Part 31
နီရဲနေသောမျက်ဝန်းများဖြင့် တင်းရိကျွင်း ရေရွတ်လိုက်မိသည်။ ထို့နောက် ချီကျိုးချန်ကို ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်သည်။
ပြောရင်းနှင့်ပင် သူမအသံသည် ပို၍ တိုးလာသည်။
သူမအရှေ့ရှိ ချီကျိုးချန် မျက်နှာသည် တဖြည်းဖြည်း ပို၍ရုပ်ဆိုးလာသည်။
သူ့အမေက အန်းချင်ယုနဲ့အဆင်ပြေအောင် နေပေးဖို့ ချီကျန်းကျန်းကို ပြောခဲ့တာလား….
‘’ ကျိုးချန်… အမေ မှားသွားပြီလား… ဒါပေမယ့်လေ အမေက ကျန်းကျန်းကို တကယ်ကောင်းစေချင်တာပါ’’
တင်းရိကျွင်း သူမ ဘယ်နားမှားနေသည်ကို နားမလည်နိုင်တော့ပေ။
ချီကျိုးချန် အသက်ပြင်းပြင်းရှုလိုက်ပြီး ‘’ အမေ… တကယ်လို့ အဖေက တခြားမိန်းမတစ်ယောက်ကို အိမ်ခေါ်လာရင် အမေ သူနဲ့အတူတူ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်မှာလား…’’
ထိုခဏတွင် တင်းရိကျွင်း တကိုယ်လုံးတုန်ယင်သွားပြီး သူမ မျက်နှာသည်လည်း အရုပ်ဆိုးသွားေတာ့သည်။
ချီကျိုးချန်မျက်နှာသည်လည်း မကောင်းလှပေ။ သူ ရုတ်တရက် အတိတ်မှ ဖြစ်ရပ်များကိုပြန်တွေးမိသွားသည်။ သူ့အမြင်တွင် ချီကျန်းကျန်းသည် အလွန်စိတ်ရှုပ်စရာကောင်းပြီး တုံးအကာ အတော်မိုက်မဲသည့်သူဖြစ်သည်။ အိမ်တွင် အန်းချင်ယုတစ်ယောက် မကြာခဏ ငိုနေသည်ကိုတွေ့ရပြီး သူ့အမေသည်လည်း ဒေါသဖြင့် ဖျော့တော့နေခဲ့သည်။
ထိုအချိန်မျိုးတွင် သူနှင့်အဖေအတွက် အလွန်ခက်ခဲခဲ့ပြီး ချီကျန်းကျန်းကို အမြဲလိုလိုပင် စိတ်သဘောထားကောင်းစေချင်ခဲ့ကြသည်။ သူတို့အမြဲတမ်းတွေးခဲ့သည်မှာ ချီကျန်းကျန်းသည် အမြဲလိုလို ပြဿနာရှာတတ်သူ တစ်ဦးဖြစ်သည်ဟူ၍ပင်….
သူမ အမြဲလိုလိုပင် သူတို့အားလုံးက သူမကိုဂရုမစိုက်ဘူးဟု အော်ဟစ်လေ့ရှိပြီး သူ့တို့အားလုံးသည် သူမကို ကောင်းကောင်းမွန်မွန် မဆက်ဆံကြဘူးဟု ပြောလေ့ရှိသည်။
ချီကျန်းကျန်းမှ ထိုသို့ပြောသော်လည်း သူတို့အားလုံးသည် သူမဘာကြောင့် အလွန်ဒေါသထွက်ရသလဲဆိုသည်ကို မမေးမြန်းကြဘဲ ချီယန်နှင့် တင်းရိကျွင်းတို့နှစ်ယောက်လုံး သူမကို စိတ်ပျက်ခဲ့ကြသည်။
ဒီနေ့မှာတော့ ချီကျိုးချန် မေးလိုက်ပြီးနောက် ရုတ်တရက် သူ့နှလုံးသားထဲမှနေ၍ မသက်မသာခံစားလိုက်ရသည်။
တင်းရိကျွင်းပြောသည်များကို နားထောင်ပြီးနောက် သူ အတော်လေး မပျော်မရွှင်ဖြစ်လာသည်။ ‘ ချီကျန်းကျန်း ဒေါသထွက်သင့်တယ်… ဒါတွေက သူမ အပြစ်မဟုတ်ဘူး…. ဒါဆို အရင်ကကော
’ ချီကျိုးချန် တွေးလိုက်မိသည်။
အချိန်တိုင်း ချီကျန်းကျန်းဘက်က မှားနေခဲ့တာမှ ဟုတ်ရဲ့လား…
‘’ သားအခန်းထဲကို သွားနှင့်တော့မယ်’’ ချီကျိုးချန် ပြောပြီးနောက် ထွက်ခွာသွားသည်။
တင်းရိကျွင်းတစ်ယောက် ဖြူဖြော့နေသောမျက်နှာနှင့် ဆိုဖာပေါ်သို့ထိုင်ချလိုက်မိသည်။
ချီကျိုးချန်၏ မေးခွန်းသည် သူမကို ထိတ်လန့်သွားစေသည်။
တကယ်လို့ ချီယန်သာ တစ်ယောက်ယောက်ကို အိမ်ခေါ်လာခဲ့မယ်ဆိုရင် ပြီးတော့ သူမက အဲ့တစ်ယောက်နဲ့ အဆင်ပြေပြေနေပေးရမယ်ဆိုရင်… သေချာပေါက် သူမ ရူးသွပ်သွားနိုင်သည်။
တင်းရိကျွင်းသည် အန်းချင်ယုအပေါ်တွင် ခံစားချက်များရှိသောကြောင့် ကိစ္စတော်တော်များများတွင် ချင်ယုအပေါ် အပြစ်တင်ရန် ဆူပူရန် အတော်လေးခက်ခဲခဲ့သည်။ သို့သော်လည်း ချီကျန်းကျန်းအပေါ်တွင်မူ …..
သူမ တကယ်များ မှားသွားပြီလား….
……….
ဝမ်စီစီသည် သူမ၏ညီအစ်မများကို ဖုန်းခေါ်ကာ များပြားလှသော ခေါင်းစဉ်များဖြင့် ချီကျန်းကျန်းကို စော်ကားပြောဆိုခဲ့သည်။
ဟုတ်ပါသည် သူတို့အားလုံး ပြောဆိုကြိမ်းမောင်းခဲ့သည်မှာ ချီကျန်းကျန်းတစ်ယောက်တည်းကိုသာဖြစ်သည်။
ချီကျန်းကျန်းကို အချိန်အတော်ကြာ ကြိမ်းမောင်းလေ့ရှိသည်ံ ဝမ်စီစီ၏ ညီမလေးတစ်ယောက်သည် ဖုန်းတဖက်မှ မေးလိုက်သည်။
‘’ စီစီ.. ဒီနေ့ဘာလို့ ချီကျန်းကျန်းကို အဲ့လောက်တောင်မုန်းနေတာလဲ… သူမက နင့်ကိုစိတ်ရှုပ်အောင် ထပ်လုပ်ပြန်ပြီလား…’’
ဝမ်စီစီ နင်သွားသည်။ မနေ့ညကအကြောင်းနှင့် ဒီမနက်ကအကြောင်းတွေကို သူမ ပြန်မပြောပြချင်ပေ။
ခဏလောက်တွေးပြီးနောက်… သူမ တိုက်ရိုက်ပင် ကျိန်ဆဲတော့သည်။ ‘’ ချီကျန်းကျန်းရဲ့ ခွေးဦးနှောက်က တစ်ခုခုမှားနေပြီ… အဲ့လိုဖြစ်တာနည်းတောင်နည်းသေးတယ်…’’
ထိုသည်မှာ ချီကျန်းကျန်းအတွက် သူမ၏နောက်ထပ် ကျိန်ဆဲခြင်းတစ်မျိုးပင်ဖြစ်သည်။ ထို့နောက် သူမ ဖုန်းချလိုက်သည်။
ချီကျန်းကျန်းကို ကျိန်ဆဲခြင်းဖြင့် သူမ၏စိတ်ကို အတော်လေး သက်တောင့်သက်သာဖြစ်စေသည်။
သူမ၏ညီအစ်မတစ်ချိုနှင့်တိုင်ပင်ကာ ချီကျန်းကျန်းဦးနှောက်ကို ပြုပြုပေးရန်အတွက် အချိန်တစ်ချို့ရှာပြီးနောက် ဝမ်စီစီ စိတ်သက်သာရာရသွားပြီး မနေ့ညနှင့် ဒီနေ့မနက်က သူမခံစားခဲ့ရသည့် မကျေနပ်ချက်များ ပျောက်ရှသွားသည်။
‘’ ဒေါက်… ဒေါက်’’ ထိုအချိန်တွင် တစ်စုံတစ်ယောက်မှ အိမ်တံခါးခေါက်သံကိုကြားလိုက်ရသည်။
‘’ ဘယ်သူလဲ’’
မီးဖိုချောင်မှအန်တီကြီးက အလုပ်များနေသည့်အတွက် စိတ်ကြည်နေသည့် ဝမ်စီစီတစ်ယောက် အိမ်ရှေ့တံခါးကို သူမဘာသာပင်ဖွင့်လိုက်သည်။
တံခါးဖွင့်လိုက်သည်နှင့် ဝမ်စီစီ နေရာမှာတင် အေးခဲသွားသည်။
တံခါးဝတွင် ချီကျန်းကျန်းမှ သူမကို ရုပ်ဆိုးစွာဖြင့်ကြည့်နေလေသည်။
ထိုအခိုက်အတန့်တွင် ဝမ်စီစီသည်လည်း အံ့ဩစိတ်အပြည့်နှင့် သူမကိုကြည့်လိုက်မိသည်။
ချီကျန်းကျန်းမှာ နားမပါဘူးလား… ငါသူမကို ပြဿနာရှာပြီး ကျိန်းမောင်းနေတာကို သူမ နားကောလည်ရဲ့လား….
ဝမ်စီစီ မတတ်နိုင်စွာဖြင့် အနောက်သို့ ခြေနှစ်လှမ်းခန့်ဆုတ်လိုက်မိပြီး ‘’ နင်… နင်ဘာလာရှုပ်တာလဲ…’’
ချီကျန်းကျန်းက ‘’ ရှောပင်းထွက်ကြမလား’’
မိန်းကလေးတစ်ယောက် ခံစားချက်မကောင်းရင်ဘာတွေလုပ်ကြလဲ….
ဟုတ်ပါသည်… ရှောပင်ထွက်ခြင်းနှင့် အစားစားခြင်းပင်…
ဝမ်စီစီမှ ‘’ ဘာ… နင်ရူးနေပြီလား ငါ့ကိုရှောပင်ထွက်ဖို့လာခေါ်တယ် ဟုတ်လား…’’
‘’ မသွားရဲဘူးလား’’ ချီကျန်းကျန်း မေးလိုက်သည်။
‘’ ဘယ်သူက မသွားရဲမှာလဲ…’’ ဝမ်စီစီ ပြန်အော်လိုက်သည်။
‘’ ဒါဆို နင့်ဘဏ်ကတ်ယူခဲ့ သွားရအောင်’’
ဝမ်စီစီ ‘’…..’’
နှစ်ယောက်သား လူသွားလမ်းပေါ်သို့ရောက်လာကြသည်။
ချီကျန်းကျန်း စိတ်မကြည်သော်လည်း သူမမျက်နှာက တည်ငြိမ်နေသည်။
ဝမ်စီစီ သူမကိုကြည့်ပြီး ကျိန်ဆဲလိုက်သည်။ ‘’ ချီကျန်းကျန်း… နင်ဘယ်တုန်းက မွဲတေသွားတာလဲ… ပြီးတော့ ဒီလိုစုတ်ပြတ်နေတဲ့အကျီနဲ့ အပြင်ထွက်လာတယ်လား… ဒါတွေဘယ်ကရတာလဲ… နင်ငါ့ကို ဒီခေါ်လာပြီး ဘာလုပ်မလို့လဲ…’’
ချီကျန်းကျန်း ဝတ်ထားသည့် လည်ပင်းတွင်ပြဲနေသောအကျီသည် အမှန်တကယ်တော့ ဝမ်စီစီ ပြောသလို အရမ်းစုတ်ပြတ်ခြင်းရှိပေ။ ထိုပြဲနေသောပုံစံသည် ချီကျန်းကျန်း ဝတ်ဆင်ထားသောအခါ အတော်လေးထူးခြားသည်ဟု ခံစားရစေသည်။
သို့သော်လည်း ဝမ်စီစီ ထိုအတွေးကိုဝန်မခံပေ။ သူမ ချီကျန်းကျန်းကို လှောင်ပြောင်လိုက်သည်။
‘’တိတ်လိုက်စမ်း… ‘’ ချီကျန်းကျန်း မျက်လုံးကိုလှိမ့်ရင်း ပြောလိုက်သည်။
သူမ ဝမ်စီစီကို ခေါ်ထုတ်လာပြီးနောက် အတော်လေးနောင်တရနေမိသည်။
အရင်ဘဝက သူမတွင် အရင်းနှီးဆုံးသူငယ်ချင်းတစ်ချို့ရှိခဲ့ပြီး သူမ စိတ်ခံစားချက်မကောင်းသည့်နေ့များတွင် သူမသူငယ်ချင်းများနှင့်အတူတူ အပြင်ထွက်လည်လေ့ရှိသည်။ ကမ္ဘာကြီးသည် အလွန်ထူးဆန်းလေသည်။ ထို့ကြောင့် သူမအနေဖြင့် ဝမ်စီစီကို သူမနှင့်အတူတူအပြင်ထွက်လည်ရန် ခေါ်လာခဲ့မိသည်။
သို့သော်လည်း သူမ အပြင်သို့ရောက်သည်နှင့် နောင်တရချင်လာသည်။ သူမ တစ်ယောက်တည်း ထွက်လာရင် ပိုကောင်းမည်ဟု ခံစားလိုက်မိသည်။
‘’နင်…’’
‘’ဒါမှမဟုတ် နင်ပြန်ချင်ပြန်သွားလေ’’ ချီကျန်းကျန်း ပြောလိုက်သည်။
ဝမ်စီစီ ခေါင်းထဲ မေးခွန်းများ တန်းစီသွားသည်။
သူမ ဒေါသတကြီးဖြင့် ‘’ ချီကျန်းကျန်း… နင် ငါ့ကိုလာ စွနေတာလား… အပြင်သွားဖို့လာခေါ်လို့ ငါလိုက်လာပြီးမှ ငါ့ကိုပြန်ခိုင်းတယ် ဟုတ်လား…’’
‘’ ဒါဆို နင် ဘာလိုချင်တာလဲ’’
‘’ ဒီနေ့ ငါနင့်အနောက်လိုက်ပြီး နင်ဘာတွေလုပ်မလဲဆိုတာ ကြည့်ဦးမယ်’’ ဝမ်စီစီ ဒေါသတကြီးဖြင့်ပြောလိုက်သည်။
ချီကျန်းကျန်းက ‘’ နင် ပျော်ချင်လို့မဟုတ်လား’’
ပြောပြီးနောက် သူမ ဖုန်းထဲမှ ဆော့ဖ်ဝဲလ်ထဲဝင်ကာ escape room ၏ လက်မှတ်ကို ဝယ်ယူလိုက်သည်။
ခဏတွေးပြီးနောက် ဝမ်စီစီအတွက်ပါ လက်မှတ်ဝယ်လိုက်လေသည်။
xxx