိုက်ရင်း ‘’ ဘာမှ မဟုတ်ဘူး’’
ဝမ်ယွီ သူ့အနားမှ ဝိတ်တာကို လှမ်းကြည့်လိုက်သည်။ ဝိတ်တာလေးမှာ မီးဖိုဆောင်ဘက်ကို ကိုယ်နေဟန်ထားတစ်ခုပြသလိုက်သည့်အတွက် ဟင်းပွဲများ ထပ်ရောက်မလာတော့ပေ။
ချီကျန်းကျန်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ပြီး ‘’ အစားအစာတွေ အလဟသ မဖြစ်ရင်တော်ပါပြီ’’
‘ငါတော့ အများကြီးစားပြီးပြီ… အဲ့ဒါတွေက ဈေးတော့ မပေါလောက်ဘူး ဟုတ်တယ်မဟုတ်လား…’
ဝမ်စီစီမှ ညှစ်ထုတ်လာသော ပိုက်ဆံလေးများသည် ထို့ဟင်းပွဲများကို ရှင်းရန် မလုံလောက်မှာကို သူမ စိုးရိမ်နေမိသည်။
မဟုတ်လျင် ဒီတစ်နပ်ကို သူမ မရှင်းပေးဘဲ ဘောစ့်ကြီးကိုသာ ရှင်းခိုင်းလိုက်ရင်ကောင်းမလား… သူမ ပိုက်ဆံရတာကိုစောင့်ပြီး နောက်မှ ပြန်ဆပ်လိုက်မယ်ဆိုရင်ကော….
မဟုတ်ရင် ငွေရှင်းတဲ့အခါမှ မလောက်ဘူးဆိုရင် တကယ်ပဲ အရှက်ကွဲသွားနိုင်သည်။
သို့သော်လည်း တဖက်ရှိ ဝမ်ယွီက ဟင်းပွဲအား ရှင်းမည့် မည်သည့်အမူအရာမှ မဖော်ပြပေ။
ချီကျန်းကျန်း …. ?????
‘ဒီလူကြီးက အရမ်းကြီး ကပ်စေးမနည်းလောက်ပါဘူးနော်… ဟုတ်တယ် မဟုတ်လား…’
သူမ တွေးလိုက်မိရငင်း သူမ၏ကတ်လေးကို ဆွဲထုတ်ကာ အပြစ်ရှိသည့်လေသံလေးဖြင့် ‘’ ကဒ်နဲ့ရှင်းမယ်နော်’’
ဝိတ်တာလေးသည် ယဉ်ကျေးစွာဖြင့် ‘’ အစ်မ… ငွေရှင်းဖို့မလိုပါဘူး’’
‘’ဟမ်…’’ ချီကျန်းကျန်း အံ့ဩသွားသည်။
‘ဒါတွေက အလကားကျွေးတာလား…’
ဆိုင်ထဲတွင် လူတစ်ယောက်မှမရှိသည့်အတွက် ထိုလုပ်ငန်းသည် သိပ်ကောင်းမည်ဟု သူမ မထင်ပေ။ ထို့အပြင့် လုပ်ငန်းမကောင်းသည့်ဆိုင်မှ အလကားကျွေးသည်ဆိုတာတော့ မဖြစ်နိုင်လောက်ဘူးဟု သူမ ထင်မိသည်။
ပြောရလျင် ဆိုင်နေရာသည် အဆင်ပြေသည်။ ဆိုင်အပြင်အဆင်သည်လည်း အတော်လေးကြည့်ကောင်းပြီး ပတ်ဝန်းကျင် နှင့် ဝန်ဆောင်မှုသည်လည်း အလွန်ကောင်းမွန်သည်။ ထို့အပြင့် အရသာသည် ထိပ်တန်းအဆင့်တွင်ရှိသော်လည်း ထိုဆိုင်တွင် စားသုံးသူများ သိပ်မရှိပေ။
ချီကျန်းကျန်း အလွန်သံသယဖြစ်မိသော်လည်း သူမ နားမလည်နိုင်ပေ။
ဝိတ်တာလေးမှ ဘာမှဆက်မပြောခင် ဝမ်ယွီ မတ်တပ်ရပ်ကာ ဘေးတွင်ချထားသော အကျီကိုယူပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ ‘’ ဒီဆိုင်က ကိုယ့်ဆိုင်ပဲ’’
ချီကျန်းကျန်း ‘’ !!! ‘’
သူမ၏ ပထမဆုံးတုန့်ပြန်မှုသည် ‘ ကျွန်မ ရှင့်ကိုအားကိုးပါရစေ ‘
ဒီဘောစ်ကြီးက တကယ့်ကိုကြီးမားတဲ့ လုပ်ငန်းတွေရှိတာပဲ
ချီကျန်းကျန်း မတ်တပ်ရပ်ကာ ‘’ ဝမ်ယွီ… ရှင့်ရဲ့အစားသောက်လုပ်ငန်းက ဟင်းပွဲတွေက အရမ်းကောင်းတာပဲ ‘’
ဝမ်ယွီသည် ယွီတင်း ကုမ္ပဏီသာမက အစားအသောက်လုပ်ငန်းကိုပင် ဈေးးကွက်တွင်ဖြန့်ကျက်ထားသည်ကို သူမ မသိပေ။ သူတို့က နှစ်ခုစလုံးမှာ နာမည်ကြီးတာပဲ…
အဲ့တော့ ငါ မကြောက်တော့ပါဘူး…
ချီကျန်းကျန်း ပြုံးလိုက်ပြီး သူမ ၏ အမူအရာသည်လည်း သက်သောင့်သက်သာဖြစ်သွားသည်။
အပြင်သို့ရောက်ပြီးနောက် ဝမ်ယွီ က ချီကျန်းကျန်းကို ပြန်ဖြေလိုက်သည်။ ‘’ ကိုယ်အစားအသောက်လုပ်ငန်းလုပ်တာမဟုတ်ဘူး ဒီအတိုင်း စားသောက်ဆိုင်တစ်ဆိုင် ဖွင့်လိုက်ရုံပါပဲ… ကိုယ်က တခြားသူရဲ့နေရာမှာ စားရတာမကြိုက်ဘူး’’
ခဏရပ်လိုက်ပြီး ဝမ်ယု ဆက်ပြောသည်။ ‘’ ကိုယ့်အလုပ်တွေက အမျိုးမျိုးပဲ ငွေကြေးအာမခံတွေလဲပါတယ်… ပြီးတော့ တချို့ စက်မှုလုပ်ငန်းတွေလဲရှိတယ်… တကယ်လို့ မင်းစိတ်ဝင်စားတယ်ဆို ကိုယ်အသေးစိတ် ပြောပြလိုက်ရတယ်’’
ပြောပြီးနောက် ချီကျန်းကျန်း ရပ်တန့်သွားသည်ကို သူတွေ့လိုက်သည်။
သူခေါင်းကိုလှည့်ကာ သူမကို လှည့်ကြည့်လိုက်မိသည်။
ချီကျန်းကျန်း အတင်းပြုံးကာ ‘’ မဟုတ်… မလိုပါဘူး….’’
ဝမ်ယွီ ထိုကဲ့သို့ စကားအများကြီးပြောမည်ဟု သူမ လုံးဝမတွေးခဲ့မိပေ။
လူမိုက်ခေါင်းဆောင်ကြီးလိုပဲ….
ငါဘာမှ မသိချင်ပါဘူးနော်… နည်းနည်းလေးတောင် သိချင်မနေပါဘူး…
…..
သူ ချီကျန်းကျန်းကို ချီအိမ်ရှေ့သို့ပို့ပေးလိုက်သည်။
‘’ ကျွန်မကိုပြန်ပို့ပေးတာ ကျေးဇူးတင်ပါတယ်… ဂွတ်ဘိုင့်…’’ ချီကျန်းကျန်း အပြုံးလေးနှင့်ပြောလိုက်သည်။
ဝမ်ယွီနှင့် အတူတူသွားလာပြီးနောက် သူ့ အပေါ် သူမကြောက်စိတ်အနည်းငယ် ရှိရုံကလွဲ၍ ကျန်သည့်အပိုင်းများတွင် အရမ်းအဆင်ပြေသည်ဟု သူမ တွေးလိုက်မိသည်။
သူသည် စကားအများကြီးမပြောသော်လည်း ပြန်တုန့်ပြန်သည်။ သူနှင့်အတူရှိနေစဉ် သူမ အတော်လေး သက်တောင့်သက်သာရှိသည်။ သူသည် တိတ်ဆိတ်နေသော်လည်း တခြားသူများကို လျစ်လျူရှုခြင်း မရှိပေ။
အရေးအကြီးဆုံးအရာမှာ ဝမ်ယွီ သည် အလွန်ခန့်ညားသည်။ သူ့မျက်နှာကို ကြည့်ရုံနှင့်ပင် လုံလောက်လေသည်။
ချီကျန်းကျန်း မကြာခဏ သူ့ကိုကြည့်မိသည်။ သူသည် တစ်ကမ္ဘာလုံး၏ စီးပွားရေးကို ကိုင်လှုပ်မည့် အဓိက ဇာတ်ကောင်တစ်ဦးဖြစ်သည်ကို သူမ အံ့ဩနေမိသည်။
ဝမ်ယွီ ခေါင်းငြိမ့်ကာ သူ့ဖုန်းကို ဂဏန်းတစ်ချို့နှိပ်လိုက်ပြီးနောက် ချီကျန်းကျန်းဖုန်းသံမှာ မြည်လာသည်။
ဖုန်းကို သူမ မကြည့်ရသေးခင်မှာပင် ဝမ်ယုက ‘’ ကိုယ်ခေါ်နေတာ… တစ်ခုခုလိုရင် ဆက်လိုက်မယ်’’
ပြောပြီးနောက် ကားမှန်တံခါးကိုပြန်တင်ကာ မောင်းထွက်သွားသည်။
ချီကျန်းကျန်း ထိုနေရာတွင် ခဏလောက်ရပ်နေမိပြီးနောက် အသိစိတ်လေးအနည်းငယ် ပြန်ဝင်လာကာ ထွက်ခွာသွားသည့်ကားကို စိုက်ကြည့်နေမိသည်။
သူမ ဖုန်းနံပါတ်က သူ့ဆီမှာရှိနေပြီးသားလား….
ဟုတ်သားပဲ… ဒီဖုန်းကို သူဝယ်ပေးထားတာပဲကို… ဖုန်းနံပါတ်သိဖို့က အလွယ်လေးပဲဟာ….
ထိုအရာသည် အနည်းငယ် မှော်ဆန်သည်ဟု သူမ တွေးလိုက်မိသည်။