Chapter 3
Viewers 475

⛰️Chapter 3.

ဂေးနေကြတာလား။



“ဆောက်လုပ်ရေးအဖွဲ့ကို အခုအင်တာဗျူးလေးလုပ်ချင်လို့ အဆင်ပြေလားရှင့်”


သတင်းရယူရန်လွှတ်ပေးလိုက်သော သတင်းထောက်မှာ အခုမှအလုပ်ဝင်ကာစလေးဖြစ်သည်။ထို့ပြင်သူမအတွက် ဤမျှခက်ခဲသည့်တောင်ပေါ်ကိုတက်လာရသည်မှာလည်း ပထမဆုံးပင်။မည်သို့ပင်ဖြစ်စေ သူမအပြုံးကိုထိန်းထားပြီး အင်တာ‌ဗျူးလုပ်ရန်လိုနေဆဲဖြစ်ရာ တောင်ပေါ်သို့နောက်ဆုံးမှရောက်လာခဲ့သည်။ကယ်ဆယ်ရေးအသင်းရှိရာသို့ သူမရောက်သောအခါ သူတို့နောက်ကိုတောင်လှမ်းမကြည့်နေတော့ဘဲ ကင်မရာကိုမျက်နှာချင်းဆိုင်ကာ သတင်းဆက်တင်ပြလေသည်။

 

သူမအသံနောက်လိုက်ကာ ကင်မရာမန်းက သူမ၏နောက်ကိုလှမ်းရိုက်ပြလာသည်။ရုတ်တရက်ပင် ကင်မရာကအဖြူရောင်ပုံရိပ်တစ်ခုကိုရိုက်မိသွားကာ ကင်မရာမန်းကသူ့ရှေ့မှမြင်ကွင်းကြောင့် အံ့အားသင့်ကာ ကြောင်သွားလေသည်။ 


“မရိုက်နဲ့”

ကယ်ဆယ်ရေးအဖွဲ့အော်ပြောဖို့နောက်ကျသွားပြီဖြစ်သည်။အမျိုးသမီးသတင်းတင်ဆက်သူက တစ်ဖက်လှည့်လာကာ အနားသို့တဖြေးဖြေးလျှောက်လာသည်။


“ခုနတုန်းကဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သက်ပြီး တစ်ချက်လောက်အင်တာဗျူးကြည့်ကြရအောင်。。。。အားးး”


သူမပြော၍မပြီးသေးခင်မှာဘဲ သူမရှေ့မှမြင်ကွင်းကိုမြင်လိုက်ရသောအခါ အံ့ဩလွန်းသဖြင့် ချက်ချင်းတောင်မတုံ့ပြန်နိုင်လိုက်ပေ။


အယောက်နှစ်ဆယ်ကျော်ရှိသည့် အသားအ

ရေကောင်းကောင်းယောက်ျားကြီးများ၏ခန္ဓာကိုယ်များက သူမရှေ့တွင်အတိုင်းသားမြင်နေရလေသည်။ထို့နောက်ကျယ်ကျယ်လောင်လောင်ဖြင့်စီခနဲအော်လိုက်မိကာ လက်ထဲမှမိုက်ခရိုဖုန်းကိုတောင် လွင့်ပစ်မတတ်ဖြစ်သွားသည်။

 

အမျိုးသမီးတင်ဆက်သူ၏စီခနဲအော်သံက ထိုသူများကို လန့်ဖျပ်သွားစေကာ သတိပြန်ဝင်လာကြသည်။


“မြန်မြန် ပြေးကြ အားးးတဲပြိုတော့မယ်。。。”


“မန်နေဂျာချင်း မြန်မြန်ပြေးကြမယ်。。。”


“သရဲ သရဲရှိတယ် ကြီးမြတ်လှတဲ့မသေမျိုးသစ်ပင်ကြီးခင်ဗျာ ကျွန်တော်ခင်ဗျားကိုတူးထုတ်ဖို့မရည်ရွယ်ပါဘူး”


“အမေရေ ကျွန်တော်မသေချင်သေးဘူး အခုထိလက်တောင်မထပ်ရသေးဘူးလို့”


ဆောက်လုပ်ရေးအဖွဲ့ဝင်တိုင်းက သူတို့ကိုယ်များလှုပ်လို့ရပြီကိုသတိထားမိသွားသောအခါ မြေကြီးပေါ်မှထရပ်လာပြီး စီခနဲအော်ဟစ်ကြလေသည်။ချင်းဝမ်ထောင်က ပိုဆိုးကာ ဒူးထောက်ပြီးမြေကြီးကိုဦးတိုက်နေ၏။သူ့နောက်‌ဘက်ကပေါ်နေပြီး တတွတ်တွတ်ရေရွတ်နေလေသည်။


“အမတတစ္ဆေအရှင်မ ကျွန်တော်မှားသွားပါတယ် ကျွန်တော့်ကိုမဖမ်းပါနဲ့ မဖမ်းပါနဲ့。。。”


အဝတ်တစ်စမျှမကပ်သဖြင့် သူတို့ထရပ်လာသောအခါ ဝက်ခြံတွင် ဝက်ဖြူဖြူများကိုသတ်ဖို့ပြင်နေသလိုဖြစ်သွားပြီး လူများကိုလန့်ဖျတ်သွားစေမည့် မျက်စိစပ်လောက်စေသည့်မြင်ကွင်းမျိုးဖြစ်နေလေသည်။ဤအဖြစ်အပျက်များက အလွန်လျင်မြန်စွာဖြစ်သွားသဖြင့် ဘယ်သူမှသတိမထားလိုက်နိုင်ပေ။ကင်မရာမန်းတောင်မှ ကင်မရာပိတ်ရန်မေ့သွားကာ ဤမြင်ကွင်းကိုတိုက်ရိုက်ထုတ်လွှင့်မိလိုက်လေသည်။ချက်ချင်းဆိုသလိုပင် ဤလှပသောမြင်ကွင်းက တီဗီထဲပါလာသည်။


ကယ်ဆယ်ရေးအသင်း၊ ဆေးဘက်ဆိုင်ရာအသင်း၊ အမျိုးသမီးတင်ဆက်သူ၊ ကင်မရာမန်း၊ ဟိုင်ရှီးမြို့သူ၊မြို့သားများ :“。。。。??”


အခြေအနေကိုသတိပြုမိသွားသော ဆောက်လုပ်ရေးအဖွဲ့သားများနှင့် ချင်းဝမ်ထောင်:“。。。。အားးးး”


ဟိုင်ရှီးဒေသသတင်းတင်ဆက်သည့်အချိန်တွင် လူများက ညစာစားနေချိန်ဖြစ်သည်။တီ‌ဗီထဲမှ မျက်စိစပ်စရာမြင်ကွင်းကိုမြင်လိုက်ရသောအခါ မရေတွက်နိုင်လောက်သည့် မိသားစုများက ထမင်းပန်းကန်ကိုကိုင်ကာ အံ့ဩလွန်း၍ဘာမှမပြောနိုင်တော့ပေ။ရုတ်ချည်းပင် weibo၌လည်း hotသွားတော့သည်။


“ချီးလိုဘဲ ဒီယောက်ျားအုပ်လိုက်ကြီးက ဘာတွေလုပ်နေကြတာလဲ၊ အဝတ်တစ်ထည်မှမဝတ်ထားဘဲနဲ့ ဂေးနေကြတာလား”


“ဟိုင်ရှီးမှာ ဒီလောက်တောင်ပွင့်ပွင့်လင်းလင်းရှိနေကြပြီလား၊ ငါကြားဖူးတာတော့ တစ်ချို့သူတွေက ကျေးလက်ဘက်ကိုသွားပြီး စိတ်လှုံ့ဆော်မှုရအောင် ‘ကစား’ရတာကြိုက်တယ်တဲ့၊ အဲ့လိုကစားနည်းမျိုးကို ကစားနေဦးမယ်လို့ မထင်ထားမိဘူး”


“အဲ့ဒီယောက်ျားကိုကြည့်ဦး ဖင်ကုန်းနေတာ၊ သူဘာလုပ်နေတာလဲ၊ အမေရေ တစ်စုံတစ်ယောက်တော့ ရမ်းရမ်းကားကားတွေလုပ်နေပြီ”


*“ငါ့ကလေးက ငယ်သေးတယ်၊ နွေဦးပန်းပျိုးခင်းဆီသို့သွားတဲ့ကားကိုမလိုက်နိုင်ဘူး”


“ကားတံခါးက ဂဟေဆော်ပြီးတင်းတင်းပိတ်လိုက်ပြီ၊ ဒီနေ့မှာကားပေါ်က ဆင်းချင်တဲ့ဘယ်သူမဆို ငါ့ကို 180 km/hကျော်အောင်လုပ်လိုက်တာဘဲ”*

(Tn:**မြင်ကွင်းကလူကြီးဆန်လွန်းလို့ ကလေးတွေကမတွေ့သင့်ဘူးလို့ပြောတာပါ၊ နောက်တစ်ယောက်က တိုက်ရိုက်လွင့်တာမို့လို့ မမြင်ချင်လဲမမှီတော့ဘူး 180 km/hကတော့ speed movieကိုပြောချင်တာထင်ပါတယ်၊ အဲ့လိုspeedရှိရင်တောင် တားမမှီတော့ပါဘူးပေါ့)


ဆယ်မိနစ်အတွင်းမှာပင် #တန့်ချိုးတောင်ကစားပွဲ ဟုသောစာတန်းဖြင့် weibo၌ hot searchဝင်သွား၏။ဟိုင်ရှီးမှသူများသာမက တစ်နိုင်ငံလုံးအတိုင်းအတာထိသိသွားကြလေသည်။


တစ်ဖက်တွင် အမျိုးသမီးတင်ဆက်သူက ဝိဉာဉ်ပျောက်သွားမလိုခံစားနေရသည်။ကြောင်အနေသောကင်မရာမန်းက ကမန်းကတန်း ကင်မရာကိုလှမ်းပိတ်လိုက်သည်။ဆေးဘက်အသင်းနှင့် ကယ်ဆယ်ရေးအသင်းက ခက်ခက်ခဲခဲဖြင့်အဝတ်အစားတစ်ချို့ကိုယူနိုင်ခဲ့ပြီး ချင်းဝမ်ထောင်တို့ကိုပေးလိုက်ရာ အနည်းဆုံးတော့ သူတို့၏အင်္ဂါအစိတ်အပိုင်းများကို ဖုံးထားလိုက်နိုင်သည်။


အခုချိန်က နွေလယ်ခေါင်ကြီးဖြစ်သဖြင့် ဘယ်သူကမှအဝတ်များများမဝတ်ထားပေ။မည်သို့ပင်ဖြစ်‌စေ သူတို့အားလုံးက ယောက်ျားများဖြစ်ရာ အပေါ်ပိုင်းဗလာဖြစ်သည်က ကိစ္စမရှိပေ။သို့သော် ဒီနေ့တွင်မူဤအဖြစ်အပျက်တွင်ပါဝင်ခဲ့သူများက ယောက်ျားစင်စစ်များဖြစ်သည်။၎င်းက လောကအသစ်တစ်ခုစီသို့ တံခါးပွင့်သွားသလိုဖြစ်ရာ ဘယ်လိုဘဲဖြစ်နေပါစေ ချင်းဝမ်ထောင်နှင့်ဆောက်လုပ်ရေးအဖွဲ့က အပေါ်ပိုင်းဗလာဖြင့်မနေချင်ကြပေ။လူတိုင်း၏ဦးနှောက်ထဲတွင် ထူးဆန်းသည့်အတွေးများကဖြတ်ပြေးနေပေသည်။

 

ဆောက်လုပ်ရေးအဖွဲ့ဝင်များက သူတို့၏အဓိကအစိတ်အပိုင်းကိုဖုံးကာ မတ်တပ်ရပ်လာကြသည်။ကယ်‌ဆယ်ရေးအသင်း၏ခေါင်းဆောင်က သူတို့ကိုလေးလေးနက်နက်မေးလေသည်။

“ခင်ဗျားတို့အားလုံးအဆင်ပြေလား၊ တောင်အောက်ကိုကိုယ့်ဘာသာဆင်းနိုင်ရဲ့လား ကျွန်တော်တို့က ခင်ဗျားတို့ကိုဆေးရုံမှာဆေးစစ်ဖို့ခေါ်သွားပေးမှာပါ”


ဤအချိန်တွင်ချင်းဝမ်ထောင်က ခေါင်းကြည်သွားပြီဖြစ်သည်။သူကဒီလောက်တောင်မျက်နှာပျက်ရလိမ့်မည်ဟု တစ်ခါမှမတွေးခဲ့မိပေ။ ကိုယ်လုံးကျွတ်ဖြင့် မြင်မကောင်းရှုမကောင်းဖြစ်နေချိန်‌တွင် လူဘယ်လောက်များများသူ့ကိုမြင်သွားပြီလဲ။ဒီလိုအရှက်ကွဲတာကလုံလောက်နေပြီလေ၊ ဆေးရုံသွားရဦးမှာလား၊ လူတွေသူ့ကိုရယ်လာအောင်လို့လား။


ချင်းဝမ်ထောင်က ခေါင်းငုံ့ကာ သူ့စကားလုံးများကိုပြန်မြိုချလိုက်သည်။

“သွားစရာမလိုပါဘူး၊ ကျွန်တော်ဘာဒဏ်ရာမှမရထားဘူး。。”


“ဘယ်လိုဘဲဖြစ်ဖြစ် ဆေးရုံမှာသွားစစ်လိုက်တာပိုကောင်းမယ်”

ဘေးဘက်မှဆရာဝန်တစ်ယောက်က ချင်းဝမ်ထောင်၏နော‌က်ကျောမှအကြည့်လွှဲလိုက်သည်။

“ဒီလိုလုပ်ဆောင်မှုမျိုးက အန္တရာယ်ရှိနေတုန်းဘဲလေ 。。。。”


“ဘာလုပ်ဆောင်မှုလဲ”


ချင်းဝမ်ထောင်က မတုံ့ပြန်နိုင်သေးခင်မှာပင် သူ့ဘေးမှချန်တမင်က သူ့လက်ကိုဆွဲကာပြောလာလေသည်။

“မန်နေဂျာချင်း ဒီပရောဂျက်ကို ကျွန်တော်မလုပ်နိုင်တော့ဘူး၊ ကျွန်တော့်မှာမိဘနဲ့သားသမီးတွေရှိသေးတယ်လေ တကယ်ကြောက်တယ်ဗျ”


ဘေးမှလူများက စိတ်ထဲတွင်တွေးလိုက်ကြသည်။

“လက်စသတ်တော့ ဖိအားပေးခံရတာကိုး၊ စိတ်ဝင်စားဖို့ကောင်းတယ် တကယ်ကိုစိတ်ဝင်စားစရာဘဲ”


ချင်းဝမ်ထောင်က ထိုလူများ၏အမူအရာကိုအာရုံမစိုက်နိုင်ပေ။သူကအခုလေးတင်မှစိတ်ကြည်လာခြင်းဖြစ်သော်လည်း ရုတ်တရက်ထပ်လှုံ့ဆော်ခံလိုက်ရပြန်သည်။သူက အနက်ဝတ်အမျိုးသမီးကိုမြင်ပြီးမေ့လဲသွားတာကို မမေ့နိုင်ပေ။


ထိုမိန်းမသရဲလက်ထဲမှ သီသီလေးလွတ်လာသည်ကို ပြန်တွေးမိလိုက်ရာ ချင်းဝမ်ထောင်က ကြက်သီးတဖြန်းဖြန်းထပြီး စီခနဲအော်‌ဟစ်လာလေသည်။

“ဟုတ်တယ် ဟုတ်တယ် ဒီတောင်မှာသရဲရှိတယ်၊ မိန်းမသရဲ。。。”


ကယ်ဆယ်ရေးအသင်းက‌ ဆေးဘက်အသင်းနှင့် အဓိပ္ပါယ်အပြည့်ပါနေသည့်အကြည့်များဖလှယ်လိုက်သည်။ သူတို့စိတ်ထဲတွင်တွေးနေသည်မှာ- ဒါကအုပ်စုလိုက်ကစားတာမဟုတ်လောက်ဘူး၊ ဆေးခြောက်များလား။


“ကျွန်တော်တို့ကတော့ ခင်ဗျားတို့ဆေးရုံသွားပြီးစစ်ဆေးကြည့်လိုက်တာက ပိုကောင်းမယ်လို့ထင်ပါတယ်”


ကယ်ဆယ်ရေးအသင်းခေါင်းဆောင်က အလေးအနက်ပြောသည်။အခြားလူများက ချင်းဝမ်ထောင်နှင့် ချန်တမင်ကိုမြဲမြံစွာထိန်းချုပ်လိုက်ပြီး တောင်အောက်မှ ကားစောင့်နေသောနေရာသို့ဦးတည်လိုက်ကြသည်။


နိုင်ငံအတွင်းရှိ မူးယစ်ဆေးတားမြစ်ချက်မှာ အလွန်တင်းကြပ်၏။သာမာန်ကယ်ဆယ်ရေးမစ်ရှင်တစ်ခုက ဆေးသုံးသူအယောက်နှစ်‌ဆယ်ကျော်နှင့်ဆုံရလိမ့်မည်ဟု ဘယ်သူမှမထင်ထားခဲ့ကြပေ။


ချင်းဝမ်ထောင်တို့သည် တောင်အောက်ကိုခေါ်ဆင်းခံလာရသည်အထိ ကြောင်အနေဆဲဖြစ်သည်။ကယ်ဆယ်ရေးယာဉ်ပေါ်သို့ သူတို့တက်လိုက်သည့်အချိန်တွင် အသားမဲမဲနှင့် ဆံပင်ကောက်များရှိသောအဖွားအိုကြီးတစ်ယောက်က လမ်းပေါ်သို့တက်လာလေသည်။


အသက်‌အတော်လေးကြီးပုံပေါ်သော်လည်း သူမလှုပ်ရှားမှုများက သာမာန်နှင့်မတူအောင်သွက်လက်‌နေဆဲဖြစ်သည်။မျက်တောင်တစ်ခတ်အတွင်းမှာပင်သူမက တောင်ခြေနားသို့ရောက်လာလေသည်။အနားသို့ရော‌က်လာသောအခါ လူတိုင်းက အဖွားအို၏အသွင်အပြင်ကိုရှင်းလင်းစွာမြင်လိုက်ရသည်။သူမ၏မျက်လုံးထောင့်များက အရေးအကြောင်းများတွန့်နေပြီး ဒေါင်းမွှေးများလိုပင်ဖြစ်သည်။ထိုမျက်လုံးတစ်စုံက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေလေသည်။


“အဖွား လမ်း‌လယ်ကြီးကိုပြေးသွားလို့မရဘူးလေ”

ကယ်ဆယ်ရေးအသင်းခေါင်းဆောင်က ချက်ချင်းလှမ်းအော်လိုက်သည်။


သို့သော်ထိုအဖွားအိုက ကြားပုံမပေါ်ပေ။သူမက လမ်းတစ်ဖက်သို့ပြေးသွားပြီး တောင်ဆီရောက်သောအခါ ဒူးထောက်ချလိုက်သည်။သူမလက်နှစ်ဖက်လုံးကိုဆုတောင်းသည့်ပုံစံအတိုင်း ခေါင်းထက်၌မြှောက်ထားကာ အသံကျယ်ကျယ်ဖြင့် အခမ်းအနားဆိုင်ရာလုပ်ထုံးလုပ်နည်းများအတိုင်း ကြိုဆိုလာသည်။


“တောင်နတ်အရှင်မနိုးထလာပြီ၊ တောင်နတ်အရှင်မနိုးထလာပြီ。。。”


အဖွားအို၏အသံက တကယ်ထူးခြားကာ ကြားလိုက်သူတိုင်းကို ထူးဆန်း‌သလိုခံစားမိစေ၏။သို့သော်ထိုအသံကို ချင်းဝမ်ထောင်ကြားလိုက်ရသောအခါ မတူတော့ပေ။သူ့တစ်ကိုယ်လုံးကပြင်းထန်စွာတုန်ယင်လာပြီး ဒူးထောက်ချလိုစိတ်ဖြစ်လာလေသည်။


“ဆေးကိုတောင့်တနေပြီ၊ အခုသူကဆေးဖြတ်လိုက်ရတဲ့လက္ခဏာတွေပြနေတယ်၊ မြန်မြန်သူ့ကိုချည်ထားပြီး ‌ရဲစခန်းကိုသွားပို့လိုက်”


ဆရာဝန်ကထိုပြောင်းလဲမှုများကိုစစ်ဆေးကာ အနားမှသူများကိုအမိန့်ပေးလိုက်သည်။ချက်ချင်းပင်လူတိုင်းက ချင်းဝမ်ထောင်ကိုချုပ်ကာ ခါးပတ်တစ်ခုဖြင့်ချည်လိုက်ပြီး ထူးဆန်းသောအဖွားအိုကြီးကိုလည်း ဂရုမစိုက်နိုင်တော့ပေ။ထို့နောက် သူတို့ကကားကိုစတင်မောင်းကာ ရဲစခန်းသို့ဦးတည်သွားကြသည်။


ချင်းဝမ်ထောင် :“。。。。”အခုလေးတင်ဘာဖြစ်သွားလဲဆိုသည်ကို လုံးဝမသိပေ။


~~~~~~~~

ယွင်ရုန်က ချင်းဝမ်ထောင်တို့အုပ်စုကိုအပြစ်ပေးပြီးနောက် တန့်ချိုးတောင်ထဲသို့ပြန်လာခဲ့သည်။ ရင်းနှီးနေသည့်ဆုတောင်းသံများကြောင့် သူမပြန်နိုးလာသည့်အချိန်တွင် ကောင်းကင်ကမှောင်မည်းနေပြီဖြစ်သည်။သူမရင်ထဲတုန်ခါသွားကာ အသံရှိရာသို့ပျံသွားလိုက်သည်။


“အမေ ကျွန်တော်တို့အိမ်ပြန်လို့ရပြီလား၊ ဘာကိုအလေးအမြတ်ထားအပ်တဲ့တောင်စောင့်နတ်လဲ၊ အဲ့ဒါတွေအားလုံးက အယူသည်းတာဘဲဆိုတာအမေမသိဘူးလား”


တောင်အရပ်မှ တောင်ခြေနားတွင် ကြမ်းတမ်းခက်ထန်ပြီး အရပ်ရှည်ရှည်၊အားကောင်းကောင်းနှင့်သက်လတ်ပိုင်းအရွယ်ယောက်ျားတစ်ယောက်သည် မြေကြီးပေါ်တွင်ဒူးထောက်နေသောအဖွားအိုကိုဆွဲခေါ်နေလေသည်။


သူကဒေါသတကြီးဆို၏။

“အမေဒီလိုဆက်လုပ်နေရင် သားအမေ့ကိုစိတ်ရောဂါကုဆေးရုံကိုပို့လိုက်တော့မှာနော်”


အဖွားအိုက သူ့သားလက်ကိုတွန်းထုတ်ကာ ‌ဒူးပြန်ထောက်၊အရိုအသေပြုရင်း ပါးစပ်ကတ‌တွတ်တွတ်ရေရွတ်နေလေသည်။


သားဖြစ်သူက ဘေးတွင်ရပ်ကာ ကူကယ်ရာမဲ့စွာဖြင့်သူ့အမေကိုကြည့်လိုက်မိသည်။သူ့အမေစိတ်လွတ်သွားသည်မှာ နှစ်အတော်ကြာခဲ့ပြီဖြစ်သည်။ထို့နောက်သူက အလိုက်အလျောက်ထပ်ပြောလိုက်သည်။

“ဟုတ်ပြီ ဟုတ်ပြီ၊ အမေဆက်ပြီးအရိုအသေပေးလို့ရတယ်၊ အမေအရိုအသေပြုပြီးရင် သားတို့အိမ်ပြန်ပြီးထမင်းစားကြမယ်နော်”


ထိုသို့ပြောပြီးနောက် သူကအနီးနားတွင်ဆောင့်ကြောင့်ထိုင်လိုက်ကာ သက်ပြင်းချပြီးပြောလာလေသည်။


“အမေ ဒီလိုမျိုးဆက်လုပ်နေလို့မဖြစ်ဘူးလေ၊ အမေ့ကိစ္စကြောင့် ရှိုးကျန့်က ကွာရှင်းချင်တယ်လို့ပူညံပူညံလုပ်လာပြီ၊ ပြောရရင် အမေ့ရဲ့အယူသည်းမှုကြောင့်ဘဲ အဖေက အသက်လေးဆယ်အရွယ်မှာဆုံးသွားခဲ့တာ၊ အမေကကျွန်တော်တို့မိသားစုပြိုကွဲတာကိုမြင်ချင်နေတာလား အဲ့လိုဖြစ်သွားမှအမေပျော်မှာလား”


ထိုယောက်ျားကခနလောက်နေပြီးနောက်တွင် ဒူးထောက်နေသည့်အဖွားအိုကတုံ့ပြန်လာသည်။သူမခေါင်းမော့လာပြီးနောက် သူမ၏သားကိုမြင်သောအခါ ပြုံးလိုက်လေသည်။သူမကထရပ်လာရင်း ရူးသလိုလို‌ရယ်မောကာပြောလာသည်။


“အိမ်ပြန်ပြီးထမင်းစားကြမယ် အိမ်ပြန်ပြီးစားကြမယ်

。。”


လူနှစ်ယောက်အချင်းချင်းဖေးမကာထွက်သွားသည့်ပုံရိပ်ကိုကြည့်ကာ ယွင်ရုန်က မရည်ရွယ်ဘဲသူတို့နောက်ကိုလိုက်သွားမိသည်။အခုလေးတင်ဆုတောင်းနေခဲ့သော ထိုအဖွားအိုမှာနတ်ဆရာမတစ်ယောက်ပင်။


ယွင်ရုန်က လူသားများကိုကူညီပေးရန် လက်ဦးမှုယူမည်မဟုတ်သော်ငြား နတ်ဆရာမတစ်ယောက်ကိုဆုံရသည်မှာရှား၏။သူမကအခုမှနိုးထလာခြင်းဖြစ်ကာ ‌ကမ္ဘာကြီး၏လက်ရှိအခြေအနေကိုနားမလည်သေးပေ။ဒီနတ်ဆရာမကို သူမမေးမြန်းနိုင်ပါကကောင်းသောအရာဖြစ်သည်။


အိမ်ပြန်ရောက်သောအခါ သားဖြစ်သူကချက်ချင်းပင် နတ်ဆရာမဝူစုန့်ယာအား သူမအခန်းထဲခေါ်သွားကာ သော့ခတ်လိုက်သည်။အစာစားလျှင်တောင်မှ သူမအခန်းထဲကိုသာပို့ပေးလေသည်။


ယွင်ရုန်က အခန်းငယ်လေးထဲတွင်ပေါ်လာကာ လျှောက်ကြည့်လိုက်သည်။အဖွားအိုကြီး၏မျက်စိများက ဦးတည်ရာမဲ့နေပြီး ထမင်းကိုစိတ်ဗလာဖြင့်စိုက်ကြည့်နေသည်ကိုမြင်လိုက်ရသောအခါ သူမဝမ်းနည်းသွားသည်။


“နင် ‌ဒီလိုကြီးမြတ်တဲ့နတ်ဆရာမက ဒီလိုပုံစံမျိုးဖြစ်လာရတယ်လို့。。。。”


“ထားလိုက်ပါ နတ်ဆရာတွေကိုကူညီတယ်လို့ဘဲ သဘောထားလိုက်မယ်”


အမှန်တိုင်းပြောရလျှင် အခုချိန်၌ယွင်ရုန်က ဤလူသားများ၏အရေးကိစ္စကိုဂရုမစိုက်ချင်ပေ။သို့သော်သူမကခက်ခက်ခဲခဲနှင့် ဤနတ်ဆရာမကိုရှာတွေ့လာခြင်းဖြစ်သည်။ နတ်ဆရာမက သူမကိုယခုလောကကြီးအကြောင်း နားလည်အောင်ကူညီနိုင်ရန်မျှော်လင့်မိသည်။ထို့ကြောင့်သူမကလက်ဆန့်ကာ နတ်ဆရာမ၏နဖူးကိုထိလိုက်သည်။


ဝူစုန့်ယာကရုတ်တရက်ခေါင်းအစ‌ခြေအဆုံးတုန်ယင်သွားကာ သူမ၏အတွေးဗလာစိတ်လွင့်နေသောအမူအရာက ပြန်ပြီးသက်ဝင်လှုပ်ရှားလာခဲ့သည်။သူမကယွင်ရုန်ကိုမမြင်ရသဖြင့် အနားတွင်လူတစ်ယောက်ရှိနေသည်ကိုသတိမထားမိပေ။သူမရှေ့မှပန်းကန်ကိုကြည့်ပြီး သူမမျက်နှာကိုကိုင်ကြည့်လိုက်ကာ ဝူစုန့်ယာက စိတ်အလွန်ရှင်းလင်းလာသည်ဟုခံစားမိသွားသည်။သူမကပျော်ရွှင်စွာထရပ်ပြီး အသံကျယ်ကျယ်ဖြင့်အော်လိုက်သည်။


“ကျင်းကော် ကျင်းကော်ရေ。。。。”


သူမနှစ်ခါလောက်အော်ခေါ်လိုက်သောအခါ အပြင်ဘက်မှအမျိုးသမီးတစ်ယောက်၏အော်ဟစ်ဆဲဆိုသံထွက်လာလေသည်။


“ဘာတွေအော်ခေါ်နေတာလဲ စောက်သုံးမကျတဲ့အဖွားကြီး ကျင်းကော်အိမ်မှာမရှိဘူး ကျွန်မသတိပေးလိုက်မယ်နော် ပါးစပ်ကိုပိတ်ထား နေ့နေ့ညညနတ်ဘုရားလား၊သရဲလားတွေပြောမနေနဲ့ ဒီမိန်းမ*က ရှင့်ကိုမပြုစုပေးနိုင်ဘူး”

(TN:*သူ့ကိုယ်သူမောက်မာတဲ့အသုံးမျိုးပါ)


“လျိုရှိုးကျန့် နင်တံခါးဖွင့်ပေးစမ်း၊ ကိုယ့်ယောက္ခမကိုဒီလိုမျိုးပြောတဲ့ချွေးမဆိုတာရှိလို့လား”


ဝူစုန့်ယာက သူမချွေးမ၏နှိပ်စက်ခြင်းကိုခံခဲ့ရပေသည်။သို့သော်ထိုအချိန်တုန်းက သူမစိတ်နောက်နေခဲ့သည်။အခုတွင်သူမနေကောင်းသွားပြီဖြစ်သဖြင့် ချက်ချင်းပင်ထိပ်တိုက်ရင်ဆိုင်လာလေသည်။


အပြင်ဘက်ရှိလျိုရှိုးကျန့်က ကြောက်လန့်တကြားထခုန်လိုက်သည်။သူမဤမိသားစုထဲလက်ထပ်ဝင်လာကတည်းကသူမအပေါ်တွင် အဖွားကြီးက တစ်ခါမှဤပုံစံမျိုးနှင့်မပြောဖူးပေ။တကယ်ဘဲသက်သာလာတာလား။သူမကလန့်လာသည်။သို့သော် သူမကရိုင်းရိုင်းစိုင်းစိုင်းပြောရသည်ကိုကျင့်သားရနေပြီဖြစ်ကာ ဝူစုန့်ယာကိုသူမ၏ယောက္ခမအဖြစ်တစ်ခါမှမသတ်မှတ်ခဲ့ပေ။အခုအငေါက်ခံလိုက်ရရာ  ချက်ချင်းဒေါပွလာပြီး တံခါးဆီသို့သွားလိုက်သည်။


“ရှင်ဟန်ဆောင်နေတာလားဆိုတာ ဘယ်သူသိမှာလဲ၊ ကျွန်မကိုတံခါးဖွင့်ခိုင်းနေတာ ဘာလဲအဲ့လိုမှတောင်ပေါ်သွားပြီး အယူသည်းတာတွေကိုလုပ်နိုင်မှာမလို့လား၊ အဖွားကြီး ကျွန်မတစ်ခါထဲပြောလိုက်မယ် အဲ့လိုအယူသည်းတာတွေလုပ်နေတာက နှစ်နဲ့ချီနေပြီ၊ တောင်ပေါ်မှာတောင်စောင့်နတ်သာရှိရင် ချီးပေါက်သံလေးတောင်ဘာလို့မကြားရတာလဲဟမ် ”



⛰️