part 33
‘’အစ်မကြီးရေ… ကလေးလိုလုပ်မနေနဲ့တော့…. ဆေးရုံသွားရအောင်’’ ချီကျန်းကျန်း သူမကိုခေါ်ထုတ်ဖို့ ကြိုးစားလိုက်သည်။
ဝမ်စီစီ လမ်းမီးတိုင်ကိုကိုင်ကာ ‘’ မသွားဘူး … စိတ်ပူမနေနဲ့’’
ချီကျန်းကျန်း ဒူးထောက်ချင်လာသည်။
သူမ အားကုန်သုံးကာ ဝမ်စီစီကို ဆွဲသော်လည်း တုတ်တုတ်မျှမလှုပ်ပေ။
ခဏလောက်တွေးပြီးနောက် အဆုံးတွင် သူမ အကြံမရှိတော့ပေ။
သူမဖုန်းကိုထုတ်ကာ contacts ထဲမှ နာမည်အသစ်ကို စာပို့လိုက်တော့သည်။
(ရှင်အားလား)
တဖက်မှ စာချက်ချင်းပြန်လာသည်။
(ဝမ်ယွီ - ဘာဖြစ်လို့လဲ … အချိန်ရှိပါတယ်)
ချီကျန်းကျန်း ခဏလောက် တုန့်ဆိုင်းသွားပြီးနောက်
(ဝမ်စီစီ ဖျားနေတယ်… ရှင်ကျွန်မတို့ကို ဆေးရုံလိုက်ပို့ပေးလို့ရမလား… ကျွန်မဘာသာ သွားလို့မရဘူးဖြစ်နေတယ်)
သူမ စာပို့ပြီးနောက်တွေးလိုက်မိသည် ‘ သူ အလုပ်များနေလောက်တယ်… ထားလိုက်ပါတော့’
သို့သော်လည်း တဖက်မှ စာပြန်လာသည်။
(လိပ်စာ)
ချီကျန်းကျန်း ဝမ်ယွီဆီသို့ လိပ်စာ ပို့လိုက်သည်။
သူမ မည်သူ့ကိုအကူအညီတောင်းရမှန်း တကယ်မသိခဲ့ပေ။ ဘာပဲဖြစ်ဖြစ် ဝမ်စီစီသည် ဝမ်ယွီ၏ ညီမတစ်ဝမ်းကွဲပင်… ထို့ကြောင့် သူမ ဝမ်ယွီကိုသာ ဖုန်းဆက်လိုက်ရခြင်းဖြစ်သည်။
ဝမ်စီစီကို အပြင်သို့ခေါ်လာသည်မှာ သူမဖြစ်ပြီး တကယ်လို့ ဝမ်စီစီသာ တစ်ခုခုဖြစ်မည်ဆိုလျင် သူမကိုယ်သူမ အပြစ်တင်မိပေလိမ့်မည်။
သူမဖုန်းချလိုက်စဉ် ဝမ်စီစီသည် တိုင်ကိုဖက်တယ်ထားဆဲပင်ဖြစ်သည်။
ဝမ်စီစီသည် ချီကျန်းကျန်းကဲ့သို့ပင် အသက် ၂၁ နှစ်ရှိပြီဖြစ် သော်လည်း ဖျားနေသည့် ဝမ်စီစီသည် ၈ နှစ်ကလေးအရွယ်သာရှိသည်ဟု သူမ ထင်လိုက်မိသည်။
‘’ ဟေး… နင် ငါ့ကို ဆေးရုံလိုက်မပို့စေချင်ဘူး မဟုတ်လား… ရေနည်းနည်းသောက်မလား’’ ချီကျန်းကျန်း မေးလိုက်သည်။
ဝမ်စီစီ ‘’ မသောက်ဘူး… နင်ငါ့ကိုထိန်းချုပ်နေဖို့ မလိုဘူး’’’
ချီကျန်းကျန်း သက်ပြင်းချကာ ရေဗူးကိုကိုင်ထားရင်း ခံစားချက်မဲ့စွာဖြင့် ဝမ်စီစီဘေးတွင် မတ်တပ်ရပ်ပြီး ငေးကြည့်နေလိုက်သည်။
ဝမ်စီစီ ‘’ ….. ‘’
သူမ နှစ်ချက်လောက် ရှိုက်လိုက်ပြီး ချီကျန်းကျန်းကို နောက်တစ်ကြိမ်ထပ်ကြည့်လိုက်သည်။
သို့သော်လည်း တဖက်ရှိ ချီကျန်းကျန်းသည် ဆေးရုံသို့သွားရန် သူမက ထပ်မပြောတော့သလို ထွက်သွားခြင်းလည်း မရှိပေ။ ချီကျန်းကျန်းသည် ဝမ်စီစီဘေးတွင် ရပ်နေပြီး မျက်မှောင်ကြုတ်စွာဖြင့် သူမကို ဗလာအကြည့်ဖြင့် ကြည့်နေသည်။
ဝမ်စီစီ နားမလည်ဖြစ်သွားသည်။ ‘သူမက ဘာလို့ နှစ်ခါတောင် လာချော့နေတာလဲ’
ချီကျန်းကျန်းသာ နောက်ထပ်အကြိမ်အနည်းလောက် သူမကို ဆက်ပြောနေမယ်ဆိုရင် သူမ သေချာပေါက် ဆေးရုံသို့လိုက်လာမည်ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် အဖျားကြီးပြီး နေမကောင်းဖြစ်နေတာ သူမ ပဲဖြစ်သည်။
………
ဝမ်ရိရန် ဖုန်းချပြီးနောက် ဝမ်စီစီ၏ လေသံဖျော့လေးကို တွေးလိုက်မိပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
‘’အကိုရိရန်’’ အန်းချင်ယု အသံကြောင့် သူ့ခံစားချက်များကို ဖုံးကွယ်လိုက်သည်။
ကြည့်ရတာ ချင်ယုတစ်ယောက် ချီကျန်းကျန်း နာမည်ကို ကြားသွားပုံပင်…
‘’ အင်… ဘာမှမဟုတ်ဘူး…’’ ဝမ်ရိရန် ခေါင်းကိုယမ်းပြီး ပုံမှန်လို ထမင်းဆက်စားလိုက်သည်။
သူမ ယူလာသည့်နေ့လည်စာကို သူနှင့်အတူတူစားချင်သည့် အန်းချင်ယု၏ ဆန္ဒကြောင့် နေ့လည်ခင်းအစည်းအဝေးကို ခဏရွေ့ဆိုင်းခဲ့ပြီးနောက် အစားအစာများသည် သိပ်မပူတော့ပေ။
အန်းချင်ယု ကိုယ်တိုင်ယူလာသည့် နေ့လည်စာဖြစ်သည့်အတွက် သူ အများအပြားစားခဲ့သော်လည်း ယခုအချိန်တွင် အနည်းငယ်ပျင်းရိလာသည်။
ဝမ်ရိရန်မှ ဘာမှမပြောသည့်အတွက် အန်းချင်ယု နှုတ်ခမ်းကိုတင်းတင်းစေ့ကာ မေးလိုက်မိသည်။ ‘’ အကိုရိန်… စီစီ ဖုန်းခေါ်တာလား’’
သူဘက်ကမပြောလေလေ သူမ ဘက်က ပိုသိချင်လေလေဖြစ်သည်။
ဝမ်ရိရန်သည် ယခုအချိန်တွင် သူမ၏တရားဝင် စေ့စပ်ထားသူမဖြစ်သေးပေ။
ဝမ်ရိရန် ခေါင်းငြိမ့်ပြလိုက်သည်။ ‘’အင်း…’’
ထို့နောက် ဒေါသထွက်စွာဖြင့် ‘’ ဝမ်စီစီက တော်တော်တုံးတယ်… ချီကျန်းကျန်းဆီကနေ အရူးလုပ်ခံရပြီး ကိုယ့်ကိုဖုန်းခေါ်တာပဲနေမယ်’’
‘’ဘယ်…ဘယ်လို….’’ အန်းချင်ယု တီတိုးရေရွတ်လိုက်မိသည်။ ထို့နောက် သူမကိုယ်ကို ဝမ်ရိရန်အပေါ်သို့မှီချလိုက်သည်။
ဝမ်ရိရန်စိတ်ဆိုးနေမည်မှာ အသေအချာပင်…ထို့အပြင့် ဝမ်ရိရန်သည် သူတို့အပေါ် မည်သည့်အခါမှ အာရုံမရှိပေ။
‘’ချီကျန်းကျန်း ဘာလို့ဝမ်စီစီနဲ့ အတူတူရှိနေလဲဆိုတာ ကိုယ်နားမလည်ဘူး’’
ဝမ်စီစီက ချီကျန်းကျန်းကို မုန်းနေတာမဟုတ်ဘူးလား….
ခဏကြာပြီးနောက် ဝမ်ရိရန် လက်ထဲမှ တူကိုချပြီး ရုတ်တရက် မတ်တပ်ရပ်လိုက်ကာ ဒေါသတကြီးဖြင့် ‘’ မဟုတ်ဘူး… ကိုယ်ချီကျန်းကျန်းဘာတွေလုပ်နေလဲဆိုတာ ကြည့်မှဖြစ်မယ်… စီစီကို အသုံးချနေတာ မလိုချင်ဘူး’’
ပြောပြီးနောက် ထိုနေရာမှထွက်သွားသည်။
အန်းချင်ယု ရုတ်တရက်အံ့အားသင့်ကာ မသိစိတ်ကြောင့် လက်ကိုဆန့်တန်းပြီး ဝမ်ရိရန်ကို ဆွဲထားလိုက်သည်။ ‘’ အကို ရိရန်’’
သို့သော်လည်း ဝမ်ရိရန် သည်အလွန်မြန်သည့်ခြေလှမ်းဖြင့် လျင်မြန်စွာလျောက်သွားသည့်အတွက် သူမ လှမ်းမမီလိုက်ပေ။
‘’ချင်ယု…. မင်းအရင်ပြန်နှင့်လိုက်…. ညကျမှ ကိုယ်မင်းကိုလာတွေ့တော့မယ်’’
ပြောပြီးနောက် ဝမ်ရိရန် ပျောက်ကွယ်သွားသည်။
အန်းချင်ယု မျက်နှာသည်ဒေါသကြောင့် အလွန်ရုပ်ဆိုးလာသည်။
‘ဝမ်ရိရန် စိတ်ဆိုးနေတာမဟုတ်ဘူးလား….’ သူမ တွေးလိုက်မိသည်။
ဟုတ်ပါသည်။ သူအလွန်စိတ်ဆိုးနေသော်လည်း ထွက်သွားခဲ့သည်။
အရင်တုန်းက ချီကျန်းကျန်း သူ့ကိုမည်သို့ပင်လာဆွနေပါစေ ဝမ်ရိရန် လုံးဝ ဂရုမစိုက်ခဲ့ပေ။
ဘာကြောင့် ရုတ်တရက်ကြီး အခုလိုဖြစ်သွားတာလဲ…. အန်းချင်ယု နားမလည်နိုင်တော့ပေ။
…..
ဝမ်စီစီ ခေါင်းအတော်လေးနာကျင်နေပြီး သူမ မျက်လုံးများနီရဲနေသည်။ သူမဘေးတွင်ရပ်နေသော အမျိုးသမီးလေးကို လှမ်းကြည့်လိုက်သည်။
ချီကျန်းကျန်းက ရေဗူးကိုကိုင်ကာ အရှေ့သို့ကြည့်နေသည်။
သူမ ဒုက္ခရောက်နေသည်မှာ အတော်လေး မဟုတ်သေးဘူးဟု ဝမ်စီစီ တွေးလိုက်မိသည်။
သို့သော်လည်း ချီကျန်းကျန်းနှင့် သူမသည် ရန်သူများဖြစ်ကြောင်း သိသာထင်ရှားလှသည်။ သူမအနေဖြင့် ချီကျန်းကျန်းမှ သူမကို သနားဂရုဏာသက်တာမျိုး မလိုချင်ပေ။ သူမအရှေ့တွင် သူမ မျက်နှာမပျက်ချင်ပေ။
ဝမ်စီစီ သူမအရှေ့တွင်ရှိနေသော ချီကျန်းကျန်းကိုကြည့်ရင်း ရှက်ရွံမှုကြောင့် မျက်နှာမှာ နီရဲလာသည်။
ထိုအချိန်တွင် ချီကျန်းကျန်းမှ သူမကိုလှမ်းကြည့်လိုက်သောကြောင့် ဝမ်စီစီနှင့် အကြည့်ချင်းစုံသွားသည်။ ချီကျန်းကျန်းမှ သူမကို သနားစရာအဖြစ်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ချီကျန်းကျန်း သက်ပြင်းချလိုက်ပြီး ရေဗူးကို ဝမ်စီစီ ဆီသို့ပေးလိုက်ရင်း ‘’ နည်းနည်းလောက်သောက်လိုက်…. အအေးမိရင် ရေသောက်သင့်တယ်’’
ဝမ်စီစီ မငြင်းတော့ပေ။ သူမ ပါးစပ်ကိုဖွင့်ကာ တကြိုက်တည်းသောက်လိုက်သည်။
သောက်ပြီးနောက် ချီကျန်းကျန်းက ရေဗူးအဖုံးကိုပြန်ပိတ်ကာ သူမကို ကူလိုက်ပြီး ‘’ သွားရအောင်… ငါနင့်ကို ဆေးရုံလိုက်ပို့ပေးမယ်’’
xxxxxxx