အပိုင်း၇၀
Viewers 9k

🥰 Chapter 70 ✅


ယောင်ကျိကျိုးသည် တဖြည်းဖြည်းနှင့် စိတ်မကြည်တော့ပေ။ 


'အကယ်၍ အရသာရှိတယ်ဆိုရင်လဲ ဒီလိုအကျယ်ကြီးထုတ်ပြောပြနေစရာလိုလို့လား...စားစရာဘယ်နားမှာရှိနေတောင် သူမသိတာကို သူမ ကမသိဘူးလား' 


သူမအား ထိုအကြောင်းပြောရန်ပါးစပ်ဖွင့်လိုက်ချိန်တွင်သိုးသားတစ်ဖတ် ခွံ့ကျွေးခံလိုက်ရသည်။ 


မင်လျိုရီက ယောင်ကျိကျိုးအား ပြုံးကာနူးညံ့စွာပြောလိုက်သည်။ 


"အရသာရှိတယ်မဟုတ်လား" 


နဘေးတွင်ရှိနေသော ရှောင်ဖန်းသည် လေအေးများရှုရှိုက်မိသွားတော့သည်။ 


'သခင်မက သခင့်ကို အဲ့လိုခွံ့ကျွေးရဲတယ်ပေါ့...သူက အသန့်အရမ်းကြိုက်ပြီး သူများက ဆုံးဖြတ်ပေးတာကိုမကြိုက်ဘူးလေ'


သခင်စိတ်ဆိုးတော့မည်ဟုထင်လိုက်ပြီး ရှောင်ဖန်းက သခင်မအား ထိုသို့ဆက်မလုပ်တော့ရန် လက်ဟန်အမူအရာဖြင့်ပြလိုက်သည်။ မဟုတ်လျှင် သခင်မအထိခိုက်ခံရမည်ကို သူမစိုးရိမ်နေသည်။


ထင်သည့်အတိုင်းပင် ရှောင်ဖန်းသည် ယောင်ကျိကျိုး မျက်မှောင်ကျုံ့သွားသည်ကို တွေ့လိုက်ပြီး မင်လျိုရီဆီသို့ပြင်းထန်သည့်မုန်တိုင်းတစ်ခု ဝင်တိုက်တော့မည်ဟုခန်းမှန်းလိုက်မိသည်။ 


မင်လျိုရီလဲ ရှောင်ဖန်း၏လက်ဟန်ပြစကားကို သတိထားမိသွားပြီး ဆိုးရွားသည့်အမှားတစ်ခုပြုလုပ်မိပြီမှန်း သိသွားခဲ့သည်။


ယောင်ကျိကျိုးက အသန့်အလွန်ကြိုက်မှန်း သူမမေ့သွားခဲ့မိသည်။ သူမက အလျင်အမြန်ရှင်းပြလိုက်သည်။ 


"ရှင့်အတွက် သန့်ရှင်းတဲ့တူသက်သက်တစ်ခုနဲ့ ကျွေးလိုက်တာပါ...ခွံ့ကျွေးမိလို့ တောင်းပန်ပါတယ် ရှင့်ဘာသာစားလို့ရပါတယ်" 


လူတိုင်းသည် နဖူးမှချွေးများအား သုတ်လိုက်ကြသည်။ သို့သော် အံ့အားသင့်ဖွယ်ကောင်းစွာ ယောင်ကျိကျိုးသည် ဒေါသမထွက်ဘဲတိတ်တဆိတ်ဝါးကာ သိုးသား၏အရသာကိုခံစားနေခဲ့သည်။ ယခုညစာစားပွဲသည် သူသတိရလာကတည်းက သူ့ဇနီးနှင့်သူပထမဆုံးလက်ဆုံစားခြင်းဖြစ်သည်။ သူ့ဇနီးလေးက အနည်းငယ် စကားများပေးမဲ့လို့ပေါ့..


သိုးသားအားမြိုချပြီးနောက် ယောင်ကျိကျိုးက ခပ်ဖြည်းဖြည်းပြောလိုက်သည်။ 


"အင်း မဆိုးပါဘူး"


မင်လျိုရီ ချက်ချင်းသက်ပြင်းချမိသွားသည်။ သူမ ယောင်ကျိကျိုးအား ဒေါသထွက်အောင်မလုပ်မိတာတော်သေးတာပေါ့...မဟုတ်လျှင် အတော်လေးဆိုးရွားပေလိမ့်မည်။  မနီးမဝေးတွင်ရပ်နေသော ရှောင်ဖန်းသည် ယောင်ကျိကျိုးအား မယုံနိုင်စွာ ကြည့်နေမိတော့သည်။ 


'ဘယ်အချိန်ကတည်းက သခင့်ရဲ့ဒေါသက ဒီလောက်နည်းသွားတာလဲ...အဲ့နေရာမှာ တခြားတစ်ယောက်သာဆို သေနေလောက်ပြီ...သခင်မက အရမ်းအံ့ဩဖို့ကောင်းတာပဲ' 


ယောင်ကျိကျိုးက စိတ်မဝင်စားသည့်လေသံဖြင့် ပြောလာသည်။ 


"မင်လျိုရီ ငါ့ဘေးမှာထိုင်ပြီး လာခွံ့ကျွေး" 


မင်လျိုရီသည် ယောင်ကျိကျိုး ဘာကြောင့် ဒေါသမထွက်လဲဆိုတာကို နောက်ဆုံးတော့သိရှိသွားပြီဖြစ်သည်။ သူသည်သူမ​၏အကူအညီကိုလိုအပ်နေဆဲဖြစ်ပြီး သူမကယောင်ကျိကျိုးကို တစ်ချိန်လုံးစောင့်ရှောက်ပေးခဲ့သူလဲဖြစ်သည်။ ညစာစားပြီးချိန်တွင် မင်လျိုရီသည် ခါတိုင်းထက် ပိုပင်ပန်းသလိုခံစားခဲ့ရသည်။ အရင်တုန်းက ယောင်ကျိကျိုး ကိုမာဝင်နေချိန်တွင် သူသည်အလွန်နာခံပြီး ကျွေးသမျှအားလုံးကို စားခဲ့သည်။ ယခုနိုးလာသောအခါ စောင့်ရှောက်ရန်မလွယ်ကူတော့ပေ။


ဘာလို့သူက ဟင်းတစ်မျိုးထဲကို နှစ်ကြိမ်ဆက်တိုက်မစားရတာလဲ... အသားစားပြီးချိန်တွင် နောက်တစ်လုတ်သည် အသီးအရွက်ဖြစ်နေရမည်။ ဒါကသိပ်ကို ကျန်းမာရေးနှင့်ညီညွတ်နေပြီး သူက ငါးကိုမနှစ်သက်သော်လည်း တစ်ကိုက်တော့ ရအောင်စားလိမ့်မည်။ ယောင်ကျိကျိုးသည် ပြုစုရန်ခက်ခဲသည့်လူမျိုးဖြစ်သည်။ မင်လျိုရီသည်အလုပ်များပြီးနောက် သူမအခန်းသို့ပြန်သွားခဲ့သည်။ သူမ အရမ်းကို ပင်ပန်းနေပြီဖြစ်သည်။ အခုတွင် တစ်ယောက်တည်းသာနေချင်သည်။ ရေချိုးပြီးသောအခါ ညအိပ်ဝတ်စုံလဲလိုက်ပြီး ကုတင်ပေါ်တွင်လှဲကာ ယိုလင်လင်အား မက်ဆေ့ပို့လိုက်သည်။ 


[ လင်လင် ညစာစားပြီးပြီလား ]


ယိုလင်လင်က မက်ဆေ့ကိုမြင်သောအခါ အံ့ဩသွားခဲ့သည်။ 


'မင်လျိုရီမှာ ငါ့ကို မက်ဆေ့ပိို့ဖို့အချိန်ရှိသေးတာလား...ဒီအချိန်မှာ သူ့ယောက်ျားနဲ့ဘယ်လောက်လွမ်းကြောင်း ထိုင်ပြောနေရမှာမဟုတ်ဘူးလား' 


သို့သော် မင်လျိုရီက သူမအားမက်ဆေ့ပို့လာမှတော့ သူငယ်ချင်းကောင်းလေးကို လွမ်းနေလို့ဖြစ်မှာပေါ့...သို့သော် မင်လျိုရီသူ့ယောက်ျားနှင့် အချိန်ကုန်ဆုံးတာက ပိုကောင်းပေလိမ့်မည်။ 


ယိုလင်လင်က လျင်မြန်စွာ စာပြန်လိုက်သည်။ 


[ လျိုရီ နင်ယောက်ျားက အခုမှသတိရတာလေ သူနဲ့အချိန်များများနေသင့်တယ်...ဘာလို့ငါ့ကို မက်ဆေ့ပို့နေတာတုန်း ဖုန်းသုံးနေတာရပ်လိုက်တော့ နင့်ကျားကျားနဲ့ တီတီတာတာသာ သွားပြောနေစမ်းပါ တာ့တာနော်~ ]


မက်ဆေ့ကိုမြင်တော့ မင်လျိုရီက ဆွံ့အသွားတော့သည်။ 


'လင်လင်ရဲ့ခေါင်းထဲ ဘာတွေများတွေးနေတာလဲ' 


ထိုအချိန် ယောင်ကျိကျိုးသည် အခန်းထဲတွင် မင်လျိုရီအား စောင့်ဆိုင်းနေခဲ့သည်။ ညစာစားပြီးနောက် မင်လျိုရီသည် သူ့ရှေ့မှပျောက်သွားခဲ့ပြီး အချိန်များကုန်ဆုံးလာသည်နှင့်အမျှ အိမ်အကူများသည် ယောင်ကျိကျိုးဘေးမှလေထုများတဖြည်းဖြည်း အေးစက်လာတာကို ခံစားမိလိုက်ကြသည်။ ယောင်ကျိကျိုးအား ရေချိုးပေးပြီးနောက် အိမ်အကူများက ခပ်သုတ်သုတ်ထွက်သွားကြတော့သည်။ 


အခန်းထဲတွင် ယောင်ကျိကျိုးတစ်ယောက်တည်းသာ ကျန်ခဲ့ပြီး နဘေးတွင်မင်လျိုရီမရှိသောကြောင့်အသားမကျဘဲ အနည်းငယ်အထီးကျန်သည်ဟု ခံစားမိသည်။ ကျွမ်းကျင်သည့်နာ့စ်တစ်ယောက်အနေဖြင့် ကျောက်ချမ်းသည် သခင့်အခြေအနေကိုမဒမ်အားသတင်းပို့ရမည်ဟု ခံစားမိလိုက်သည်။ အကယ်၍ ယခုအတိုင်းဆက်ထားလျှင် ကိစ္စတစ်ချို့များ ဖြစ်ပေါ်လာနိုင်သည်။ 


ကျောက်ချမ်းကမင်လျိုရီ၏ အခန်းတံခါးအား ခေါက်ပြီးပြောလိုက်သည်။


"မဒမ် သခင်က မဒမ့်ကိုစောင့်နေတဲ့ပုံပဲ" 


ထိုသို့ကြားသောအခါမင်လျိုရီသည် အိပ်ရာမှအလျင်အမြန်ကုန်းထပြီး တံခါးဖွင့်ကာကျောက်ချမ်းအား ကျေးဇူးတင်လိုက်သည်။ ထို့နောက် ယောင်ကျိကျိုး၏အခန်းသို့ အပြေးသွားခဲ့သော်လည်း သူမဘယ်လောက် တံခါးခေါက်ခေါက် အထဲမှဘာအသံမှမကြားသောကြောင့် မင်လျိုရီအချိန်အကြာကြီးရပ်စောင့်နေလိုက်သည်။


မင်လျိုရီက အနည်းငယ်စိုးရိမ်လာပြီး တံခါးဟကာ ခေါင်းတိုးကြည့်လိုက်ပြီး အထဲသို့နူးညံ့သည့်အသံဖြင့် မေးလိုက်သည်။ 


"ကျိကျိုး ဘာဖြစ်လို့လဲ" 


ယောင်ကျိကျိုးသည် မင်လျိုရီအသံအားကြားသောအခါ ဒေါသထွက်လာတော့သည်။ 


'ဘာလာလုပ်ပြန်ပြီလဲ...ဘာလို့ အခုမှပြန်လာတာလဲ...' 


"ဘာမှမဖြစ်ဘူး အဆင်ပြေတယ်" 


ယောင်ကျိကျိုးက စိတ်ဆိုးဆိုးနှင့်ပြောလိုက်ပြီး သူ့ဘေးတွင် မင်လျိုရီမရှိသည်ကို အသားမကျဖြစ်နေခဲ့သည်။ အခုမင်လျိုရီရောက်လာပြီဆိုတော့ သူမထွက်သွားတော့မှာမဟုတ်ပေ။သူ ညဘက်တွင် ကောင်းကောင်းအနားယူလို့ရပြီဖြစ်သည်။ 


ယောင်ကျိကျိုးက ရွဲ့ပြောလိုက်သည်။ 


"အဆင်ပြေတယ်" 



🥰