Part 32
‘’ ဒီလိုဂိမ်းမျိုးကို လွန်ခဲ့တဲ့ နှစ်ရှစ်ရာလောက်ကတည်းက မဆော့ကြတော့ဘူး ချီကျန်းကျန်းရဲ့… နင်ကတော်တော်လေး ဒူတာပဲ…. စိတ်အခြေအနေမကောင်းတာနဲ့ ကလပ်တို့ဘားတို့ကိုမသွားဘဲ ဒီလိုဟာမျိုးကိုဝယ်ရတယ်လို့… နင်က တကယ်ပဲ…’’
ဝမ်စီစီ မျက်မှောင်ကြုတ်ရင်း သူမကို ကြိမ်းမောင်းနေသည်။
ချီကျန်းကျန်း ဘာမှပြန်မပြောပေ။
ဝမ်စီစီက သူမကို မထီမဲ့မြင်အကြည့်ဖြင့် ကြည့်လိုက်သည်။ သူမစိတ်ထဲတွင် သူမသည် အလွန်အတွေ့အကြုံရှိနေသည့်အတွက် ချီကျန်းကျန်းကို ထွက်ပေါက်မပြောဘဲ escape room ထဲတွင် ထားခဲ့ရမည်ဟု တွေးလိုက်မိသည်။
သူမသည် အတော်လေးသတ္တိရှိသော်လည်း စိတ်အခြေအနေမကောင်းသည့်အချိန်များတွင် haunted house ကဲ့သို့နေရာများကိုသွားကာ သူမကိုယ်သူမ ကြောက်လန့်စေခြင်းဖြင့် ထိုမကောင်းသည့်ခံစားချက်များကို ပြေပျောက်စေလေ့ရှိသည်။
သို့သော်လည်း ဒီတစ်ခါမှာတော့ သူမတွေးထင်ထားသည်ထက်ကို ကျော်လွန်သွားပြီဖြစ်၍ ဝမ်စီစီတစ်ယောက် ‘’ အဟားဟား… ဒါဘာလဲ…’’
‘’ချီကျန်းကျန်း နင်က ဘာလဲ…’’
‘’ နင်ဘာလို့ ငါ့ကိုဒီခေါ်လာရတာလဲ… ငါ နင့်ကိုသတ်မိတော့မယ် ချီကျန်းကျန်း ‘’
‘’ ချီကျန်းကျန်း .. နင်ဘယ်မှာလဲ…’’
……
ဝမ်စီစီ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်မိပြီး ချီကျန်းကျန်းကို တင်းကြပ်စွာဆွဲကိုင်ထားမိသည်။
‘’တိတ်တိတ်နေစမ်း…’’’ ချီကျန်းကျန်း သူမကိုဟောက်လိုက်သည်။
အခန်းထဲတွင် သူမတို့နှစ်ဦးတည်းသာ လှုပ်ရှားနေသူများဖြစ်ပြီး များပြားလှသည့် NPC များကို ဆွဲဆောင်နေတော့သည်။
ထိုအချိန်တွင် အလင်းဖျော့ဖျော့လေးတစ်ခု ဖြာကျလာပြီး အဖြူရောင်ဝတ်စုံနှင့်လူတစ်ယောက် သူမတို့အရှေ့တွင် ဘွားကနဲပေါ်လာသည်။
ချီကျန်းကျန်း နှင့်ဝမ်စီစီ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ဖက်ကာ တုန်တုန်ယင်ယင်ဖြင့်
ပြိုင်တူအော်လိုက်တော့သည်။ ‘’ အား…’’
အရမ်းကြောက်ဖို့ကောင်းတာပဲ….
နှစ်ယောက်စလုံး ကြောက်လွန်း၍ ဒူးများပင်တုန်ယင်နေကြသည်။
ဝမ်စီစီမှာ ဖြူဖျော့သောမျက်နှာနှင့် မျက်ရည်များစီးကျနေကာ ‘’ ချီ…ချီကျန်းကျန်း… ငါ နင်နဲ့ရှိနေတယ်နော်… ‘’
ချီကျန်းကျန်းသည်လည်း ကြောက်လွန်း၍ ဖြူဖျော့နေပြီး ရေဗူးကိုကိုင်ရင်း လမ်းတစ်ဝက်မှာပင် မြေကြီးပေါ်ထိုင်ချလိုက်သည်။ သူမခေါင်းထဲတွင်လည်း ဗလာကျင်းနေသည်။
နှစ်ယောက်သား အပြင်ထွက်လာသောအခါ တခြားသူများကိုပါ တွေ့လိုက်ရသည်။ သူတို့အားလုံးသည် အခန်းထဲမှ အော်ဟစ်ကာ သူမတို့နှစ်ယောက်ကို ခြောက်လှန့်ခဲ့သည့်သူများပင်ဖြစ်သည်။
သို့သော်လည်း အခုအချိန်တွင်တော့ သူမတို့နှစ်ဦးလုံးခံစားချက်များ အတော်လေးကောင်းမွန်လာသည်။
ချီကျန်းကျန်း သူမနှလုံးသားထဲမှ ခံစားနေရသည့် စိတ်ဓါတ်ကျခြင်းများ ပျောက်ကွယ်သွားသည်။
ဝမ်စီစီ ကြောက်လွန်း၍ ကြို့ထိုးနေသည့်လေသံဖြင့် ‘’ ချီကျန်းကျန်း … နင်က တော်တော်ရုပ်ဆိုးတာပဲ’’
ချီကျန်းကျန်း ဝမ်စီစီကိုကြည့်လိုက်ပြီး သူမမျက်လုံးထဲတွင် အတော်လေးအဆင်ပြေသည်ဟု ပထမဆုံး တွေးလိုက်မိသည်။ ထို့ကြောင့် သူမမျက်ခုံးကိုပင့်ကာ ‘’ အဲ့ဒီတော့ နင်အသံပြဲနဲ့အော်နေတာကလဲ ကြည့်ကောင်းတယ်လို့ ထင်တယ်ပေါ့…. ငါ့ကိုအတင်းဆွဲပြီး လွှတ်မပေးတာ ဘယ်သူလဲ…’’
ဝမ်စီစီ ‘’…. ‘’
ဝမ်စီစီ ပြန်တွေးလိုက်မိပြီး ဒေါသကြောင့်လား ရှက်ရွံ့ခြင်းကြောင့်လား မသိဘဲ မျက်နှာတစ်ခုလုံး အနီရောင်များ ဖြတ်သန်းသွားသည်။ ထို့နောက် သူမ သွားကြိတ်လိုက်ပြီး ‘’ ချီကျန်းကျန်း … နင် တမင်သက်သက်လုပ်တာ’’
‘’ ဟုတ်တယ်.. ငါ တမင်သက်သက်လုပ်တာလေ.. နင့်ကို အဲ့လိုစိတ်ပျက်စရာအခြေအနေမှာ တွေ့လိုက်ရတော့ ငါ့ခံစားချက်တွေ ချက်ချင်းပြန်ကောင်းသွားတယ်’’ ချီကျန်းကျန်း ပြုံးပြီးပြောလိုက်သည်။
ဝမ်စီစီ ‘’ ????? ‘’
သူမ အသက်ပြင်းပြင်းရှုလိုက်ပြီး ‘’ ချီကျန်းကျန်း… ငါ နင့်ကိုသတ်မိတော့မယ်’’
ထိုစကားအား ခဏခဏကြားနေရသည့်အတွက် ချီကျန်းကျန်း အတော်လေး နားယဉ်နေပြီဖြစ်ကာ သူမကို ရေလှမ်းပေးလိုက်ရင်း ‘’ ရေသောက်လိုက်ဦး’’
‘’ မသောက်ဘူး ‘’ ဝမ်စီစီ မသိလိုက်ဘာသာပင် ချက်ချင်းငြင်းလိုက်မိသည်။
သို့သော်လည်း ချက်ချင်းပင် သူမလည်ချောင်းထဲတွင် ခြောက်သွေ့လာသည်ကို ခံစားလိုက်ရသည်။
အချိန်အကြာကြီး အော်ဟစ်ပြီးနောက် သူမလည်ချောင်းသည် အတော်လေး မသက်မသာဖြစ်နေပြီး ရေသောက်ချင်လာသည်။
သို့သော်လည်း သူမ ငြင်းဆန်ပြီးဖြစ်၍ ချီကျန်းကျန်းက ချက်ချင်းပင် ရေများကို မော့သောက်လိုက်သည်။ ထို့နောက် သူမကို မည်သည့်စကားမှ ထပ်မဟတော့ပေ။
ဝမ်စီစီ ‘’ …. ‘’
ခဏလောက်တွေးပြီးနောက် သူမ ဘာသာပင် ရေသွားဝယ်ရန် ဆုံးဖြတ်လိုက်သည်။
သို့သော်လည်း သူမ ခြေထောက်ကို မြှောက်လိုက်သည်နှင့် သူမခြေအစုံသည် ပျော့ခွေသွားကာ မြေပေါ်သို့လဲကျသွားတော့သည်။
ဝမ်စီစီ မျက်နှာတစ်ခုလုံး ရှက်ရွံ့မှုကြောင့် နီရဲသွားသည်။
ချီကျန်းကျန်းလည်း အတော်လေး ထိတ်လန့်သွားသည်။ ‘ အဲ့လောက်တောင် ကြောက်သွားတယ်လား’
သို့သော်လည်း တစ်စုံတစ်ခုမှားနေသည်ဟု သူမခံစားလိုက်မိပြီး ခြေလှမ်းနှစ်လှမ်းခန့် အရှေ့သို့တိုးကာ ဝမ်စီစီ၏ နဖူးကိုစမ်းလိုက်သည်။
ဝမ်စီစီ ရုန်းကန်လိုက်ပြီး အော်ဟစ်လိုက်သည်။ ‘’ နင် ဘာလုပ်တာလဲ…’’
သို့သော်လည်း သူမ လက်များသည် အားမရှိပဲပျော့နေကာ ချီကျန်းကျန်းကို ပြန်မတွန်းနိုင်ပေ။
ချီကျန်းကျန်း သူမ နဖူးကိုစမ်းပြီး မျက်မှောင်ကြုတ်လိုက်ကာ ‘’ နင်ဖျားနေပြီ’’
ချီကျန်းကျန်း အရမ်းများသည့် အပူချိန်ကို သူမ ခံစားလိုက်ရသည်။
ဝမ်စီစီ သူမကို အော်ဟစ်ဖို့ကြံလိုက်သော်လည်း သူမဘာသာပင် အံ့ဩသွားသည်။
‘ငါ ဖျားနေတာလား’
ချီကျန်းကျန်း ဘာမှမလုပ်တာတောင် သူမ သည်းမခံနိုင်ဖြစ်နေတာ မအံ့ဩတော့ပါဘူးလေ….
ချီကျန်းကျန်း သူမကို ထူပေးလိုက်ရင်း မျက်မှောင်ကြုတ်လိုက်ကာ စိုးရိမ်သည့်အကြည့်ဖြင့်ကြည့်လိုက်သည်။ ‘’ လာ… ဆေးရုံသွားရအောင်’’
ဝမ်စီစီကို အပြင်သို့ခေါ်လာပြီး အထိတ်တလန့်ဖြစ်စေကာ အဖျားတက်သည်အထိ သူမ လုပ်လိုက်မိသည့်အတွက် နှလုံးသားထဲမှ အပြစ်ရှိသလို ခံစားသွားရသည်။
‘’ ငါ့ကို မထိနဲ့… နင် ငါ့ကိုကိုင်ပေးစရာမလိုဘူး’’ ဝမ်စီစီ အော်ဟစ်ပြန်သည်။
ထို့နောက် သူမ ဖုန်းကိုထုတ်ကာ ဝမ်ရိရန်ဆီသို့ ဖုန်းခေါ်လိုက်ပြီး
‘’အကို ရိရန်… ညီမ *** လမ်းမှာ… ညီမကို လာခေါ်…… ‘’
ဘေးမှ ချီကျန်းကျန်းသည် မျက်မှောင်ကြုတ်လိုက်ပြီး ‘’ ဝမ်စီစီ… ဆေးရုံကို အရင်သွားလိုက်’’
ဝမ်စီစီကို မေးတော့မည့်ဖုန်းတဖက်မှ ဝမ်ရိရန် တစ်ယောက် ချီကျန်းကျန်း အသံကိုကြားသွားပြီး မျက်မှောင်ကြုတ်လိုက်ကာ ‘’ ချီကျန်းကျန်းကို ငါ့အနားခေါ်မလာနဲ့လို့ ငါမပြောထားဘူးလား…. နင် တစ်ခုခုထပ်လုပ်နေတာလား…’’
‘’ မဟုတ်ဘူး… အကိုရိရန် ‘’ ဝမ်စီစီ သူမ ဖျားနေသည်ကိုပြောဖို့ပြင်လိုက်သော်လည်း ဝမ်ရိရန်မှ ကြားဖြတ်ပြောလိုက်သည်။
‘’ ငါတို့ကြားက လက်ထပ်စာချုပ်ကပျက်သွားပြီလို့ ချီကျန်းကျန်းကို နင်ပြောလိုက်… ငါ သဘောကျတာ ချင်ယုပဲ သူမကို အဲ့အကြောင်းဆက်တွေးမနေတော့နဲ့လို့ ‘’
‘’တီ…တီ….’’ ဖုန်းကျသွားတော့သည်။
ဝမ်စီစီ မျက်ဝန်းများပြူးကျယ်သွားပြီး ဒေါသတကြီးဖြင့် ဖုန်းကို မြေပေါ်သို့ပေါက်လိုက်သည်။
‘’ ညီမလေး… လူတွေနင့်ကိုကြည့်နေကြတယ်နော်… ဒီလိုပုံစံနဲ့က စမတ်ကျမနေဘူး… နင် အချိန်ထပ်ဆွဲနေရင် အရူးလိုအပူချိန်တွေ ပိုတက်လာလိမ့်မယ်’’ ချီကျန်းကျန်း သူမကို ဆွဲထူလိုက်သည်။
ဒီတစ်ကြိမ်တွင်တော့ ဝမ်စီစီ သူမကို မငြင်းဆန်တော့ပေ။
သူမသည် မြေပေါ်တွင်ထိုင်နေပြီး တခြားသူများဝိုင်းကြည့်နေသည့်အတွက် အတော်လေး ရှက်စရာကောင်းနေလေသည်။
ထို့နောက် သူမ ဘေးရှိ လမ်းမီးတိုင်ကိုကိုင်ကာ ချီကျန်းကျန်းလက်ကို ပုတ်လိုက်ပြီး ‘’ ငါ့ကိုစိတ်ပူဖို့မလိုဘူး… ငါ့ဘာသာသွားမယ်’’
ဝမ်ရိရန်မှ သူမဖုန်းကို ရုတ်တရက်ချလိုက်သည့်အတွက် ချီကျန်းကျန်းရှေ့တွင် အတော်လေးရှက်နေမိသည်။
ထို့နောက် ဝမ်စီစီ တကိုယ်လုံး အဖျားကြောင့် နေရတာမသက်မသာဖြစ်လာကာ စတင်ငိုကြွေးတော့သည်။ ‘
‘’ဝူး….ဝူး…’’
ချီကျန်းကျန်း ‘’ ….. ‘’
ချီကျန်းကျန်း စိတ်ထဲမှ နောင်တရသွားမိသည်။ ‘ ငါဘာလို့ သူမကို အပြင်ခေါ်လာမိတာလဲ….’
နောက်တစ်ချိန်ဆိုရင် သူမ ဝမ်စီစီကို ထပ်ရှာမည်မဟုတ်တော့ပေ။
xxxxxx