⛰️Chapter 25
သုံးပွင့်ဆိုင်။
“ပြောပါဦး ဘာဖြစ်လို့လဲ”
လုဟွားန်နျက ထိုင်လိုက်ကာ သူမ၏သွေးရင်းမောင်ငယ်ကိုကြည့်လိုက်ပြီး မျက်ခုံးပင့်ကာပြောလာ၏။
“မနေ့ညတုန်းကကျ ယွင်ရုန်ကိုရှာမတွေ့သေးဘူးဆို”
လုဟယ်နျန်၏မျက်နှာ၌ ရှက်ရွံ့သောအရိပ်အယောင်များပေါ်လာသော်လည်း ခဏလောက်သာဖြစ်ကာ ချက်ချင်းဆိုသလိုပျောက်ကွယ်သွားသည်။သူကတည်ငြိမ်သောမျက်နှာဖြင့် ပြန်ပြောလိုက်သည်။
“ဒီနေ့မနက်မှ တွေ့သွားတာပါ”
နင်ပေါက်ကရပြောတာကို ငါကယုံပေးမယ်တဲ့လား။
“အခုလေးတင်မှ ယွင်ရုန်နဲ့တွေ့သွားတာပေါ့၊ ဒါဆိုတကယ်ကိုတိုက်တိုက်ဆိုင်ဆိုင်ကိစ္စဘဲ”
လုဟွားနျန်က အဓိပ္ပါယ်ပြည့်နေသောအပြုံးကြီးဖြင့်ပြုံးပြလိုက်သည်။မနေ့ညက ဆရာသခင်ကျန်းပြောခဲ့သည်များကို တွေးမိသွားသောအခါ သူမကမျက်မှောင်ကြုတ်ပြီးပြောလာသည်။
“ဆရာသခင်ကျန်းပြောတဲ့ကိစ္စကို မိန်းကလေးကိုပြောပြပြီးပြီလား”
“တော်လောက်ပါပြီ အဲ့ဒီကိစ္စကိုနောက်ကျမှပြောကြမယ်”
လုဟယ်နျန်က ယွင်ရုန်စားသောက်ရာတွင်သာအာရုံရောက်နေသည်ကိုမြင်သောအခါ မျက်မှောင်ကြုတ်ပြီး လုဟွားနျန်ကိုဟန့်တားလိုက်သည်။ထို့နောက် သူကနူးညံ့စွာမေးလာသည်။
“ကျဲ ဘာစားချင်လဲ ကျွန်တော်ကျွေးပါ့မယ်”
အပြင်ပန်းအသွင်အပြင်များအတွက် လုဟွားနျန်လည်း သူမမောင်လေးနှင့်ထိပ်တိုက်မတွေ့နေတော့ပေ။သူမကပြုံးကာပြန်ဖြေလိုက်သည်။
“ဒါဆိုရင် ငါများများမှာလို့ရပြီပေါ့ ယွမ်ယွမ်စားချင်တာကိုလည်း သူ့ဦးလေးကိုပဲ ရှင်းခိုင်းလိုက်တော့မယ်”
လုဟယ်နျန်က ပြုံးလိုက်သည်။
“ဟုတ်ပါပြီ”
သေချာပေါက်ပင် လုဟွားနျန်က စားစရာများများမှာလိုက်သည်။သို့သော် သူမက စားဖို့တူကိုမရွှေ့ဘဲ ယွင်ရုန်စားနေသည်ကိုသာကြည့်နေ၏။
ယွင်ရုန်၏စားသောက်ပုံများက အပြစ်ပြောစရာမရှိပေ။သူမက အလွန်မြန်ဆန်စွာစားနေလျှင်တောင်မှ နိမ့်ကျသည့်ပုံစံမျိုးနည်းနည်းလေးတောင်မပေါ်ပေ။ထိုအစား သူမကပါးများဖောင်းလာသည်အထိစားနေပြီး အသားအရေဖြူဖြူ၊နူးညံ့သောပုံစံနှင့်တွဲလိုက်သောအခါ သူမကိုကြည့်လိုက်သူတိုင်းအား ဝမ်းသာကြည်နူးစေနိုင်လေသည်။
လုဟွားနျန်က ယွင်ရုန်ကိုကြည့်ကာ သူမနှလုံးသားကနူးညံ့လာလေသည်။သူမက ကူကယ်ရာမဲ့စွာဖြင့် ဒင်ဆမ်းတစ်ခုကိုယူကာ ယွင်ရုန်၏ပန်းကန်ထဲထည့်ပေးလိုက်သည်။
“များများစား”
လုဟွားနျန်က ပြုံးကာပြောလိုက်သည်။
“ကျေးဇူးပါ ဟွားနျန်。。。ကျဲ?”
ယွင်ရုန်က ချစ်စရာကောင်းစွာကျေးဇူးတင်လာ၏။သူမက လုဟွားနျန်ကိုကြည့်လိုက်ကာ သူမ၏ဘော့စ်ကလုဟွားနျန်ကို ကျဲဟုခေါ်သဖြင့် သူမလည်းကျဲလို့ခေါ်သည်မှာ မမှားနိုင်ကြောင်းတွေးလိုက်သည်။
ယွင်ရုန်ကသူမ၏ လူသားအပြုအမူများမှာ တော်တော်ကောင်းသည်ဟုခံစားမိသဖြင့် ရင်ထဲတွင်ပျော်ရွှင်သွားသည်။
ယွင်ရုန်၏ကျဲဟုခေါ်သံကို ကြားလိုက်ရသောအခါ လုဟွားနျန်၏ရင်ထဲတွင် ပျော်ရွှင်သွားလေသည်။သူမက တောက်ပစွာပြုံးပြကာ ယွင်ရုန်၏လက်ကိုဆွဲပြီးပြောလိုက်သည်။
“နင့်အသက်က ဟယ်နျန်ထပ်အများကြီးငယ်တာဆိုတော့ ကျဲလို့ခေါ်တာက အဆင်ပြေပါတယ်၊ ယွင်ရုန်က တို့ကိုကျဲကျဲလို့ခေါ်မှတော့ အခုကစပြီး မင်းကတို့ရဲ့ညီမလေးဘဲနော် တစ်ခုခုအကူအညီလိုတာရှိရင် ကျဲကိုချက်ချင်းလာရှာနော်”
လုဟယ်နျန်က ယွင်ရုန်ကိုတစ်ချက်လှမ်းကြည့်လိုက်သည်။သူ့ရင်ထဲတွင် ဒီမိန်းကလေးကနားမလည်ဘူးလားမသိဟု ညည်းညူလိုက်မိသည်။သူတို့မိသားစုက လူများကို မိသားစုဝင်အဖြစ်လွယ်လွယ်ကူကူ မသတ်မှတ်တတ်ကြပေ။သူတို့က ကောကော၊ကျဲကျဲဟုအခေါ်ခံရသည်ကိုလည်းမကြိုက်ပေ။လူများက သူမ လုဟွားနျန်ကို ထိုသို့ခေါ်သည်ကိုကြားသွားပါက သူမကိုအမြင့်တက်ဖို့ကြိုးစားနေသည်ဟုထင်သွားကြလိမ့်မည်။
ထို့အပြင် သူ့အစ်မလုဟွားနျန်ကလည်း အလွန်ရယ်ချင်စရာကောင်း၏။ယွင်ရုန်ဆီမှတစ်ခါလေး အခေါ်ခံလိုက်ရရုံဖြင့် ဒီလိုမျိုးပျော်ရွှင်နေလေသည်။သူက ထိုင်ခုံကိုနီးအောင်ရွှေ့ပြီးနောက် လုဟွားနျန်ကိုကြည့်ကာ ချောင်းအသာဟန့်လိုက်သည်။
လုဟွားနျန်က သူ့ပုံစံကိုမြင်သွားကာ သူမအပြုံးများက ပိုလို့တောင်တောက်ပလာလေသည်။သူမက သူမမောင်ကိုလက်ညှိုးထိုးကာ ပြောလိုက်၏။
“တို့က မင်းကိုညီမလေးအဖြစ်သတ်မှတ်ထားမှတော့ သူကလည်းနင့်အကိုဘဲ ကျဲကိုရှာမရရင် သူ့ကိုရှာလိုက်နော် သူမကူညီပေးရင် အိမ်ပြန်ရောက်တာနဲ့ ကျဲ သူ့ကိုဆူလိုက်မယ်”
“ကျဲ。。”
လုဟယ်နျန်က လုဟွားနျန်စကားကိုကြားသောအခါ သူ့မျက်နှာက သဘာဝမကျဖြစ်လာသည်။သူကမျက်မှောင်ကြုတ်ကာ သူမကိုလှမ်းခေါ်လာ၏။
နောက်မှသာ သူ့အစ်မဖြစ်သူ၏ရည်ရွယ်ချက်ကို နားလည်လာခဲ့သည်။အမြင့်တက်ချင်နေသည့်ပုံစံမျိုးမရှိတော့သဖြင့် အနာဂတ်တွင် သူမအကူအညီတောင်းနိုင်ရန် ပိုလွယ်ကူလာလိမ့်မည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့်တင် ဒီမိန်းကလေးကအလွန်ဖြူစင်သည်ကိုမြင်နေရ၏။အသိအသာပင်သူမက စကားလုံးများထဲမှ လှည့်ကွက်အပြောင်းအလဲများကို မသိပေ။သူက ဒီမိန်းကလေးကို ကျိတ်ကြံစည်မှုများကြားမရောက်စေချင်ပေ။
လုဟွားနျန်က သူမ၏မောင်ကိုနားမလည်ပေ။အသက်နှစ်ဆယ်ကျော်ပြီဖြစ်ကာ သူ့ရှေ့တွင်မိန်းမလှမျိုးစုံရှိသော်လည်း သူကမူအကြည့်တစ်ချက်တောင်မပေးခဲ့ပေ။သို့သော်အခုတွင်မူ သူကယွင်ရုန်အား ထပ်ခါတလဲလဲကာကွယ်နေ၏။သူမရင်ထဲတွင် အနည်းငယ်ထူးဆန်းသွားသည်။
ဒီအပြုအမူတွေက ရှင်းရှင်းကြီးကို ပြသနာနည်းနည်းရှိနေတာပဲ။
သူမက ဆရာသခင်ကျန်းပြောခဲ့သည်များကို ကြားခဲ့ရပြီးနောက်တွင် အနည်းငယ်တစ်ကိုယ်ကောင်းဆန်မှုရှိခဲ့သော်လည်း ၎င်းနှင့်ယှဉ်လျှင် သူမက ယွင်ရုန်ကိုတကယ်သဘောကျခြင်းဖြစ်သည်။ယွင်ရုန်က ထူးခြားသည့်ကိုယ်ရည်ကိုယ်သွေးမျိုးရှိကာ လူများကို သူမအားနှစ်ခြိုက်မိလာစေ၏။
လုဟွားနျန်က သူမမောင်၏မကျေနပ်မှုကို နည်းနည်းလေးတောင်ဂရုမစိုက်ဘဲ လက်သုတ်ပဝါတစ်ခုယူကာ ယွင်ရုန်၏နှုတ်ခမ်းထောင့်မှ ဆော့စ်များကိုသုတ်ပေးလိုက်ပြီး ညင်သာစွာပြောလာ၏။
“စားလို့ဝရဲ့လား မဝသေးရင် နည်းနည်းထပ်မှာလိုက်ဦး ဘာဘဲဖြစ်ဖြစ် နင့်ကောကောကဝယ်ကျွေးမှာလေ”
“ဝပါပြီ。。。。。”
ယွင်ရုန်က သူမကိုတစ်ယောက်ယောက်ထိလာသည်အား အသားမကျပေ။သူမက လက်သုတ်ပဝါကိုယူသုတ်လိုက်ကာ ခေါင်းငုံ့လိုက်ပြီး ရင်ထဲတွင်ပြောလိုက်မိသည်။တကယ်တော့ သူမစားလို့မဝသေးပေ။ဒီလိုအရသာရှိတဲ့ဟာကို သူမကဘယ်လိုများစားလို့ဝနိုင်မှာလဲ။
သို့သော်သူမက အနားတစ်ဝိုက်မှလူသားများကိုအကဲခတ်ကြည့်လိုက်ရာ သူမအခုစားလိုက်သည်များက လူအနည်းငယ်လောက်စားလို့ရသည်အထိလုံလောက်သည်ကို သိသွားသည်။သူမသာဆက်စားနေပါက ရှာတွေ့ခံရမှာကိုကြောက်မိပေသည်။ထို့ကြောင့် သူမက အံကိုတင်းတင်းကြိတ်ပြီး စားလို့ဝပြီဟုသာပြောလိုက်ရသည်။
သူမကဒီနေရာကိုမှတ်ထားလိုက်ပြီဖြစ်သည်။
ဘယ်လိုဘဲဖြစ်ဖြစ်သူမမှာပိုက်ဆံရှိတာဘဲလေ။တန့်ချိုးတောင်ကိုဝယ်ရမယ်ဆိုရင်တောင်မှ ပိုက်ဆံနည်းနည်းလောက်ထုတ်ပြီး ဝယ်စားတာက အဆင်ပြေပါသေးတယ်။ယွင်ရုန်က နောက်တစ်ခါကျလျှင် သူမတစ်ယောက်တည်းဒီကိုလာစားမည်ဟုတွေးလိုက်သည်။ထိုသို့ဆိုလျှင် သူမစားချင်သလောက်စားလို့ရပေသည်။
လုဟွားနျန်က သူမကိုထပ်မေးလာပြီး သူမကိုပိုပြီးတုန့်ဆိုင်းလာစေမှာကိုစိုးရိမ်သဖြင့် ယွင်ရုန်က စကားလမ်းကြောင်းလွှဲလိုက်သည်။
“ဟွားနျန်ကျဲက ဘာလို့မစားတာလဲ ဒါတွေအားလုံးက တကယ်အရသာရှိတာ”
သူမက စားပွဲတွင်ကျန်သည့်တစ်ခုတည်းသော အဖြူရောင်သကြားကိတ်ကို ညွှန်ပြလိုက်သည်။
“အခုတလော ကျဲရဲ့အသားအရေအခြေအနေက မကောင်းလို့လေ ဝက်ခြံနှစ်ခုထွက်လာလို့ ချိုတာတွေကိုစားလို့မရဘူး”
လုဟွားနျန်က ဘာမှမဖုံးကွယ်ဘဲပြန်ဖြေလိုက်သည်။မိန်းကလေးများအသက်၃၀ကျော်သည့်အခါ သူတို့ကိုယ်သူတို့တစ်ချိန်လုံး ဂရုစိုက်ထိန်းသိမ်းရန်လို၏။လုကော်ပိုရေးရှင်း၏တစ်ဦးတည်းသောသမီးအဖြစ်အပြင် သူမ၏ခင်ပွန်းမိသားစုကလည်း အလွန်လူသိများရာ သူမကနာမည်ကျော်ကြားသူတစ်ဝက်ဖြစ်နေပြီဟုယူဆနိုင်သည်။ထို့ကြောင့် သူမစားသောက်သည်များကို အလွန်ဂရုစိုက်ရန်လို၏။
ပြောနေရင်းဖြင့် သူမကယွင်ရုန်၏ပါးကိုထိကြည့်လိုက်ရာ ပိုးသားလေးလိုပင် နူးညံ့ပြီးချောမွတ်နေသည်ကိုခံစားလိုက်ရ၏။သူမက သက်ပြင်းချကာပြောလိုက်မိသည်။
“မိန်းမငယ်လေးတစ်ယောက်ရဲ့အသားအရေက အကောင်းဆုံးဘဲ”
ယွင်ရုန်က လုဟွားနျန်၏မျက်နှာကိုသေချာကြည့်လိုက်ရာ တကယ်ပင်တစ်မျိုးတစ်ဖုံဖြူလျော်ပြီး မဲနေသည်ကိုမြင်လိုက်ရသည်။သူမက ခုနတုန်းကဒါရိုက်တာပေးခဲ့သည့် 20မီလီယမ်အကြောင်းတွေးမိသွားသောအခါ တကယ်ပင်အားနာမိ၏။အခုလုဟွားနျန်၏အသားအရေကမကောင်းသဖြင့် သူမကူညီလိုက်သင့်ပေသည်။လုဟွားနျန်နဲ့ လုဟယ်နျန်တို့က မောင်နှမတွေလေ၊ ဆိုတော့ လုဟွားနျန်ကိုကူညီလိုက်နိုင်တာက သူမရဲ့ဒါရိုက်တာကိုကူညီပေးလိုက်တာနဲ့ တူတူဘဲမလား။
ထိုသို့တွေးလိုက်ပြီးနောက် ယွင်ရုန်ကအိတ်ကပ်ထဲလက်နှိုက်လိုက်သည်။ခနအကြာတွင် သူမကအစိမ်းရောင်မြက်ပင်တစ်ပင်ကိုထုတ်လာပြီး စားပွဲပေါ်သို့တင်ကာ ပြောလိုက်သည်။
“ဟွားနျန်ကျဲ ဒါကိုသုံးကြည့်လိုက်၊ ဒါစားပြီးရင် ကျဲရဲ့အသားအရေက နူးညံ့ပြီး နှင်းဆီရောင်လွှမ်းလာလိမ့်မယ်”
လူတိုင်းက စားပွဲပေါ်မှ တရုတ်ကြက်သွန်မြိတ်ကဲ့သို့သောအပင်ကိုမြင်သောအခါ စိုက်ကြည့်မိလိုက်ကြသည်။ဒီမိန်းကလေးက ဘာလို့အပင်ကိုကိုယ်နဲ့မကွာယူလာတာလဲ။
“ဒါကဘာကြီးလဲ”
လုဟွားနျန်က ထိုမြက်ပင်ကိုကောက်ယူကာ အနံ့ခံကြည့်လိုက်သည်။မြက်ပင်က အနံ့ချိုချိုလေးတစ်ခုကိုဖျော့ဖျော့ထုတ်လွှတ်နေပြီး ယွင်ရုန်၏ရနံ့နှင့်အလွန်တူ၏။အပင်ကအနံ့ပိုပြင်းနေရုံသာရှိသည်။
“ဒါကိုဘယ်နေရာကထုတ်လာတာလဲ”
“အိတ်。。。。အိတ်ကပ်ထဲကပါ”
ယွင်ရုန်သည် လူသားများကချန်ခွင်းအိတ်ကိုမမြင်နိုင်သည်ကို သတိရသွားသောအခါ အကြပ်ရိုက်သွားပြီး အလိုလိုပြန်ဖြေလိုက်သည်။အခုလေးတင် သူမက ပျော်ရွှင်စွာစားနေသဖြင့် အရာအားလုံးကိုမေ့သွားခဲ့၏။ သူမက နောက်တစ်ကြိမ်စကားလွှဲလိုက်သည်။
“ဒါကဆေးဖက်ဝင်မြက်လေ အမျိုးသမီးတွေက ဒါကိုစားရင် အကျိုးကျေးဇူးတွေအများကြီးရှိတယ်”
လုဟွားနျန်ကလည်း ယွင်ရုန် စကပ်ထဲတွင်အိတ်ကပ်ရှိနေသည်ကိုမြင်သဖြင့် သိပ်မတွေးနေတော့ပေ။သူမက တရုတ်ကြက်သွန်မြိတ်နှင့်တူသော အပင်ကိုကြည့်ကာ အနည်းငယ်သံသယဝင်သွားသည်။တရုတ်ကြက်သွန်မြိတ်နှင့်ယှဉ်ရင် ဒါကနည်းနည်းပိုကောင်းမယ့်ပုံပါပဲ။ဒါပေမယ့် ဒါကိုစားလိုက်တာနဲ့ အသားအရေကနှင်းဆီရောင်လွှမ်းလာမယ်တဲ့လား။
၎င်းကလူကို တကယ်မယုံနိုင်အောင်လုပ်နေပေသည်။
သို့သော် ညတုန်းက ဆရာသခင်ကျန်းပြောခဲ့သည်များကို ပြန်တွေးမိသွားသောအခါ သူမရင်ထဲယိမ်းယိုင်လာ၏။သူမက ခဏလောက်တုန့်ဆိုင်းနေပြီးမှ ဆေးဖက်ဝင်မြက်ပင်ကိုယူကာ မေးလိုက်သည်။
“ဒါကိုဘယ်လိုစားရမှာလဲ”
သူမက ဂျင်ဆင်းရိုင်းကိုတွေးမိသောအခါ ဤမြက်ကိုလည်းတိုင်းရင်းဆေးအဖြစ်မှတ်ယူလိုက်သည်။
ရေသုံးခွက်နဲ့ ပွက်ပွက်ဆူအောင်တည်ပြီး တစ်ပန်းကန်လောက်စာဘဲကျန်တော့မှသောက်ရမှာလား။
“ဒီအတိုင်း တိုက်ရိုက်စားလိုက်လည်း အဆင်ပြေပါတယ်”
ယွင်ရုန်က သိပ်မတွေးဘဲပြန်ဖြေလိုက်သည်။ဒီဆေးဖက်ဝင်မြက်ကိုဘယ်လိုစားမလို့လဲ။ဒါကိုအရသာရှိအောင်လုပ်လို့ရလို့လား။
လုဟွားနျန်က မေးခွန်းတစ်ချို့ထပ်မေးချင်သေးသော်လည်း ယွမ်ယွမ်ဆီမှဖုန်းခေါ်လာလေသည်။အိမ်တွင်စောင့်နေသည့်ယွမ်ယွမ်က သူမကိုမြန်မြန်ပြန်လာရန် လောဆော်နေ၏။
မနေ့ကယွမ်ယွမ်သည် မတော်တဆဖြစ်လုနီးပါးဖြစ်ခဲ့ပြီး ထိုအခိုက်အတန့်လေးတွင် သူမက သူမသမီးလိုချင်သမျှကိုဖြည့်ဆည်းပေးမည်ဟု ဆုတောင်းလိုက်မိသည်။သူမသမီးအသံကိုကြားသောအခါ ယွင်ရုန်နှင့်စကားဆက်မပြောနိုင်တော့ပေ။လက်တစ်ဖက်က ဆေးဖက်ဝင်မြက်ကိုကိုင်ပြီး တစ်ဖက်ကစားစရာများကိုကိုင်ကာ အမြန်ပြန်သွားလေသည်။
လုဟယ်နျန်က ဘေးတွင်သာထိုင်နေပြီး ဘာမှဝင်မပြောလာပေ။လုဟွားနျန်ပြန်သွားပြီးမှသာ သူကပြောလာ၏။
“အဲ့ဒီမြက်ကရှာရမလွယ်လောက်ဘူး ဟုတ်တယ်မလား အဲ့ဒါကဘယ်လောက်လဲ ငါမင်းကိုပိုက်ဆံပေးပါ့မယ်”
ထို့နောက် သူကနှုတ်ခမ်းကိုကွေးလိုက်ကာ ဒီမိန်းကလေး၏ ပစ္စည်းများကိုအလွယ်တကူပေးတတ်သည့်အကျင့်ကိုဖျောက်ပေးရမည်ဟု တွေးလိုက်မိသည်။မကောင်းသောရည်ရွယ်ချက်ရှိသည့်သူများသာ သူမကိုသတိထားမိသွားပါက အန္တရာယ်ရှိ၏။
ယွင်ရုန်က လုဟယ်နျန်ပိုက်ဆံထပ်ပေးချင်သည်ကိုကြားသောအခါ ချက်ချင်းလက်ခါပြလိုက်သည်။
“ပိုက်ဆံပေးစရာမလိုပါဘူး ခုဏလေးတင်ဘဲ ကျွန်မကို 20မီလီယမ်ပေးခဲ့တာမဟုတ်ဘူးလား ဆေးဖက်ဝင်မြက်က ဘယ်လောက်မှတန်ဖိုးမရှိပါဘူး”
ဆေးဖက်ဝင်မြက်ကို တန့်ချိုးတောင်၏ဘယ်နေရာတွင်မဆိုရှာတွေ့နိုင်၏။
လျှောက်သွားလိုက်ရုံဖြင့် ရှာတွေ့နိုင်ရာ တကယ်ကိုတန်ဖိုးသိပ်မရှိတာပါနော် ဟုတ်ပြီလား။
ရုတ်တရက်ပင် ယွင်ရုန်ကအနည်းငယ်အဆင်မပြေဖြစ်လာသည်။ပိုက်ဆံအလွယ်တကူပေးတတ်သောသူနှင့်ဆုံရသည်မှာလည်း ကောင်းသောအရာမဟုတ်ပေ။အရင်တုန်းကဆိုလျှင် သူမကလူသားများဆီမှ ဘာကိုမှလက်မခံဖူးပေ။အခုတွင်မူ သူမက20မီလီယမ်တောင်လက်ခံပြီးနေပြီဖြစ်သည်။သူမက ၎င်းနှင့်တင်ရှက်ဖို့လုံလောက်နေပြီဖြစ်ရာ သူကဘယ်လိုများပိုက်ဆံထပ်ပေးချင်နေတာလဲ။
ကျန်းချုံမင်က ဘေးတွင်ပါးစပ်ဟလျက် မှင်သက်နေ၏။တစ်ယောက်က ပိုက်ဆံအရမ်းပေးချင်တာကို၊ တစ်ယောက်ကလည်းခေါင်းမာမာနဲ့ကိုငြင်းနေတယ်။ဒါဆိုလည်း အဲ့ပိုက်ဆံတွေသူ့ကိုပဲပေးလိုက်တော့လေ။ကျွန်တော်လိုချင်တယ်ဗျ။
သို့သော်ထိုစကားလုံးများကို သူ့ရင်ထဲတွင်သာကျိတ်ပြောရဲသည်။သူကလည်ပင်းကိုကျုံ့ပြီး သူမရှိသလိုသာဟန်ဆောင်နေတော့သည်။
လုဟယ်နျန်က မိန်းကလေး၏စိုးရိမ်တကြီး ‘ပျံပြေးလုမတတ်’ငြင်းဆိုနေမှုကိုမြင်သောအခါ ကူကယ်ရာမဲ့စွာဖြင့် ခပ်ဖျော့ဖျော့အပြုံးတစ်ခုပေါ်လာသော်လည်း လျင်မြန်စွာပျောက်ကွယ်သွားသည်။သူက သူမကိုထပ်ပြောလိုက်သည်။
“နောက်ဆို မင်းပစ္စည်းတွေကိုအလွယ်တကူထုတ်ပြီး သူများကိုမပေးလိုက်နဲ့နော် နားလည်လား”
“ဟွားနျန်ကျဲက အပြင်လူမှမဟုတ်တာ သူက ရှင့်အစ်မကြီးလေ”
ယွင်ရုန်က မထူးဆန်းသလိုပြန်ဖြေလိုက်သည်။အနာဂတ်တွင် သူမက လုဟယ်နျန်ကုမ္ပဏီ၌အလုပ်လုပ်တော့မည်ဖြစ်သည်။ထို့အပြင် သူမက ပိုက်ဆံအများကြီးကိုယူထားပြီးပြီဖြစ်ရာ ဒါရိုက်တာ၏အစ်မကို တစ်ခုခုပေးခြင်းက ဘာမှမဖြစ်ပေ။အခြားလူများအတွက်ဆိုပါက သေချာပေါက် သူမပစ္စည်းများကို ထုတ်ပေးမှာမဟုတ်ပေ။
ယွင်ရုန်၏အဖြေကိုကြားသောအခါ လုဟယ်နျန်ကကြောင်အသွားသည်။ဘာကြောင့်မှန်းမသိ သူကခံစားချက်ကောင်းလာလေသည်။သူ့ဘေးနားမှ မိန်းကလေး၏ နူးညံ့သောဆံပင်များကိုကြည့်ကာ သူ့လက်များကိုအလိုအလျောက်လှုပ်လိုက်မိသည်။သို့သော်သူလက်ကိုဆန့်မထုတ်လိုက်ပေ။
ရုတ်တရက်ပင် လုဟယ်နျန်က လုဟွားနျန်ဆိုလိုသည်များကိုနားလည်သွားသည်။ဤမိန်းကလေးကိုကြည့်လိုက်ရသောအခါ ရင်ထဲတွင်နူးညံ့ပေါ့ပါးသွားပြီး ချစ်ခင်မိပေသည်။သို့သော် ထပ်တွေးကြည့်လိုက်သောအခါ သူကမျက်မှောင်ကြုတ်လိုက်မိသည်၊ ဒီလိုရိုးရှင်းပြီး ‘လောကကြီးမှအရာများကိုသတိမပြုမိတတ်သော’ပုံစံနှင့်ဆိုလျှင် သူမအပြင်ထွက်သွားပါက အခြားသူများကအနိုင်ကျင့်နိုင်ခြေအလွန်များ၏။
ယွင်ရုန်ကအခြားသူများအနိုင်ကျင့်သည်အားခံနေရမည်ကို တွေးကြည့်လိုက်သောအခါ လုဟယ်နျန်၏ရင်ထဲတွင်မွန်းကြပ်ပြီးအဆင်မပြေဖြစ်လာသည်။သူကခနလောက်တိတ်နေပြီးမှ ပြောလိုက်သည်။
“ငါက အိမ်မှာဒုတိယသားဆိုတော့ ဒုတိယအစ်ကိုလို့ခေါ်လို့ရတယ်”
ယွင်ရုန်သည် လူသားများကထူးဆန်းသည်ဟုခံစားမိသွားသည်။သူတို့ကဘာလို့သူမကို ‘ကောကော၊ကျဲကျဲ’ဆိုပြီးခေါ်စေချင်နေကြတာလဲ။သူမက နှစ်လေးထောင်ကျော်နေထိုင်ခဲ့ပြီးဖြစ်သဖြင့် ၎င်းကအနည်းငယ်ပေါတောတာနိုင်သည်ဟုခံစားမိသွားသည်။သို့သော်လုဟယ်နျန်၏နက်ရှိုင်းပြီး ကြည်လင်အေးချမ်းနေသည့်မျက်လုံးများကိုမြင်သောအခါ သူမကခေါင်းညိတ်ပြပြီး ခေါ်လိုက်ဆဲပင်။
“ဒုတိယအစ်ကို”
မိန်းကလေး၏ခေါ်သံချိုချိုကိုကြားသောအခါ လုဟယ်နျန်က အမ်းဟုနူးညံ့စွာအသံပြုလိုက်သည်။သူ့နှုတ်ခမ်းများက ထပ်ခါတလဲလဲကိုပြုံးနေမိလေသည်။သူကမျက်လွှာချကာ ရေခဲတမျှအေးစက်မှုများက သူ့မျက်လုံးထဲတွင်ဖြတ်ပြေးသွားသည်။အနာဂတ်တွင်သူမကိုအနိုင်ကျင့်သူတိုင်းက လုမိသားစုကိုအရင် ရင်ဆိုင်ရလိမ့်မည်။
မသိလိုက်စွာနှင့် သူကယွင်ရုန်ကို သူ့အတောင်အောက်သို့ခေါ်ဆောင်ခဲ့လေသည်။
ကျန်းချုံမင်က မနက်စာသိပ်မစားသော်လည်း ဗိုက်ပေါက်မတတ်စားလိုက်ရသလိုခံစားနေရ၏။
ဟုတ်တယ် အဲ့ဒါကမမြင်ရတဲ့ခွေးစာတွေပဲနေမှာ။
မူလကစီစဉ်ထားသည်မှာ မနက်စာစားပြီးပါက ကျန်းချုံမင်၏ကောင်မလေးလော့ရှောင်ယာက ယွင်ရုန်ကိုအဖော်လုပ်ပေးပြီး အဝတ်အစားတစ်ချို့သွားဝယ်ရမှာဖြစ်သည်။သို့သော်လော့ရှောင်ယာက မလာနိုင်တော့ပေ။
သူက ဒါရိုက်တာ၏မျက်နှာပေါ်မှအပြုံးကိုမြင်သောအခါ ရင်ထဲ၌ဗလောင်ဆူသွားပြီး အကြံပြုလိုက်သည်။
“ဒါရိုက်တာ အခုက နေ့လည်အစည်းအဝေးအတွက်အစောကြီးရှိသေးတယ် ကျွန်တော်တို့တွေ မစ်ယွင်နဲ့အတူ အစာကြေအောင်လို့ လမ်းတစ်ချက်လျှောက်ကြမလား”
ကျန်းချုံမင်ကထိုသို့ပြောပြီးနောက် သူကတကယ်ပင်ထူးကဲစွာကြံရည်ဖန်ရည်ရှိသည်ဟုခံစားလိုက်မိသည်။
သူက ဒါရိုက်တာရဲ့အတွင်းရေးမှူးကောင်း၊ လုအုပ်စုရဲ့ဝန်ထမ်းကောင်းတစ်ယောက်လို့ခေါ်ဖို့ တကယ်ထိုက်တန်တယ်။
⛰️