အပိုင်း ၃၄
Viewers 26k

Part 34


ဝမ်စီစီ နှုတ်ခမ်းတင်းတင်းစေ့ပြီး မည်သည့်စကားမှ မပြောတော့ဘဲ လမ်းမီးတိုင်ကို လက်လွှတ်လိုက်သည်။


ချီကျန်းကျန်း သူမကို ကူတွဲပေးလိုက်သည်။


ဝမ်စီစီ အနည်းငယ် ခေါင်းမူးသလိုခံစားနေရပြီး သူမလက်နှင့်ခြေထောက်များသည် အားနည်းနေသောကြောင့် သူမ တကိုယ်လုံး ချီကျန်းကျန်းအပေါ်သို့ ဖိကျလုနီးပါး ဖြစ်နေသည်။


ဝမ်စီစီ ခန္ဓာကိုယ်သည် အရမ်းမပိန်သည့်အတွက် ချီကျန်းကျန်းမှာ အတော်လေးတောင့်ခံနေရသည်။ ဝမ်စီစီ တကိုယ်လုံး သူမအပေါ်မှီထားသော်လည်း သူမ ဘာမှမပြောပေ။


ချီကျန်းကျန်း ဝမ်စီစီကို ခေါ်ထုတ်လာလိုက်သည်။


ထိုခဏတွင်းမှာပင် ချီကျန်းကျန်း ချွေးအနည်းငယ်ထွက်လာသည်။


ဝမ်စီစီ နဖူးမှချွေးများကျလာသည့် ချီကျန်းကျန်းကိုကြည့်လိုက်မိသော်လည်း သူမ အံကိုကြိတ်ကာ ချီကျန်းကျန်းကို အားပြုထားရဆဲဖြစ်သည်။


ထို့နောက် သူမ အားတင်းထားသည့်လေသံဖြင့် ‘’ ငါ့ဘာသာသွားနိုင်တယ်’’


ပုံမှန် မာထန်နေသည့် သူမအသံသည် ယခုအချိန်တွင် အတော်လေး အားနည်းကာ နုနယ်နေသည်။


ဝမ်စီစီ သူမဘာသာ ရပ်လိုက်ပြီး သူမခြေထောက်ကိုအားပြုကာ ချီကျန်းကျန်းကိုအမှီပြု၍ အရှေ့သို့ဆက်လျောက်လိုက်သည်။


ချီကျန်းကျန်း သူမကိုလက်တစ်ဖက်တည်းဖြင့် ကိုင်ပေးကာ နောက်တဖက်မှ သူမနဖူးရှိချွေးများကို သုတ်လိုက်ရင်း 


‘’ဝမ်စီစီ…. နင်အဖျားကျသွားရင်… ဝိတ်လျော့ရအောင်’’


ဝမ်စီစီ ‘’ ... ‘’


ဒီချိကျန်းကျန်းက စိတ်အနှောက်အယှက်ဖြစ်စရာ ကောင်းနေတုန်းပဲ…


ဝမ်စီစီ ပါးစပ်ဟလိုက်သော်လည်း ချီကျန်းကျန်းကို ကြိမ်းမောင်းရန် အင်အားမရှိတော့ပေ။


ထိုအချိန်တွင် သူမတို့အရှေ့မှ အသံတစ်ခုထွက်ပေါ်လာသည်။


‘’ဘာဖြစ်တာလဲ…’’


ဝမ်ရိရန် မျက်မှောင်ကြုတ်ရင်း ဝမ်စီစီကို စိုက်ကြည့်ပြီးနောက် ဝမ်စီစီကိုတွဲထားသည့် ချီကျန်းကျန်းကို ကြည့်လိုက်သည်။


ချီကျန်းကျန်းက သူ့ကိုတွေ့ချင်လို့ အကွက်ဆင်လိုက်တာမဟုတ်ဘူးပေါ့… ဝမ်စီစီ တကယ်နေမကောင်း ဖြစ်နေတာပေါ့…


သူအတွေးထဲတွင် ချီကျန်းကျန်းသည် သူ့ကိုမြင်သည်နှင့် ခုန်ပေါက်ကာ လက်ယမ်းပြပြီး နှုတ်ဆက်နေမည်ဟုပင်..


ဝမ်ရိရန် တင်းကြပ်စွာ မျက်မှောင်ကြုတ်လိုက်ပြီး သူ့မျက်လုံးထဲတွင် ရှင်းလင်းသွားကာ ချီကျန်းကျန်းကို လှောင်ပြောင်လိုသည့်လေသံဖြင့် ‘’ ချီကျန်းကျန်း မင်းရဲ့လှည့်ကွက်တွေက တကယ်ပဲ…’’


‘’ဝမ်ယွီ…’’ ချီကျန်းကျန်း အော်ခေါ်လိုက်သည်။


ဝမ်ရိရန် စကားလုံးများ ရုတ်တရက်ရပ်တန့်သွားပြီး ချီကျန်းကျန်းကြည့်သည့်နေရာသို့ ကြည့်လိုက်မိသည်။


သူ့အနောက်တွင် ဝမ်ယွီသည် တန်ဖိုးကြီးဝတ်စုံဝတ်ဆင်ထားကာ အံ့ဩဖွယ်ရာ အရှိန်အဝါဖြင့် ချီကျန်းကျန်းဆီသို့ လျောက်လာသည်ကို တွေ့လိုက်ရသည်။


ဝမ်ယွီသည် အလွန်သိသာထင်ရှားလွန်းသည့်အတွက် ချီကျန်းကျန်း ဝမ်ရိရန်ကို လုံးဝ မမြင်လိုက်ပေ။


သိပ်မဝေးသည့် အကွာအဝေးမှပင် တချက်ကြည့်ရုံဖြင့် အံ့ဩဖွယ်ရာဘောစ့်ကြီးကို သူမ မြင်လိုက်လေသည်။


ဒီကမ္ဘာသည် သူမတွက် မရင်းနှီးသေးသည့်အတွက် ဝမ်ယွီနှင့် နှစ်ရက်တာ သိထားရသည့်အတွက် သူမ အတော်လေး သူ့ကိုယုံကြည်နေမိသည်။


ဝတ္ထုအများစုတွင် အဓိကဇာတ်ဆောင်သည် အပြုသဘောဆောင်သည့်ကောင်းမွန်သော ဇာတ်ဆောင်များဖြစ်ကြသည်။


သူမ ဝမ်ယွီကို မြင်လိုက်ပြီးသည်နှင့်တပြိုင်နက် သက်ပြင်းအရှည်ကြီးချလိုက်မိတော့သည်။


‘’ ဘာတွေဖြစ်နေတာလဲ…’’ ဝမ်ယွီ ချီကျန်းကျန်းဆီသို့ လျောက်လာရင်း မေးလိုက်သည်။


‘’ ဟေ… ကိုယ်ပူနေတုန်းပဲနော်… ငါ ဆေးရုံသွားဖို့လိုတယ်’’


ချီကျန်းကျန်း မတတ်သာစွာဖြင့် သူမဘေးရှိ ဝမ်စီစီကို ကြည့်လိုက်မိသည်။


ဝမ်ယွီ ဝမ်စီစီကို ဗလာအကြည့်ဖြင့်ကြည့်လိုက်သည်။ သူ့မျက်ဝန်းထဲတွင် မည်သည့်ခံစားချက်မှ မရှိသလို တစိမ်းတစ်ယောက်အား ကြည့်နေသကဲ့သို့ပင်။


ဝမ်စီစီအမြင်တွင် ဝမ်ယွီသည် ရုပ်ရည်ချောမောသည်ကလွဲ၍ မတည်ရှိသည့် သူတစ်ယောက်ကဲ့သို့ပင်။


သို့သော်လည်း ဒီနေ့တွင် ဝမ်ယွီ၏ အံ့ဩဖွယ်ရာ အရှိန်အဝါကို သူမ မမျှော်လင့်စွာဖြင့် ရှာဖွေတွေ့ရှိသွားသည်။


အထူးသဖြင့် ဝမ်ယွီနှင့် ချီကျန်းကျန်း အတူတူရပ်ကာ စကားပြောနေချိန်တွင် နှစ်ဦးသားသည် လိုက်ဖက်ညီနေပြီဂ အတော်လေး ကြည့်ကောင်းနေခဲ့သည်။


ဝမ်ယွီ ‘’ သွားရအောင်’’


ချီကျန်းကျန်း ခေါင်းငြိမ့်ပြလိုက်ပြီး ဝမ်စီစီနှင့်အတူတူ ကားပါကင်သို့ လမ်းလျောက်သွားသည်။


ထိုအချိန်တွင် ဝမ်ရိရန်သည် နောက်ဆုံးမှ သတိရလာကာ ဒေါသတကြီးဖြင့် ‘’ ဘာလဲဟ… ချီကျန်းကျန်း… နင်ကဘာလို့ ဝမ်စီစီနဲ့ ရှိနေရတာလဲ…’’


သူ ဝမ်ယွီကိုပါကြည့်ရင်း မျက်မှောင်ကြုတ်လိုက်ကာ ‘’ မင်းကကော ဒီမှာ ဘာလို့ရှိနေတာလဲ’’


‘’နင်နဲ့ဘာဆိုင်လို့လဲ…’’ ချီကျန်းကျန်း ပေါက်ကွဲတော့သည်။


‘’ ငါနဲ့ဘာလို့ မဆိုင်ရမှာလဲ … ဝမ်စီစီက ငါ့ညီမ ဝမ်းကွဲပဲ… သူမ ဘာလို့ ဒီလိုဖြစ်သွားတာလဲ… နင် တစ်ခုခုကို သူမကိုလုပ်လိုက်တာလား’’


ဝမ်ရိရန်မေးပြီးနောက် သူ့သံသယကို အတည်ပြုလိုက်ပြီး ဒေါသတကြီးဖြင့် ‘’ ချီကျန်းကျန်း…. နင် စီစီကို ဘာလုပ်လိုက်တာလဲ’’


‘’တိတ်စမ်း ‘’ ဝမ်ယွီ အေးစက်စွာဖြင့် ပြောလိုက်သည်။


သူသည် ဝမ်ရိရန်၏ စကားလုံးများကို ပြင်းပြင်းထန်ထန် မတုန့်ပြန်သော်လည်း ထိုစကားလုံးနှစ်လုံးသည် အေးစက်နေသည်။ ထိုအသံကို နားထောင်ရုံနှင့် သူ့ဒေါသကို လူတိုင်းခံစားနိုင်ပြီး ပါးစပ်ပိတ်သွားကြသည်။


ထို့နောက် သူ. ချီကျန်းကျန်းကို နူးညံ့သည့်လေသံဖြင့် ‘’ သွားရအောင်’’


ထိုအသံကြောင့် ဝမ်ရိရန် သတိပြန်ဝင်လာပြီး ချက်ချင်းဆိုသလို ဒေါသပိုထွက်လာကာ ‘’ ဝမ်ယွီ… မင်းငါ့ကို ဒီလိုပြောရဲတယ်လား… မင်းကို ဘယ်သူက သွားခိုင်းလို့လဲ… ငါ့ကို ရှင်းရှင်းလင်းလင်း ပြောစမ်း’’