အပိုင်း၇၁
Viewers 8k

🥰 Chapter 71 ✅


မင်လျိုရီသည် ယောင်ကျိကျိုး၏ဒေါသကို ရိပ်စားမိသွားပြီး "ကောင်းသောညပါ" ဟု တီးတိုးပြောကာ သူမအခန်းဆီသို့ လှစ်ခနဲပြန်ပြေးသွားတော့သည်။ သူမက မအိပ်ခင်ယောဂအနည်းငယ်လုပ်လိုက်ပြီး သူမဘေးတွင် ယောင်ကျိကျိုးအစား အရုပ်တစ်ရုပ်ကို အစားထိုးလိုက်သည်။ သို့ရာတွင် အကြိမ်အနည်းငယ်မျှ နေရာရွှေ့ဆိုင်းပြီးသည့်တိုင် နေသားမကျသေးသောကြောင့် ယောဂထပ်မှန်ပြုလုပ်လိုက်လေသည်။


အိပ်ရာထဲတွင်လှဲနေရင်း သူမ၏အကြိုက်ဆုံးအရုပ်လေးအား ကြည့်ပြီးယနေ့ည ကောင်းမွန်စွာအိပ်စက်နိုင်တော့မည်ဟု ထင်မိသွားသည်။ သို့သော် သူမမျက်လုံးများသည် ညသန်းခေါင်ရောက်သည်အထိပြူးကျယ်နေကာ ဘယ်ညာလှိမ့်ပြီးအိပ်မပျော်ပေ။ မင်လျိုရီသည် အိပ်ရာပြောင်းသောကြောင့် ဖြစ်မည်ဟုတွေးလိုက်မိသည်။ အကယ်၍ သူမအိပ်မပျော်လျှင် မနက်ကျလျင်ပန်ဒါမျက်ကွင်းဖြစ်နေပေလိမ့်မည်။


သို့သော် သူမအမျိုးစုံအောင်ကြိုးစားသော်လည်း အိပ်လို့မရနိုင်ဘဲဖြစ်နေသည်။ နောက်ဆုံးတွင်တော့ မင်လျိုရီ အံ့ကြိတ်လိုက်ပြီး သူမခေါင်းအုံးအားဆွဲကာ တစ်ဖက်အခန်းဆီသို့ ပြေးသွားတော့သည်။ ယောင်ကျိကျိုး ယခုအချိန်လောက်ဆို အိပ်ပျော်နေလောက်ပြီထင်တယ် ...


မင်လျိုရီက အခန်းတံခါးအား တိတ်တိတ်လေးဖွင့်ပြီး အိပ်ရာဆီသို့ဂရုတစိုက်လျှောက်သွားလိုက်သည်။ ယောင်ကျိကျိုးဆီမှ တုန့်ပြန်မှုတစ်စုံတစ်ရာမတွေ့တော့မှ မင်လျိုရီသက်ပြင်းချမိသွားသည်။ 


ပုံမှန်ဖြစ်ရိုးဖြစ်စဥ်အတိုင်းဆို အိပ်ရာမဝင်ခင် မင်လျိုရီသည်ယောင်ကျိကျိုးမျက်နှာနားကို အနံ့ခံကြည့်ပြီး ကျောက်ချမ်းသူ့အား skin care လုပ်ပေးမပေးကို အတည်ပြုကြည့်မည်ဖြစ်သည်။ သူမက ယောင်ကျိကျိုးအိပ်နေသည့်အနေအထားအား ကြည့်လိုက်သည်။ သူသည် ပက်လက်အနေအထားဖြင့် အိပ်နေပြီး လက်နှစ်ဖက်အား နဘေးတွင် ချထားသည်။ 


မင်လျိုရီက ထိုလက်များကိုကြည့်ပြီး သူမ နဖူးအား ထိုလက်ပေါ်တွင် တိတ်တိိတ်လေးတင်လိုက်ပြီး ယောဂထပ်လုပ်တော့သည်။ ယောင်ကျိကျိုးသည် ဘာမှလုပ်စရာမလိုဘဲ အိပ်ရာပေါ်တွင်လှဲနေသော်လည်း မင်လျိုရီသည် ထိုနည်းလမ်းက ပိုထိရောက်သည်ဟုထင်မိသည်။ ယောဂပြုလုပ်ပြီးနောက် မင်လျိုရီ အနည်းငယ် ရှက်မိသွားသည်။ သူမ ယောင်ကျိကျိုးအား ယနေ့တွင် အဝတ်ပေါ်မှသာနှိပ်နယ်ပေးခဲ့ရခြင်းကြောင့် ယခုထပ်မံနှိပ်ပေးရန်ဆုံးဖြတ်လိုက်တော့သည်။ 


ယောင်ကျိကျိုးသည် အိပ်ပျော်မနေချေ။ သူက ညသန်းခေါင်ကြီး မင်လျိုရီမအိပ်ဘဲ အခန်းထဲသို့ဝင်လာသည့်အကြောင်းကိုသိချင်ရုံသာဖြစ်သည်။နေ့လယ်က မင်လျိုရီသည် သူမ​၏ပစ္စည်းများကိုပြောင်းရွှေ့သွားခဲ့သည်။ ယောင်ကျိကျိုးက မင်လျိုရီ သူ့မျက်နှာကို ခွေးပေါက်လေးလို အနံ့လာခံသည်ကို ခံစားမိလိုက်သည်။ ထို့နောက်သူမက သူ့လက်မောင်းကို ခေါင်းအုံးအဖြစ်အသုံးပြုကာ ယောဂပြုလုပ်နေခဲ့သည်။ 


ထို့နောက် သူမက ကုတင်ခြေရင်းကိုရောက်သွားပြီး သူ့ဘောင်းဘီအား ခေါက်တင်ရန်ကြိုးစားလျက်ရှိသည်။ ယောင်ကျိကျိုးခန္ဓာကိုယ်သည် ချက်ချင်းတောင့်ခဲသွားပြီး သူကရေခဲသမျှ အေးစက်သည့်အသံဖြင့် ပြောလိုက်သည်။ 


"မင်လျိုရီ ဘာလုပ်နေတာလဲ" 


မင်လျိုရီသည် ယောင်ကျိကျိုးအိပ်ပျော်နေပြီဟုထင်ခဲ့သော်လည်း ဟုတ်မနေချေ။ သူရုတ်တရက်ကြီး စကားထပြောလိုက်သည့်အတွက် မင်လျိုရီအား ထိတ်လန့်ပြီးထခုန်မိသွားစေကာ ဘာပြန်ပြောရမှန်းမသိတော့ချေ။ 


'ဘာလို့ ဘာမှမပြောတာလဲ...'


သူနိုးသွားပြီဖြစ်၍မင်လျိုရီသည်ထွက်ပြေး

ရန်မဖြစ်နိုင်တော့ဘဲ အထစ်ထစ်အငေါ့ငေါ့နှင့် ပြန်ဖြေလိုက်သည်။ 


"အ-အမ်...ကျ-ကျွန်မက...ရှင့်ခြေထောက်ကို နှိပ်-နှိပ်ပေးမလို့ပါ" 


ယောင်ကျိကျိုးက ခြေထောက်ပေါ်မှ အမာရွတ်များကို တအားဂရုစိုက်ကြောင်း မင်လျိုရီသိသည်။ ယောင်ကျိကျိုး ကိုမာဝင်နေချိန်တွင် ထိုဒဏ်ရာများကို သူမ အကြိမ်အရေအတွက်မြောက်များစွာ မြင်ခဲ့ဖူးပြီး မည်သို့မျှမခံစားရပေ။ ယောင်ကျိကျိုး သတိရလာသောအခါ အနှိပ်မခံတော့ပေ။ သို့သော် မင်လျိုရီလက်ထဲတွင် ဝိညာဥ်စမ်းရေထုတ်လိုက်ပြီးပြီဖြစ်၍ အကယ်၍ အသုံးမပြုလျှင် ဖြုန်းတီးရာကျပေလိမ့်မည်။ 


မင်လျိုရိက ဆက်ပြောလိုက်သည်။ 


"အခုက ညသန်းခေါင်ရောက်နေပြီလေ မှောင်မဲနေတာပဲ ကျွန်မဘာတစ်ခုမှမမြင်ရပါဘူး...ရှင့်ကို နှိပ်ပေးလို့ရတယ်မလား" 


ယောင်ကျိကျိုးသည် မင်လျိုရီ၏စေတနာကို သိသော်လည်း သူမအားမနှိပ်စေချင်တုန်းပင်။ သူမမြင်သော်လဲ ထိုဒဏ်ရာများကို သူ့လက်ဖြင့်ထိကြည့်ဖူးရာ အလွန်ကိုအဆင်မပြေလှပေ။ ထိုဒဏ်ရာများသည် သူ့အတွင်းစိတ်ထဲမှ နတ်ဆိုးတစ်ကောင်ကဲ့သို့ဖြစ်လာပြီး အမာရွတ်များပျောက်ကွယ်သွားမှ ထိုနတ်ဆိုးလဲ ပျောက်ကွယ်သွားလိမ့်မည်ဖြစ်သည်။ 


ယောင်ကျိကျိုးက ဒုတိယအကြိမ်စဥ်းစားပြီးနောက် ငြင်းပယ်လိုက်သည်။ 


"မလိုဘူး အိပ်တော့...မအိပ်ရင်လဲ ထွက်သွား" 


မင်လျိုရီသည် သူမလက်ထဲမှ ဝိညာဥ်စမ်းရေများကိုကြည့်ပြီးရင်နာလာရသည်။ သူမ အသုံးမပြုလိုက်လျှင် အလကားဖြစ်သွားမည်ဖြစ်ပြီး သူမသာ ယောင်ကျိကျိုးကို နှိပ်နယ်စဥ် ဝိညာဥ်စမ်းရေအား အသုံးပြုခဲ့ပါက ပို၍လျင်မြန်စွာသက်သာလာပေလိမ့်မည်။


'အမာရွတ်လေးပဲဟာကို ဘယ်လိုဖြစ်လို့ အထိမခံဖြစ်နေရတာလဲ...ဝိညာဥ်စမ်းရေများများနဲ့ဆို အဲ့အမာရွတ်ကပျောက်သွားမှာကို အဲ့တာမကောင်းလို့လား...' 


မင်လျိုရီက ညင်သာစွာဖြင့် ထပ်မံပြောလိုက်သည်။ 


"ဘာကိုကြောက်နေတာလဲ...ကျွန်မရှင့်ကို အခွင့်ကောင်းမယူဘူးနော် ခဏလးပဲနှိပ်မှာပါ မကြာစေရဘူး...ခဏလောက် သည်းခံလိုက်နော်" 


ယောင်ကျိကျိုးက ပြင်းပြင်းထန်ထန်ကို ဆန့်ကျင်နေခဲ့သည်။ မင်လျိုရီသည် ဝိညာဥ်စမ်းရေများ အငွေ့ပျံသွားမည်ကို စိုးရိမ်မိသော်လည်း ယောင်ကျိကျိုးက ပစ်ပစ်ခါခါဖြစ်နေသာကြောင့် ဝမ်းနည်းကြောက်ရွံ့လာကာ နှလုံးသားထဲတွင် အနိုင်ကျင့်ခံရသည့်ခံစားချက်များ မြင့်တက်လာတော့သည်။ 


'သူကောင်းဖို့အတွက်ပဲဟာကို ဘာလို့သဘောမတူပေးရတာလဲ...ဝိညာဥ်စမ်းရေကို ဒီတိုင်းပဲ အလကားဖြစ်သွားစေချင်တာလား သူက' 


မင်လျိုရီက ဝမ်းနည်းနေသည့်အသံဖြင့်ပြောလိုက်သည်။ 


"ယောင်ကျိကျိုး ဘာလို့ဒီလိုတွေလုပ်နေရတာလဲ...ခဏလောက်ပဲ ကြာမယ့်ဟာကို"



🥰