အပိုင်း (၁၃)
Viewers 31k

part-13


ယနေ့မနက်စောစောတွင် ယွမ်ရှက စုန့်ထင်ရှန်းဆီသို့လေယာဉ်နံပါတ်ပေးပို့ထားခဲ့သည်။အကယ်၍ သူ သူမမက်ဆေ့ကိုမကြည့်ဘူးဆိုလျှင်တောင်မှ သူမတွင်အကြောင်းကြားရမည့်တာဝန်ရှိပေသည်။သူမကလေးလေးစုန့်၏လက်ကိုဆွဲ၍ ထွက်ခွာရာနေရာမှထွက်လာပြီးသည်နှင့်စုန့်ထင်ရှန်းနှင့်သူ့၏လက်ထောက်ကိုတွေ့လိုက်ရသည်။ 

သူကိုယ်တိုင် လာရောက်ကြိုဆိုသောကြောင့်ယွမ်ရှအံ့အားသင့်သွားလေသည်။ ကလေးလေးစုန့်၏တုံ့ပြန်မှုကသူမထက်ပင်မြန်ဆန်လှပေသည်။ကလေးလေးက အမြှောက်ဆံလေးအလား တဟုန်ထိုးပြေးသွားပြီးမစ္စတာစုန့်၏ခြေထောက်ကိုဖက်လိုက်သည်။


စုန့်ထင်ရှန်းက ချက်ချင်းပင်သူ့ကိုပွေ့ချီလိုက်ပြီးသူ့သား၏ပါးဖောင်းဖောင်းလေးကိုမွေးကြူလိုက်သည်။

သူ့၏မျက်ဝန်းထဲ၌နူးညံ့သိမ်မွေ့မှုများပြည့်သိပ်နေသည်။


"ပါးပါး ပါပါးကိုသားလွမ်းနေတာ..."


ကလေးလေးစုန့်က သူ့အဖေ၏လည်ပင်းကိုဖက်လိုက်ပြီးခေါင်းတိုးဝှေ့၍ဆိုလိုက်သည်။ခံစားချက်များအကြောင်းကိုပြောရမည်ဆိုလျှင်ယွမ်ရှက ကလေးလေးစုန့်အားကောင်းကောင်းမွန်မွန်ဆက်ဆံပေးနေပြီဖြစ်သော်လဲ သူမ၏အခြေအနေသည် မစ္စတာစုန့်၏အောက်တွင်ပင်ရှိနေသေးသည်။ကလေးလေးစုန့်၏စိတ်ထဲတွင် 

မစ္စတာစုန့်ကသာ အမြင့်ဆုံးနေရာ၌ရှိပေလိမ့်မည်။


ပြောရမည်ဆိုလျှင်ထိုပေါက်စီလုံးလေးကသူ့အဖေနှင့်သာအချိန်များစွာကုန်ဆုံးခဲ့ရခြင်းဖြစ်သည်။ ယွမ်ရှ ရုတ်တရက်တစုံတခုကိုတွေးမိသွားသည်။ထိုပေါက်စီလုံးလေးသည် မနှစ်ကစ၍မူကြိုတက်လေသည်။ ထိုမူကြိုကျောင်း၌ မကြာခဏဆိုသလိုမိဘများတက်ရောက်ရသည့် ပွဲများလုပ်လေ့ရှိသည်။


မူလယွမ်ရှက ထိုကဲ့သို့သောပွဲမျိုးကို ဘယ်တုန်းကမှမတက်ရောက်ခဲ့ပေ။ မစ္စတာစုန့်ကလဲ သူမ၏အကျင့်စရိုက်ကိုကောင်းစွာနားလည်သောကြောင့် တက်ရောက်ခိုင်းခြင်းမျိုးမရှိပဲသူ့သားလက်ကိုဆွဲကာ သူကိုယ်တိုင်ပင်တက်ရောက်လေ့ရှိသည်။ ဒီမိသားစုအနေဖြင့်သုံးယောက်လုံးဆုံသည့်အချိန်ကရှားပါးလှလေသည်။


 လက်ထောက်ချန်းအနေဖြင့် ယွမ်ရှကို 

ယခုနီးနီးကပ်မြင်ဖူးခြင်းက ယခုအကြိမ်သည်ပထမဆုံးအကြိမ်ဖြစ်လေသည်။သူမကိုမြင်လိုက်သည့်အချိန်၌လက်ထောက်ချန်းတယောက်အံ့အားတသင့်ဖြင့်အာမေဋိတ်သံပင်ပြုလုပ်မိသွားသည်။ကလေးလေးစုန့်ကသူ့အမေနှင့်အားလုံးတူသော်လဲအားလုံးအမွေဆက်ခံထားရခြင်းတော့မဟုတ်ပေ။သူမကလက်ရှိနာမည်ကျော်ကြားသောမင်းသမီးများထက်ပင် ပို၍လှပနေပေသည်။

လက်ထေက်ချန်းတယောက် ယွမ်ရှသည် သူဌေးစုန့်ကိုကြံစည်၍လက်ထပ်ခဲ့သည်ဆိုသောကောလဟလများ ကိုမေးခွန်းထုတ်ချင်သွားသည်။


သူက ဒီလောက်လှတဲ့အမျိုးသမီးတဦးပဲလေ စီအီးအိုစုန့်ကသူ့ရဲ့အလှမှာမျောပြီးတော့လိုက်ပိုးခဲ့တာရောမဖြစ်နိုင်ဘူးလား...


စုန့်ထင်ရှန်းတယောက်သူ့သားနှင့်အလွမ်းသည်ပြီးမှ နောက်ဆုံးတွင်ယွမ်ရှဘက်သို့ကြည့်လိုက်သည်။သို့သော်လဲ သူ့၏အကြည့်များက မည်သည့်အံ့အားသင့်ပျော်ရွှင်မှုမှရှိမနေပဲငြိမ်သက်နေပြီးပြောလိုက်သည်။


"မင်းရဲ့ကြိုးစားပေးမှုအတွက်ကျေးဇူးတင်ပါတယ်..."


သာမာန်အားဖြင့် လက်ထပ်ပြီးသားစုံတွဲများသည်ထိုမျှလောက်စိမ်းသက်မနေသင့်ပေ။သို့သော်လဲ မူလယွမ်ရှဖြစ်စေ ယခုမှပြောင်းလဲရောက်ရှိလာသောယွမ်ရှဖြစ်စေသူ့၏စိမ်းသက်သောသဘောထားကြောင့်စိတ်ပျက်နေလိမ့်မည်မဟုတ်ပေ။မူလယွမ်ရှက သူ့ခင်ပွန်းသည်ကို လုံးဝမချစ်မနှစ်သက်ခဲ့ပေ။ သူမကသူ့၏ပိုက်ဆံများနှင့်ကောင်းမွန်သက်တောင့်သက်သာစွာနေရသောဘဝကိုသာနှစ်သက်ခြင်းဖြစ်သည်။


ထိုသို့ဖြစ်လေရာ အသစ်ကူးပြောင်းလာသောယွမ်ရှအတွက်မူ မေးခွန်းထုတ်စရာပင်မလိုတော့ပေ။ သူစိမ်းနှစ်ယောက်ကတယောက်နှင့်တယောက်ယဉ်ယဉ်ကျေးကျေးပြုမူရုံနဲ့ပဲလုံလောက်နေပီမဟုတ်ဘူးလား...


"ရပါတယ်ကိစ္စမရှိပါဘူး..."


ယွမ်ရှ အေးဆေးစွာပင် တုံ့ပြန်လိုက်သည်။လက်ထောက်ချန်းက သူမတို့၏ခရီးဆောင်အိတ်များကို သွားရောက်ထုတ်ယူလိုက်ပြီးနောက် လှပချောမွေ့သောမိသားစုသုံးယောက်သား ကားပါကင်ရှိရာဆီသို့သွားလိုက်ကြသည်။ဟိုတယ်သို့သွားရာလမ်းတလျှောက်တွင် ယွမ်ရှက တိတ်ဆိတ်သောရုပ်သေကားချပ်တခုအဖြစ်သာဟန်ဆောင်နေလိုက်လေသည်။ ပေါက်စီလုံလေးနှင့်သူ့အဖေတို့နှစ်ယောက်သား အလွမ်းသည်နေသည်ကိုနားထောင်ရုံဖြင့်သာလုံလောက်နေပေပြီ။


ကားကားထဲသို့ရောက်သည်နှင့် စုန့်ထင်ရှန်းနှင့် သူမတို့ကြားထဲတွင်ဆက်သွယ်ပြောဆိုစရာအကြောင်းကိစ္စမရှိတော့သောကြောင့် သူမမျက်လုံးများမှိတ်ပြီးသာအနားယူလိုက်ပါလာခဲ့သည်။ နာရီဝက်ခန့်ကြာပြီးနောက်သူမတို့ဆီလာသောကားကဟိုတယ်တခု၏ဝင်ပေါက်ရှေ့သို့ရောက်ရှိလာလေသည်။ 


လက်ထောက်ချန်းကဟိုတယ်တွင်အခန်းကြိုတင်မှာယူထားပြီးဖြစ်သည်။


လက်ထောက်ချန်း သူ့၏စပ်စုချင်စိတ်များကိုအောင့်အီးချုပ်တီးထားပြီးအခန်းသော့အား ယွမ်ရှထံသို့လှမ်းပေးလိုက်သည်။


သူတို့ကဘာလို့အခန်းခွဲအိပ်တာလဲ မစ္စစုန့်ကစီအီးအိုစုန့်ကိုမြို့တော်အိမ်အထိတောင်လာတွေ့တာလား ပြီး‌တော့သူမကက‌လေးလေးကိုလဲခေါ်လာသေးတယ်သူတို့ကြီးကြီးမားမားတခုခုရှာတွေ့လိုက်ပြီလို့ခံစားနေရပါပြီနော်...


ယွမ်ရှ အနေဖြင့် မစ္စတာစုန့် သူမအတွက် အခန်းသက်သက်စီစဉ်ထားပေးခြင်းကိုအံ့အားသင့်မနေပေ။ သူအပြုံးလေးဖြင့်လက်ထောက်ချန်းကိုကျေးဇူးတင်စကားဆိုလိုက်သည်။ယခုကလုံးဝကိုပြီးပြည့်စုံနေပေသည်။ အကယ်၍စုန့်ထင်ရှန်းနဲ့သာအခန်းမျှသုံးရမည်ဆိုပါက သူမပျော်ရွှင်လိမ့်မည်မဟုတ်ပေ။သူမက သူ့၏ဇနီးဖြစ်နေသော်လဲ ၎င်းကအမည်ခံမျှသာဖြစ်ပြီး တကယ်တမ်းတွင် သူတို့က သူစိမ်းနှစ်ယောက်သာသာသာဖြစ်သည်။


ဒါပေါ့ စုန့်ထင်ရှန်းကလဲ သူမကိုမကြိုက်သလို သူမကို မမြင်ချင်ကြောင်းသိသာထင်ရှားနေပေသည်။


ပြည့်ပြည့်ဖြိုးဖြိုးပေါက်

စီလုံးလေးက အနဲငယ်လွန်ဆွဲမှုကိုခံစားနေရသည်။ သူ့၏မိဘများက အိမ်တွင်တူတူမအိပ်ကြကြောင်းကိုသူသိပေသည်။သို့သော်လဲ လက်ထပ်ထားသောစုံတွဲများကြားမှာအိမ်ထောင်ရေးပြဿနာများကို သိရှိရန်အတွက်မူသူ့၏အသက်က ငယ်လွန်းနေပေသေးသည်။


ထို့ကြောင့် သူတို့ဓာတ်လှေကားထဲရောက်သည့်အချိန်၌ သူ့ခမျာ ပါပါးနှင့်အိပ်ရမလား...မာမားနှင့်အိပ်ရမလား...ဆုံးဖြတ်မရနိုင်ပဲအတွေးများနေရလေသည်။